Thursday, September 3, 2015

စိမ်းမြပုံပြင် သရ၀ဏ်(ပြည်)



Ko NyiAugust 31, 2014 at 6:09pm ·

စိမ်းမြပုံပြင်သရ၀ဏ်(ပြည်)စိမ်းမြသစ်ရွက်တို.ကြွေနေဆဲငါ.မျက်ရည်စိုနေတုန်းပေါ.တချို.တွေနေနိုင်လွန်းတယ် ။ရဲရင်.ကျောက်ခက်တို.ပြိုနေဆဲငါ.အတွက်အဖြေရှာနေတုန်းတချို.တွေနေနိုင်လွန်းတယ် ။တရေးမှမပျော်တဲ.ညမှောင်လွန်းနေတယ် တယောက်ထဲငါငိုနေတုန်းရင်ထဲမှာမကြေနပ်ဆုံး အသည်းမှာဒါနောက်ဆုံး ။တိတ်ဆိတ်အိပ်မက်တို.ကျန်နေဆဲငါ.စိတ်တွေနှင်နေတုန်းပေါ.တချို.တွေနေနိုင်လွန်းတယ် ။အဖြစ်အပျက်တို.က ၁၉၇၆ ခုနှစ်တွင်စတင် အမျို.သားငြိမ်းချမ်းရေးခေါင်းဆောင်ကြီး သခင်ကိုယ်တော်မှိုင်းကို မြန်မာသက္ကရဇ် ၁၂၃၇ တပေါင်းလပြည်.ကျော် ၁၄ ရက် ( ၂၈.၃.၁၈၇၆ ) ခုနှစ်တွင်မွေးဖွားသည်ဖြစ်ရာ ၁၉၇၆ သည် ဆရာကြီးမှိုင်း၏ နှစ် (၁၀၀ ) ပြည်.မြောက်သော ထူးခြားသည် အခါသမယဖြစ်သည် ။မြန်မာတစ်ပြည်လုံးရှိ စာပေအသိုင်းအ၀ိုင်းနှင်းနိုင်ငံရေးအသိုင်းအ၀ိုင်းသည် ထိုထူးမြတ်လှသောသမိုင်းဝင်အခါသမယတွင် မျိုးချစ်စာဆိုတော်ကြီးအတွက်အစိုးရကမည်သည်. အထိမ်းအမှတ်အခမ်းအနားမျာကျင်းပပေးမည်လဲဟု စောင်.မျှော်နေကြသည် ။ သို.သော် အာဏာရှင်ဦးနေ၀င်းသည် ငါနှင်.ငါသာနှိုင်းစရာဟု သူ.ကိုယ်သူယူဆထားသူပီပီ မြန်မာ.သမိုင်းတွင် အနစ်နာခံဆောင်ရွက်သွားကြသောမျိုးချစ်အာဇာနည်ပုဂ္ဂိုလ်ကြီးများသမိုင်းကြောင်းကိုဖျောက်ဖျက်ထားချင်ရ ကား မြန်မာ.ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန်.ကိုပင်နိုင်ငံတော်ဈာပနဖြင်. သဂြိုဟ်ဖို.ငြင်းဆန်ခဲ.သည်ဖြစ်ရာသခင်ကိုယ်တော်မှိုင်းအတွက်ပြည်သူလူထု၏မျှော်လင်.ချက်မှာလည်း မှုန်ပျပျ သာရှိလေသည် ။စစ်အစိုးရသည် သခင်ကိုယ်တော်မှိုင်း၏ ရဲရဲတောက်လေးချိုးများကိုကြောက်သည် ။ဥပမာ “ဒေါင်းမိခင်၊ တန်ခိုးကြွစေဖို. အမျိုးသားကျောင်းတွေ ။ပြည်ခွင်မှာ၊ စည်ပင်ပေါတယ် သြဘာနှင်.ပေ ။ပေါ်လာချေ တော်ပါပေရဲ. ၊ သမီးငယ်သားငယ်များကြောင်.အားဖြင်.မနွဲ. “ မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်တစ်ပါတီအာဏာရှင်အစိုးရသည် ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း နှစ်တစ်ရာပြည်. (မှိုင်းရာပြည်.) ပွဲကိုမည်သည်.အနေနှင်.မှကျင်းပမပေးတော.မှာပေါ်လွင်နေချေပြီ ။ နယ်ချဲ.ဆန်.ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင် ခေါင်းဆောင်တကာတို.၏ခေါင်းဆောင် ဖြစ်သော ဆရာကြီးမှိုင်းကို အရေးမပါသောလူတစ်ယောက်အဖြစ်သမိုင်းတွင်ဖျောက်ဖျက်ထားခြင်းကို ပညာတတ်တက္ကသိုလ်ကျောင်းသားများကနာကျည်းခဲ.ကြပါသည် ။ ထို.ကြောင်. ရန်ကုန်တက္ကသိုလ်ကျောင်းသားများနှင်.စက်မှုတက္ကသိုလ်ကျောင်းသားများစုစည်းပြီး သခင်ကိုယ်တော်မှိုင်းနှစ်တစ်ရာပြည်.အခမ်းအနားကို မိမိတို.အစီအစဉ်ဖြင်.ကျင်းပကြရာမှ မှိုင်းရာပြည်.အရေးအခင်းကြီးဖြစ်ပွားခဲ.ပါသည် ။ ထိုအရေးတော်ပုံကို အာဏာရှင်စစ်အစိုးရသည် ယခင်ထုံးစံအတိုင်း စေ.စပ်ဆွေးနွေးရမည်.အစား အကြမ်းဖက်ဖြိုခွဲခဲ.ပါသည် ။ ၁၉၈၈ တွင် ကျောင်းသားများကိုရက်ရက်စက်စက်လက်နက်ကိုင်နှိမ်နှင်းခြင်း၏ အစသည် ဦးသန်.အရေးအခင်းနှင်. မှိုင်းရာပြည်.အရေးအခင်းမှ ရရှိလာသော ရိုင်းစိုင်းယုတ်မာသည်. သမိုင်းအမွေဆိုးတစ်ခုဖြစ်ပါသည် ။ မှိုင်းရာပြည်.အရေးတော်ပုံတွင်ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများစွာအဖမ်းခံခဲ. ကြ ပြီးထောင်သွင်းအကျဉ်းချထားခံခဲ.ကြရာ ထိုအထဲတွင် စက်မှုတက္ကသိုလ်ကျောင်းသား ၀င်းမင်းထွေးလည်းပါဝင်ပါသည် ။ အစိုးရသတင်းစာတွင် ၀င်းမင်းထွေး၏ ဓါတ်ပုံကိုဖော်ပြပြီး ကျောင်းသားဆိုးဝင်းမြင်. ဟု အမည်တပ်ခဲ.ပါသည် ။အင်းစိန်ထောင်သို.နှစ်ရှည်ပို.ဆောင်ခဲ.ပါသည် ။ အနုပညာသမားတစ်ယောက်သည် ယုံကြည်ချက်တစ်ခုကြောင်.ဤသို. ပြင်းပြင်းထန်ထန်အပြစ်ပေးခံရခြင်းကို စက်မှုတက္ကသိုလ် စီနီယာကျောင်းသားတစ်ဦးဖြစ်သော ကိုရဲလွင်၏စိတ်ထဲတွင် အလွန်ခံစားခဲ.ရပါသည် ။ ထိုသို.ကျောင်းသားများမတရားဖမ်းဆီး ထောင်ချခံရခြင်းကိုထိုစဉ်က နိုင်ငံရေးလှုပ်ရှားသူများ ၊ ပြည်တွင်းပြည်ပအတိုက်အခံများ သည်ကိုယ်နှင်.မဆိုင်သလိုနေထိုင်ခဲ.ကြသည်ကို ကိုရဲလွင်ရော တေးရေးကိုနေ၀င်းပါ များးစွာစိတ်ထိခိုက်ခံစားခဲ.ကြရပါသည် ။ရဲရင်.သောလူငယ်များသည်စစ်အစိုးရ၏ဖိနှိပ်မှုကြောင်. ကျောက်စိုင်ကျောက်ခဲများတဖွဲဖွဲပြိုကျနေသလိုတိုင်းပြည်အညွန်.အဖူးများကြွေလွင်.ရသည်ကိုမချိတင်ကဲခံစားခဲ.ရသည် ။ထို.ကြောင်.ရင်ထဲမှာခံစားရသမျှကို ဘေ.စ်ဂစ်တာသမား ကိုရဲလွင်က အင်္ဂလိပ်လိုသီချင်းတစ်ပုဒ်ရေးပါသည် ။ သီချင်းနာမည်ကို Last Dream ဟုအမည်ပေးခဲ.ပါသည် ။ထိုသီချင်းသည် ကိုရဲလွင် (မဇ္ဈိမလှိုင်း ၊ ယခု -ပန်းရဲ.လမ်းအဖွဲ. ) ဘ၀တွင်ပထမဆုံးရေးဖွဲ.ခဲ.သောသီချင်းဖြစ်ပါသည် ။ Last Dream သီချင်း၏စာသားများမှာGreen Leaves Falling past by my windows ,As I cry over you .There is nothing I can do .ကိုရဲလွင်အင်္ဂလိပ်ဘာသာဖြင်.ရေးသားထားသောသီချင်းကို တေးရေးကိုနေ၀င်းကဆင်.ပွားခံစားကာ အောက်ပါအတိုင်းရေးဖွဲ.လိုက်၏ ။စိမ်းမြသစ်ရွက်တို.ကြွေနေဆဲ ငါ.မျက်ရည်စိုနေတုန်းပေါ.တချို.တွေနေနိုင်လွန်းတယ် ။ နောက်တစ်ပိုဒ်ကို ကိုရဲလွင်ကဤသို.ရေး၏ ။ So brave Lion’s heart has been broken ,What’s answer I don’t know ,There is nothing I can do . ကိုနေ၀င်းကဤသို့ဆင့် ပွားရေးဖွဲ.၏ ။ရဲရင်. ကျောက်ခက်တို.ပြိုနေဆဲငါ.အတွက်အဖြေရှာနေတုန်းတချို.တွေနေနိုင်လွန်းတယ် ။စစ်အာဏာရှင်လက်အောက်တွင်နေထိုင်ရသောကာလသည် ညတာရှည်သော အိပ်မပျော်သည်. ကာလဆိုးကြီးသဖွယ်ဖြစ်ကြောင်းကို ၊ကိုနေ၀င်းကဤသို.ရေးဖွဲ.ခဲ.ပါသည် ။တရေးမှမပျော်တဲ.ညမှောင်လွန်းနေတယ် တယောက်ထဲငါငိုနေတုန်းရင်ထဲမှာမကြေနပ်ဆုံး အသည်းမှာဒါနောက်ဆုံး ။အစိုးရကအကြမ်းဖက်နှိမ်နှင်းလိုက်သောအခါ အရာရာသည်တိတ်ဆိတ်ငြိမ်သက်ပြီး အံတုနိုင်သူမရှိတော.ဟု စစ်အစိုးရကယူဆခဲ.ပေလိမ်.မည် ။သို.သော် တော်လှန်ရေးဒီရေသည် ရပ်တန်.မသွား ၊မတရားမှုကိုရွံရှာသော ၊အာဏာရှင်စနစ်ကိုတော်လှန်လိုသောစိတ်ဓါတ်များကတော.ကျောင်းသားတို.၏ရင်ထဲမှာ အိပ်မက်သဖွယ်သဖွယ်ကျန်ရှိနေသေးကြောင်း ကိုနေ၀င်းကဤသို.ဆင်.ပွားရေးဖွဲ.ခဲ.ပြန်သည် ။တိတ်ဆိတ်အိပ်မက်တို.ကျန်နေဆဲငါ.စိတ်တွေနှင်နေတုန်းပေါ.တချို.တွေနေနိုင်လွန်းတယ် ။စာပေစိစစ်ရေးတင်းကြပ်နေသော ကာလများဖြစ်၍မကြေနပ်ချက်များကိုဒိထက်ပို၍ရေးရန်အခွင်.မသာခဲ.ပေ ထိုသီချင်းသည် အနုပညာသမားတို.၏နှလုံးအိမ်ဝယ်စွဲမြဲစွာခိုဝင်နေခဲ.ကြသည် ။ တကယ်တော.ဤသီချင်းသည်အာဏာရှင်ဆန်.ကျင်ရေးသီချင်းဖြစ်ပါသည်။နှစ်များစွာကြာပြီးနောက်ထိုသီချင်းကို အဆိုတော် ဂျေမောင်မောင်က The Shell မတိုင်မီကာလတွင်စတင်သီဆိုခဲ.ပါသည် ။ထို.နောက်ခိုင်ထူးက သူ၏အောင်မြင်ကျော်ကြားခဲ.သော “ အဉ္ဖလီ “ တေးစီးရီးတွင် သီဆိုအောင်မြင်ခဲ.ပါ၏ ။ထို.နောက် ခင်ဝမ်း က “ပန်းခရမ်းပြာ” စီးရီးတွင်ထပ်မံသီဆိုခဲ.သည် ။ ခင်ဝမ်းသီဆိုအသံသွင်းစဉ် ကိုနေ၀င်းက Classic Guitar တီးခတ်ပြီး ကူညီသီဆိုပေးခဲ.ပါသည် ။ ရင်ထဲမှာမကြေနပ်ဆုံး………အသည်းမှာဒါနောက်ဆုံးသည် မြန်မာတပြည်လုံးကိုပျံ.နှံ.ခဲ.ပါသည် ။ ဤသီချင်းသည် လေးလေးနက်နက်မတွေးပဲအပေါ်ယံနားထောင်လျင်လဲကောင်းသည် ။ကားအတိုင်းထက်အလွန်ကောင်းနေပေသည် ။ ငြိမ်းချမ်းရေးဖခင်ကြီးသခင်ကိုယ်တော်မှိုင်းကိုအောက်မေ.သတိရရုံဖြင်.ကျောင်းသားများကိုဖမ်းဆီးထောင်ချခဲ. သောအာဏာရှင်ကြီးဦးနေ၀င်းသည် သူကြောက်ခဲ.သော ကျောင်းသားပြည်သူတို.၏တခဲနက်ဆန်.ကျင်မှုဖြင်.ပင် ၁၉၈၈ တွင်ရာထူးမှပြုတ်ကျခဲ.သည် ။ ၀င်းမင်းထွေးသည်ရှိနေဆဲ ၊ကိုရဲလွင်သည် ရှိနေဆဲ ၊ တေးရေးကိုနေ၀င်းသည်ရှိနေဆဲ၊ကျောင်းသားတို.သည်ရှိနေဆဲ ၊မျိုးဆက်သစ်တို.သည်ရှိနေဆဲ ။ နောက်ဆုံးတစ်နေ.တွင်အာဏာရှင် သာကျဆုံးရပေမည် ။ စစ်အာဏာရှင်သည် တစ်ခန ပြည်သူသည်သာထာဝရဆိုတာဤသီချင်းလေးက သမိုင်းသက်သေခံနေပါသည် ။သရ၀ဏ်(ပြည်) ကိုးကား ။ ။ - သိန်းဖေမြင်.(သခင်ကိုယ်တော်မှိုင်း၊ဆရာလွန်း၏အတ္ထုပ္ဖတ္တိ ) - မောင်ဆွေခင် (ခရမ်းပြာလေညင်း)
Posted by အနုရက္ခိတ on Wednesday, September 2, 2015



Ko Nyi August 31, 2014 at 6:09pm ·

စိမ်းမြ သစ်ရွက်တို.ကြွေနေဆဲ
ငါ.မျက်ရည်စိုနေတုန်းပေါ.
တချို.တွေနေနိုင်လွန်းတယ် ။
ရဲရင်.ကျောက်ခက်တို.ပြိုနေဆဲ
ငါ.အတွက်အဖြေရှာနေတုန်း
တချို.တွေနေနိုင်လွန်းတယ် ။


တရေးမှမပျော်တဲ.ညမှောင်လွန်းနေတယ်
တယောက်ထဲငါငိုနေတုန်း
ရင်ထဲမှာမကြေနပ်ဆုံး
အသည်းမှာဒါနောက်ဆုံး ။
တိတ်ဆိတ်
အိပ်မက်တို.ကျန်နေဆဲ
ငါ.စိတ်တွေနှင်နေတုန်းပေါ.
တချို.တွေနေနိုင်လွန်းတယ် ။
အဖြစ်အပျက်တို.က ၁၉၇၆ ခုနှစ်တွင်စတင် အမျို.သားငြိမ်းချမ်းရေးခေါင်းဆောင်ကြီး သခင်ကိုယ်တော်မှိုင်းကို မြန်မာသက္ကရဇ် ၁၂၃၇ တပေါင်းလပြည်.ကျော် ၁၄ ရက် ( ၂၈.၃.၁၈၇၆ ) ခုနှစ်တွင်မွေးဖွားသည်ဖြစ်ရာ ၁၉၇၆ သည် ဆရာကြီးမှိုင်း၏ နှစ် (၁၀၀ ) ပြည်.မြောက်သော ထူးခြားသည် အခါသမယဖြစ်သည် ။မြန်မာတစ်ပြည်လုံးရှိ စာပေအသိုင်းအ၀ိုင်းနှင်းနိုင်ငံရေးအသိုင်းအ၀ိုင်းသည် ထိုထူးမြတ်လှသောသမိုင်းဝင်အခါသမယတွင် မျိုးချစ်စာဆိုတော်ကြီးအတွက်အစိုးရကမည်သည်. အထိမ်းအမှတ်အခမ်းအနားမျာကျင်းပပေးမည်လဲဟု စောင်.မျှော်နေကြသည် ။ သို.သော် အာဏာရှင်ဦးနေ၀င်းသည် ငါနှင်.ငါသာနှိုင်းစရာဟု သူ.ကိုယ်သူယူဆထားသူပီပီ မြန်မာ.သမိုင်းတွင် အနစ်နာခံဆောင်ရွက်သွားကြသောမျိုးချစ်အာဇာနည်ပုဂ္ဂိုလ်ကြီးများသမိုင်းကြောင်းကိုဖျောက်ဖျက်ထားချင်ရ ကား မြန်မာ.ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန်.ကိုပင်နိုင်ငံတော်ဈာပနဖြင်. သဂြိုဟ်ဖို.ငြင်းဆန်ခဲ.သည်ဖြစ်ရာသခင်ကိုယ်တော်မှိုင်းအတွက်ပြည်သူလူထု၏မျှော်လင်.ချက်မှာလည်း မှုန်ပျပျ သာရှိလေသည် ။စစ်အစိုးရသည် သခင်ကိုယ်တော်မှိုင်း၏ ရဲရဲတောက်လေးချိုးများကိုကြောက်သည် ။ဥပမာ
“ဒေါင်းမိခင်၊ တန်ခိုးကြွစေဖို. အမျိုးသားကျောင်းတွေ ။
ပြည်ခွင်မှာ၊ စည်ပင်ပေါတယ် သြဘာနှင်.ပေ ။
ပေါ်လာချေ တော်ပါပေရဲ. ၊ သမီးငယ်သားငယ်များကြောင်.
အားဖြင်.မနွဲ. “
မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်တစ်ပါတီအာဏာရှင်အစိုးရသည် ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း နှစ်တစ်ရာပြည်. (မှိုင်းရာပြည်.) ပွဲကိုမည်သည်.အနေနှင်.မှကျင်းပမပေးတော.မှာပေါ်လွင်နေချေပြီ ။ နယ်ချဲ.ဆန်.ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင် ခေါင်းဆောင်တကာတို.၏ခေါင်းဆောင် ဖြစ်သော ဆရာကြီးမှိုင်းကို အရေးမပါသောလူတစ်ယောက်အဖြစ်သမိုင်းတွင်ဖျောက်ဖျက်ထားခြင်းကို ပညာတတ်တက္ကသိုလ်ကျောင်းသားများကနာကျည်းခဲ.ကြပါသည် ။ ထို.ကြောင်. ရန်ကုန်တက္ကသိုလ်ကျောင်းသားများနှင်.စက်မှုတက္ကသိုလ်ကျောင်းသားများစုစည်းပြီး သခင်ကိုယ်တော်မှိုင်းနှစ်တစ်ရာပြည်.အခမ်းအနားကို မိမိတို.အစီအစဉ်ဖြင်.ကျင်းပကြရာမှ မှိုင်းရာပြည်.အရေးအခင်းကြီးဖြစ်ပွားခဲ.ပါသည် ။ ထိုအရေးတော်ပုံကို အာဏာရှင်စစ်အစိုးရသည် ယခင်ထုံးစံအတိုင်း စေ.စပ်ဆွေးနွေးရမည်.အစား အကြမ်းဖက်ဖြိုခွဲခဲ.ပါသည် ။ ၁၉၈၈ တွင် ကျောင်းသားများကိုရက်ရက်စက်စက်လက်နက်ကိုင်နှိမ်နှင်းခြင်း၏ အစသည် ဦးသန်.အရေးအခင်းနှင်. မှိုင်းရာပြည်.အရေးအခင်းမှ ရရှိလာသော ရိုင်းစိုင်းယုတ်မာသည်. သမိုင်းအမွေဆိုးတစ်ခုဖြစ်ပါသည် ။
မှိုင်းရာပြည်.အရေးတော်ပုံတွင်ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများစွာအဖမ်းခံခဲ. ကြ ပြီးထောင်သွင်းအကျဉ်းချထားခံခဲ.ကြရာ ထိုအထဲတွင် စက်မှုတက္ကသိုလ်ကျောင်းသား ၀င်းမင်းထွေးလည်းပါဝင်ပါသည် ။ အစိုးရသတင်းစာတွင် ၀င်းမင်းထွေး၏ ဓါတ်ပုံကိုဖော်ပြပြီး ကျောင်းသားဆိုးဝင်းမြင်. ဟု အမည်တပ်ခဲ.ပါသည် ။အင်းစိန်ထောင်သို.နှစ်ရှည်ပို.ဆောင်ခဲ.ပါသည် ။ အနုပညာသမားတစ်ယောက်သည် ယုံကြည်ချက်တစ်ခုကြောင်.ဤသို. ပြင်းပြင်းထန်ထန်အပြစ်ပေးခံရခြင်းကို စက်မှုတက္ကသိုလ် စီနီယာကျောင်းသားတစ်ဦးဖြစ်သော ကိုရဲလွင်၏စိတ်ထဲတွင် အလွန်ခံစားခဲ.ရပါသည် ။ ထိုသို.ကျောင်းသားများမတရားဖမ်းဆီး ထောင်ချခံရခြင်းကိုထိုစဉ်က နိုင်ငံရေးလှုပ်ရှားသူများ ၊ ပြည်တွင်းပြည်ပအတိုက်အခံများ သည်ကိုယ်နှင်.မဆိုင်သလိုနေထိုင်ခဲ.ကြသည်ကို ကိုရဲလွင်ရော တေးရေးကိုနေ၀င်းပါ များးစွာစိတ်ထိခိုက်ခံစားခဲ.ကြရပါသည် ။ရဲရင်.သောလူငယ်များသည်စစ်အစိုးရ၏ဖိနှိပ်မှုကြောင်. ကျောက်စိုင်ကျောက်ခဲများတဖွဲဖွဲပြိုကျနေသလိုတိုင်းပြည်အညွန်.အဖူးများကြွေလွင်.ရသည်ကိုမချိတင်ကဲခံစားခဲ.ရသည် ။ထို.ကြောင်.ရင်ထဲမှာခံစားရသမျှကို ဘေ.စ်ဂစ်တာသမား ကိုရဲလွင်က အင်္ဂလိပ်လိုသီချင်းတစ်ပုဒ်ရေးပါသည် ။ သီချင်းနာမည်ကို Last Dream ဟုအမည်ပေးခဲ.ပါသည် ။ထိုသီချင်းသည် ကိုရဲလွင် (မဇ္ဈိမလှိုင်း ၊ ယခု -ပန်းရဲ.လမ်းအဖွဲ. ) ဘ၀တွင်ပထမဆုံးရေးဖွဲ.ခဲ.သောသီချင်းဖြစ်ပါသည် ။ Last Dream သီချင်း၏စာသားများမှာ
Green Leaves
Falling past by my windows ,
As I cry over you .
There is nothing I can do .
ကိုရဲလွင်အင်္ဂလိပ်ဘာသာဖြင်.ရေးသားထားသောသီချင်းကို တေးရေးကိုနေ၀င်းကဆင်.ပွားခံစားကာ အောက်ပါအတိုင်းရေးဖွဲ.လိုက်၏ ။
စိမ်းမြ
သစ်ရွက်တို.ကြွေနေဆဲ
ငါ.မျက်ရည်စိုနေတုန်းပေါ.
တချို.တွေနေနိုင်လွန်းတယ် ။
နောက်တစ်ပိုဒ်ကို ကိုရဲလွင်ကဤသို.ရေး၏ ။
So brave
Lion’s heart has been broken ,
What’s answer I don’t know ,
There is nothing I can do .
ကိုနေ၀င်းကဤသို့ဆင့် ပွားရေးဖွဲ.၏ ။
ရဲရင်.
ကျောက်ခက်တို.ပြိုနေဆဲ
ငါ.အတွက်အဖြေရှာနေတုန်း
တချို.တွေနေနိုင်လွန်းတယ် ။
စစ်အာဏာရှင်လက်အောက်တွင်နေထိုင်ရသောကာလသည် ညတာရှည်သော အိပ်မပျော်သည်. ကာလဆိုးကြီးသဖွယ်ဖြစ်ကြောင်းကို ၊ကိုနေ၀င်းကဤသို.ရေးဖွဲ.ခဲ.ပါသည် ။
တရေးမှမပျော်တဲ.ညမှောင်လွန်းနေတယ်
တယောက်ထဲငါငိုနေတုန်း
ရင်ထဲမှာမကြေနပ်ဆုံး
အသည်းမှာဒါနောက်ဆုံး ။
အစိုးရကအကြမ်းဖက်နှိမ်နှင်းလိုက်သောအခါ အရာရာသည်တိတ်ဆိတ်ငြိမ်သက်ပြီး အံတုနိုင်သူမရှိတော.ဟု စစ်အစိုးရကယူဆခဲ.ပေလိမ်.မည် ။သို.သော် တော်လှန်ရေးဒီရေသည် ရပ်တန်.မသွား ၊မတရားမှုကိုရွံရှာသော ၊အာဏာရှင်စနစ်ကိုတော်လှန်လိုသောစိတ်ဓါတ်များကတော.ကျောင်းသားတို.၏ရင်ထဲမှာ အိပ်မက်သဖွယ်သဖွယ်ကျန်ရှိနေသေးကြောင်း ကိုနေ၀င်းကဤသို.ဆင်.ပွားရေးဖွဲ.ခဲ.ပြန်သည် ။
တိတ်ဆိတ်
အိပ်မက်တို.ကျန်နေဆဲ
ငါ.စိတ်တွေနှင်နေတုန်းပေါ.
တချို.တွေနေနိုင်လွန်းတယ် ။
စာပေစိစစ်ရေးတင်းကြပ်နေသော ကာလများဖြစ်၍မကြေနပ်ချက်များကိုဒိထက်ပို၍ရေးရန်အခွင်.မသာခဲ.ပေ ထိုသီချင်းသည် အနုပညာသမားတို.၏နှလုံးအိမ်ဝယ်စွဲမြဲစွာခိုဝင်နေခဲ.ကြသည် ။ တကယ်တော.ဤသီချင်းသည်အာဏာရှင်ဆန်.ကျင်ရေးသီချင်းဖြစ်ပါသည်။နှစ်များစွာကြာပြီးနောက်ထိုသီချင်းကို အဆိုတော် ဂျေမောင်မောင်က The Shell မတိုင်မီကာလတွင်စတင်သီဆိုခဲ.ပါသည် ။ထို.နောက်ခိုင်ထူးက သူ၏အောင်မြင်ကျော်ကြားခဲ.သော “ အဉ္ဖလီ “ တေးစီးရီးတွင် သီဆိုအောင်မြင်ခဲ.ပါ၏ ။ထို.နောက် ခင်ဝမ်း က “ပန်းခရမ်းပြာ” စီးရီးတွင်ထပ်မံသီဆိုခဲ.သည် ။ ခင်ဝမ်းသီဆိုအသံသွင်းစဉ် ကိုနေ၀င်းက Classic Guitar တီးခတ်ပြီး ကူညီသီဆိုပေးခဲ.ပါသည် ။ ရင်ထဲမှာမကြေနပ်ဆုံး………အသည်းမှာဒါနောက်ဆုံးသည် မြန်မာတပြည်လုံးကိုပျံ.နှံ.ခဲ.ပါသည် ။ ဤသီချင်းသည် လေးလေးနက်နက်မတွေးပဲအပေါ်ယံနားထောင်လျင်လဲကောင်းသည်
ကားအတိုင်းထက်အလွန်ကောင်းနေပေသည် ။ ငြိမ်းချမ်းရေးဖခင်ကြီးသခင်ကိုယ်တော်မှိုင်းကိုအောက်မေ.သတိရရုံဖြင်.ကျောင်းသားများကိုဖမ်းဆီးထောင်ချခဲ. သောအာဏာရှင်ကြီးဦးနေ၀င်းသည် သူကြောက်ခဲ.သော ကျောင်းသားပြည်သူတို.၏တခဲနက်ဆန်.ကျင်မှုဖြင်.ပင် ၁၉၈၈ တွင်ရာထူးမှပြုတ်ကျခဲ.သည် ။ ၀င်းမင်းထွေးသည်ရှိနေဆဲ ၊ကိုရဲလွင်သည် ရှိနေဆဲ ၊ တေးရေးကိုနေ၀င်းသည်ရှိနေဆဲ၊ကျောင်းသားတို.သည်ရှိနေဆဲ ၊မျိုးဆက်သစ်တို.သည်ရှိနေဆဲ ။ နောက်ဆုံးတစ်နေ.တွင်အာဏာရှင် သာကျဆုံးရပေမည် ။
စစ်အာဏာရှင်သည် တစ်ခန
ပြည်သူသည်သာထာဝရဆိုတာဤသီချင်းလေးက သမိုင်းသက်သေခံနေပါသည် ။
သရ၀ဏ်(ပြည်)
ကိုးကား ။ ။
- သိန်းဖေမြင်.(သခင်ကိုယ်တော်မှိုင်း၊ဆရာလွန်း၏အတ္ထုပ္ဖတ္တိ )
- မောင်ဆွေခင် (ခရမ်းပြာလေညင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...