Friday, August 28, 2015

ရေမချိုးတဲ့ မျိုးနွယ်စုကြီး ...


အံ့သြစရာကောင်းတာက တစ်သက်လုံးမှာတစ်ခါမှကို ရေမချိုးကြတာပါ။
ကဲ ... စာဖတ်သူများကို ဦးဆုံးတင်ပြချင်တာက တစ်သက်မှာ တစ်ခါလေးတောင်ရေမချိုးတဲ့ လူမျိုးနွယ်စုအကြောင်းလေး ပြောပြချင်မိတာပါ။ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြပြီးတော့ လူသိနည်းတဲ့ မျိုးနွယ်စုဖြစ်ကာ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက်ဖွံ့ဖြိုးမှု အလွန်နည်းပါးကြပါတယ်။

အံ့သြစရာကောင်းတာက တစ်သက်လုံးမှာ တစ်ခါမှကို ရေမချိုးကြတာပါ။ ရေမချိုးကြတဲ့အတွက် သန့်ရှင်းရေးမလုပ်ဘူးလားလို့ ထင်စရာရှိပါတယ်။ ဒီလိုလည်း မဟုတ်ပါဘူး။ သူတို့ လူမျိုးတွေဟာ သန့်ရှင်းရေးလည်း လုပ်ကြပါတယ်.


ဒါပေမဲ့ သူတို့ သန့်ရှင်းရေးလုပ်ပုံက ရေချိုးတာ၊ ရေနဲ့ သန့်စင်တာမျိုးတော့ မဟုတ်ပါဘူး။
Ovahimba လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သန့်ရှင်းရေးလုပ်တဲ့ ထုံးတမ်းစဉ်လာနည်းက မနက်စောစောမှာ သူတို့လူမျိုးတွေ အသုံးပြုတဲ့ ဆေးမြစ်တွေကို မီးရှို့ပြီး တဲတစ်ခုလုံး မီးခိုးတွေဖုံးနေတဲ့အခါ ၄င်း မီးခိုးလုံးတွေကြားမှာ နှစ်နာရီကြာမျှ ထိုင်နေခြင်းဟာ သူတို့အတွက် သန့်ရှင်းရေးလုပ်နည်းပါ လို့ ဆိုပါတယ်။ သူတို့ဝတ်ဆင်တဲ့ သားရေထည် ပစ္စည်းတွေကိုလည်း ဒီလို မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။
Ovahimba လူမျိုး ကလေးငယ်များ .....
သနားစရာ Ovahimba လူမျိုး ကလေးငယ်များဟာ
သူတို့ကိုယ်ခန္ဓာပေါ်မှာ အဝတ်အစားဆိုတာ မရှိသလောက် နည်းပါးပြီးတော့ အမျိုးသမီးကလေးလူကြီး အားလုံးဟာ လည်းပင်းမှာ ပုတီးလို အဆင်တန်ဆာများကို ဝတ်ဆင်ထားတတ်ကြပါတယ်။ သို့သော်လည်း အမျိုးသမီးတွေမှာတော့ အိမ်ထောင်ရှိသူနဲ့ မရှိသူဆွဲကြတဲ့ လည်ဆွဲချင်းကတော့ မတူညီကြပါဘူး။
အဲဒီ ဒေသကို ရောက်ခဲ့ကြသူများကတော့ Ovahimba လူမျိုးတွေ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ သူတို့နေထိုင်ရာ တဲအတွင်းမှာ မီးခိုးလုံးတွေ ပြည့်နေပြီးတော့ အသက်တောင် ကောင်းကောင်းရှူလို့ မရခဲ့ကြဘူးလို့ ပြန်လည်ပြောပြကြပါတယ်။ မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်လို့လားမသိ။ သူတို့ရဲ့ အသားအရေကတောင် မီးခိုးရောင်ပေါက်နေသလိုပါဘဲ။
( ရေချိုးဖို့ ပျင်းတဲ့သူငယ်ချင်းများ(အမည်မပြောတော့ပါဘူးနော်)၊ အဲဒီကိုသွားပါလို့ အကြံပြုလိုက်တယ်နော်)
တဆင့်ဝေငှတာနော်။
အများလည်း ဖတ်၊ မှတ်ရအောင် ပြန်လည်ပြီး လက်ဆင့်ကမ်းလိုက်ကြပါဦး။
-ထူးဆန်းထွေလာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...