Friday, January 16, 2015

အိုင်တီ ကုမ္ပဏီလုပ်လိုက်တာ အရမ်းမှားသွားတယ်

ကျွန်တော် အိုင်တီ ကုမ္ပဏီလုပ်လိုက်တာ အရမ်းမှားသွားတယ် ၇ နှစ်အတွင်း ကျပ်သိန်း ၄၀၀၀ အရှုံးပြသွားတာပဲ အဖတ်တင်တယ်...
ကိုယ်ကတော့ မြန်မာပြည်မှာ ဘယ်သူမှ မလုပ်သေးတဲ့ စွန့်ဦးတီထွင်သူအနေနဲ့ မြန်မာပြည်မှာ မတွင်ကျယ်သေးတဲ့ နည်းပညာအချို့ကို နိုင်ငံရပ်ခြားက အောင်မြင်နေတဲ့ ကုမ္ပဏီကြီးတွေနဲ့ သွားဆက်သွယ် သင်ယူ ငွေကြေးအပေါင်ထားပြီး ကိုယ်စားလှယ်လုပ် အစိုးရကို မိတ်ဆက်ပေးခဲ့တာပဲ...

တရားဝင် တင်ဒါတွေ ပြိုင်တော့လည်း နိုင်ခဲ့တာပဲ... လွန်ခဲ့တဲ့ ၅ နှစ်မှာတုန်းက MRTV 4 မှာရော ဂျာနယ်တွေ (၁ ပူး အပါအဝင်ပေါ့) မှာ မင်းသားဖြစ်... အင်တာဗျူးတွေ ခဏခဏမေးခံရ... စစ်အစိုးရခေတ်တုန်းကဆို BBC ကတောင် လှမ်းပြီး ဖုန်းဆက်ပြီး အင်တာဗျူးလုပ်တာ ခံရနဲ့...
အစိုးရလည်းပြောင်းရော... မင်းအရင် တင်ဒါနိုင်တာ အရင်အစိုးရလက်ထက်မှာ ခု အဲဒီလူတွေက အာဏာမရှိတော့ဘူး ငါက ဒီအစိုးရမှာ အာဏာရှိတာ မင်းက ငါ့ကိုမှ လာမပြောပဲ... ငါမင်းကို မပေးဘူးဆိုတဲ့ အပေါက်မျိုးနဲ့ လုပ်ထားသမျှ ကြိုးစားခဲ့ရသမျှ အကုန်အကျ ခံခဲ့ရသမျှ သဲထဲရေသွန်ဖြစ်.... ပြီးတော့ ဘာတင်ဒါမှ ပြိုင်စရာမလိုပဲ အဲဒီပုဂ္ဂိုလ်ကြီးနဲ့ ရင်းနှီးတဲ့ အိုင်တီကုမ္ပဏီမဟုတ်ပဲ ကော်ဖီထုတ်ရောင်း သွားတိုက်ဆေးထုတ်ရောင်းပြီး အခွန်ရှောင်တဲ့ သူ့မိတ်ဆွေ လူမျိုးခြားကုမ္ပဏီကို လုပ်ခွင့်ပေးလိုက်ပြီး... ခုလက်ရှိ ပြသနာ ပလပွနဲ့ပေါ့
ဘယ်စိတ်လျှော့မလဲ ဒီလောက်နဲ့ နောက် project လုပ်တာပေါ့ ကိုယ်ကတော့ မြန်မာပြည်မှာ ဘဏ်စနစ်ထွန်းကားအောင် Online စနစ်လုပ်ဖို့ ကျမ်းစာအုပ်လောက်ထူတဲ့ စာအုပ်ကြီးရေး အဲဒီခေတ်က အာဏာအရှိဆုံးဆိုတဲ့ ပုဂ္ဂိုလ်ကြီးထံကိုပါ တင်ပြ... ဟော ခွင့်ပြုချက်လည်းရရော... ကိုယ်ကကြိုးစားခဲ့တာတွေက သူများစားဖို့ဖြစ်ရော... တင်ဒါခေါ်ပြီးလုပ်လိုက်ပါတဲ့ အစိုးရသစ်က... ကိုယ်က အစိုးရဟောင်းက လူကြီးကို ခွင့်ပြုချက်မရရအောင် ကြိုးစားပေးခဲ့ပေမယ့်လည်း...
ကဲ တင်ဒါလည်းပြိုင်ရော ပြိုင်ဖက်ကုမ္ပဏီက ပါစင်းနစ်တွေ အများကြီး တင်ဒါရွေးတဲ့အဖွဲ့ကို ပုံပေးတယ်... ကျွန်တော်လည်း ပေးနိုင်တာပေါ့... ဒါပေသိ ကျွန်တော့် ပါတနာကုမ္ပဏီက အကြီးအကဲက ဟေ့ကောင်သစ္စာ ငါတော့ မပေးဘူး... ငါနာမည်ပျက်မခံဘူး project မရရင် ဆားနဲ့ပဲဆားမယ်... ဆက်မလုပ်ဘူး... အလုပ်ကောင်းလို့ ကိုယ်တိုင် အပင်ပန်းခံ တယ်ခဲ့တဲ့ လုပ်ငန်းက သူများနောက် အကုန်ပါ... ဒါတွင်ပြီးရောလား မပြီးသေးဘူး... အဲဒီ ကုမ္ပဏီအလုပ်ကောင်းတာ ခုကြည့် မြန်မာပြည်က ATM တွေကို နိုင်ငံခြားသားကလာပြီး hack လုပ်သွားတယ်... စကတည်းက အဲဒီကုမ္ပဏီရဲ့ အားနည်းချက်တွေကိုပြောခဲ့သားပဲ... ပါစင်းနစ်မက်နေတော့ ဘယ်မြင်မလဲ...
ကဲ ဒီလောက်နဲ့ ပြီးလား မပြီးဘူး... နောက် ထပ် နောက် ထပ် စီမံကိန်းတွေ အများကြီး... အကုန်လုံး အရှုံးပြမြဲပြ… ကိုယ်က ရှေ့ကလမ်းဖောက်… နောက်က သူတို့ အမျိုးက ဆက်လျှောက်… ဘယ်လောက်မိုက်လဲ… အမျိုးထဲမှာ ပြည်ထောင်စုအဆင့် မရှိတာ အတော်နာတယ်…
အစိုးရထိပ်ပိုင်းက သမ္မတကိုတောင် စိုးမိုးထားနိုင်သော ဝန်ကြီးအဆင့်ရှိပုဂ္ဂိုလ်က အင်္ဂလိပ် ပရီးမီးယားလိဒ်လို အပြောင်းအလဲ ဈေးကွက်ဖွင့် လဒ်မစားတတ်တဲ့ ကိုယ့်လူကြီးက ဟိုပြောင်းရ ဒီပြောင်းရနဲ့ နောက်ပိုင်း တက်လာတဲ့ စားဖားကြီးတွေက ကိုယ့်ကိုကန်ထုတ်.... ချုပ်ထားတဲ့ စာချုပ်တွေ ဖျက်သိမ်း.... လုပ်နေတဲ့ လုပ်ငန်းတွေကို ပိုက်ဆံမပေးပဲ တစ်နှစ် ခွဲလောက်ဆိုင်း... နောက်ဆုံးကိုယ်က အရှုံးပြ....
အဲဒီလိုနဲ့.... public နဲ့ လုပ်ရင်တောင် အောင်မြင်နိုင်ပေမယ့် အစိုရနဲ့ ပေါင်းမိတာ ခွက်ခွက်လန်အောင် ရှုံးရော... ဒီလောက်ရှုံးနေတာတောင် အခွန်ပေါင်းများစွာ ပေးဆပ်နေရသေးတယ်... မဟုတ်တာလုပ်ပြီး အရမ်းမြတ်နေတဲ့ ကုမ္ပဏီတွေ အခွန်ရှောင်တာကျ သွားမတောင်းရဲကြဘူး... မျက်စိမှိတ်နေကြတယ်... ကုမ္ပဏီခွန်... အမြတ်ခွန်... ကုန်သွယ်ခွန်... ဝင်ငွေခွန်... အိမ်ခွန်... မီးခွန်... နေပြည်တောင် အသွားအပြန်ကြေး... အသက်နဲ့ ရင်းပြီး တစ်ပတ်တစ်ခေါက် တက်ရတဲ့ စရိတ်... ဆီဖိုး... ဟိုတယ်ဖိုး.... ကားတာယာဖိုး… အောက်က ဒါရိုက်တာတွေအတွက် လက်ဆောင်ဖိုး... ဒီကြားထဲ စငှားတဲ့ အခန်းက ၂ သိန်းခွဲကနေ ၅ နှစ်အတွင်းတက်တာ သိန်း ၂၀ အထိ ဝန်ထမ်းဖိုးနဲ့ဆို ကိုယ့် ထွက်ငွေက လုပ်ငန်းတစ်ခုထဲတင် သိန်း ၇၀ နည်းပါးရှိတယ်... ဒါကိုလည်း အစိုးရကနားမလည်… ဝန်ထမ်းတွေက ညှစ်ချင်ချင်ရယ်
ဝင်ငွေလား... အစိုးရအလုပ်လေ... အစိုးရက မြတ်တာ မမြတ်တာ မသိဘူး... တင်ဒါပြိုင်ရင် ဘဏ်မှာ သိန်း ၂၀ လောက် ထည့်ပေးရသေးတယ်... နေပြည်တော် ခေါက်တုတ်ခေါက်ပြန်စရိတ်.. ဟိုတယ်ခ... အင်တာနက်ခ... မီးဖိုး... ဝန်ထမ်း... ထည့်မတွက်ဘူးလားမသိဘူး... လုပ်ငန်းပြီးတာတောင် ငွေချေတာ တစ်နှစ်ကြာတယ်... ပြီးတော့ အခွန်က ကောက်လိုက်သေး… အော်ဒုက္ခ ဒုက္ခ
အဲဒီတော့ ရှုံးပြီပေါ့ဗျာ...
ကျွန်တော့်ကိုက မှားမိတာပါ အိုင်တီလုပ်တာ...
ကေတီဗီဖွင့် မာဆက်ဖွင့်... တည်းခိုခန်းဖွင့်... အဲဒါတွေဖွင့်ရင် ခုလောက်ဆို သိန်း ၄၀၀၀ ရှုံးဖို့နေနေသာသာ သိန်း သောင်းကျော် မြတ်နေပြီ... တရားဝင် အခွန်လည်း ပေးစရာမလို စည်ပင်ရယ် ရဲရယ်ဆိုပြီးပြီ… ဒီကြားထဲ ကိုယ့် အနှိပ်ခန်းမှာ လာအောင်းမယ့် လူကြီးတွေကိုပါ ချုပ်နိုင်ရင် အားပါး ရလိုက်မယ့် စီမံကိန်းတွေ အနည်းဆုံး ခုဆောက်မယ့် တံတားတွေထဲက တစ်ခုလောက်တော့ ဆောက်ခွင့်တွေဘာတွေ ရနိုင်တယ်…. အခွန်လား မလိုဘူးလေ… အိပ်ထဲ ထည့်ပေးပြီးသား
ဒါ့အပြင် စည်ပင်နဲ့ပေါင်း ဘလောက်တုန်း လုပ်စားတောင် ခုလောက်ဆို ၁၀ သက် သုံးမကုန်အောင် ဖြစ်နေပြီ..
မှန်ပါတယ် သမ္မကြီးက ပြုပြင်ပြောင်းလဲ ချင်သူပါ... လဒ်မစားပါဘူး.... ဒါပေမယ့် သူ့အောက်က သူယုံကြည်ရတဲ့သူတွေက ပါးစပ်ကသာပြောင်းလဲပြတာ... လူက စားမြဲစား ဝမြဲဝ... အကွက်ရွှေ့မြဲရွှေ့ လူကြားကောင်းအောင် ပြောမြဲ ပြောနေတာ...
ကဲ... ဒီလူတွေ ပြောင်းမပြောင်း ၂၀၁၅ စောင့်ကြည့်မယ်
ခုတော့လည်း ဟန်ထူးလွင် သီချင်းလို သည်းခံ သည်းခံ ... ခံလက်စနဲ့ခံ.... ဒီနိုင်ငံမှာ လူဖြစ်လာတာ ကိုယ့်ရဲ့ကံ...
မှတ်ချက်... လုပ်ငန်း ရှုံးပေမယ့် ခုချိန်ထိတော့ ကျွန်တော် မမွဲသေးပါဘူးဗျာ... ဘိုးဘွားတွေကျေးဇူးနဲ့ လောလောဆယ်တော့ အေးအေးဆေးဆေး ကလေးထိန်း golf ရိုက် တယ်လီစကုတ်ကြည့် ပြီး စာထိုင်ရေးနေလေရဲ့... အခုလုပ်နေတဲ့လုပ်ငန်းလား ကလေးထိန်းနေတယ်လေဗျာ...
သစ္စာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...