Monday, September 19, 2016

ဗိုလ်စိန်မှန်ကို အားနာတယ်။ သရဝဏ်(ပြည်)

Zawana Shen

မြန်မာ့နိုင်ငံရေးမှာ အမျိုးသားရေးတက်ကြွသူအချို့နဲ့ဖွဲ့စည်းထားတဲ့
လူမှုရေးလိုလို ၊ဘာသာရေးလိုလိုအဖွဲ့ ကြီးတစ်ဖွဲ့ က အတိုက်အခံလိုလိုဘာလိုလိုရပ်တည်လာပါတယ်။
တကယ်တော့မြန်မာနိုင်ငံမှာ ထေရ၀ါဒဗုဒ္စဘာသာပြန့်ပွားရေးအတွက် ဗုဒ္စဘာသာကလျာနယုဝ( YMBA) ၊ မလွန်ဆန်လှူအသင်းကြီး ၊
အဘိဓမ္မာပြန့်ပွားရေးအဖွဲ့ချုပ် စတဲ့
အသင်းအဖွဲ့များစွာပေါ်ပေါက်ဖူးပေမယ့်
အခု အဲဒိအဖွဲ့ ကြီးလို ကိုယ့်တနိုင်ငံထဲသားချင်း အဖွဲ့တဖွဲ့ဘက်ကရပ် ၊ အခြားအဖွဲ့ တဖွဲ့ကို
ဆန့်ကျင်တိုက်ခိုက်တဲ့အနေအထားမျိုးမရှိခဲ့ပါဘူး ။ နိုင်ငံရေးမှာ အတိုက်အခံဆိုတာ အစိုးရဘာလုပ်လုပ် ကန့်လန့်တိုက်အပြစ်ပြောနေရုံလောက်တင်မကပါဘူး ချီးကျူးစရာရှိတာကိုချီးကျူးမယ် ၊ ပူးပေါင်းစရာရှိတာကိုပူးပေါင်းမယ် ၊ ဆန့်ကျင်စရာရှိတာကိုဆန့် ကျင်ရပါမယ် ။ အရေးအကြီးဆုံးဖြစ်တဲ့ ချီးကျူးစရာရှိရင်ချီးကျူးမယ်ဆိုတာကတော့ အခုလက်ရှိ လူမှုရေးလိုလို မျိုးချစ်လိုလို အဖွဲ့ ကြီး နဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေထဲမှာဝေလာဝေးပါပဲ ။ ဘင်္ဂလီအရေးမှာ လက်ရှိ အစိုးရ ရဲ့ဆောင်ရွက်ချက်တွေကိုခါးခါးသီးသီးဆန့်ကျင်နေကြတဲ့သူတွေဟာ ဦးသိန်းစိန်အစိုးရလက်ထက်
နိုင်ငံတော်ရဲ့အမြင့်ဆုံးဥပဒေပြုအဖွဲ့ဖြစ်တဲ့


ပြည်သူ့ လွှတ်တော်နဲ့အမျိုးသားလွှတ်တော်မှာ ဘင်္ဂလီအမတ်သုံးယောက် ၀င်ထိုင်နေတုန်းက အခုလိုဗိုလ်စိန်မှန်ကွင်းမှာမစုရုံးခဲ့ကြပါဘူး ။ တကယ်လို့သာအမျိုးသားရေးသက်သက်လုပ်တယ်ဆိုရင် အဲဒိတုန်းက ဘင်္ဂလီအမတ်သုံးယောက် နှုတ်ထွက်ပေးရေးကိုအမျိုးသားရေးအမြင်နဲ့
ဆန္ဒပြကန့်ကွက်တောင်းဆိုခဲ့သင့်ပါတယ်။ ဘင်္ဂလီတွေကို White Card တွေထုတ်ပေးပြီးပါတီထောင်ခွင့် ၊ ရွေးကောက်ပွဲမှာမဲပေးခွင့်ပြုခဲ့တာလည်း ကြံ့ခိုင်ရေးအစိုးရပါပဲ ။ အဲဒါကိုလည်းအမျိုးသားရေးဆိုတဲ့ပုဂ္ဂိုလ်များ ဆန္ဒပြတယ်မကြားမိခဲ့ပါ ။
ကြံ့ခိုင်ရေးအစိုးရလုပ်ခဲ့သမျှကို မျက်စေ့မှိတ်ထောက်ခံခဲ့ကြပြီး
NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှကို
ဆန့်ကျင်ကန့်ကွက်မယ်ဆိုတဲ့အတွေးမျိုးလောက်ကို အမျိုးသားရေးထင်မနေကြပါနဲ့။
အမျိုးသားရေးဆိုတာဒိထက်အများကြီးကျယ်ပြန့်ပါတယ်။
ကိုယ်ဆန္ဒပြနေတာဘယ်သူ့ကိုလဲ
ဘာ့ကြောင့်လဲ ဘယ်သူ့ အတွက်လဲဆိုတာ
နဖူးပေါ်လက်တင်ပြီးသေချာစဉ်းစားကြစေချင်ပါတယ်။
အမျိုးကိုတော့အားလုံးချစ်တာချည်းပါပဲ။
ဒါပေမယ့်အမျိုးချစ်သလိုလိုနဲ့  လူတစ်စုတစ်ဖွဲ့ရဲ့
အသုံးချခံဘ၀ကိုရောက်နေတာကို
လူတွေကသဘောမကျကြတာပါ။
ဒါ့ကြောင့်ပဲကိုယ့်အဖွဲ့တွေဆန္ဒပြနေတာကို
ရပ်ကွက်နေပြည်သူလူထုကလက်မခံလို့
ပြသနာတွေတက်ကြတာပါ။
ဥပမာ ပင်နီအင်္ကျီဆိုတာ မြန်မာတွေရဲ့အမျိုးသားရေးအမှတ်သင်္ကေတဆိုတာ အားလုံးလက်ခံပါတယ် ။ပင်နီဟာ NLD နဲ့ပဲဆိုင်တာမဟုတ်ဘူးဆိုတာလည်း သဘောတူပါတယ် ။ မည်သူမဆိုဝတ်နိုင်ပါတယ် ။ ကျွန်တော်လည်းအရင်ကမြတ်မြတ်နိုးနိုးဝတ်ပါတယ် ။ဒါပေမယ့်အခုတော့ NLDယူနီဖောင်းလိုဖြစ်နေလို့ ကျွန်တော်မ၀တ်တော့ပါဘူး ။ မည်သူမဆိုကိုယ်ဝတ်ချင်ရင် အခုလဲဝတ်လို့ရပါတယ် ။ ဒါပေမယ့် စက်တင်ဘာ ၁၁ ရက်နေ့ ဗဟန်း ဗိုလ်စိန်မှန်ကွင်းမှာဆန္ဒပြခဲ့တဲ့ အမျိုးသားရေးဝါဒီအချို့ က ပင်နီအင်္ကျီဝတ်လာပြီးကျောကုန်းမှာ “ အမျိုးသားရေးဝါဒီစစ်စစ် ပင်နီ “လို့ စာတွေရိုက်နှိပ်လာတာကတော့ NLD ကို ရန်စနေသလိုဖြစ်ပါတယ် ။ ရပ်ကွက်ထဲက NLD ပါတီဝင်တွေနဲ့ ပါတီကိုထောက်ခံသူတွေကို ဆွပေးနေသလိုဖြစ်ပါတယ် ။ ကျွန်တော်ဟာ NLD ပါတီဝင်မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီလုပ်ရပ်မျိုးကိုတော့သဘောမကျပါဘူး ။ မူကိုဆန့်ကျင်ရင် သေသေချာချာ မူဝါဒတွေကိုဟောပြောရပါမယ် ။ အများသိအောင်လုပ်ရပါမယ် ။ တိုက်ပုံအဖြူလေးဝတ်လာပြီး ကြံဖွတ်အဖြူမဟုတ် အမျိုးသားရေးတိုက်ပုံစစ်စစ်စသည်ဖြင့် အချို့ လူများကလုပ်လာရင်လည်းကျွန်တော်တို့ လက်မခံနိုင်ပါ။
နယ်ချဲ့အင်္ဂလိပ်ကိုမုန်းတာနဲ့လိပ်ဆိုလိပ်ခွံဘီးတောင်မသုံးဘူးဆိုတဲ့ လူပြိန်းကြိုက်နိုင်ငံရေးများကိုလည်း မထောက်ခံနိုင်ပါဘူး။
စစ်ကိုမုန်းတာနဲ့ ရေကိုတောင်စစ်မသောက်ဘူးဆိုတာလဲ ၀မ်းရောဂါရတာကလွဲလို့ အကျိုးမရှိတဲ့စကားပါ။
နိုင်ငံရေးဆိုတာ ၊အမျိုးသားရေးဆိုတာ တိုက်ပုံအရောင်နဲ့ အဲဒိတိုက်ပုံကိုဘာချည်နဲ့ရက်ထားသလဲဆိုတာထက်ပိုပြီး မြင်တတ်ရပါမယ် ။အတွေးအခေါ်ရှိရပါမယ် ။ လူနဲ့မူကိုခွဲခြားတတ်ရပါမယ် ။ မီဒီယာကိုရန်သူလိုဆက်ဆံခြင်းမှကင်းဝေးရပါမယ်။
အချို့သောပုဂ္ဂိုလ်များကတော့ ခွဲခြားတတ်ဟန်မရှိ ပါ။ ထစ်ကနဲရှိဗိုလ်စိန်မှန်ကွင်းမှာဆန္ဒပြကြသူများ
အနေနဲ့လည်း ဗိုလ်စိန်မှန်ဆိုတဲ့နာမည်ကိုတော့
လေးစားအားနာသင့်ပါတယ် ။ ဗိုလ်စိန်မှန်ဟာနယ်ချဲ့ကိုဆန့်ကျင်တော်လှန်ခဲ့တဲ့
မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်ပါ ။
ဒါပေမယ့် အရာရာကိုဆန့်ကျင်ကန့်ကွက်နေတဲ့မျက်ကန်းမျိုးချစ်
တစ်ယောက်တော့မဟုတ်ကြောင်းပါခင်ဗျား။
သရ၀ဏ်(ပြည်)
သူရိယအလင်းဂျာနယ်
၁၈.၉.၂၀၁၆
(Credit to Htun Htun Naing)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...