Tuesday, February 24, 2015

ကျွန်တော့်အဖိုး ယောဂီဦးတင်အကြောင်း


- ယောဂီဦးတင် (၁၈၉၇- ၁၉၇၅)
ယောဂီဦးတင်ဟာ သူ့ခေတ်သူ့ခါမှာ ဗုဒ္ဒသာသနာပြန့်အောင် ဆောက်ရွက် ခဲ့သူ ဗုဒ္ဒဘာသာတွင်စိတ်ဝင်စားတဲ့ အနောက်နိုင်ငံသားတွေကို မိမိခြံမှာ စားစရိတ်ငြိမ်း တရားဆွေးနွေးပွဲတွေကို ကုသိုလ်ဖြစ် ဆောက်ရွက် သူဖြစ်ပါတယ်။
ဦးတင်ကို ၁၈၉၇ ခုနစ်၊နိုဝင်ဘာ ၆ ရက်တွင် ဟင်္သာတခရိုင် ကြံခင်းမြို့ မှာ မွေးဖွားပါတယ်။ အထက်တန်းပညာရေးကို ဆည်းပူးနေစဉ် ကျောင်းသား သပိတ်နဲ့ ကြုံသဖြင့် ကျောင်းထွက်ခဲ့ရသည်။ ၁၉၂၂ မှာ ကြံခင်းမှာ တည်ထောင်စ အလယ်တန်းကျောင်းမှာ ကျောင်းအုပ်လုပ်ပါတယ်။
၁၉၂၅ မှာ ပညာအလင်းသတင်းစာက အယ်ဒီတာအလုပ်ကမ်းလှမ်းခံရပြီး ရန်ကုန်သို့ တက်ခဲ့ပါတယ်။ ထိုချိန်မှာ ပညာအလင်းသတင်းစာတိုက်ပိုင်ရှင် က မြန်မာ့အလင်း သတင်းစာတိုက် အယ်ဒီတာကို သတ်ခိုင်းသည်ဟု အမူဖြစ်ပြီး ပညာအလင်းသတင်းစာတိုက် ပျက်သွားပါတယ်။

အဲနောက် ဦးတင်ဟာ မြန်မာ့အလင်းသတင်းစာမှာ အလုပ်ဝင်လုပ်ရင်း တော်သဖြင့် အယ်ဒီတာ အဖြစ် ခန့်အပ်ခံရပြီး အလုပ်လုပ်နေစဉ် ရဟန်းတော်တပါး၏ ဘုန်းကြီးကျောင်းအလှူခံ ကြော်ဌာ တာကို ကုသိုလ် အဖြစ် အခ့မဲ့ သတင်းစာမှာ ကြော်ဌာပေးရာက ဘုန်းကြီးက ”သွေးဆေး ပရပိုက်“ လက်ဆောင်ပေးရာ ဦးတင်လည်း ပရပိုက် အတိုင်း ဆေးစပ်ပြီး နီးစပ်သူများကို အလှူပေးရာက ဆေးစွမ်းသဖြင့် လိုချင်သူ များလာရာကနေ အယ်ဒီတာ အလုပ်ထွက်ပြီး ဆေးလုပ် ရောင်းရာ သဌေးဖြစ်လာပါတော့တယ်။
“ယောဂီသွေးဆေး“ ဆိုပြီး ဆန်းသစ်တဲ့ အမြင်တွေနဲ့ ကြော်ဌာဖြန့်ခြံရာ ကြွယ်ဝ ချမ်းသာရုံသာမက ယောဂီဦးတင်ဆိုပြီး နာမည်ကျော်ကြားလာပါ တယ်။ ကမ္ဘာအေးဘုရားလမ်း ၆ မိုင်ရှိ ယောဂီခြံတွင်လည်း တရားဆွေးနွေး ပွဲများကို အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ကျင်းပပေးခဲ့ပါတယ်။ လာဆွေးနွေး သူများကိုလည်း အစားအစာစရိတ်ငြိမ်း ကုသိုလ်ဒါန ပြုပေးပါတယ်။
နိုင်ငံတွင်းရှိ သံဃာတော်ကျောင်းတိုက်များကို တက်နိုင်သလောက် လှူဒါန်း ပေးခဲ့ပါတယ်။ လူငယ်တွေ တိုးတက်အောင် ကြီးပွားနည်း ဆိုင်ရာ စာအုပ်
” တကယ့်ယောကျာ်း” ဆိုပြီး စာအုပ်ရေးသားခဲ့ပါတယ်။
ယောဂီဦးတင်ကတော့ သူအောင်မြင်လာရခြင်းမှာ မြတ်စွာဘုရားရဲ့ ၃၈ ဖြာ မင်္ဂလာ လမ်းစဉ်ကြောင့်ဖြစ်တယ်လို့ အမြဲပြောခဲ့ပါတယ်။ ယောဂီဦးတင်ဟာ သာသနာရေး၊လူမူရေးတွေမှာ ဆောင်ရွက်ရင်း ၁၉၇၅ ခုနစ်၊ မတ်လ ၁ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
(မြန်မာလူကျော် ၁၀၀ ကနေ ကောနုတ်ပါတယ်)
<visit-- သုတစွယ်စုံကျမ်း -->
Photo: ယောဂီဦးတင် (၁၈၉၇- ၁၉၇၅) ယောဂီဦးတင်ဟာ သူ့ခေတ်သူ့ခါမှာ ဗုဒ္ဒသာသနာပြန့်အောင် ဆောက်ရွက် ခဲ့သူ ဗုဒ္ဒဘာသာတွင်စိတ်ဝင်စားတဲ့ အနောက်နိုင်ငံသားတွေကို မိမိခြံမှာ စားစရိတ်ငြိမ်း တရားဆွေးနွေးပွဲတွေကို ကုသိုလ်ဖြစ် ဆောက်ရွက် သူဖြစ်ပါတယ်။ ဦးတင်ကို ၁၈၉၇ ခုနစ်၊နိုဝင်ဘာ ၆ ရက်တွင် ဟင်္သာတခရိုင် ကြံခင်းမြို့ မှာ မွေးဖွားပါတယ်။ အထက်တန်းပညာရေးကို ဆည်းပူးနေစဉ် ကျောင်းသား သပိတ်နဲ့ ကြုံသဖြင့် ကျောင်းထွက်ခဲ့ရသည်။ ၁၉၂၂ မှာ ကြံခင်းမှာ တည်ထောင်စ အလယ်တန်းကျောင်းမှာ ကျောင်းအုပ်လုပ်ပါတယ်။ ၁၉၂၅ မှာ ပညာအလင်းသတင်းစာက အယ်ဒီတာအလုပ်ကမ်းလှမ်းခံရပြီး ရန်ကုန်သို့ တက်ခဲ့ပါတယ်။ ထိုချိန်မှာ ပညာအလင်းသတင်းစာတိုက်ပိုင်ရှင် က မြန်မာ့အလင်း သတင်းစာတိုက် အယ်ဒီတာကို သတ်ခိုင်းသည်ဟု အမူဖြစ်ပြီး ပညာအလင်းသတင်းစာတိုက် ပျက်သွားပါတယ်။ အဲနောက် ဦးတင်ဟာ မြန်မာ့သလင်းသတင်းစာမှာ အလုပ်ဝင်လုပ်ရင်း တော်သဖြင့် အယ်ဒီတာ အဖြစ် ခန့်အပ်ခံရပြီး အလုပ်လုပ်နေစဉ် ရဟန်းတော်တပါး၏ ဘုန်းကြီးကျောင်းအလှူခံ ကြော်ဌာ တာကို ကုသိုလ် အဖြစ် အခ့မဲ့ သတင်းစာမှာ ကြော်ဌာပေးရာက ဘုန်းကြီးက ”သွေးဆေး ပရပိုက်“ လက်ဆောင်ပေးရာ ဦးတင်လည်း ပရပိုက် အတိုင်း ဆေးစပ်ပြီး နီးစပ်သူများကို အလှူပေးရာက ဆေးစွမ်းသဖြင့် လိုချင်သူ များလာရာကနေ အယ်ဒီတာ အလုပ်ထွက်ပြီး ဆေးလုပ် ရောင်းရာ သဌေးဖြစ်လာပါတော့တယ်။ “ယောဂီသွေးဆေး“ ဆိုပြီး ဆန်းသစ်တဲ့ အမြင်တွေနဲ့ ကြော်ဌာဖြန့်ခြံရာ ကြွယ်ဝ ချမ်းသာရုံသာမက ယောဂီဦးတင်ဆိုပြီး နာမည်ကျော်ကြားလာပါ တယ်။ ကမ္ဘာအေးဘုရားလမ်း ၆ မိုင်ရှိ ယောဂီခြံတွင်လည်း တရားဆွေးနွေး ပွဲများကို အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ကျင်းပပေးခဲ့ပါတယ်။ လာဆွေးနွေး သူများကိုလည်း အစားအစာစရိတ်ငြိမ်း ကုသိုလ်ဒါန ပြုပေးပါတယ်။ နိုင်ငံတွင်းရှိ သံဃာတော်ကျောင်းတိုက်များကို တက်နိုင်သလောက် လှူဒါန်း ပေးခဲ့ပါတယ်။ လူငယ်တွေ တိုးတက်အောင် ကြီးပွားနည်း ဆိုင်ရာ စာအုပ် ” တကယ့်ယောကျာ်း” ဆိုပြီး စာအုပ်ရေးသားခဲ့ပါတယ်။ ယောဂီဦးတင်ကတော့ သူအောင်မြင်လာရခြင်းမှာ မြတ်စွာဘုရားရဲ့ ၃၈ ဖြာ မင်္ဂလာ လမ်းစဉ်ကြောင့်ဖြစ်တယ်လို့ အမြဲပြောခဲ့ပါတယ်။ ယောဂီဦးတင်ဟာ သာသနာရေး၊လူမူရေးတွေမှာ ဆောင်ရွက်ရင်း ၁၉၇၅ ခုနစ်၊ မတ်လ ၁ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ (မြန်မာလူကျော် ၁၀၀ ကနေ ကောနုတ်ပါတယ်) <visit-- သုတစွယ်စုံကျမ်း -->

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...