Friday, June 5, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၆)

သစ်ထူးလွင်


Posted: 05 Jun 2015 12:06 AM PDT
မြန်မာနိုင်ငံမှာ ပြည်သူတွေ လက်မခံတဲ့ ရွေးကောက်ပွဲမျိုးသာ ကျင်းပခဲ့မယ်ဆိုရင် အမေရိကန်နဲ့ မြန်မာနိုင်ငံတို့ရဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ဆက်ဆံရေးကို ထိခိုက်နိုင်တယ် ဆိုပြီးတော့ သြဇာ တိက္ကမ လည်းရှိ၊ မြန်မာနိုင်ငံအရေးကိုလည်း မပြတ် အာရုံစိုက် စောင့်ကြည့်သူတဦးဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က ပြောဆိုလိုက်ပါတယ်။ ကြာသာပတေးနေ့က ဆီးနိတ် အထက်လွှတ်တော်မှာ မိန့်ခွန်းပြောဆို
Posted: 05 Jun 2015 12:03 AM PDT
အစိုးရက ဖမ်းဆီး တရားစွဲထားတဲ့ ကျောင်းသား သပိတ်ဝန်းရံသူ ကိုတင်ဝင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ ဒီနေ့မနက် ခွဲစိပ်ကုသမယ်လို့ သိရပါတယ်။ လက်ပံတန်းမြို့မှာ မတ်လ ၁ဝ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ရိုက်နှက်ဖမ်းဆီးတဲ့ ဒဏ်ကြောင့် အကြောတွေ ထိခိုက်ထားတဲ့အတွက် ခွဲစိပ်ရမှာဖြစ်တယ်လို့ ကိုတင်ဝင်းရဲ့ညီ ကိုနေဇော်လင်းက RFA ကို ပြောပါတယ်။ "ဦးနှောက်နဲ့ အာရုံကြောကို ပြောင်းလိုက်တယ်၊ သူတို့အဖြေ
Posted: 05 Jun 2015 12:03 AM PDT
ကမ္ဘာပေါ်မှာ ပထမဆုံး အကြိမ်အဖြစ် ဦးခေါင်းခွံ နဲ့ ဦးရေတစိတ်တပိုင်းကို အစားထိုး ဖန်တီး ကုသနိုင်ခဲ့ပြီလို့ အမေရိကန် တက္ကဆပ်စ် ပြည်နယ်က ခွဲစိတ် ဆရာဝန်တွေက ပြောပါတယ်။ ကင်ဆာရောဂါ အတွက် ဆေးကုသခဲ့အပြီး အနာမကျက်ဘဲ ခေါင်းမှာ ဟောင်းလောင်းပေါက် ဖြစ်နေတဲ့ လူနာ အမျိုးသား တစ်ဦးကို ဆရာဝန်တွေက ၁၅ နာရီကြာ ခွဲစိတ်ကုသခဲ့ပြီး အခုလို ဦးခေါင်းခွံ အစားထိုး ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ အသက် ၅၅ နှစ်အရွယ် James Boysen
Posted: 05 Jun 2015 12:03 AM PDT
ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ သစ်ထုတ်လုပ်နေတဲ့ ယူဒဗလျုအက်စ်အေ ၀ တပ်ဖွဲ့ဝင်တွေကို အစိုးရတပ်က ဖမ်းဆီးထားပြီး နှစ်ဘက်စစ်ရေးတင်းမာမှု အခြေအနေမှာ ရှိနေပါတယ် ။ ဇွန်လဆန်းပိုင်းက ၀ တပ်ဖွဲ့ဝင်တွေ တောထဲမှာ သစ်ခုတ်နေစဉ် အစိုးရတပ်က ၀င်ရောက် ဖမ်းဆီးထားတဲ့အတွက် သူတို့ဘက်ကလည်း တပ်ရင်း ၂ ရင်းနဲ့ ပြန်ဝိုင်းထားတယ်လို့ ယူဒဗလျူအက်စ်အေ ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။ “ဇွန် ၁ ရက်နေ့က
Posted: 05 Jun 2015 12:02 AM PDT
ယနေ့ မြင်ရသော ဓည၀တီ (၂) သင်္ဘော (ဓာတ်ပုံ- နိရဉ္စရာ) စစ်တွေ၊ ဇွန် ၅ စစ်တွေမြို့မှ ဘူးသီးတောင်သို့ ထွက်ခွာမည့် သင်္ဘော ခရီးသည် ၃၀၀ နီးပါးခန့်ကို တင်ဆောင်ထားသည့် ဓည၀တီ (၂) သင်္ဘောသည် ရုတ်တရက် ရေ၀င်လာရာမှ ထွက်ခွာမည့် အစီအစဉ်ကို အရေးပေါ် ရပ်နား လိုက်ရသည်ဟု သိရသည်။ “ သင်္ဘောက ဘူးသီးတောင်ကို ခရီးသည်တွေကို တင်ပြီး ထွက်ခွာဖို့လုပ်နေစဉ်မှာဘဲ စက်လည်တဲ့  ၀င်ရိုးကနေ ရေတွေ ၀င်လာတဲ့ အတွက် အရေးပေါ် ရပ်နားလိုက်ရပါတယ်။
Posted: 05 Jun 2015 12:02 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် သတင်းပတ်အတွင်း  တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် တရားဝင် ချစ်ကြည်ရေးခရီး သွားမယ်လို့ ပါတီက  ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ တရုတ်ပြည် ၅ ရက်ကြာခရီးစဉ်မှာ တရုတ် သမ္မတ ရှီကျင်ပင်း၊ ၀န်ကြီးချုပ် လီကီချန်တို့နဲ့ လည်း တွေ့ဆုံဖို့ရှိတယ်လို့ အန်အယ်လ်ဒီ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။ “ဇွန်လ ၁၀ ရက်ကနေ ၁၄ ရက် အထိပေါ့။ ခရီးစဉ်ထဲ
Posted: 05 Jun 2015 12:02 AM PDT
၂၀၁၅ ရွေးကောက်ပွဲအတွက် ကော်မရှင်က လောလောဆယ် ထုတ်ပြန်တဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းတွေမှာ ခန့်မှန်းခြေ ၃၀% ကနေ ၈၀% အထိ မှားယွင်း နေတယ်ဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ရွေးကောက်ပွဲ ကော်မရှင်ကို အိတ်ဖွင့်စာပေးပို့ခဲ့သလို ကော်မရှင်နဲ့လည်း တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ ရန်ကုန်တိုင်းထဲက မြို့နယ်ပေါင်း ၂၄ မြို့နယ်နဲ့ နေပြည်တော် ၈ မြို့နယ်တွေမှာ ထုတ်ပြန်တဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းတွေမှာ မမှားသ
Posted: 05 Jun 2015 12:01 AM PDT
နယူးဒေလီ ၊ ၅-၆-၂၀၁၅ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဂျာခန်ပြည်နယ် တွင် လယ်ယာသီးနှံ အထွက်တိုး စေရန်အတွက် အမျိုးသား တစ်ဦးကို ခေါင်းဖြတ်သတ်၍ ယဇ်ပူဇော် ခဲ့သူများအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ရန် လိုက်လံ ရှာဖွေလျက် ရှိကြောင်း သိရသည်။ သတ်ဖြတ်ခံ ရသူသည် အသက် ၅၅ နှစ်အရွယ် သီပါခါရီယာ အမည်ရှိ အမျိုးသား ဖြစ်ပြီး Orkas အမည်ရှိ လောကီပညာ များကို လေ့လာ လိုက်စားသည့် အဖွဲ့တစ်ဖွဲ့က ၄င်း၏ နေအိမ်သို့ ချိုးဖျက် ဝင်ရော
Posted: 05 Jun 2015 12:00 AM PDT
ဗန်ကောက် ၊ ၅-၆-၂၀၁၅ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အမည်မသိ သေနတ်သမား များ၏ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့မှုနှင့် စပ်လျဉ်း၍ အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှု များသည် နိုင်ငံတောင်ပိုင်း ယာလာ ပြည်နယ် ရှိ လမ်းမကြီး တစ်ခု ပေါ်တွင် ဇွန် ၃ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အမည်မသိ လက်နက်ကိုင် များက ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင် များကို
Posted: 04 Jun 2015 08:03 PM PDT
ဓါတ်ပုံ - Yangon Police ရန်ကုန် ဇွန် ၄ ယာဉ်မောင်း ဦးကျော်မြင့် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးအောင်မြင့်စိုးနှင့် ငွေကောက်(ခ)အသေးလေးတို့ လိုက်ပါလာသော (၅၇)ယာဉ်လိုင်း ခရီးသည်တင်ယာဉ် သည် မေ ၁၂ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က သာကေတမြို့နယ်၊ ဧရာဝဏ်လမ်း (၈)ထိပ်မှတ်တိုင်အရောက် ခရီးသည်အတင်အချ ပြုလုပ်နေစဉ် ယခင်က အမှတ်(၃၅)မီနီဘတ်စ် ယာဉ်မောင်းလုပ်ကိုင်ခဲ့ဖူးသူ စိုးကြီး (ခ)စိုးမင်းငြိမ်းနှင့် အမျိုး
Posted: 04 Jun 2015 07:59 PM PDT
AEC အာဆီယံ စီးပွားရေး အသိုက်အ၀န်း စနစ်ကို ၂၀၁၆ ခုနှစ်မှာ စတင် ကျင့်သုံးတော့မှာ ဖြစ်တဲ့အတွက် အဲဒီအချိန်မှာ ပေါ်ပေါက်လာနိုင်တဲ့ နိုင်ငံတကာ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာ ပူးပေါင်း နှိမ်နင်း ဆောင်ရွက်ဖို့အတွက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နဲ့ မြန်မာနိုင်ငံ မြ၀တီခရိုင် အာဏာပိုင်တွေ အကြား ညှိုနှိုင်း ဆွေးနွေးနေကြပါတယ်။ အဲဒီ ဒေသတွေ ပြီးရင် ထိုင်း၊ မြန်မာ
Posted: 04 Jun 2015 07:59 PM PDT
 ငါးဖမ်းလုပ်ငန်းကဏ္ဍမှာ ကျွန်သဖွယ် ခိုင်းစေနေတာကို အဆုံးသတ်ရေး ပူးတွဲ လုပ်ဆောင်မှုတွေကို တိုးမြှင့်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ထိုင်း၊ အင်ဒိုနီးရှား နဲ့ မြန်မာနိုင်ငံတို့ က ထိပ်တန်း ရဲအရာကြီးတွေ ကြာသပတေးနေ့က ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးကြပါ တယ်။ အကောင်းဆုံး ဘယ်လို ဆက်သွယ်ကြမယ်ဆိုတာနဲ့ နယ်စပ်ဖြတ်ပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမယ် ဆိုတာတွေ အပေါ် ထိုင်း နိုင်ငံ ပတ္တယား အပန်းဖြေမြို့မှာကျင်းပတဲ့ေ
Posted: 04 Jun 2015 08:08 PM PDT
 မြင်းခြံထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ၀န်းရံသူ စုစုပေါင်း ၈ ဦးကို မြင်းခြံမြို့နယ်တရားရုံးမှာ ဇွန် ၄ ရက်နေ့က ထပ်မံ ရုံးထုတ်စစ်ဆေး ပါတယ်။ မြင်းခြံထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ သပိတ်မှောက်ကျောင်းသား ၂ ယောက်နဲ့ ၀န်းရံသူပြည်သူ ၄ ယောက်ကို ရုံးထုတ်ခဲ့ပြီး ကျောင်းသား ကိုစည်သူမြတ် အာမခံလျှောက်ရာ ခရိုင်ရုံးက လက်ခံထားတယ်လို့ ကျောင်းသားတွေရဲ့ ရှေ့ နေဦးမိုးအေးကြေ
Posted: 04 Jun 2015 07:55 PM PDT
အက္ကရာ ဇွန် ၄ ဂါနာနိုင်ငံ မြို့တော်အက္ကရာတွင် ဓာတ်ဆီဆိုင်တစ်ဆိုင်၌ မီးလောင်မှု ဖြစ်ပွားရာ လူ ၉ဝ ကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းများအရ သိရသည်။ အဆိုပါ ဓာတ်ဆီဆိုင် အနီးဝန်းကျင်ရှိ အိမ်တစ်အိမ် မီးလောင်ရာမှ မီးကူးစက်ခဲ့ခြင်း သို့မဟုတ် ကုန်တင်ကားဂိတ်တစ်ခု မီးလောင်ရာမှ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများက ပြောသည်။ ဖြစ်စဉ်အမှန်ကို ယခုထိတိုင် မသိရသေးပေ။ မိုးသည်းထန်စွာရွာသွန်း
Posted: 04 Jun 2015 07:55 PM PDT
 အမေရိကန် အာဏာပိုင်တွေရဲ့အဆိုအရ အစိုးရ အေဂျင်စီတွေကို ကွန်ပြူတာမှာ ဟက်ကာတွေ ဝင်ရောက် တိုက်ခိုက်တဲ့အတွက် အမှုထမ်းပေါင်း ၄သန်းလောက်ရဲ့ကိုယ်ရေး အချက်အလက်တွေကို ထိခိုက်မှု ရှိနိုင်တယ်လို့သိရပါတယ်။ ဒီ၎သန်းထဲမှာ လက်ရှိရော အငြိမ်းစားဝန်ထမ်းတွေပါ ပါဝင်တယ်လို့ အိုပီအမ် အမှုထမ်းတွေကို စီမံခန့်ခွဲတဲ့ အဖွဲ့ကပြောပါတယ် ဒီအဖွဲ့ကြီးက အမေရိကန်အစိုးရအတွက် လူအရင်းအမြစ်တွေကို ပြုစုတဲ့ဌာနဖြစ်ပါတယ်။ အိုပီအမ်ဌာနဟာ
Posted: 04 Jun 2015 02:52 PM PDT
ဂျွန် ၅ ရက် ၂၀၁၅ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် သစ်တောကြိုးဝိုင်းအတွင်း သစ်ထုတ် ယူမှု ပြဿနာ ကြောင့် ဂျွန်လ ၃ ရက်နေ့မှ ယနေ့ အထိ ဝ တပ်ဖွဲ့ နှင့် အစိုးရ တပ်တို့ အပြန်အလှန် ဝိုင်းရံထားသောကြောင့် ထိပ်တိုက်ဖြစ်ပွားလာ မည် ကိုဒေ သခံ များက စိုးရိမ်နေကြသည်။ ဂျွန် ၄ ရက်နေ့က မိုင်းဆတ်အခြေစိုက် အမှတ် ၁၄ စစ်ဆင်မှုကွပ်ကဲရေး ဌာနချုပ်မှ တပ်များ မိုင်းတုံ ဘက် ဦးတည်လာနေကြောင်း၊ ဝ တပ်ဖွဲ့များလည်း မို
Posted: 04 Jun 2015 02:50 PM PDT
ဂျွန် ၅ ရက် ၂၀၁၅ အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော အဖွဲ့များဖြစ်ကြသည့် ကိုးကန့် MNDAA ၊ အေအေ ရက္ခိုင်အဖွဲ့နှင့် TNLA တအာင်းပလောင်အဖွဲ့ တို့မှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းမှု အဖွဲ့ NCCT မှ နှုတ် ထွက်လိုက်ကြောင်း သက်ဆိုင်ရာအဖွဲ့ တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။ ဂျွန် ၂ - ၆ ရက်နေ့အထိ ကေအန်ယူ ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်အ
Posted: 04 Jun 2015 02:27 PM PDT
မြန်မာနယ်စပ် တရုတ် ယူနယ်ပြည်နယ်မှာ စစ်ရေးလေ့ကျင့်နေတဲ့ တရုတ်စစ်တပ်ကို ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ် Photo: PLA Daily shows မြန်မာနိုင်ငံနယ်စပ်မှာ လက်နက်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်နေတဲ့ PLA တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဟာ ပထမရက်မှာတင် လေတပ်အသုံးပြု တိုက်ခိုက်တာတွေကို လေ့ကျင့်ခဲ့ပြီး ဝေဟင်ကနေ မြေပြင်က ပစ်မှတ်တစ်ခုကို ၈ စက္ကန့်အတွင်း တိတိကျကျ ပစ်ခတ်နိုင်ခဲ့ကြောင်း တရုတ်အစိုးရက ဒီကနေ့ ကြေညာပါတယ်။ြ
Posted: 04 Jun 2015 02:21 PM PDT
မိုးညှင်း ဇွန် ၄ ကချင်ပြည်နယ် မိုးညှင်းမြို့နှင့် မော်ဟန်ကျေးရွာအကြားတွင် မေ ၃ဝ ရက်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မိုင်တိုင်အမှတ် (၁၇၅/၁-၂) ကြား လွယ်ခမ်းတောင်အဆင်းတွင် မြစ်ကြီးနားဘက်မှ ရွှေဘိုဘက်သို့ ယာဉ်မောင်း ဇေယျာထွန်း(ခ)အငယ်လေး မောင်းနှင်လာသည့် ၉ဂ/--- တုန်ဟုန်းယာဉ်သည် လမ်း၏ ဝဲဘက် ဘေးချောက်ထဲသို့ ဘရိတ်ပေါက် ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ယာဉ်တိမ်းမှော
Posted: 04 Jun 2015 02:41 PM PDT
ဇွန်လ (၇)ရက်နေ့ ထုတ် EURO SPORTS Journal ( Vol- 5 No- ၆၁ ) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 04 Jun 2015 01:47 PM PDT
ဇွန်လ (၄)ရက်နေ့ ထုတ် ရှင် စာပေနှင့် အနုပညာ ဂျာနယ် အတွဲ-၃၊ အမှတ်-၁၉ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 04 Jun 2015 01:43 PM PDT
ဇွန်လ (၄)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ် အတွဲ(၄) အမှတ်(၂၂) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 04 Jun 2015 01:41 PM PDT
ဇွန်လ (၅)ရက်နေ့ ထုတ် Auto World Journal  အတွဲ - ၄၊ အမှတ် - ၂၀ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 04 Jun 2015 01:39 PM PDT
ဇွန်လ (၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 04 Jun 2015 01:38 PM PDT
ဇွန်လ (၅)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...