သား
ကြယ်တွေအများကြီးထဲမှာ
နာမည်မကြီးတဲ့ ကြယ်တွေရှိတယ်
အမေရိကန်သမ္မတတွေထဲလည်း
နာမည်မကြီးတဲ့ သမ္မတတွေရှိတယ်
ဘုရားတွေထဲလည်း
နာမည်မကြီးတဲ့
ဘုရားတွေရှိတယ်
မင်းကတော့
ငါ့ကောင်းကင်ထဲက
နာမည်ကြီး …ကြယ်..
ငါ့နိုင်ငံတော်က
နာမည်ကြီး သမ္မတ
ငါ့ဝတ်ကျောင်းတော်ပေါ်က
နာမည်ကြီး ဘုရားသခင်
မင်းခြေသံကြောင့်
ထိကရုံးလေးတပင်မျှပင်
နာကျဉ်စွာ အိပ်မောမကျစေချင်….
မင်းအယူဝါဒမှာ
ပုရွက်ဆိတ်လေးတကောင်ပင်လျှင်
အသက်မစတေးစေချင်…
မင်းတန်ခိုးအာနုဘော်မှာ
လူသားကို
လူရဲ့သားအဖြစ်နဲ့ပဲ
ဗျာဒိတ်ပေးစေချင် …
နာမည်မကြီးတဲ့ ကြယ်တွေရှိတယ်
အမေရိကန်သမ္မတတွေထဲလည်း
နာမည်မကြီးတဲ့ သမ္မတတွေရှိတယ်
ဘုရားတွေထဲလည်း
နာမည်မကြီးတဲ့
ဘုရားတွေရှိတယ်
မင်းကတော့
ငါ့ကောင်းကင်ထဲက
နာမည်ကြီး …ကြယ်..
ငါ့နိုင်ငံတော်က
နာမည်ကြီး သမ္မတ
ငါ့ဝတ်ကျောင်းတော်ပေါ်က
နာမည်ကြီး ဘုရားသခင်
မင်းခြေသံကြောင့်
ထိကရုံးလေးတပင်မျှပင်
နာကျဉ်စွာ အိပ်မောမကျစေချင်….
မင်းအယူဝါဒမှာ
ပုရွက်ဆိတ်လေးတကောင်ပင်လျှင်
အသက်မစတေးစေချင်…
မင်းတန်ခိုးအာနုဘော်မှာ
လူသားကို
လူရဲ့သားအဖြစ်နဲ့ပဲ
ဗျာဒိတ်ပေးစေချင် …
သစ်ကောင်းအိမ်
(၁၈။ ဧပရယ်လ်။ ၂၀၁၄)
(ဒီနေ့က သားမွေးနေတဲ့ …..လက်ဆောင်ပေးစရာဘဝထဲ ပိုက်စိတ်တိုက်လိုက်ရှာတော့
ကဗျာရေးခြင်းဟာ အလုပ်တခုဖြစ်တယ်ဆိုတာကိုနားမလည်နိုင်ရှာတဲ့ လောကဓံ ဝဲဖုလေးတွေကို
အယားပြေကုတ်မိရင်းကဗျာရေးတာ အလုပ်တခုလို့ယုံကြည်သူ ဒယ်ဒီမှ သားသို့ …)

0 comments:
Post a Comment