"အတွင်းစိတ်သည်သာ ပဓာဏ"
ပွဲဈေးတွေမှာလိုက်ရောင်းချကာ အသက်မွေးပါတယ်။
နီယွန်
===================================
[Unicode]
"အတွင်းစိတ်သည်သာ ပဓာဏ"
တစ်ခါတုန်းက ရွာတစ်ရွာမှာ လေပူပေါင်းတွေရောင်းပြီး အသက်မွေးတဲ့ လူကြီးတစ်ယောက်ရှိပါသတဲ့။သူဟာ ရောင်စုံလင်လှတဲ့ လေပူပေါင်းလေးတွေကို ပွဲစျေးတွေမှာလိုက်ရောင်းချကာ အသက်မွေးပါတယ်။
တစ်ခါတစ်လေ သူ့ရောင်းအားမကောင်းတဲ့အခါတွေမှာတော့ သူ့ရဲ့လက်ကျန်လေပူပေါင်းလေးတွေကို လေထဲကို လွှတ်တင်လေ့ရှိပါတယ်။ ကောင်းကင်ပေါ်သို့ လေပူးပေါင်းလေးတွေ လွင့်တက်သွားတာကိုမြင်ရင်း ကလေးတွေကသဘောကျကာ သူဆီလာဝယ်ကြတဲ့အတွက် ရောင်းအားလည်းပြန်တက်သွားလေ့ရှိတယ်။
ဒါကြောင့်လည်း သူဟာ လေပူပေါင်းလေးတွေကို မကြာခဏဆိုသလို လွှတ်တင်လေ့ရှိတာပေါ့။ တစ်နေ့တော့ သူလေပူပေါင်းလေးတွေ လွတ်တင်နေစဉ်မှာ တစ်စုံတစ်ယောက်က သူ့ရဲ့နောက်ကျောကို လာတို့ပါတယ်။ သူလှည့်လိုက်တော့ အသက်ငယ်ငယ်အရွယ်ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။
သူက ပူပေါင်းဝယ်မလို့လားလို့ မေးတဲ့အခါ ကောင်လေးက ခေါင်းခါပြပြီး သူ့ကိုမေးခွန်းတစ်ခုမေးတယ်။
“တကယ်လို့ ဦးလေးက လေပူပေါင်းအမဲရောင်လေးကို
ကောင်းကင်ပေါ်လွှတ်တင်မယ်ဆိုရင် သူအပေါ်တက်နိုင်ပါ့မလား ဦးလေး။” လို့မေးလိုက်တယ်။
ကောင်လေးရဲ့ခံစားမူလေးကို စာနာမိသက်သွားတဲ့ လူကြီးက ဂရုဏာအပြည့်ဖြင့် ပြန်ဖြေလိုက်တယ်။
“လူလေး။ တကယ်တော့ လေပူပေါင်းလေးတွေ လေထဲကိုမြင့်တက်သွားတာဟာ သူ့ရဲ့အရောင်နဲ့မဆိုင်ပါဘူး။ သူ့အထဲမှာ ရှိနေတဲ့ အရာလေးတွေကပဲ လေပူပေါင်းလေးကို အပေါ်ရောက်အောင်လုပ်ဆောင်ပေးတာပါ” လို့ လူကြီးက ပြန်ဖြေလိုက်ပါတယ််။
ကျွန်တော်တို့ရဲ့ ဘဝမှာလဲ ဒီလိုပါပဲ။ အဆင်း၊အရောင်၊အသွေး ဆိုတဲ့ အပေါ်ယံအရာတွေထက် အတွင်းစိတ်ထားကသာ ကျွန်တော်တို့ကို အမြင့်သို့ရောက်အောင် တွန်းပို့ပေးနိုင်တယ်မဟုတ်ပါလား။ ဒါကြောင့် သင့်ရဲ့အတွင်းစိတ်ကိုသာ ပြည့်ဝအောင်ဖြစ်ဆညး်ပါ။ တစ်နေ့နေ့ သင်အပေါ်ရောက်လာမှာ မလွဲပါဘူး။
နီယွန်
0 comments:
Post a Comment