Saturday, September 5, 2015

"လင်နှင့် မယား၏ အမွေကြောင်း(၂)"




မြန်မာဗုဒ္ဓဘာသာဝင် လင်နဲ့မယားတို့ရဲ့
အမွေဆက်ခံရေး၊ အမွေခွဲဝေရေးအကြောင်း ဖြစ်ပါတယ်။
တစ်ဦးနဲ့တစ်ဦး လင်ခန်းမယားခန်း ကွာရှင်းပြတ်စဲကြတဲ့အခါ
(ရှင်ကွဲ ကွဲပြီး) ပစ္စည်းခွဲဝေကြခြင်းအကြောင်း ဖြစ်ပါတယ်။


"လင်ခန်းမယားခန်းကွာရှင်းပြတ်စဲခြင်း"
=====================
(ရှင်ကွဲ ကွဲခြင်း)။
သေဆုံးခြင်းကြောင့် လင်ခန်းမယားခန်း ပျက်ပြယ်ခြင်းမှတစ်ပါး
ရှင်ဆဲမှာ လင်မယားအဖြစ်က ပျက်ပြယ်၊ ပြတ်စဲခြင်းအကြောင်း
(၃)ရပ်ရှိပါတယ်။
(က) နှစ်ဦးသဘောတူကွာရှင်း ပြတ်စဲခြင်း။
(ခ) လင်ဖြစ်သူရဟန်းဘောင်သို့ ထာဝရကူးပြောင်းခြင်း။
(ဂ) အိမ်ထောင်ရေးပြစ်မှူ့ကျူးလွန်ခြင်းကြောင့်
ကွာရှင်းပြတ်စဲခြင်း။
"(က) နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခြင်း။"
- မြန်မာဗုဒ္ဓဘာသာဝင်လင်နဲ့မယားဟာ နှစ်ဦးသဘောတူရင်
လင်မယားဖြစ်နိုင်တယ်။ နှစ်ဦးသဘောတူရင်
လင်ခန်း မယားခန်း ပြတ်စဲနိုင်ပါတယ်။
- တစ်ဘက်သတ်ကွာခြင်း၊ အကြောင်းမဲ့ကွာခြင်းကို ခွင့်မပြုပါဘူး။

အမှူ့တစ်ခုမှာ -
ဒီမိန်းမကို ကျွန်တော်မှာရှိသမျှ စည်းစိမ်တွေအကုန်ပေးပါမယ်။
လင်မယားနှစ်ဦးပိုင်ပစ္စည်းက မိမိဝေစုလည်း စွန့်ပါမယ်။
လျော်ကြေးပေးဆိုရင်လဲ ပေးပါမယ်။
ကွာပြီးတဲ့နောက် မယားစရိတ်၊ ကလေးစရိတ် ထောက်ပါ
ဆိုရင်လဲ ထောက်ပါမယ်။
ကွာပေးတော်မူကြ ပါဆိုပြီး တရားစွဲလာဖူးတယ်။
ကွာလိုသူ လင်ရဲ့အကြောင်းပြချက်တွေဟာ ကွာရှင်း
လောက်တဲ့ အိမ်ထောင်ရေးပြစ်မှူ့ (၇)ခုထဲမှာ မပါဘူး။
ကွာရန်အကြောင်းမရှိ (မဲ့)တဲ့အတွက် ကွာမပေးခဲ့ပါဘူး။
အခြားဘာသာတွေမှာတော့ ဒီလိုမဟုတ်ဘူး။
လင်ရဲ့ဆန္ဒအရ မယားကို အကြောင်းတစ်စုံတစ်ရာမပြပဲ
(တလာက်)ပေးပြီး ကွာရှင်းနိုင်တယ်။
မြန်မာ ဗုဒ္ဓဘာသာဝင်တို့ နှစ်ဦးသဘောတူ
ကွာရှင်းပြတ်စဲကြရင် နှုတ်နဲ့လည်း ကွာလို့ရတယ်။
ဒါပေမဲ့ လူရဲ့စိတ်ဆိုတာ ယုံရတာမဟုတ်ဘူးလေ။
- မချစ်နိုင်တော့လို့၊ မေတ္တာကုန်လို့ ကွာရှင်းကြပြီဆိုမှတော့
တစ်ယောက်နဲ့တစ်ယောက် မသက် ဆိုင်တော့ကြောင်း
သက်သေခံစာချုပ်စာတမ်းလေးတော့လုပ်ထားသင့်ပါတယ်။
- ရှေ့နေကြီးများရှိပါတယ်။ (၂၅၀) တန်တံဆိပ်ခေါင်းမှာ
ကွာရှင်း ကြောင်း စာရိုက်ပြီး၊ သက်သေနှစ်ယောက်ရှေ့နဲ့၊
တရားရုံးတရား သူကြီးရှေ့မှာလက်မှတ်ထိုးပြီးစာချုပ်
လုပ်ထားဖို့လိုပါတယ်။
- ဒီလိုလုပ်မထားရင်၊ နောင်မှာတစ်ယောက်ယောက်
သေတဲ့အခါမှာဖြစ်စေ၊ နောက်အိမ်ထောင်ပြုတဲ့အခါမှာဖြစ်စေ၊
ကွာရှင်းပြီးတဲ့သူကလာပြီးအမွေတောင်းတတ်တယ်။
- ခြောက်စား၊ ဟောက်စားလုပ်ပြီး နောက်ပွဲကို လာဖျက်တတ်တယ်။
စာရေးသူတို့ လောကမှာ မကြာ ခဏတွေ့ခဲ့ဖူးပါတယ်။
ကွာပြီးတဲ့သူကို မယုံပါနဲ့။ ကွာတာကြာခဲ့ပြီမို့ မဖြစ်လောက်ဘူး
မထင်ပါနဲ့။ မဖြစ်သေး တာပါ။

"(ခ)လင်ဖြစ်သူရဟန်းဘောင်သို့ထာဝရကူးပြောင်းခြင်း"
- ရဟန်းတော်များဟာ မိမိရဲ့လူ့ဘ၀ကမိဘဆွေမျိုးများရဲ့
အမွေကိုလည်း ဆက်ခံခွင့်မရှိဘူး။
- လူ့ဘ၀က ဇနီးရဲ့အမွေကို လည်း ဆက်ခံခွင့်၊ ရပိုင်ခွင့်မရှိဘူး။
- ရဟန်းဆိုတာ ဒုလ္လဘ၀တ်တဲ့ရဟန်းကို ဆိုလိုခြင်းမဟုတ်ပါ။
ထာဝရ ရဟန်းဝတ်သွားသူကို သာဆိုလိုပါတယ်။
- ဖိုးသူတော်နဲ့ မယ်သီလတို့ကတော့ သာမန်ပုဂ္ဂိုလ်များအတိုင်း
(မယား၊ လင်)ရဲ့ အမွေဆက်ခံခွင့် ရှိပါတယ်။

"(ဂ)အိမ်ထောင်ရေးပြစ်မှု့ကြောင့် လင်မယားကွာရှင်းခြင်း"
အိမ်ထောင်ရေး ပြစ်မှု့မှာ၊သာမန်အိမ်ထောင်ရေးပြစ်မှု့(၅)မျိုးနဲ့
ကြီးလေးသောအိမ်ထောင်ရေး ပြစ်မှု့(၂) မျိုးရှိပါတယ်။
အထက်အပိုဒ်(၁)အရ နှစ်ဦးသဘောတူကွာရှင်းရင်ဖြစ်စေ၊
သာမန်အိမ်ထောင်ရေးပြစ်မှု့ကြောင့်ကွာရှင်းရင်ဖြစ်စေ၊
ပစ္စည်းခွဲဝေ တဲ့မူဟာ အတူတူပဲဖြစ်ပါတယ်။
*** ကြီးလေးသောအိမ်ထောင်ရေးပြစ်မှု့ကြောင့်
ကွာရှင်းခွင့်ရရင်တော့ ကျူးလွန်သူ (အပြစ်ရှိသူ) ဟာ
လင်မယားနှစ်ဦးပိုင် ပစ္စည်းအပေါ်က ဘာဝေစုမှမရဘဲ
အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ကွာရှင်းပေးရပါတယ်။ ***

အိမ်ထောင်ရေးပြစ်မှု့ကြောင့်ကွာချင်တယ်ဆိုရင်၊
- တရားရုံးမှာ ကွာလိုမှု့ စွဲဆိုရပါတယ်။
- ဒါကြောင့်ရှေ့နေများထံကို အမှု့အပ်ကြပါတယ်။
- ရှေ့နေက ကွာရန်လုံလောက်တဲ့ အိမ်ထောင်ရေးပြစ်မှု
ရှိ/မရှိ ဖေါ်ထုတ်မေးမြန်းရပါတယ်။
- ကွာလိုသူတွေမှာ နှစ်ဦးပိုင်ပစ္စည်း ဘာရှိသလဲ
မေးမြန်းရပါတယ်။
- ပစ္စည်းရှိရင် ပစ္စည်းခွဲဝေပေးစေလိုမျှ တစ်ပါတည်း
တရားစွဲရပါတယ်။
- ကွာလိုမှု့ နှင့် ပစ္စည်း ခွဲဝေပေးစေ လိုမှု့ဆိုပြီး
သက်သာခွင့်(၂)ရပ်ပေါင်းပြီး တရားစွဲဆိုရတယ်။
- ကွာလိုမှုအတွက် ရုံးခွန်တော် တံဆိပ်ခေါင်း (၄၀၀၀)
ကပ်ရတယ်။
- ပစ္စည်းခွဲဝေပေးစေလိုမှူ့အတွက် မိမိရမဲ့ဝေစုအပေါ်
ထိုက်သင့်တဲ့ရုံးခွန်တော် ထမ်းဆောင် ရတယ်။
ဥပမာ -
လင်မယား နှစ်ဦးပိုင်အိမ်က သိန်း(၂၀၀၀)တန်တယ်။
မိမိဝေစုက သိန်း (၁၀၀၀) ဆိုရင်၊
သိန်း (၁၀၀၀)အပေါ်မှာ (၀.၅) % ရာခိုင် နှုန်း
ရုံးခွန် (၅)သိန်း ထမ်းဆောင်ရတယ်။
တရားရုံးက ကွာရှင်းခွင့်နဲ့ ပစ္စည်းခွဲဝေပေးစေလိုမှု
ဒီကရီချပေးတယ်။
ဒါဆိုရင် ဒီလင်နဲ့မယားဟာ လွတ်လပ်သူတွေဖြစ် သွားပြီ။

"ပစ္စည်းခွဲဝေခြင်း"
လင်နဲ့မယား သဘောတူကွာရှင်းရင်ဖြစ်စေ၊
သာမန်အိမ်ထောင်ရေးပြစ်မှူ့ကြောင့်ကွာရှင်းရင်ဖြစ်စေ
ပစ္စည်းကိုအောက် ပါအတိုင်း ခွဲဝေပေးရတယ်။
(က) ခန်းဝင်ပစ္စည်း၊ နှစ်ပါးစုံပစ္စည်း၊
သာမန်လက်ထပ်ပွား ပစ္စည်းတွေကို လင်နဲ့မယား
အညီအမျှခွဲဝေ ယူရတယ်။
(ခ) ပါရင်းပစ္စည်း၊ အမွေရလက်ထပ်ပွား ပစ္စည်းအပေါ်မှာ
ပါလာသူ၊ အမွေရသူက (၂/၃)ပုံ၊ ကျန်သူက(၁/၃)ရတယ်။
ကိုဖြူ - ကွာရှင်းစေ-ဆိုပြီး တရားရုံးက ဒီကရီချလိုက်ရင်၊
ဒီလူတွေဟာ လွတ်လပ်သူတွေဖြစ် သွားကြပြီး
နောက်အိမ်ထောင်ပြုလို့ ရသလားဆရာ။ (ဟုတ်ကဲ့)
ဒီတရားရုံးက ချလိုက်တဲ့ ကွာစေ စီရင်ချက်ကို
အပေါ်အယူခံရုံးက ပယ်ဖျက်လိုက်ရင်ရော ဘယ်လိုလဲဆရာ။
ယူတီကေ - အောက်တရားရုံးက ကွာစေလို့ ဒီကရီချလိုက်ရင်၊
အဲဒီနေ့ကစပြီး လွတ်လပ်သူပဲ။
အယူခံရုံးက မကွာစေနဲ့ဆိုပြီး ဆုံးဖြတ်လိုက်ရင်
အဲဒီနေ့ကစပြီး (ပိုနေမြဲ-ကျားနေမြဲ) လင်မယားပြန်ဖြစ်သွား
ပြန်တယ်။ လင်ရှိမယား ပြန်ဖြစ်သွားတယ်။
ကိုဖြူ - အောက်ရုံးက ကွာစေ အမိန့်ရလို့
နောက်ယောင်္ကျားယူလိုက်တယ်။
အပေါ်ရုံးက ကွာစေအမိန့်ကို ပြန်ပယ်ဖျက်လိုက်တယ်။
နောက်ယူတဲ့လူ မယားခိုးမှု ဖြစ်မလားဆရာ။
မယားပြန်ပေး ရမှာလား။
ယူတီကေ - အောက်ရုံးရဲ့ ကွာစေ ဒီကရီချတဲ့နေ့နဲ့
အပေါ်ရုံးက မကွာစေနဲ့ ဒီကရီချတဲ့နေ့ အကြား
ဆောင်ရွက် ချက်ဟာ “ကွာစေ” ဒီကရီအမိန့်တည်နေစဉ်
ဆောင်ရွက်ချက်ဖြစ်လို့ အပြစ်မရှိပါဘူး။
သူ့မယား ပြန်ဖြစ်သွားရင်တော့၊ နောက်လူနဲ့
ထိမ်းမြားခြင်းဟာ ပျက်ပြယ်သွားပြန်တယ်။
ဆက်ပြီး ပေါင်းသင်းလို့ တရားမ၀င်တော့ဘူး။
ကိုဖြူ - ဒုတိယလူနဲ့ပေါင်းသင်းတဲ့ကာလမှာ
ကလေးတွေရှိလာရင်၊ ကလေးမွေးလာရင်ရော
ဘယ်သူ့မှာ တာဝန် ရှိသလဲဆရာ။
ယူတီကေ - (အင် -) (ဒုတိယလူ - လား)
(တရားသူကြီး - လား)
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
credit - Aung Soe (Pyay)
via ဆရာဦးထွန်းကြည်(မဟာဝိဇ္ဇာ၊သိပ္ပံ၊ဥပဒေ)
"လင်နှင့် မယား၏ အမွေကြောင်း (၁)"

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...