Wednesday, September 28, 2016

အချိန်တို့ သည် နေမင်းကြီးနဲ့  မဆိုင် ၊၊


 
နိုဘယ်ဆုရ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းက အချိန်တိုင်း အချိန်တိုင်းတွေမှာ တယော ထိုးတဲ့ အချိန်ဟာ သူ့ ဘဝ အတွက် အပျော်ရွှင် ဆုံး အချိန်ဟု ဆိုတယ် ၊၊
ကျွန်တော်ရဲ ဘကြီးက အချိန်အတွက် ဒီလို ဆုံးမဖူးတယ် ၊ လူတစ်ယောက်ဟာ တစ်ရက်တာအတွင်းမှာ ဒီသုံးခုကို ရအောင် တစ်ခု မဟုတ် တစ်ခု အမိဖမ်းနိင်ရမယ်တဲ့ ၊ ၁ . ပညာ ၂. ပိုက်ဆံ ၃ . ကုသိုလ် တစ်ချို့ တွေက ဘာတစ်ခုမှာ မရလိုက်ဘူး ၊ တစ်နှစ်ကျော် သုံးနှစ်ထိ ၊၊ တစ်ချို့ တွေဆို သုံးခုလုံးကို အချိန်တိုင်းလိုလို ပိုင်ဆိုင်ကြတယ် ၊၊ ဗေဒင် ဆရာက သူ့ ပညာနှင့်သူ ဟောစားကာ အခကြေးယူနေတဲ့ အခါမှာ မိမိက အသိဥာဏ်ရင့်တော့ မိန်းမဖြစ်သူ ဗေဒင်သွားတွက်တာကို မပြောရဲပါပဲ ရှိနေတဲ့ အခါမျိုးတွေ့ ဖူးကြမှာပါ ၊၊ လူတွေရဲ့ သဘောက ဘယ်အချိန်မှာ ဘာဖြစ်မှာကို နတ်မျက်စိ ဖြင့် အမြန် သိချင်ကြတယ် မဟုတ်လား ၊၊ အချိန် ညီမျှခြင်း ပိုက်ဆံ ပိုက်ဆံ ညီမျှခြင်း မိန်းမချောချောလှလှ ၊ အိုင်ဖုန်း ခုနှစ် အပေါင်း ၊ အချိန်ညီမျှခြင်း အိမ်ကောင်းကောင်း ၊ မော်ဒယ်သစ် ကားလေး အဲလို သူများနိင်ငံတွေက ဒီဂါထားတွေကို နေ့တိုင်းရွတ်ကြတယ် ၊၊ တကယ်လည်း ဖြစ်လာကြတယ် ၊၊ ကိုယ်တွေမှာက ဆုတောင်းတာက တစ်မျိုး သူတို့ တွေနဲ့ မတူကြဘူး၊၊ မရှိမဲ့ ရှိမဲ့ စုထားသော တစ်နှစ်စာ ပိုက်ဆံကို သစ္စာတိုင်ကာ ဆိုပါမည် ၊၊ ယနေ့ ယခု ထိုးလိုက်သော ထီလက်မှတ်သည် ဧကန်မလွဲ ပေါက်ပါစေတည်း ၊ ပေါက်ခဲ့သည်ရှိသော် အိုင်ပက် ခုနှစ် ပလပ် ကို ဝယ်နိင်ပါစေတည်း .............. ဘာညာ ကွိကွ ......... အဲလို ပေါက်ခဲ့သော် ဘယ်နေရာမှာ ဘာလှူ ဆိုကာ ဆုတောင်းတာတွေ့ ကြရတယ် ၊၊ အချိန်အတွက် ဝင်ငွေ ရှာရာမှာ သူတို့ သည် သည်တို့ ရှာသည် ၊၊ မနေ့တုန်းက စားထားတဲ့ အစာဟောင်းတွေကို မစွန့်ပစ်နိင်အားပဲ ဒီနေ့နဲ့ပေါင်းတဲ့ အစာသစ်တွေနဲ့ ဝမ်းချုပ်အောင် အချိန်တွေက မိမိတို့အား ပိုက်ဆံရအောင် တွန်းပို့ နေပေသည် ၊၊ အချိန်အတွက် ငွေပိုက်ဆံများသည် ဘယ်လိုမှ ရှာမရသော အခါမျိုးမှာ ထိုသူတွေသည် ခေါင်းပါးသော အတွေးများဝင်လေတော့သည် ၊၊ တစ်ချို့ တွေက ကျောက်ကပ် တစ်ခြမ်း လှူပါမယ် ၊ အသစ်ထွက်တဲ့ အိုင်ဖုန်း ခုနှစ် ပလပ် နဲ့လဲမယ် ဆိုတာတွေလည်း မဖတ်ခြင် အဆုံး တွေ့ ကြရတယ် ၊၊ အချိန်အတွက် ပိုက်ဆံများသည် တစ်ခါ တစ်ရံ သည်တို့ သော ဘဝလမ်းများသို့ အဖြစ်လည်း ရောက်ရှိတတ်ကြသည် ၊၊ ဟိုဖက်စာပွဲဝိုင်းက ချောလှ ကညာက ကရင်လူမျိုး ၊ ဒီဖက်က ထားဝယ် ၊ ဟိုဖက်က မွန်လူမျိုး ဘယ်လို နည်းနဲ့ နိင်ငံခြားရောက်လာမှန်းမသိဘူး ၊၊ ကြွရောက်လာတဲ့လှေသားတွေရဲု ပေါင်ပေါ်မှာထိုင်ကာ စိတ်မပါစွာ မြူဆွယ်နေကြလေသည်၊၊ အချိန်တို့ သည် ပိုက်ဆံ မဟုတ်လေလော ၊၊ ထိုင်းသီချင်းများသည် အခန်းတိုင်းလိုလို ဆူညံနေလေသည် ၊၊ သူတို့ တွေသည် မြန်မာ တိုင်းရင်းသားများ ဖြစ်ကြလေသည် ၊၊�
ဆဝပ်ဒီ ခရပ်ပ်� ၊ ဆဝပ်ဒီ ခရပ်ပ်�
မပီ တပီနှင့် အထက်က ခိုင်းသည့် အတိုင်း ဧည့်ဝတ်ကျေအောင် မိတ်သစ်များကို ပါးလွှာသော တစ်ချောင်းစ ကြိုး ( ဆင်း ဒီယယ်ယ်အ်) များဖြင့် ဖိတ်ခေါ်နေကြသည် ၊၊ သူတို့တွေသည် ထိုလုပ်အားခကို မိဘဆီသို့ မျက်ရည်များဖြင့် တိုင်တည်ကာ ပို့ ပေးနေမှန်း သူတို့ တွေတာ သိကြသည် ၊၊ အချိန်တို့ သည် ဘာကြောင့် ကျွန်တော်တို့ အား အလုပ်လက်မဲ့ ဖြစ်စေခဲ့တာလည်း၊၊
ကျွန်တော်တို့နိင်ငံမှာ ဘာ့ကြောင့် သူများနိင်ငံတွေလို အလုပ်မရှိ ၊ အလုပ်ပါးနေရတာလဲ ၊
ဘာကြောင့်သူများနိုင်ငံမှာ သွားလုပ်စားကြရလဲ ၊၊
နေမင်းကြီးရဲ့ ရွေ့ လျှာမူက မြန်ဆန်လွန်လှတယ် ၊၊ ဝမ်းရေး တစ်ထွာအတွက် ဘာကြောင့် မိကွဲ ၊ ဖကွဲကာ ဖိနှိပ်မူ အကြောက်တရားအောက်မှာ လူမမြင်အောင် ငိုနေခဲ့ရလဲ ၊၊ ဓနိတော ဗွက်ခင်းမှာ တဲအိမ်လေးအခန်းများစွာကို ထိုင်းသူဌေးက မြန်မာ လက်သွက်တဲ့ ထိုင်းဘာသာကြွမ်းတဲ့ တစ်ယောက် ကိုခိုင်းကာ လစဉ် တက်နေတဲ့ သူတွေ သူတို့ အား အိမ်လခပေးကြရတယ် ၊။ ထိုင်းသူဌေးက မပူနဲ့ ငါရဲကို လစဉ်ကြေးပေးထားတယ် ဆိုတယ် ၊၊ တာမော်ရှိတဲ့အခါ ရှိသလို ၊ တာမော မဆောင်နိင်တဲ့ အခါတွေလည်း ရှိတယ် ၊၊ အလုပ်နဲ့ အိမ် အိမ်နဲ့ အလုပ် ဘယ်မှာ မသွားရဲ ၊ မလာ ရဲ ပဲ ပုဇွန်းခွါ ၊ ဆိုင်ကယ် သမား ထိုင်းလူမျိုးတွေကို ကြောက်ရ ၊၊
ထိုင်းပုလိပ်တွေ့ ရင် ပိုဆိုး ၊ ပန်းပင်စိုက်ခို်င်းလေတယ် ၊၊ ဦးလေး ဒီရွှေ တစ်ကျပ်သားကို ဘယ်မှာဝှက်ထားရမလဲ ၊၊ ဦးလေးက သွားတိုက်ဆေး ဗူးတည်းမှာ တုတ်သေးသေးနဲ့ ထိုးသွင်းဖို့ ပြောလေတယ် ၊ ပွဲစားက စိတ်ချရတယ် ၊ အပြန်မှာ ဂိတ်က စစ်တပ်တွေကို လမ်းကြေးပေးထားတယ် ၊၊ သူနဲ့ပဲလိုက်ပါဟယ်.....ဟု ဒေါ်ကြီးက ဆိုသည် ၊၊ ထိုသို့ တီးတိုးသံများသည် လှို့ ဝှက်ချက် မဟုတ်ပါလေလော ၊၊မိဘကို လုပ်ကြွေးသော သား သမီးတွေ ဘယ်တော့မှ သမာအာဇီဝနဲ့ ရှာထားတာတွေ လုယူ မနိင်ပါဘူး အေ...... ဟု ဆိုလေတယ် ၊၊
ဟိုဖက်ကိုတော့ ကျော်လာပါပီ ၊၊ ကိုယ်မြေကို နင်းတော့မယ် ဆိုတော့ လူတွေက ပိုပြီး အကြောက်တရားဝင်ကြလေမှန်း သိတာတယ် ၊၊ ကော့သောင်းလည်းရောက် စက်လှေပေါ်က မောင်းချခံရကာ ပါလာ သမျှကို မွေနှောက် တော့တာပါပဲ ၊၊
လဝက ဆိုလား ၊ ရဲ ဆိုလား ၊ စစ်တပ် ဆိုလား နောက်ပြီး မီးတပ်က ရှိလိုက်သေး ၊၊
ကော့သောင်းမှ သည် ဘိတ် ၊ ထာဝယ် ၊ ရေး ၊ သံဖြူ ထိကို ပေးကမ်းကြရပြန်လေသည် ၊၊
သုံးနှစ် သုံးမိုး သူများနိင်ငံမှာ ပင်ပန်းကြီးစွားရှာထားတာတွေပါ ၊
အခု သွားတိုက်ဆေးလည်း သူတို့ ယူသွားတယ် ဟု ဆိုကာ ငိုနေလေတော့တယ် ၊၊
ဦးလေးတို့ ဒေါ်ကြီး တို့ ပြောတော့ မိဘကိုလုပ်ကြွေးတဲ့ သမာအာဇီဝငွေတွေ ဘယ်ရန်သူမျိုးငါးပါးမှ မဖျက်ဆီးနိင်ဘူးဆို...... ငိုသံများသည် တရှိုက်ရှိုက်နဲ့ ရှိနေလေကာ ထိုအဖြစ် အပျက်တွေကို မည်သူမှ အာရုံမစိုက်ပါပဲ သူတို့ နဲ့ အတူ စီးနှင်းလိုက်ပါလာတဲ့ လူတွေလည်း စိတ်မချမ်းသာစွားရှိနေကာ ထို လက်နက်ကိုင်များအား မကြည့်ရဲပါပဲ ရှိနေကြလေသည်၊၊ အချိန်တို့ သည် နေမင်းကြီးနဲ့ မဆိုင်ပါ.... အချိန်တို့ သည် နေမင်းကြီးနဲ့  မဆိုင်ပါ....... ၂၀၀၅ က အဖြစ် အပျက်လေး တစ်ခုပါ ၊ (အလုပ်သမား လူတန်းစားနှင့် သူတို့ တွေရဲ့ အခွင့် အရေး )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...