Friday, September 2, 2016

ကားတစီးအဆွဲအရုန်းမကောင်းစေတဲ့ အကြောင်းအရင်းများ

သိန်း မြင့်

•••ကားတစီးအဆွဲအရုန်းမကောင်းစေတဲ့ အကြောင်းအရင်းများစွာရှိပါတယ် •••
အဲ့ဒီထဲကမှ
*လေတံခါး (Throttle Body ) နဲ.
*လေတံခါးဆင်ဆာ ( Throttle Position Sensor -TPS ) မကောင်းခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကားရောဂါများကို ဗဟုသုတအနေနဲ.တင်ပြပေးပါမယ် ။

🚪Throttle Body ( လေတံခါး )
🚪လေတံခါးဆိုတာက အတွင်းပိုင်းမီးလောင်ပေါက်ကွဲမှုအင်ဂျင် ( Internal Combustion Engine ) တွေ မီးလောင်ပေါက်ကွဲဖို့လိုအပ်တဲ့ လေကိုထည့်သွင်းပေးရတဲ့ Intake System မှာအဓိက တာဝန်ထမ်းဆောင် နေတဲ့အရာဖြစ်ပါတယ် ။
🚪Throttle Body ( လေတံခါး ) ကို ယေဘူယျအားဖြင့် အင်တိတ်မီနီဖိုး ( Intake Manifold ) နဲ. လေစစ်ဘူး ( Air Filter ) တို.ကြားထဲမှာတပ်ဆင်ထားပြီး ကားမောင်းသူရဲ့ လီဘာနင်းမှုအပေါ်မူတည်ပြီး အင်ဂျင်ထဲကို မီးလောင်
ပေါက်ကွဲဖို့ လေအနည်းအများ ဘယ်လောက်ပမာဏသွင်းမယ်ဆိုတာကို သူမှာပါဝင်တဲ့ Butterfly Valve တွေကို Regulate လုပ်ပေးခြင်းဖြင့် ထိန်းချုပ်ပေးပါတယ် ။
🚪ဒါက Throttle Body ( လေတံခါး ) ရဲ့ အဓိက တာဝန်ထမ်းဆောင်နေတဲ့
ပုံစံပါ ။ ဒီလို တာဝန်ထမ်းဆောင်နေတဲ့ လေတံခါး က လေမသန့်လို့ဖြစ်စေ ၊ အခြားအကြောင်းအမျိုးမျိုးကြောင့် Throttle Body ( လေတံခါး ) ဟာ ချေးတွေဖုန်တွေ အညစ်အကြေးတွေနဲ့ပိတ်ဆို့သွားမယ်ဆိုရင် သူ ထမ်းဆောင်ရတဲ့ တာဝန်ဖြစ်တဲ့ လေအနည်းအများပမာဏထည့်သွင်းခြင်းကို အတိအကျမလုပ်ဆောင်နိုင်တော့ဘဲ အညစ်အကြေးပိတ်ဆို့မှု အနည်းအများ ပမာဏအပေါ်မူတည်ပြီး သင့်ကားမှာ အောက်ပါ ရောဂါလက္ခဏာတွေဖြစ်ပေါ်လာ
ပါမယ် ။
📌၁။ စက်နှိုးရကြာမယ် ၊ စက်နှိုးရာမှာ ပုံမှန်ထက် ကရိုင်းရှပ်လည်ပတ်ရနှုန်းတွေပိုများလာမယ် ။
📌၂။ အင်ဂျင်အနှေးလည်ပတ်မှု အခြေအနေ ( Idle Speed ) မတည်မငြိမ်ဖြစ်မယ် ၊ အင်ဂျင်အနှေးလည်ပတ်နေတဲ့အချိန်မှာ ပုံမှန်မဖြစ်ဘဲ အတက်အကျ မတည်မငြိမ်ဖြစ်ပေါ်မယ် ။
📌၃။ အင်ဂျင်အနှေးလည်ပတ်နေတဲ့ အခြေအနေမှာ လေတံခါးအတွင်းပိတ်ဆို့နေတဲ့ချေးတွေကြောင့် အဖွင့်အပိတ်မမှန်ဖြစ်ပြီး လေယိုစိမ့်မှု ဖြစ်ကာ စက်သေသွားမယ် ၊၊ ဒါမှမဟုတ် Slow Speed ဖြစ်သွားပါမယ် ။
📌၄။ အင်ဂျင်တုံ့ဆိုင်းဆိုင်းဖြစ်မယ် ၊ ဥပမာအားဖြင့် ကားမောင်းနေရင်းအကြောင်းတခုခုကြောင့် လီဘာကိုလျော့လိုက်တယ်ဆို စက်ကတုံ့ဆိုင်းဆိုင်းဖြစ်သွားပြီး စက်သေချင်သလိုလိုဖြစ်တာမျိုး ၊ မီးပွိုင့်မိလို့ စက်ရှိန်လျော့လိုက်တာနဲ့
စက်သေသွားတာမျိုးတွေဖြစ်လာပါမယ် ။
🔧ဒီလိုဖြစ်လာပြီဆိုရင် Throttle Body ( လေတံခါး ) ကိုဖြုတ်ပြီး လေတံခါးထဲက အညစ်အကြေးတွေ ဂျိုးတွေကို ဆေးကြောသန့်စင်ဖို့လိုနေပါပြီ ။ လေတံခါးသန့်ရှင်းတဲ့ဆေးရည်တွေနဲ့ ဆေးကြောနိုင်သလို ၊ အများအားဖြင့်
ဓာတ်ဆီနဲ့လည်းဆေးကြောနေတာတွေ့ရပါတယ်။
🔌TPS ( Throttle Position Sensor )
🌟လေတံခါးဆင်ဆာ ဆိုတာက ကားမှာရှိတဲ့ လေတံခါးရဲ့ အလုပ်လုပ်ပုံတွေကို ကူညီထိန်းချုပ်လုပ်ဆောင်ပေးတဲ့ အရာပါ ။ ယေဘူယျအားဖြင့်တော့ လေတံခါးထဲမှာ ရှိတဲ့ Butterfly Valve တွေရဲ့အပိတ်အဖွင့်နဲ့တည်နေပုံတွေကို
အာရုံခံပေးပြီး ထိန်းချုပ်လုပ်ဆောင်ခြင်းဖြစ်ပါတယ် ။
🌟မော်ဒယ်မြင့်ကားတွေမှာတော့ ECU (Engine Control Unit ) ကနေပြီး အာရုံခံစနစ်တွေ ၊ သတင်းပို့စနစ်တွေကို အသုံးပြုကာ (ETC-Electronic Throttle Control ) စနစ်တွေအဖြစ်
လုပ်ဆောင်ပေးပါတယ် ။
🌟တခြားလုပ်ဆောင်ချက်အနေနဲ့ကတော့ လေတံခါးဆင်ဆာတွေနဲ့ Automatic Transmission လို့ခေါ်တဲ့ အော်တိုဂီယာစနစ်တွေတွဲဖက်လုပ်ဆောင်ပြီး ဂီယာပြောင်းလဲမှုဖြစ်စဉ်တွေကို ထိန်းချုပ်လုပ်ဆောင်ခြင်း
ပါပဲ ။
🌟 ဒီလိုလုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးနေတဲ့ ဆင်ဆာတွေချို့ယွင်းပျက်စီးမယ်ဆိုရင် သင့်ကားမှာ အောက်ပါရောဂါလက္ခဏာတွေဖြစ်ပေါ်လာပါမယ် ။
📌၁ ။ ကားအရှိန်တက်မှုနှေးကွေးမယ်
🔧ပုံမှန်အားဖြင့် ကားတွေမှာ ကားလီဘာနဲ့ ကားရဲ့အရှိန်ဟာတိုက်ရိုက်ဆက်သွယ်နေပါတယ် ၊ လေတံခါး ဆင်ဆာတွေကြောင်လာမယ်ဆိုရင်တော့ သင်လီဘာနင်းရင်နင်းသလောက်ကားအရှိန်မြင့်တက်လာမှာမဟုတ်တော့ပါဘူး ။
သင်လီဘာကိုနင်းလိုက်တဲ့ အရှိန်နဲ့
့ကားရဲ့အရှိန်မြင့်တက်လာမှု ကွာဟာနေမယ်ဆိုရင်တော့ သင့်ကားရဲ့ လေတံခါးဆင်ဆာတွေကြောင်နေပါပြီ ။ အထူးသဖြင့် ကားအရှိန်တက်လာပြီးမှ ရုတ်တရက်တုံ့ဆိုင်းဆိုင်းဖြစ်သွားတာမျိုးပါ ။
📌၂။ ခဏခဏ စက်သေသေသွားခြင်း
🔧လေတံခါးဆင်ဆာမကောင်းခြင်းကြောင့်ဖြစ်စေတဲ့ ထင်ရှားတဲ့ရောဂါလက္ခဏာကတော့ အင်ဂျင်စက်နှိုးကြည့်ထားချိန်နဲ့ မောင်းနှင်နေတဲ့အချိန်နှစ်ခုလုံးမှာ ခဏခဏစက်သေသွားခြင်းပါ ။ အင်ဂျင်စက်သေသေသွားရခြင်းတဲ့
ရောဂါတွေအများကြီးရှိတဲ့အထဲကမှ ပုံမှန်စက်ခဏခဏသေသွားတတ်ခြင်းက လေတံခါးရောဂါဖြစ်တတ်ပါတယ်ဆိုပြီး ပညာရှင်တွေက သတ်မှတ်ထားပါတယ် ။
📌၃။ အရှိန်အလိုလိုမြန်လာခြင်း
🔧လီဘာကို အရှိန်တခုရအောင် ပုံမှန် နင်းထားရာကနေ ကားအရှိန်တွေက ပုံမှန်မဟုတ်ဘဲ အလိုလိုမြန်လာမယ် တိုးပြီး တက်လာမယ်ဆိုရင်လည်း အဲ့ဒါလေတံခါးဆင်ဆာကြောင့်ဖြစ်တတ်တဲ့ ရောဂါလက္ခဏာရပ်ပါပဲ ။
📌၄။ ဂီယာအပြောင်းအကူးပြဿနာ
🔧TPS ( Throttle Position Sensor ) တွေက လီဘာဘယ်လောက်နင်းတယ်ဆိုတာကို တိတိကျကျသတင်းမပို့နိုင်ရင် သင့်အရှိန်အနိမ့်အမြင့်ကို အင်ဂျင်ထိန်းချုပ်စနစ်က သေချာမသိဘဲ ဂီယာအကူးအပြောင်းတွေပြုလုပ်ခြင်းဆိုတဲ့
ပြဿနာတွေဖြစ်လာနိုင်ပါသေးတယ် ။
📌၅။ Engine Check မီးလင်းလာတာ
🔧အင်ဂျင်ချက်မီးလင်းလာရခြင်းအကြောင်းအရာတွေ များစွာရှိရတဲ့အထဲကမှ အပေါ်ကလက္ခဏာရပ်တွေလည်းဖြစ်တယ် Engine Check မီးလည်းလင်းလာမယ်ဆိုရင်တော့ အဲဒါ TPS ( Throttle Position Sensor ) ကြောင့်ဖြစ်ရတဲ့ ရောဂါ
ပါပဲ ။
ဒီလိုရောဂါလက္ခဏာရပ်တွေပေါ်လာပြီဆိုရင်တော့ OBD နည်းပညာများဖြင့်ပြစ်ချက်ရှာစစ်ဆေးပြီး စနစ်တကျပြုပြင်သင့်ပါတယ်။
🚘🚘🚘🚘🚘
ကားချစ်သူ
Credit》》
Prime Auto Technology

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...