Monday, June 1, 2015

ကျွန်တော်တို့ ဘယ်လိုအာမခံချက်တွေရထားသလဲ


ဒီနေ့ကျောင်းတွေစဖွင့်တဲ့နေ့ပဲ။ မနက်က လမ်းလျှောက်အပြန် လက်ဘက်ရည်ဆိုင်ထိုင်တော့ ကျောင်းသား မိဘတွေ သူတို့ကလေးတွေကို လက်ဖက်ရည်ဆိုင်မှာ မုန့်လာကျွေးတာနဲ့ ဆုံတယ်။ အနီးက စားပွဲမှာ မိခင်က သားဖြစ်သူကို တဖွဖွမှာနေတယ်။ "သားလေး စာကျိုးစားနော်" တဲ့။ မိဘတွေမှာ ဒါကလွဲပြီး ပြောစရာ စကား ရှိမယ်လည်း မထင်ပါဘူး။
ကျွန်တော် မိတ်ဆွေတစ်ယောက်ကို မေးဖူးပါတယ်။ သူ့သမီးကို ကျောင်းအပ်ပြီး ပြန်လာတဲ့ မိတ်ဆွေကိုပါ။
"ကျောင်းကနေ ခင်ဗျားကလေးအတွက် ဘာတွေ အာမခံချက် ပြန်ပေးလိုက်သလဲ" လို့ပါ။ ကျွန်တော် အားလုံး ကိုလည်း မေးကြည့်ချင်ပါတယ်။ ခင်ဗျားတို့ ကျောင်းတွေကို သားသမီးတွေ သွားအပ်ပါပြီတဲ့။ ကျောင်းတွေက ခင်ဗျားတို့ကို ဘာအာမခံချင်တွေ ပြန်ပေးလိုက်သလဲ။
သေချာတာတစ်ခုကတော့ ခင်ဗျားတို့ "ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့"ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ငေးမောပြီး ပြန်လာကြမှာ သေချာ ပါတယ်။ အဲဒါကို ခင်ဗျားတို့အားလုံးက မြန်မာ့ပညာရေးဌာနရဲ့ အာမခံချက်တစ်ခုလို့ ထင်မှတ်လိုက်ပြီဆိုရင် တော့ သူတို့ဆင်ထားတဲ့ ခွင်ထဲကို ၀င်သွားပြီလို့သာ ဆိုရပါလိမ့်မယ်။ သူတို့ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက် အောင် လုပ်မယ်လို့ ပြောခဲ့တာ ကြာသွားပြီ။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်အုပ်ချုပ်တဲ့သူတွေကတောင် ပညာရေးဟာ အိုးခြမ်းပဲ့နဲ့ခပ်သောက်နေရလောက်အောင် အောက်တန်းကျနေပြီဆိုတာ ၀န်ခံသွားပြီလေ။
စင်ကာပူနိုင်ငံ ပညာရေးဆောင်ပုဒ်ကို ပြောချင်ပါတယ်။ သူတို့နိုင်ငံပညာရေးက ကျောင်းသားဗဟိုပြု ပညာရေးပဲ။ ကျောင်းလာတက်တဲ့ ကျောင်းသားတိုင်းကို တန်ဖိုးမြင့်တက်လာအောင် ပို့ဆောင်ပေးမယ်ဆိုတာ သူတို့ အာမခံချက်ပဲ။ ပြီးတော့ အောင်မြင်ရမယ်၊ ကိုယ်ကျင့်တရားကောင်းရမယ်၊ နိုင်ငံ့သားကောင်းတစ် ယောက် ဖြစ်လာစေရမယ်။ ဒါတွေအားလုံးဟာ မိဘတွေကို သူတို့ပေးထားတဲ့ အာမခံချက်တွေဖြစ်ပါတယ်။
စင်ကာပူ ပညာရေးဝန်ကြီးဌာနက သူတို့နိုင်ငံပညာရေးအပေါ် ဘာတွေ တာဝန်ယူထားသလဲ၊ အာမခံချက်တွေ ပေးထားသလဲဆိုတာ ပြောရဦးမယ်။ သူတို့ ၀န်ကြီးဌာနက
၁။ ကျောင်းသားတိုင်းသည် သင်ယူမှုကို စိတ်ဝင်စားသူများ ဖြစ်လာစေရမည်
၂။ ကျောင်းတိုင်းသည် ကောင်းသောကျောင်းများဖြစ်ရမည်
၃။ ဆရာတိုင်းသည် ပညာပေးရေးကို စိတ်ဝင်စားသူများ ဖြစ်စေရမည်
၎။ မိဘတိုင်းသည် ပညာရေးကို အထောက်အပံ့ပေးသူများ ဖြစ်ရမည်
ခုဆိုရင် စင်ကာပူဟာ ပညာရေးမှာ ကမ္ဘာ့အဆင့် တစ်လောက်ကိုချိတ်ထားတယ်။ သူတို့နိုင်ငံဘာကြောင့် အောင်မြင်သလဲဆိုတော့ ကျောင်းကိုလာတဲ့ ကလေးတွေကို အာမခံချက်အပြည့်ပေးပြီး၊ ပေးထားတဲ့ကတိ အတိုင်း လုပ်နိုင်ကြလို့ပဲ။
ကျွန်တော်တို့ကလေးတွေအတွက် ကျွန်တော်တို့ ပညာရေးဌာနက ဘာတွေ အာမခံချက်ပေးထားပါသလဲ။
၁.၆.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...