Sunday, January 25, 2015

တာဝန်သိနိုင်ငံသားတစ်ယောက်အနေဖြင့် အားလုံးသိရှိကာကွယ်နိုင်ဖို့


1000000 likes added 5 new photos.
စာရေးသူသည် ၁၉.၁၁.၂၀၁၄ ရက်နေ့က
တရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့သို့
အလည်အပတ်ရောက်ခဲ့ပါသည်။
ရွှေလီမြို့ရှိအကင်ဆိုင်သို့မိတ်ဆွေတဦးက
ခေါ်၍လိုက်စားဖြစ်ပြီး မထင်မှတ်ပဲ
သတင်းထူးတခု ကို ရခဲ့သဖြင့်မြန်မာနိုင်ငံသားများအတွက်
များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

စာရေးသူက အစကတော့မရေးဘူးဆိုပြီး
စိတ်ကူးထားခဲ့ပေမယ့် မြန်မာပြည်သူများရဲ့
အသက်ကိုထောက်ပြီး မရေးချင်ပေမယ့်
ရေးခဲ့ရပါတယ် ။
ထိုနေ့က အကင်ဆိုင်တွင် လှလှပပ
ထုတ်ပိုးထားသော စားချင်စဖွယ်အသားချောင်းများ
အသားလုံးများ ၊ ကြက်အူချောင်းများကို
ပြသထားပြီး စတီးဗန်းများပေါ်တွင်
ဖောက်၍ခင်းကျင်းထားတာကို တွေ့ရပါတယ်။
စာရေးသူကလည်း စားချင်တာကို ခြင်းလေးထဲထည့်ပြီး ကင်ဖို့၊ကြော်ဖို့ပေးလိုက်ပါတယ်။
စားရန်အစားအသောက်မလာသေးခင်
စောင့်ဆိုင်းရင်း မိတ်ဆွေဖြစ်သူနှင့်
စကားစမြည်ပြောနေတုန်းတွင် တရုတ်အမျိုးသမီးတဦးမှ
တရုတ်ရဲများကိုခေါ်လာပြီး အကင်ရောင်းသူ
ဆိုင်ပိုင်ရှင်အား လက်ညိုးတထိုးထိုးဖြင့်
ရဲများကို တရုတ်လိုအော်ပြီးပြောနေရာ
တရုတ်ရဲများက ဆိုင်ရှင်အား လက်ထိပ်ခတ်ပြီး
ဆိုင်အတွင်းထဲသို့တရွတ်တိုက်ခေါ်သွားတာကို
တွေ့လိုက်ရပါတယ်။
စာရေးသူကလည်းတရုတ်စကားနားမလည်သော်လည်း
စပ်စုချင်စိတ်ကြောင့် မသိမသာ အကဲခတ်၍
ကြည့်မိရာ ဆိုင်အတွင်းထဲတွင် ဓါတ်ပုံရိုက်
မှတ်တမ်းယူပြီး ရှာဖွေပုံစံဖြင့် ပစ္စည်းတချို့ကို
သိမ်းဆည်းနေတာတွေ့လိုက်ရတော့
သေချာကြည့်မိရာ စားရေးသူမှာထားသော
အကင်များကို ပက်ကင်လှလှထုတ်ပိုးထားသည့်
အသားကင် ၊ အသားချောင်းများ
ဖြစ်နေတာကိုတွေ့ရှိလိုက်ရပါတယ်။
ထိုအချိန်တွင် တရုတ်ရဲများက စားရေးသူရှိသည့်ဖက်ကို
လာပြီး တရုတ်လိုပြောနေရာ ကိုယ်ကလဲ
ဘာမှမသိသဖြင့် တရုတ်စကားတတ်သူ
မိတ်ဆွေမှ စာရေးသူအား
ဘုန်းဘုန်း ပြန်ကြစို့ တရုတ်ရဲကပြောနေတာ
ဆိုင်ပိတ်သွားပြီ ပြန်ကြတော့ လို့
ပြောနေတာဟု ပြောသဖြင့်
စာရေးသူမှ မစားမသောက်ပဲ ပြန်လာခဲ့ရပါတယ်။
ဒါနဲ့ပဲ မိတ်ဆွေဖြစ်သူက တခြားဆိုင်ကို
သွားစားမယ်ဆိုပြီး မြန်မာပြည်ကလာရောင်းသော
ရှမ်းထမင်းဆိုင်သို့ ရောက်ရှိခဲ့ရပါတယ်။
အကင်စားချင်တဲ့စိတ်ကြောင့် ဘဝင်မကျသော်လည်း
ကျွေးသူကိုအားနာပြီး ဘူဖေးပုံစံ
ခင်းကျင်းထားသော ဟင်းများကို
လိုချင်တာထည့်ပြီး မစားချင် စားချင်ဖြင့်
စားနေမိရပါတော့တယ်
သိုသော်လည်း မျက်စိထဲမှာကတော့
စားချင်စဖွယ် ပက်ကင်ထုတ်လှလှလေးကိုသာ
မြင်နေမိတော့ စားရတာစိတ်မပါလှပါဘူး ။
ဒါကိုသတိထားမိဟန်တူတဲ့ဆိုင်ရှင်ခပ်သန့်သန့်
ရှမ်းအမျိုးသားကြီးက ထမင်းဝိုင်းရောက်လာပြီး
ဘုန်းဘုန်း စားရတာအဆင်မပြေရင်ပြောဆိုပြီး
ဧည့်ဝတ်ကျေပြွန်စွာလာပြီးမေးတော့
စာရေးသူကလည်း ဖြစ်ပျက်ခဲ့တာကို
မခံမချိပြောပြလိုက်ရပါတော့တယ် ။
ဆိုင်ရှင်ကြီးရဲ့မျက်နှာမှာတော့ ပြုံးပြုံး ပြုံးပြုံး နဲ့
စာရေးသူကို မသိနားမလည်တဲ့ကလေးတယောက်က
ရှင်းပြနေတဲ့ပုံစံကို နားလည်ပေးတဲ့ အကြည့်နဲ့
ပြုံးပြုံးကြီး ကြည့်နေတော့တာပါပဲ. . . .
စာရေးသူလဲ ပြောလို့ပြီးသွားတဲ့အချိန်ကြမှ
ဆိုင်ရှင်ရှမ်းအမျိုးသားကြီးက
ဘုန်းဘုန်ဘုရား ခဏလေးစောင့်ပါ
တပည့်တော် ပြစရာရှိတာလေး ပြချင်လို့ပါဆိုပြီး
ထမင်းဆိုင်ရဲ့အပေါ်ထပ်ကို တက်သွားပါတော့တယ် . .။
သူပြန်ဆင်းလာတော့ လက်ထဲမှာ
တရုတ်သတင်းစာတစောင်နဲ့ Laptopကြီးကို
ကိုင်ပြီးဆင်းလာပြီး စာရေးသူရဲ့ဘေးကို ကျကျနနထိုင်လို့
စိတ်ရှည်လက်ရှည်အချိန်ပေးပြီး စာရေးသူကို
ဓါတ်ပုံတွေ တရုတ်သတင်းစာတွေကို
ပြသပြီး မြန်မာတမျိုးသားလုံးအတွက်
အရေးကြီးတဲ့ ဗဟုသုတကို ဘာသာပြန်
ပေးပါတော့တယ်ကွယ် ။
၂၀၃၀ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌
ရေရှားပါးမှုပြဿနာကို အကြီးအကျယ်ကြုံတွေ့နိုင်ပြီး
သဘာဝအရင်းအမြစ်များရှာဖွေရေးဌာနမှ ၂၀၀၂ခုနှစ်
စာရင်းဇယားတွင်ဖော်ပြခဲ့ပါသည်။
ထိုပြဿနာများကိုဖြေရှင်းရန်အတွက် အိမ်နီးချင်း
မြန်မာနိုင်ငံမှခေါင်းဆောင်များဖြင့်တွေ့ဆုံပြီး
လျှိုဝှက်စီမံကိန်းအဖြစ် မြစ်ဆုံရေကာတာစီမံကိန်းအဖြစ်
ရင်းနှီးမြူပ်နှံခဲ့ကြောင်း အစိုးရအစီရင်ခံစာတွင်ဖော်ပြထား
ခဲ့သည်။
မြန်မာနိုင်ငံကို ပြည်သိမ်းစီမံကိန်းအဖြစ်
အစားအသောက် အသုံးအဆောင် အစီးအနင်းများကို
ဈေးပေါပေါဖြင့် ဈေးကွက်ကိုထိုးဖောက်နေရာယူပြီး
မြန်မာလူမျိုးများအကြိုက် ဆွဲဆောင်နိုင်ဖို့
တရုတ်အစိုးရမှ တရုတ်ကုန်ထုတ်လုပ်သူ လုပ်ငန်းရှင်များအား
Plan ချမှတ်ပြီးချုပ်ကိုင်ဆောင်ရွက်ခဲ့ကြပါတယ်။
ဆိုင်ကယ်ထုတ်လုပ်စက်ရုံများတွင် မြန်မာပြည်အတွက်
သီးသန့်ထုတ်လုပ်သည့်စက်ရုံနှင့် တရုတ်ပြည်အတွက်
သီးသန့်ထုတ်လုပ်သည့်စက်ရုံးဟုပြီး ခွဲခြားထားသလို
အစားအသောက်များကိုလဲ မြန်မာပြည်စားသုံးရန်နှင့်
တရုတ်ပြည်သားများစားသုံးရန်ဆိုပြီး သတ်မှတ်ခွဲခြား
ရောင်းချနိုင်ရန် စနစ်တကျစီမံခဲ့ကြောင်းတရုတ်ပြည်သို့
ရောက်ဖူးသူတိုင်းသိရှိကြမည်ဖြစ်ပါသည်။
မြန်မာပြည်သို့တင်ပို့သောဆိုင်ကယ်များမှာလဲ
ကြံ့ခိုင်မှုမရှိသလို အသက်အန္တရာယ်ကိုလဲစိတ်ချစွာ
မောင်းနှင်နိုင်သည့် အာမခံချက်မရှိပါ ။
ထိုဆိုင်ကယ်များကို တရုတ်ပြည်တွင်စီးနင်းမောင်းနှင်ခွင့်
မပေးသလို တရုတ်နိုင်ငံသားများအား ရောင်းမိပါက
ထိရောက်စွာအရေးယူကြောင်းဥပဒေထုတ်ပြန်ထားပါသည်။
စားသောက်စရာများကိုလဲ အထက်ပါအတိုင်းချုပ်ကိုင်ထားပြီး
မြန်မာပြည်အတွက်သီးသန့်ဟု၍ သတ်မှတ်ထားပါသည်။
အထူးသဖြင့် အကင်များ ၊ အသားလုံးများ
ကြက်အူချောင်းများကို အထူးစီမံပြီးမြန်မာနိုင်ငံအတွက်
သီးသန့်ဈေးပေါပေါဖြင့်လွယ်ကူစွာရောင်းချ စားသုံးနိုင်ရန်
အထုတ်အပိုး လှလှပပဖြင့်ဆွဲဆောင်ထားပါသည်။
တရုတ်နိုင်ငံတွင် ထိုအစားအသောက်များကို
စားသောက်ရောင်းချခွင့်လုံးဝမရှိပါ အဘယ်ကြောင့်ဆိုသော်
ထိုအစားအသောက်တွင် Saraparitic ဟုခေါ်သော
ဓါတ်တမျိုးပါဝင်ပြီး စာသုံးမိသူများသည်
အမျိုးသားဖြစ်ပါက ပန်းသေစေနိုင်ယုံမက
ဘိန်းစားများဆေးစွဲသလို အလုပ်လုပ်ကိုင်စိတ်
ပျောက်ဆုံး၍ ထုံထိုင်းမှိုင်ငေးမိန့်မောစေနိုင်သလို
အမျိုးသမီးများစားသုံးပါက နို့အကြိတ်ကင်ဆာဖြစ်စေပြီး
သာအိမ်ရှုံ့၍ ကလေးမျိုးဆက်ကို ပျက်ဆီးစေနိုင်ကြောင်း
ကုလသမဂ္ဂ W.H.O အစီရင်ခံစာမှာ ဖော်ပြထားပါသည်။
ကလေးသူငယ်များစားသုံးမိပါက အနာဂတ်အတွက်
မျိုးဆက်ပြတ်တောက်၍ လူမျိုးတုန်းရန် ၁၀၀%
သေချာသွားပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏လူသားအရင်းအမြစ်ကို ဘာမဟုတ်သည့်
အစားအသောက်မှ စနစ်တကျစီမံကိန်းရေးဆွဲထားသည်မှာ
မျက်လုံးပြူးဖွယ်ရာတွေ့ရှိရပါတော်သည်။
ထိုစီမံကိန်းသည် "ပြည်သိမ်းစီမံကိန်း"သာဖြစ်ကြောင်း
ရုရှားနိုင်ငံမှ ထောက်လှမ်းရေးအဖွဲ့က တွေ့ရှိခဲ့သည်ဟု
ရုရှားသတင်းဌာနမှ လျှိဝှက်ထုတ်ပြန်ထားပါသည်။
ရုရှားဟက်ကာများ၏ဖော်ထုတ်ချက်အရ
၂၀၃၀ခုနှစ်တွင် မြန်မာနိုင်ငံ၏မြေပုံသည်
အထက်မြန်မာပြည်တခုလုံး တရုတ်ပြည်အတွင်းသို့
ရောက်ရှိနေကြောင်း ရုရှားဟက်ကာများလက်သို့
မြေပုံဇယားအချက်အလက်တချို့ရောက်ရှိခဲ့၍
အဆိုပါသတင်းအချက်အလက်ကို သိရှိခဲ့ရပါသည်။
ထိုကြောင့် မြန်မာပြည်သားများအနေဖြင့်
တရုတ်ထုတ်စားသောက်ဖွယ်ရာများကို
အသိတရားရှိရှိဖြင့် ချင့်ချိန်သုံးစွဲစားသောက်ရန်
အထူးသတိပေးလိုက်ရပါတော့သည်။
ဘိန်းစစ်ပွဲကြောင့် နိုင်ငံအသိမ်းခံရသည့်သမိုင်းကို
နမူနာယူပြီး အစားအသောက်တခုကြောင့်
မြန်မာနိုင်ငံ၏မြေပုံကို ပြောင်းလဲသွားအောင်
မပြုလုပ်စေလိုပါက အများသိအောင်
ဖြန့်ဝေပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
__________________________________________
စာရေးသူ ။ ။ အရှင်ဇဝန (သရက်တပင် တောရကျောင်း)
ဒီတခါ Credit ပေးလိုက်ပါတယ် အလင်း ရှင် နှစ်ကိုယ်ခွဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...