Thursday, June 4, 2015

ပလ္လင်ပေါ်ကသူခိုး


တစ်နေ့တော့ ဗြဟ္မဒတ်မင်းကြီးဟာ ရုပ်ဖျက်ပြီး ပြည်သူတွေကြားထဲဆင်းလာတယ်။ အဲဒါ ဟိုးရှေးခေတ်က ဘုရင်တွေ လုပ်နေကျပဲ။ မင်းဆိုတာ သာမန်ပြည်သူတွေက မော်လို့မဖူးရသူတွေဆိုတော့ သူ့ရုပ်ကိုလည်း မြင်ဖူး သူက ခပ်ရှားရှားပဲ။
မင်းကြီးက ဇရပ်တစ်ဆောင်မှာထိုင်နေတုန်း သူခိုးတစ်ယောက် ရောက်လာတယ်။ သူခိုးက
"အဆွေ .. ဘာများ လုပ်ကိုင်ပါသနည်း" လို့ မေးလိုက်တယ်။ ဒီတော့ ဘုရင်ကလည်း
"ငါသည် သူခိုး တစ်ယောက်ဖြစ်တယ်" လို့ပြောတယ်။ သူခိုးကလည်း
"သင်နဲ့ငါ ဘ၀တူတွေ ဖြစ်တယ်။ ဒါကြောင့် ဒီည ငါတို့ အတူတူ ခိုးကြစို့" လို့ပြောလိုက်တယ်။ ဒါပေမဲ့ သူခိုးက သူခိုးယောင်ဆောင်ထားတဲ့ မင်းကို
"သင့်အား ငါမေးခွန်း နည်းနည်း မေးပါရစေ" လို့ပြောလိုက်တယ်။ သူခိုးတုကလည်း "မေးလေ" လို့ ဆိုလိုက် တော့ သူခိုးက
၁။ ခိုးရင်းနဲ့ ရိုက်ပုတ်စရာ ကိစ္စတွေ ပေါ်လာရင် ရိုက်မှာလား

၂။ တွေ့သမျှမချန် အကုန်ယူမှာလား
၃။ အမျိုးသမီးကိုတွေ့လျှင် အချောင်ရ အချောင်ဖျက်ဆီးမှာလား
၎။ အမျိုးသမီးကိုသတ်ဝံ့သလား
၅။ ရဟန်းဆီက ခိုးမှာလား
၆။ မင်းဘဏ္ဍာတိုက်ကို ဖောက်ရဲသလား
၇။ နေပြည်တော်ထဲမှာ ခိုးမှာလား တဲ့။
ဒီသူခိုးက ပညာရှိသူခိုးပဲလို့ ဘုရင်က သတ်မှတ်ပြီး သူခိုးကြိုက်မယ်ထင်တဲ့ စကားကိုလိုက်နင်းပြီး မေးခွန်း ၇ ခု စလုံးကို
"ငါလုပ်အံ့" လို့ ၇ ခါလိုက်ဖြေတယ်။ ဒီတော့ သူခိုးက
"အသင် … အသင်သည် သူခိုးစစ်စစ်မဟုတ်။ သူခိုးကျင့်တရား ၇ ပါးကို မစောင့်စည်းနိုင်သူဖြစ်သည်။ သင့်လို လူမျိုးနှင့် ငါတွဲပြီး အလုပ် မလုပ်နိုင်" လို့ပြောလိုက်တယ်။ မင်းကြီးက
"အဘယ်ကြောင့်နည်း" လို့ ပြန်မေးလိုက်တော့ သူခိုးက
"အသင် … သူခိုးဆိုတာ ခိုးတဲ့အလုပ်ပဲလုပ်ရတယ်။ ရိုက်တယ်ဆိုတာ သူ့အလုပ်မဟုတ်။ ရိုက်စရာပေါ်လာ လည်း မရိုက်ဘဲ ရှောင်ထွက်သွားနိုင်ရတယ်။ သူခိုးဟာ ခိုးတာမှန်ပေမယ့် အကုန် မခိုးအပ်ဘူး။ သူ့အတွက် ဘ၀ မပျက်အောင် သင့်သလောက်ခိုးပြီး ထားသင့်သမျှ ထားပေးခဲ့ရမယ်။ သူခိုးဟာ သူတစ်ပါး မယား၊ သမီးတွေကို ဘယ်တော့မှ မဖျက်ဆီးရဘူး။ အမျိုးသမီးတွေကို သတ်ဖို့မပြောနဲ့ ကြည့်တောင်မကြည့်ရဘူး။ သူခိုးဟာ ရဟန်း သံဃာတွေဆီက ဘယ်တော့မှ မခိုးရဘူး။ သူတို့က သူများဆီက အလှူခံထားတာဖြစ်လို့ မခိုးသင့်ဘူး။ မင်းဘဏ္ဍာဖောက်တာ အရမ်းအပြစ်ကြီးတယ်။ မိရင်သေဖို့များတယ်။ ဘယ်တော့မှ မင်းဘဏ္ဍာတိုက်ကို မဖောက်ရဘူး။ မင်းနေပြည်တော်အနီးမှာ အစောင့်သူရဲထူပြောတာကြောင့် ဘယ်တော့မှ မခိုးသင့်ဘူး။ အသင် .. အသင်ဟာ သူခိုးမစစ်။ သူခိုးမစစ်တဲ့သူနဲ့ အကျိုးတူလုပ်ဆောင်လျှင် ငါပျက်ဆီးလိမ့်မည်။ သင့်လမ်း သင်လျှောက်၊ ငါလည်း ငါ့လမ်း ငါလျှောက်အံ့" လို့ပြောပြီး ထွက်သွားတော့တယ်။
ဒီတော့မှ မင်းကြီးကလည်း
"အလို .. ထိုသူကား သူတော်ကောင်း သူခိုးဖြစ်တော့သည်။ ငါသည် မင်းဖြစ်သော်လည်း ၇ ချက်စလုံးကို ကျူးလွန်နေသော သူယုတ်သူခိုးဖြစ်တော့သည်" လို့တရားရသွားတော့တယ်။
၃.၆.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...