သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၉)
သစ်ထူးလွင်
- ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ပိုပြင်းထန်
- နယူးယောက်ဗုံးခွဲမှု သံသယရှိသူ eBay ကတဆင့် အသုံးပြုပစ္စည်း ၀ယ်ယူခဲ့
- ဆီးရီးယား လေကြောင်းတိုက်မှု ဆေးဝန်ထမ်း ၄ဦး သေဆုံး
- ပွဲစား ကော်မရှင်
- လူ့အခွင့်အရေး ကော်မရှင်ကို တရားစွဲပါ
-
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေ
ကို လူမှုဝန်ထမ်းဦးစီးဌာနကပါ တရားစွဲထား - လူမှုကွန်ယက်ပေါ်ပြန့်နေတဲ့ကိစ္စ လူ့အခွင့်အရေးကော်မရှင် သတင်းစာရှင်းလင်း
- အိမ်အကူ မိန်းကလေး (၂) ဦးကို ညှဉ်းပန်းနှိပ်စက်တဲ့အမှုဟာ လူအခွင့်ရေး ချိုးဖောက်မှုဖြစ်ပေမယ့် နှစ်ဦးနှစ်ဖတ် ကျေအေးဖို့လုပ်လိုက်တာလို့ ကော်မရှင်ဆို
- တည်းခိုခန်းတွင် တည်းခိုနေသူ အမျိုးသမီးတစ်ဦး ကြိုဆွဲချသေဆုံး
- ညှင်းပန်းနှိပ်စက်ခံရတဲ့ ကလေး ၂ ဦးကိစ္စ ကော်မရှင်ရှင်းပြ
- ထိုင်းအလှကုန်သုံးမျိုးနှင့် ကိုရီးယားအလှကုန်တစ်မျိုး သုံးစွဲရန်မသင့်ဟု ထုတ်ပြန်
- အမေရိကန် ဗဟိုဘဏ် ကြေညာချက် အပေါ် မူတည်ပြီး အမေရိကန် ဒေါ်လာ မြင့်တက်နိုင်
-
ကျောက်တံတားမြို့နယ်တွင် အိမ်အကူ မိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သည့်ဖြစ်စဉ်
မှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိ - ရေနံချောင်းမြို့ မှာ မန္တလာထွန်း ခရီးသည်တင်ယာဉ်နှင့် အောင်ဇေယျ ခရီးသည်တင်ယာဉ် တိုက်မိ
- Sheikh Hasina နဲ့ ဒေါ်စု နှစ်နိုင်ငံ ဒုက္ခသည်အရေး ဆွေးနွေး
- ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို နိုဝင်ဘာလတွင် သွားရောက်ရန်စီစဉ်နေ
- မိုးညှင်းမြို့၌ သတင်းအရ ရဲဘက်ပြေးတစ်ဦးအား ဝင်ရောက်ဖမ်းဆီးစဉ် ရဲအရာရှိအား ဝိုင်းဝန်းရိုက်နှက်ပြီး ပြစ်မှုကျူးလွန်သူများ ထွက်ပြေးလွတ်မြောက်
- နယူးယောက် ဗုံးခွဲသူကို အကြမ်းဖက်မှုနဲ့ စွဲချက်တင်
- ကုလအထွေထွေ ညီလာခံမိန့်ခွန်းမှာ အိုဘားမား မြန်မာကို ကိုးကား
- မဲသဝေါ လမ်းမ တလျှောက် ရွာတွေက လူ ၄ ထောင်နီးပါး ထွက်ပြေးခဲ့ရ
- မူးယစ်ရောင်းဝါး သုံးစွဲမှုဖြင့် ဖမ်းဆီးထားသူ ၅၇ ဦးကို RCSS/SSA ပြန်လွှတ်ပေး
- စစ်ကြောင့် ပျက်စီးသွားတဲ့ နိဗ္ဗာန်ဘုံ
- ဒုက္ခသည်မကျ ၊ ရွေ့ပြောင်းမကျ ဘ၀ဖြင့် သျှမ်းမြောက်စစ်ရှောင်များ အကူအညီလိုအပ်
- ဂျိုလီနဲ့ ပစ်တို့ ကွာရှင်းကြမယ်
- မြန်မာအမေရိကန် တပ်ချင်းဆက်ဆံရေး သတိထားလုပ်မယ်လို့ အမေရိကန်သံအမတ်ကပြော
Posted: 21 Sep 2016 07:34 AM PDT
ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးေ
|
Posted: 21 Sep 2016 07:31 AM PDT
နယူးယောက်နဲ့ နယူးဂျာစီအရပ်တွေမှာ စနေနေ့က ဖောက်ခွဲမှုတွေရဲ့ လက်သည်အဖြစ်
သံသယရှိထားသူဟာ သူသုံးတဲ့ပစ္စည်း တွေကို eBay အင်တာနက် အရောင်းဆိုင်ကနေ
ဝယ်ခဲ့တယ်လို့ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။ ဒါ့အပြင်
သူ့အိမ်လို့ တခါကပြောထားတဲ့နေရာကနေ မီတာ ၅၀၀ လောက်ဝေးတဲ့ စတိုးဆိုင်တခုကနေ
ဝယ်ခဲ့တဲ့ ဆဲလ်ဖုန်းတွေကိုလည်း ဖောက်ခွဲတာမှာ အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။
အသက် ၂၈ နှစ်အရွယ် Ahmad Khan Rahami အပေါ် စွပ်
|
Posted: 21 Sep 2016 07:28 AM PDT
ကူညီ ထောက်ပံ့ရေး ယာဉ်တန်း တိုက်ခိုက်ခံရပြီး နောက်တစ်ရက်မှာ ဆေးခန်း
တိုက်ခိုက်ခံရ။
ဆီးရီးယား နိုင်ငံ၊ အလက်ပို မြို့အနီးမှာ လေကြောင်း တိုက်ခိုက်မှုတွေ
ပြင်းပြင်းထန်ထန် ဖြစ်ပွားနေရာမှာ ရွာတစ်ရွာက ဆေးခန်းတစ်ခုကို
ထိမှန်ခဲ့လို့ ဆေးဝန်ထမ်း ၄ ယောက် သေဆုံးခဲ့ရတယ်လို့ ပြင်သစ် အခြေစိုက်
ဆေးဝါးကူညီရေး အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
ဒီလို ဆေးခန်းကို တိုက်ခိုက်တာဟာ မတော်တဆ မဟုတ်နိုင်ဘဲ တမင်
ပစ်မှတ်ထားခဲ့တာ ဖြ
|
Posted: 21 Sep 2016 07:26 AM PDT
// သရော်စာ - စိုပြေ //
ပြည်သူတွေက သူ့အခွင့်အရေးကော်မရှင်ကို အပြစ်တင်ကြသည်။
တကယ်တော့ အပြစ် မတင်သင့်ပါ။ ကျေးဇူးတောင် တင်သင့်သေးသည်။ သူတို့ အကျိုးဆောင်ပေးလို့ သိန်း ၅၀ ရတာမဟုတ်လား။
ကိစ္စကိုတော့ အားလုံး သိပြီးလောက်ပြီထင်သည်။
ကလေးမလေး နှစ်ယောက်ကို နှိပ်စက်သည့် အမှု။
ရန်ကုန်မြို့ လမ်း ၄၀ မှာ ကလေးမလေးနှစ်ယောက်ကို မိသားတစ်စုက နှစ်ပေါင်းများစွာ နှိပ်စက်သည်။
လက်တွေချိုး၊ လည်ပင်းကိုး ဓားနဲ့လှီး၊ မျက်နှာ
|
Posted: 21 Sep 2016 07:23 AM PDT
|| ငြိမ်းချမ်းအေး ||
အသက်မပြည့်တဲ့ ကလေး အိမ်အကူ အလုပ်သမားတွေ ညှဉ်းပန်း နှိပ်စက်ခံရတဲ့ အင်းဝ
အပ်ချုပ်ဆိုင် အမှုမှာ ကြားက စေ့စပ်ပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်က စက်တင်ဘာ ၂၁ နေ့ခင်း မှာ သတင်းစာ ရှင်းလင်းပွဲ
လုပ်ခဲ့ပါတယ်။
သတင်းစာ ရှင်းလင်းပွဲမှာ မေးမြန်းတဲ့ မေးခွန်းတွေကို ကျေလည်အောင်
ဖြေရှင်းနိုင်မှု မရှိခဲ့ပါဘူး။ လာဘ်စားမှု မရှိဘူး၊ သူတို့ လုပ်တာ
မှန်ခဲ့တယ် ဆိုတာပဲ အထပ်ထ
|
Posted: 21 Sep 2016 07:18 AM PDT
နေပြည်တော် စက်တင်ဘာ ၂၁။ ။
အိမ်အကူအမျိုးသမီးလေးနှစ်ဦး ကိုနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်မှကျူးလွန်သူေ
|
Posted: 21 Sep 2016 07:14 AM PDT
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းစာရှင်းလင်း
ရန်ကုန်မြို့က အပ်ချုပ်ဆိုင်တခုမှာ ညှင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့
မိန်းကလေးငယ် ၂ ယောက်အတွက် လိုက်ပါအကျိုးဆောင်ရာမှာ နည်းမှန် လမ်းမှန်
ဆောင်ရွက် တာမျိုး မရှိခဲ့ဘူးလို့ ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပယ်ချလိုက်ပါတယ်။
မိန်းကလေးငယ်တွေအတွက် နစ်နာကြေးယူ ကျေအေးဖို့ ကြားဝင်စေ့စပ်ပေးခဲ့တဲ့
လုပ္ရပ္အေ
|
Posted: 21 Sep 2016 04:16 AM PDT
အိမ်အကူ မိန်းကလေး (၂) ဦးကို ညှဉ်းပန်းနှိပ်စက်တဲ့ အင်းဝအပ်ချုပ်ဆိုင်
ပိုင်ရှင်တွေကိစ္စ လူအခွင့်ရေးချိုးဖောက်မှုအဖြစ် ကော်မရှင်
အနေနဲ့လက်ခံပေမယ့် နှစ်ဦးနှစ်ဖတ် ကျေအေးဖို့သာ ကြားထဲက
ဆွေနွေးညှိနှိုင်းပေးလိုက်တာလို
|
Posted: 21 Sep 2016 04:07 AM PDT
စက်တင်ဘာလ (၂၁)ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့် က တနင်္သာရီတိုင်း ဒေသကြီး
ကော့ သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် ရွှေမင်းဝံဗဟိုလမ်း ရှိ ကောင်းလှိုင်
တည်းခိုခန်း အခန်းအမှတ် ၁၄ တွင် တည်းခိုနေသူ အမျိုးသမီးတစ်ဦး
ကြိုဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ေ
|
Posted: 21 Sep 2016 03:56 AM PDT
( အိမ်အကူ ကလေး ၂ ဦး ညှင်းပန်းနှိပ်စက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး
မြန်မာနိုင်ငံလူ့အခွင့်ရေး ကော်မရှင်က စက်တင်ဘာလ ၂၁ ရက်နေ့မှာ
သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းနေစဉ် ) Photo: Kyaw Zaw Win/ RFA
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က အိမ်အကူ ကလေး ၂ ဦး
ညှင်းပန်းနှိပ်စက်ခံရတဲ့ ကိစ္စမှာ ကလေးတွေ နစ်နာကြေးရစေလိုတာကြောင့်
မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်က စေ့စပ်ညှိနှိုင်းပေးခဲ့တာဖြစ်ပြီ
|
Posted: 21 Sep 2016 03:28 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)
ထိုင်းနိုင်ငံမှ ထုတ်လုပ်သော အလှကုန်အမှတ်တံဆိပ် သုံးမျိုးနှင့်
ကိုရီးယားအလှကုန် တစ်မျိုး တို့သည် သုံးစွဲရန် မသင့်ကြောင်း
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့်
အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံထုတ် Whit-MePlacenta
Cream(Night Cream)Collagen Plus၊ KRK
|
Posted: 21 Sep 2016 03:22 AM PDT
အမေရိကန် ဒေါ်လာများအား တွေ့ရစဉ် (ဆင်ဟွာ)
နယူးယောက်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန် ဗဟိုဘဏ်၏ စက်တင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်မည့် ကြေညာချက်အား
ရင်းနှီးမြှုပ်နှံသူများက စောင့်ဆိုင်းနေသည့် အတွက်ကြောင့် အမေရိကန် ဒေါ်လာ
ဈေးနှုန်းသည် အခြား နိုင်ငံခြား ငွေကြေးများနှင့် လဲလှယ်ရာတွင်
မြင့်တက်လျက်ရှိကြောင်း သိရသည်။
အမေရိကန် ဗဟိုဘဏ်သည် နှစ်ရက်ကြာ ငွေကြေး မူဝါဒဆိုင်ရာ အစည်းအဝေးအား
စက်တင်ဘာလ ၂၀ ရက်၌
|
Posted: 21 Sep 2016 03:12 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၂၁
ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်း
နှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတားမြို့ရဲစခန်း
(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိသောအမှုမှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူ
တင်မင်းလတ်(ခ)ဖိုက်ဇယ် (၃၇)နှစ်အား ၂၁.၉.၂၀၁၆ ရက်နေ့ ၁၀၁၅
အချိန်တွင်လည်းကောင်း၊ မစုမွန်လတ် (၂၇)နှစ်အား ၂၁.၉.၂၀၁၆ ရက်နေ့ ၁၂၅၅ အ
|
Posted: 20 Sep 2016 09:15 PM PDT
မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့ လက်ပုံစံလမ်းအဆင်း ဘဲနန်းတံတား
အနောက်ထိပ်မှာ စက်တင်ဘာလ (၂၁)ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့် က
မန္တလာထွန်း (မန္တလေး ~ မင်းဘူး) အဆင်းကား နှင့် အောင်ဇေယျ (ပြည်~တောင်ကြီး)
အတက်ကား တိုက်မိ ပါတယ်။ အောင်ဇေယျကား ဒရိုင်ဘာ ညပ်နေပြီး၊
လူအသေအပျောက်မရှိကြောင်း သိရပါတယ်။
သန်းထွဋ်ညီ (ရေနံချောင်းမြို့ )
by သစ်ထူးလွင်
|
Posted: 20 Sep 2016 08:55 PM PDT
၇၁ ကြိမ်မြောက် ကုသလမဂ္ဂအထွေထွေ ညီလာခံတက်ဖို့ နယူးယောက်မြို့မှာ ရောက်နေတဲ့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘင်္ဂလားဒေ့ရှ်
ဝန်ကြီးချုပ် Sheikh Hasina တို့ ၂ ဦး စက်တင်ဘာလ ၁၉ ရက်နေ့က ကုလသမဂ္ဂ
ဌာနချုပ်မှာ သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံတကာမှာ ပြောဆိုနေတဲ့ ရိုဟင်ဂျာပဋိပက္ခ ဖြေရှင်းရေးအတွက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံထံက မြန်မာအစိုးရက အကူအညီ တောင်းခံထားပြီး ဒီကိစ္စကို
ခေါင်းဆောင်
|
Posted: 20 Sep 2016 08:55 PM PDT
ပြီးခဲ့တဲ့ စက်တင်လာ (၇)ရက်နေ့ က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂို
|
Posted: 20 Sep 2016 08:14 PM PDT
မိုးညှင်း စက်တင်ဘာ ၂ဝ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ တွင်
ရဲဘက်ပြေးတစ်ဦးအား ဖမ်းဆီးရာ မူးယစ်ဆေးဝါးများနှင့် လက်နက်များ
ဖမ်းမိသဖြင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းနေစဉ် ဖမ်းဆီးရမိသူ တရားခံ
၏သားဖြစ်သူက ရွာသားများနှင့်အတူ ဝင်ရောက်အန္တရာယ်ပြုပြီး တရားခံအား
ကယ်ထုတ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ ကြောင်း၊ ဒုတိယရဲမှူးတစ်ဦး ဒဏ်ရာ
ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
မူး
|
Posted: 20 Sep 2016 08:14 PM PDT
လွန်ခဲ့တဲ့ ၃ ရက်တုန်းက နယူးယောက်မြို့နဲ့ New Jersey ပြည်နယ်တို့မှာ
ဗုံးတွေ ထောင်ထားခဲ့သူလို့ မသင်္ကာခံရသူ အာဖဂန်နွယ်ဖွား အမေရိကန်နိုင်ငံသား
Ahmad Khan Rahami ကို အမေရိကန် အရာရှိတွေက အကြမ်းဖက်မှုဆိုင်ရာ
ရဇ၀တ်မှုပုဒ်မနဲ့ စွဲချက် တင်လိုက်ပြီ ဖြစ်ပါတယ်။
Rahami အပေါ် တင်ထားတဲ့ စွဲချက်တွေထဲမှာ လူအများအပြား သေစေနိုင်တဲ့ လက်နက်
အသုံးချမှုလည်း ပါဝင်ပါတယ်။
New Jersey ပြည်နယ်အတွင်း ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှု
|
Posted: 20 Sep 2016 08:14 PM PDT
သမ္မတအိုဘားမားက သူ့သမ္မတသက်တမ်း ၈ နှစ်တာကာလအတွင်း တိုးတက်အောင်မြင်မှုတွေနဲ့
ပတ်သက်လို့ (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အင်္ဂါနေ့က
ပြောကြားသွားခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သံတမန်ရေး
အောင်မြင်မှုတွေ၊ ဘာသာရေးဆိုင်ရာကိစ္စတွေနဲ့ မြန်မာလူငယ်တွေနဲ့
ပတ်သက်ပြီးတော့လည်း ထည်းသွင်း ပြောဆိုသွားတာပါ။ အိုဘာမားရဲ့
ကုလသမဂ္ဂမိန့်ခွန်း ကောက်နှုတ်ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
နယူးယောက်ြ
|
Posted: 20 Sep 2016 08:14 PM PDT
အများစု က မြိုင်ကြီးငူ ဒေသ ဘက်ဆီ ထွက်ပြေး။
ကရင်ပြည်နယ် မဲသဝေါ လမ်းမ တလျှောက် ဖြစ်ပေါ် ခဲ့တဲ့ တိုက်ပွဲ တွေ ကြောင့်
ထွက်ပြေး နေရတဲ့ ဒေသခံ တွေ အယောက် ၄ ထောင် နီးပါး ရှိနေပြီလို့ ဒုက္ခသည် တွေ
ကို အကူ အညီ ပေးနေတဲ့ ဖရီး ရိန်းဂျား ဘားမား အဖွဲ့က ပြောပါတယ်။
လှိုင်းဘွဲ့ မြို့နယ် ထဲက ထီးကလိုသော၊ ဂုသောပု နဲ့ ကျောက်တိုင် အပါအဝင်
ကားလမ်းမ အနီး ရွာတွေက အရပ်သား တွေ အများစု ထွက် ပြေး တိမ်း ရှောင် နေရတာ
ဖြစ်တယ်
|
Posted: 20 Sep 2016 03:47 PM PDT
စက်တင်ဘာလ ၂၀ ရက် ၂၀၁၆
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်အရ သီပေါမြို့နယ် နမ့်လန်ဒေသမှ
မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူ ၅၇ ဦးကို RCSS/SSA မှ ခေတ္တ
ဖမ်းဆီးထိန်းသိမ်း ပညာပေးမှုများ ပြုလုပ်ခဲ့ရာမှ ပြန်လွှတ်ပေး လိုက်ပြီဖြစ်
ကြောင်း RCSS/SSA အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။
စက်တင်ဘာလ ၁၇ ရက်နေ့က နမ့်လန်အုပ်စုရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ေ ဖာက်
ကားသူနှင့် သုံးစွဲသူ ၅၇ ဦးကို မူးယစ်ဆေးဝါး
|
Posted: 20 Sep 2016 03:47 PM PDT
(စက်တင်ဘာ ၂၀ရက်၊ ၂၀၁၆ခုနှစ်။)
တောင်တန်းတွေနဲ့ ၀န်းရံထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရဲ့
ညနေစောင်း မှောင်ရီပျိုးစ မှုန်မှုန်ဝါးဝါးအောက်မှာ ခြံဝိုင်းတစ်ခုထဲ
တစ်ထပ်တိုက်ပုဘေးနား ကပ်လျက်က အကာ ၀ါးထရံ၊ အမိုး သွပ်နဲ့ မိုးထားတဲ့
အလျား၊ အနံ ၇ပေ၊ ၈ပေ ကျယ်တဲ့ တဲပုလေးတစ်လုံးရဲ့ အခန်းကျဉ်းလေးထဲမှာ
ပဲပြုတ်ရောင်းတဲ့ အမျိုးသမီးကြီးတစ်ယောက်က သူမရဲ့ ဘ၀ဇာတ် ကြောင်းကို
ညှိုးနွမ်းအားငယ်နေတဲ့ မျ
|
Posted: 20 Sep 2016 03:43 PM PDT
ဓါတ်ပုံ - စစ်ရှောင်သူများဌားနေရသောအိမ်
|
Posted: 20 Sep 2016 03:26 PM PDT
ဟောလီးဝုဒ် ရဲ့ အကျော်ကြားဆုံး စုံတွဲ
ဟောလီးဝုဒ် ရုပ်ရှင်လောကရဲ့ အကျော်ကြားဆုံး စုံတွဲဖြစ်တဲ့ မင်းသမီး
အိန်ဂျလီနာဂျိုလီနဲ့ မင်းသား ဘရက်ပစ်တို့ တရားဝင် ကွာရှင်း
ပြတ်စဲတော့မယ်လို့ ဆိုပါတယ်။
အိန်ဂျလီနာဂျိုလီ ဖက်က စတင် တောင်းဆိုတာ ဖြစ်တယ်လို့ သူ့ ရဲ့ ရှေ့နေက
ပြောပါတယ်။
ဆက်လက်ပေါင်းစည်းဖို့ မဖြစ်နိုင်တော့ဘူး ဆိုပြီး တနင်္လာနေ့ တုန်းက
စာရွက်စာတမ်း တွေနဲ့ တရားဝင် တင်ပြတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
|
Posted: 20 Sep 2016 03:21 PM PDT
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ စကော့ မာစီရယ်
မြန်မာ အမေရိကန် တပ်ချင်း ပူးပေါင်း ဆောင်ရွက်တာကို သတိ ကြီးကြီးထားပြီး
အရပ်သား အစိုးရရဲ့ ထောက်ခံမှုနဲ့ အခြေခံမှာ ဖြစ်တယ်လို့
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ စကော့ မာစီရယ်က
ပြောဆိုလိုက်ပါတယ်။
မြန်မာ တပ်မတော်ဘက်က လူ့အခွင့်အရေး လေးစား လိုက်နာမှု ရှိပြီး ဒီမိုကရေစီ
ပြုပြင် ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်
|
0 comments:
Post a Comment