Tuesday, June 2, 2015

နည်း(၇) ရုပ်မြင်သံကြားစက်ကို ပိတ်ပစ်ပါ။


‪#‎ရုပ်မြင်သံကြားဆိုတာ‬ လူတွေရဲ့ဘ၀မှာ အဓိက ကျတဲ့ ကိစ္စတွေအပေါ်
အာရုံမစိုက်နိုင်လောက်အောင် လမ်းလွှဲပစ်တတ်တဲ့ ပစ္စည်းတစ်မျိုးပါပဲ။
@@@@@@@@@@
‪#‎စူပါမားကက်တစ်ခုထဲကို‬ သင်ဝင်သွားပြီဆိုတာနဲ့ တွေ့သမျှ အခန်းက
ပစ္စည်းတွေကို ၀ယ်တတ်ပါသလား။ ဘယ်ဝယ်လိမ့်မှာတုံး။
အခန်းတစ်ခုထဲ
ဝင်သွားတာနဲ့ ကိုယ်လိုချင်တာ ရှိမရှိ ရှာကြည့်မယ်၊ လိုချင်တာ မတွေ့ရင်
မတွေ့တဲ့နေရာကို ကျော်သွားတတ်တယ် မဟုတ်လား၊ ဒါပေမဲ့ ရုပ်မြင်သံကြား
ကြည့်တယ်ဆိုတာကျတော့ စူပါမားကက်ထဲက ရောင်းသမျှ ပစ္စည်းတိုင်းကို
ဝယ်နေရတဲ့ အဖြစ်နဲ့ မတူဘူးလား။ တနင်္လာနေ့ဆိုလဲ တီဗွီကို ကြည့်တာပဲ။
အင်္ဂါနေ့ဆိုလည်းကြည့်၊ ဗုဒ္ဓဟူးနေ့ဆိုလည်း ကြည့်ကြတာပါပဲ။ တကယ်တော့
ရုပ်မြင်သံကြားကို ကြည်တယ်ဆိုတာ က ကြည့်နေကျဖြစ်လို့ ကြည့်ကြတာ
မျိုးပါ။ ကိုယ်တကယ်ကြည့်ချင်တဲ့ အစီအစဉ် ပြနေလို့ ကြည့်ကြတာကနည်း
ပါတယ်။ သင်ရုပ်မြင်သံကြားကြည့်နေတုန်း ဒီအစီအစဉ်ကို ကိုယ်ကြည့်ချင်
လို့ကြည့်နေတာလား ကိုယ့်ကိုယ်ကို မေးကြည့်လိုက်ပါ။ ရုပ်မြင်သံကြားကို
အလွန်အမင်း ကြည့်တဲ့သူတွေဟာ စကားပြောဆိုနိုင်တဲ့ အစွမ်းအစတွေ ထိ
ခိုက်နိုင်ကြောင်း စိတ်ပညာရှင်တွေက လေ့လာတွေ့ရှိထားပါတယ်။ စိတ်ပညာ
ရှင်တစ်ယောက်ကဆိုရင် ရုပ်မြင် သံကြားတွေဟာ ကျွန်တော်တို့ရဲ့ ဘယ်တော့
မှ ပြန်မရနိုင်တဲ့ အချိန်တွေကို ခိုးယူသွားတာပဲလို့ ပြောဖူးပါတယ်။
‪#‎အိမ်မှာ‬ တီဗီရှိနေလို့ ၊ ကိုယ်ကလည်း ကြည်နေကျမို့လို့ ဆိုပြီး တီဗီကို မဖွင့်
ပါနဲ့ ။ ကိုယ်ကြည့်ချင်တဲ့ အစီအစဉ်လာနေလို့ ကိုယ်ကလည်း ကြည့်ချင်တယ်
ဆိုတဲ့အခါမှ ဖွင့်ကြည့်ပါ။ ပိုလာတဲ့ အချိန်တွေကို ကိုယ့်မိသားစု၊ ကိုယ့်မိတ်
ဆွေတွေနဲ့ အတူနေချင်နေ၊ ဒါမှမဟုတ် ကိုယ့်ဘာသာ တစ်ယောက်တည်း
အေးအေးငြိမ်ငြိမ်နေလိုက်ပါ။ တီဗီ မကြည့်တော့ဘူးဆိုတာနဲ့ ငြိမ်ငြိမ်ကြီး
ထိုင်ပြီး မသိလိုက်မသိဘာသာ အချိန်တွေ ကုန်သွားမယ့်အစား ကိုယ်စိတ်
ဝင်စားမယ့် ကိစ္စတစ်ခုကို တက်တက်ကြွကြွ လုပ်လာနိုင်ပါလိမ့်မယ်။
@@@@@@@@@@
‪#‎တီဗီ‬ သိပ်ကြည့်လွန်းတဲ့အခါမျိုးဆိုရင် ကျွန်တော်တို့ တစ်တွေ ရဲ့ ပစ္စည်း
အပေါ် ပိုင်ဆိုင်လိုစိတ်က သုံးဆအထိ တိုးပွားလာလေ့ရှီပါတယ်။ တစ်နေ့မှာ
တီဗီ တစ်နာရီကြည့်လိုက်တာနဲ့ အမျှ ကိုယ့်ဘာသာ ရောင့်ရဲ တင်းတိမ်တတ်မှု
ဟာ ငါးရာခိုင်နှုန်းလောက် လျော့နည်းသွားစေနိုင်ပါတယ်။
(ကြည်ရွှန်း - ပျော်ရွှင်ချမ်းသာ နည်းပေါင်း ၁၀၀)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...