Wednesday, February 11, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၂)

သစ်ထူးလွင်


Posted: 11 Feb 2015 08:13 AM PST
ယီမင်နိုင်ငံမှာ လွန်ခဲ့တဲ့လက သမ္မတ ရာထူးက နှုတ်ထွက်သွားခဲ့ပြီးနောက်ပိုင်း နိုင်ငံတွေမှာ လုံခြုံရေးအခြေအနေတွေ ယိုယွင်းပျက်ပြားလာတဲ့အတွက် ယီမင်နိုင်ငံက အမေရိကန်သံရုံးကို ပိတ်ထားလိုက်ပါတယ်။ စောစောပိုင်းတုန်းက ယီမင်နိုင်ငံ စာနာမြို့မှာရှိတဲ့ အမေရိကန် သံရုံးဝန်ထမ်းတွေက သံရုံးကို ပိတ်သိမ်းလိုက်ပြီလို့ သံအမတ်ကြီးက ၀န်ထမ်းတွေကို အကြောင်းကြားခဲ့ပြီး သူကိုယ်တိုင်လည်း ဗုဒ္ဓဟူးနေ့မှာ ယီမင်နိုင်ငံကနေ ထွက်ခွာ
Posted: 11 Feb 2015 08:05 AM PST
ဝှိုက်ကတ်လို့ ခေါ်တဲ့ ယာယီ သက်သက်ခံ လက်မှတ်တွေကို ပယ်ဖျက်ကြောင်း အမိန့်ကြေညာချက် တစ်ရပ်ကို မြန်မာအစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် ဝှိုက်ကတ် ကိုင်ဆောင်သူတွေရဲ့ မဲပေးခွင့် အလိုအလျောက် ပယ်ဖျက်ပြီး ဖြစ်ကာ ကတ်ပြားတွေ ပြန်လည် အပ်နှံဖို့ မတ်လ ၃၁ ရက် ကနေ မေလ ၃၁ ရက် အထိ အချိန် ပေးထားတယ်လို့ ဆိုပါတယ်။ ဝှိုက်ကတ် အပေါ် ရဟန်းရှင်လူ အများအပြားက ဝေဖန်မှုတွေ ရှိနေလို့ ဖျက်သိမ်းတယ်လို့ ဖော်ပြပြီး ဝှိုက်ကက်နဲ့ 
Posted: 11 Feb 2015 07:52 AM PST
ထိုင်ဝမ် လေကြောင်းလိုင်း ထရန်စ် အေးရှား လေယာဉ် တစ်စီး မြစ်ထဲ ပျက်ကျခဲ့ပြီး တစ်ပတ် အကြာမှာ ထရန်စ် အေးရှားရဲ့ လေယာဉ်မှူး တွေကို လုံခြုံရေး ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ရာမှာ စစ်ဆေးမှု မအောင်မြင်သူ ဒါမှမဟုတ် အစစ်ဆေး မခံသူ ၂၉ ယောက်ကို တာဝန်ကနေ ရပ်စဲ လိုက်တယ်လို့ သိရပါတယ်။ အရေးပေါ် အခြေအနေမှာ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို စမ်းသပ်တဲ့ စစ်ဆေးမှု အတွင်း လေယာဉ်မှူး ၆၈ ယောက် အနက် ၁၀ ယောက်က ကျရှုံးခဲ့ပြီး၊ ၁၉ ယော
Posted: 11 Feb 2015 07:25 AM PST
ယူကရိန်း အရှေ့ပိုင်း ငြိမ်းချမ်းရေး အတွက် ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင် နေချိန်မှာပဲ ယူကရိန်း အရှေ့ပိုင်း တိုက်ပွဲတွေမှာ လူ ၂၀ ကျော်လောက် ထပ်မံ သေဆုံးခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်း အစိုးရ တပ်သား ၁၉ ယောက် သေဆုံးခဲ့ပြီး ဒွန်းညက်စ် မြို့မှာတော့ အရပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လာရုစ် နိုင်ငံ၊ မင့်စ် မြို့မှာ ဒီကနေ့ ပြု
Posted: 11 Feb 2015 07:20 AM PST
ပုံ-ဖေဖော်ဝါရီ ၁၁ရက်ကပြုလုပ်သည့် ၀ှိုက်ကဒ်ကိုင်ဆောင်သူများ မဲပေးခွင့် ကန့်ကွက်ဆန္ဒပြပွဲပါ စာတမ်းတခု ယာယီသက်သေခံလက်မှတ် သက်တမ်းသတ်မှတ်ခြင်းနှင့် သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ်၊ ၁၉ / ၂၀၁၅ ဖြင့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ အဆိုပါထုတ်ပြန်ချက်တွင် ၁၉၄၇ ခုနှ
Posted: 11 Feb 2015 07:18 AM PST
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲ ကျင်းပရာတွင် ယာယီသက်သေခံလက်မှတ် ( White Card )ကိုင်ဆောင်ထားသူများကို ဆန္ဒမဲပေးခွင့်ပြုလိုက်သည့် ဆုံးဖြတ်ချက်သည် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ထိခိုက်လာနိုင်ကြောင်း ဖေဖော်ဝါရီ၁၁ ရက်နေ့ ပြုလုပ်သော White Card ကိုင်သူမဲပေးခွင့် ပယ်ဖျက်ပေးရေး ချီတက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ဦးညီညီမောင်က NewsWatch ဂျာနယ်သို့ပြောသည်။ "ရွေးကောက်ပွဲမှာ 
Posted: 11 Feb 2015 07:13 AM PST
ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ဆူရတ်ဌာနီမြို့မှာ ထိုင်းရဲနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ လိုက်လံ ဖမ်းဆီးမှုကြောင့် မြန်မာအလုပ်သမား အမျိုးသမီးတဦး ရေထဲကျပြီး သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့က ရပ်ကွက်ထဲမှာ ဖဲကစားတဲ့ လူတွေကို ရဲကလိုက်လံဖမ်းဆီးရာမှာ သေဆုံးသူအမျိုးသမီးပါ အထိတ်တလန့် ထွက်ပြေးခဲ့ရင်း ရေထဲပြုတ်ကျသေဆုံးခဲ့တာလို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေ 
Posted: 11 Feb 2015 07:02 AM PST
(ဓာတ်ပုံ - ကိုစည်သူ - ဗွီအိုအေမြန်မာပိုင်း သတင်းထောက်) ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးနေတဲ့ ကာလမှာပဲ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းတွေကလည်း ဆက်လက် ချီတက်နေပါတယ်။ ထားဝယ် နဲ့ မွန်ကျောင်းသားတွေ ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းကို မွန်ပြည်နယ် သထုံမြို့အလွန် နောင်ဘိုရွာမှာ ပြည်နယ်အစိုးရ အမိန့်နဲ့ဆိုပြီး တားဆီးမှုတွေ ရှိနေပါတယ်။ ပင်မသပိတ်စစ်ကြောင်းကတော့ တောင်းဆို
Posted: 11 Feb 2015 06:58 AM PST
အမျိုးသား ပညာရေး ဥပဒေ ပြန်လည်ပြန်ဆင်ရေး ဒီကနေ့ ကျင်းပတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျောင်း သားတွေ တောင်းဆိုတဲ့ အချက်တွေကို အစိုးရနဲ့ လွှတ်တော်ဘက်က လိုက်လျော သဘောတူလိုက်ပြီ ဖြစ်ပါ တယ်။ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်အဦးထဲမှာ အစိုးရ၊ လွှတ်တော်၊ NNER ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ (ကွန်ယက်) နဲ့ ကျောင်းသား ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲ ဆက်လက် ကျင်းပနေဆဲဖြစ်ပါတယ်။ 
Posted: 11 Feb 2015 06:54 AM PST
အသက်ရှင်သူ ၉ ဦးကို အီတလီ ကမ်းစောင့်တပ်က ကယ်တင်ခဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မြေထဲပင်လယ်မှာ ရေနစ် သေဆုံးခဲ့ရတဲ့ ရွှေ့ပြောင်း ဝင်ရောက်လာသူ စုစုပေါင်း လူ ၃၀ဝ လောက် အထိ ရှိနိုင်တယ်လို့ ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR က ပြောပါတယ်။ ဒီကိစ္စဟာ ပမာဏ ကြီးမားတဲ့ အဖြစ်ဆိုးကြီး ဖြစ်တယ်လို့ UNHCR ရဲ့ ဒေသဆိုင်ရာ ညွှန်မှူး Vincent Cochetel က ပြောပါတယ်။ အသက်ရှင် ကျန်ရစ်သူ ၉ ဦးကို အီတလီ ကမ်းစောင့်
Posted: 11 Feb 2015 06:47 AM PST
ဘယ်လ်ဂျီယံ နိုင်ငံမှာ တစ်ကြိမ်တည်း လူဦးရေ အများဆုံး ကြားနာ စစ်ဆေးမှု အတွင်း Sharia4Belgium လို့ အမည်ရတဲ့ အဖွဲ့က ဂျီဟတ် ဝါဒီတွေကို ဆီးရီးယား နိုင်ငံထဲ ပို့ပေးခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး အဖွဲ့ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင် ၄၅ ယောက်ကို ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ Sharia4Belgium အဖွဲ့ရဲ့ ခေါင်းဆောင် Fouad Belkacem ကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပြီး ကျန်တဲ့ ၄၅ ယောက်ကိုတော့ ထောင်ဒဏ် ၃ နှစ် 
Posted: 11 Feb 2015 01:47 AM PST
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ကျောင်းသားတွေ တောင်းဆိုတဲ့အချက် ၁၁ ကို အစိုးရအနေနဲ့ လိုက်လျောပေးနိုင်တယ်လို့ ဒီနေ့ ရန်ကုန်လွှတ်တော်ရုံးမှာကျင်းပတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောပါတယ်။ ရိုက်ကူး - ဝေယံမိုးမြင့် / RFA Burmese (function(d, s, id) { var js, fjs = d.getElementsByTagName(s)[0]; if (d.getElementById(id)) 
Posted: 11 Feb 2015 01:14 AM PST
ရပ်နားထားတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဒီနေ့မနက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဝင်း အတွင်း ပြန်လည်စတင် ဆွေးနွေး နေချိန်မှာ အမျိုသား ပညာရေး ပြပြင်ရေး ကျောင်းသား သပိတ်စစ် ကြောင်းတွေ ဆက်လက် ချီတက်နေပါတယ်။ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းက ပြည်မြို့ကနေ ရွှေတောင်မြို့ကို ဆက်လက်ချီ တက်နေကြပြီး တောင်းဆိုချက်တွေ မလိုက်လျောမချင်း ရန်ကုန်ကို အရောက်ချီတက်ကြမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ပခုက္ကူကနေ ထွ
Posted: 11 Feb 2015 01:07 AM PST
၁၁.၂.၂၀၁၅လောက်ကိုင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့ပေါ်တွင် ယမန်နေ့(၁၀.၂.၂၀၁၅)ည ဆယ့်တစ်နာရီခန့်က လောက်ကိုင် ထွေအုပ်ရုံးပေါ်ထိ လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ရဲခြောက်ဦး သေဆုံး ခဲ့ရကြောင်း လောက်ကိုင်ဒေသခံများထံသို့ ဆက်သွယ် မေးမြန်းချက်အရ သိရသည်။ ညဆယ့်တစ်နာရီခန့်ကတည်းက တိုက်ပွဲများဖြစ်ပွားနေပြီး မနက်လေးနာရီခွဲအချိန်မှ ပစ်ခတ်
Posted: 11 Feb 2015 12:48 AM PST
 လွိုင်ကော်မြို့နယ် နောင်ယား(က) ရပ်ကွက် ၊ မြို့ဦးဘုန်းကြီးကျောင်းရှေ့၊ ကန္ဒရ၀တီလမ်း ၊ ဖေဖော်ဝါရီ (၃)ရက် ည(ရ)နာရီခန့်တွင် ရွှေပအိုဝ်း (တောင်ကြီး၊ ဆီဆိုင်၊ လွိုင်ကော်) ကားနှင့် မော်တော်ဆိုင်ကယ် တစ်စီးက မျက်နှာချင်းဆိုင်တိုက်မိရာတွင် အမျိုးသားတစ်ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အခင်းဖြစ်ပွားရာတွင် သေဆုံးသွားကြောင်း လွိုင်ကော်မြို့နယ်ရဲစခန်းမှ သိရသည်။  ဖြစ်စဉ်မှာ ညနေ(၇)နာရီခန့်တွင် ရွေပအိုဝ်းကား
Posted: 11 Feb 2015 12:32 AM PST
ကယားရိုးရာ ဒီးဆ ခေါ် ထမင်းထောင်ပွဲကို ကယား အမျိုးသား လူငယ်များက စုပေါင်းပွဲ အနေဖြင့် ဒီးမော့ဆိုမြို့ ကန်ခုနှစ်ဆင့် တနီးလာလဲရွာအနီးတွင် ဖေဖော်ဝါရီ (၇) ရက်နေ့ ၌ ပထမအဆုံးအကြိမ် စတင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဒီးဆ ခေါ် ထမင်းထောင်ရိုးရာသည် ကယားလူမျိုးများ ကျေးရွာတိုင်းနှစ်စဉ်နှစ်တိုင်း စပါးသီးနှံများထွက်ရှိပြီးနောက် ကောက်သစ်စားပွဲကျင်းပလေ့ရှိသည့် ရိုးရာဓလေ့ တစ်ခုဖြစ်သည်။ ယခုကဲ့သို့ ကယားအမျိုးသားလူငယ်
Posted: 11 Feb 2015 12:32 AM PST
ရခိုင်ပြည်နယ် ကျောက်ဖြူထောင်မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အကျဉ်းသားနှစ်ဦး ထွက်ပြေးသွားရာ တစ်ဦးကို ဖမ်းမိပြီး နောက်တစ်ဦးမှာ ယခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေသည်ဟု သတင်း ရရှိသည်။ ကျောက်ဖြူမြို့  မြစ်နားကမ်းခြေသို့ သဲတင်ရန်သွားရောက်စဉ် ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထွက်ပြေးသွားသည်ဟု အမည်မဖေါ်လိုသူ အကျဉ်းဦးဌာန ၀န်ထမ်းတစ်ဦးက ပြောသည်။ ထွက်ပြေးသွားသော အကျဉ်းသားနှစ်ဦးမှာ သွင်းကုန်ထုတ်အမှုနှင့် ထော
Posted: 11 Feb 2015 12:32 AM PST
ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်မြို့ကို ချီတက်လာစဉ်။ Photo: Hset Paing Toe/RFA မန္တလေး-ရန်ကုန်ချီတက်နေတဲ့ ကျောင်းသားသပိတ် ပင်မစစ်ကြောင်းဟာ ပြည်မြို့ကနေ ရွှေတောင်မြို့ကို ဒီနေ့မနက် ဆက်လက်ထွက်ခွါမယ်လို့ သိရပါတယ်။ ကျောင်းသားတွေဟာ ၉ ရက်နေ့ညက ပြည်မြို့ ကိုရောက်ပြီး မနေ့က မြို့တွင်းလှည့်လည်ဟောပြော ခဲ့ရတဲ့အတွက် ဒီနေ့မှာမှ ခရီးဆက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအတောအတွင်းမှာ ကျောင်း
Posted: 11 Feb 2015 12:35 AM PST
ဝှိုက်ကတ်ကိုင်သူများ ဆန္ဒမဲပေးရန် လွှတ်တော်က ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် ဆန္ဒပြခွင့်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့စွဲဖြင့် သက်ဆိုင်ရာက မြောက်ဦးမြို့တွင် ခွင့်ပြုလိုက်ပြီဟု ဆန္ဒပြခွင့် လျှောက်ထားသူ ဦးအေးမောင်သန်းက ပြောသည်။ “ ကျွန်တော်တို့ ဒီလ ၁၀ ရက်နေ့မှာ ခွင့်ပြုချက်ကျပါတယ်။ မြောက်ဦးမြို့မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ တမြို့လုံးအတိုင်းအတာနဲ့ ဆန္ဒပြကြမှာပါ” ဟု သူက ဆိုသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ေ
Posted: 11 Feb 2015 12:31 AM PST
အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့ ကျောင်း သားတွေဟာ မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဇန်နဝါရီ ၂၀ ရက်နေ့က စတင်လမ်းလျှောက် ဆန္ဒပြကြစဉ်။ Photo: Nay Thwae/RFA ပညာရေးဥပဒေ သပိတ်မှောက်နေတဲ့ ကျောင်းသားတွေ ကို အကြမ်းဖက်တားဆီးတာတွေ ရှောင်ကြဉ်ဖို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကွန်ရက်က အစိုးရကို မေတ္တာရပ်ခံချက်တစ်စောင် ထုတ်ပြန်လိုက် ပါတယ်။ ဒါ့အပြင် ကျောင်းသားတွေ တောင်းဆိုနေတာကို
Posted: 11 Feb 2015 12:29 AM PST
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က အစိုးရနှင့်ရှမ်းပြည်တပ်မတော်တောင်ပိုင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ အာစီအက်စ်အက်စ်/အက်စ်အစ်အေ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဟာ လာမည့်ပြည်ထောင်စုနေ့ ကာလအတွင်း အစိုးရနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စ ကတိက၀တ်စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ နေပြည်တော်ကို ရောက်ရှိနေကြပါတယ်။ ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆော
Posted: 11 Feb 2015 12:23 AM PST
ဟောင်ကောင် ၊ ၁၁-၂-၂၀၁၅ ကမ္ဘာတစ်ဝန်းက စိတ်ဝင်စား နေသော အိမ်အကူ အမှုကို ဟောင်ကောင် တရားရုံးတွင် စစ်ဆေးခဲ့ရာ လော်ဝမ်ထောင် အမည်ရှိ ဟောင်ကောင်မှ အမျိုးသမီး တစ်ဦးသည် အင်ဒိုနီးရှား အိမ်အကူကို နှိပ်စက် ခဲ့သည်ဟု စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရသည်။ လော်ဝမ်ထောင် သည် သူမ၏ နေအိမ်တွင် တာဝန် ထမ်းဆောင် ခဲ့သော အိမ်အကူ အမျိုးသမီး ကို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရစေခြင်း၊ ခြိမ်းခြောက်ခြင်း နှင့် လုပ်ခ လစာငွေ မေ
Posted: 11 Feb 2015 12:22 AM PST
ဆိုးလ် ၊ ၁၁-၂-၂၀၁၅ တောင်ကိုရီးယား နိုင်ငံတွင် အမျိုးသမီး တစ်ဦး အိပ်နေစဉ် နေအိမ်သုံး စက်ရုပ် ဖုန်စုပ်စက်က သူမ၏ ဆံပင်အား အမှိုက်ဟု ယူဆကာ လိုက်လံ ဖမ်းစုပ်ခြင်းကို ပြုလုပ် ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ ချန်းဝန်မြို့တွင် နေထိုင်သူ အသက် ၅၂ နှစ်အရွယ်ရှိ အမျိုးသမီးသည် နေအိမ် ကြမ်းပြင်တွင် အိပ်နေစဉ် စက်ရုပ် ဖုန်စုပ်စက်က သူမ၏ ဆံပင်အား အမှိုက် နှင့်မှားကာ လိုက်လံ စုပ်ယူ
Posted: 11 Feb 2015 12:03 AM PST
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂျိုင်းပူး (Jaipur) မြို့မှာ အိန္ဒိယ ဧည့်လမ်းညွန်တဦးက ဂျပန် ကမ္ဘာလှည့် ခရီးသည်တဦးကို အဓမ္မ ပြုကျင့်ခဲ့တဲ့ အတွက် အမှုဖွင့် တိုင်ကြား ထားတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်ပြီး ဆေးစစ်ချက်ကလည်း အတည်ပြုတယ်လို့ ရဲအရာရှိက ပြောဆိုပါတယ်။ ဒါကြောင့် အဓမ္မပြုကျင့်သူ ဧည့်လမ်းညွန်ကို ဖမ်းဆီးနိုင်ရေး ရဲတ
Posted: 11 Feb 2015 12:01 AM PST
ဂျော်ဒန်လေယာဉ်မှူး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကို ဆန့်ကျင်သူ ၆ ဦးကို အစ္စလာမ္မစ် နိုင်ငံတော် အဖွဲ့ (အိုင်အက်စ်)က သတ်ဖြတ်လိုက်ပါတယ်။ ဒီသတ်ဖြတ်ခံရသူတွေထဲမှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ၂ ဦး ပါဝင်သလို မိုဆူးလ်က အရပ်သား ၄ ဦးလည်း ပါဝင်တယ်လို့ အီရတ် လူ့အခွင့်အရေး စောင့်ကြည်ရေးအဖွဲ့ပြောခွင့်ရကို ကိုးကားပြီး ဘေရိုက်ဘတ် သတင်းဌာနက ရေးပါတယ်။ အင်တာနက် လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာကနေ ဝေဖန်ခဲ့လို့ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...