Sunday, September 6, 2015

စန္ဒရား စတင်လေ့လာသူများ အတွက် အခြေခံသင်ခန်းစာများ

 
စာသင်ကျောင်းတွေမှာ ရောက်ခါစ ကလေးတွေက အတန်းတမျိုး တစ်တန်း နှစ်တန်း ၅ တန်း ၁၀တန်း စတဲ့ နှစ်ကြာလာသည်နှင့်အမျှ စာမေးပွဲအောင်ရင် အတန်း တက်ပေးလို့  အပေါ်က အတန်းတွေကို ဆက်ပြီး တက်တက် သွားရတတ်ပါတယ်။ ကျောင်းရောက်ရောက်ချင်း ခုနှစ်တန်း စာသင်ခန်းကို မှားဝင်သွားမိရင် ဘယ်လိုမှ အစရှာမရ နားမလည်နိုင်လို့  စိတ်ဓါတ်ကျသွားတတ်ပါတယ်။ နိုင်ငံခြားမှာ Beginner, Intermediate, Advance စသဖြင့် အစားခွဲထားကြပါတယ်။
အနောက်တိုင်းလို သင်ရင်လဲ Grade One, Grade Two စသဖြင့် အတန်းနဲ့  Level နဲ့  သင်ရပါတယ်။ အဲဒီတော့ Facebok video တွေက နောက်ဆုံးတင်တာ အရင်ဆုံး ပေါ်လာတတ်တော့ အခုမှ ရှာလို့ တွေ့ တဲ့ မိတ်ဆွေတွေမှာ၊ ဘယ်အလုံးကို ဘာခေါ်မှန်း မသိနေတာ၊ အဲဒီ အလုံးတွေကို မမှတ်မိလို့  C နေရာကို F ခလုတ်နဲ့  မှားနှိပ်မိတာ၊ လက်သန်းကြွယ် တခါနှိပ်ဖို့  လက်ချောင်း မလှုပ်နိုင်ဖြစ်နေတာ၊ တပြိုင်တည်း ကျရမဲ့ ခလုတ်နှစ်ခုကိုတီးလိုက်တဲ့အခါ၊ ဂလုံ ကနဲ ၂ချက်ဖြစ်ကုန်တာ၊ ဖြစ်နေမှန်းကို ပြန် မကြားတာ တွေနဲ့  ကြုံတွေ့ နေရတော့ စန္ဒရားတီးရတာ ခက်တယ်လို့  အထင်မှားသွားတတ်ပါတယ်။ အဲဒီတော့ မကြာမကြာကျနော်ပြောနေကျအတိုင်း အောက်ပါ video များကို ကြည့်ပြီး လေ့ကျင့် ခဲ့ပါသလားလို့  စစ်ဆေးကြည့်စေချင်ပါတယ်။ နောက်ဆုံးပေါ်လာတဲ့ video တွေ ဟာ လူတိုင်း လိုက်လုပ်လို့  ရချင်မှ ရမယ်ဆိုတာလဲ သတိပြုစေချင်ပါတယ်။ အခုမှ အစကနေ သင်ဖို့ ဝင်လာတဲ့ မိတ်ဆွေတွေကိုဘဲ ရှင်းနေမယ် ဆိုပြန်တော့၊ ကျနော်တို့ ရဲ့ စန္ဒရား ပညာကို ခဲတံချွန် တဲ့ အဆင့်ကနေတက်မှာ မဟုတ်တော့တဲ့အတွက်၊ အကြောင်း အမျိုးမျိုးကြောင့် video တွေကို ကြည့်ပြီး အဆင်မပြေပါက၊ မည်သူ မဆို ခေါ်မေးလို့ ရပါတယ်။ တချို့ ကိစ္စတွေ ဘယ်ဟာ ဘယ်မှာ ၀ယ်ရလဲ . ဘာဝယ်မှကောင်းလဲ . လူကိုင်တိုင် လာတွေ့ ဖို့  လိပ်စာ နေ့ ရက် ပြောပြပါ၊ ဘယ်လို ဒေါင်းလုပ်ရမလဲ၊ DVVD ပို့ ပေးလား၊ ဒါဆို ဘယ်လို ကူညီရမလဲတွေကိုတော့ “စန္ဒရား လေ့လာဆဲ အနုပညာရှင်များ” Group မှာ ညီအကိုတွေက ကူညီပါလိမ့်မယ်။ ဂီတ မေးခွန်းမှန်သမျှ ကျနော် အမြဲဖြေပါတယ်။ ညီ အကိုတွေ ဂီတကို လေ့လာချင်တယ်ဆိုတာကိုက၊ ကျနော် ပင်ပမ်းရကျိုးနပ်ပါပြီဗျာ . .


ကျွှန်တော်သိသမျှ ပြောပြပါရစေ (စန္ဒရား မိတ်ဆက်)
https://www.facebook.com/115106495210830/videos/10150222738592726/

P-001
https://www.facebook.com/115106495210830/videos/10150227503292726/
P-002
https://www.facebook.com/115106495210830/videos/10150236902952726/
P-003
https://www.facebook.com/115106495210830/videos/10150256638512726/
P-004(1)
https://www.facebook.com/115106495210830/videos/10150258322142726/
P-004(2)
https://www.facebook.com/115106495210830/videos/10150259364292726/
P-004(3)
https://www.facebook.com/115106495210830/videos/10150260253232726/


အခြား လေ့ကျင့်ဖို့  video တွေလည်း  ဗွီဒီယို များရဲ့ စာမျက်နှာမှာ လိုက်ရှာကြည့်လို့ လည်းရပါတယ်။ DVD ကူးပြီးပို့ ပါ ဆိုရင်လည်း၊ ပို့ လို့ ရနိုင်ရင် ပို့ ပါတယ်။
https://www.facebook.com/pages/%E1%80%85%E1%82%8F%E1%81%B5%E1%80%9B%E1%80%AC%E1%80%B8-%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%81%80%E1%80%84%E1%80%B9%E1%80%B8-Sandaya-Aung-Win/115106495210830?sk=videos


ဖုန်းနဲ့ မေးမြန်းချင်ရင်တော့ ဦးကျော်ဇေယျ @Kyaw Zay Ya   ကို မေးလို့ ရပါတယ်ဗျာ။ 09-421152676, 09-956-52079 ကို ခေါ်လို့ ရပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...