Monday, June 8, 2015

ဟာသပေါင်းချုပ် (၈-၆)

" ယော က္ခ မ နဲ့  သ မက် "
လူရွယ်တစ်ဦး ရဲသားဆီ ပြေးလာကာ အော်ပြောသည် ။
" ကျနော့်ကို ခဏဖမ်းချုပ်ထားပေးပါ..နို့ မဟုတ်ရင် ကျနော့် ယောက္ခမကို ကျနော် သတ်မိလိမ့်မယ်.."
ရဲသားက ပြန်ပြောသည် ။
" ကျုပ်ရဲ့  ယောက္ခမကိုပါ တစ်ဆက်တည်း သတ်ပေးစမ်းပါ....ပြစ်ဒဏ်လျှော့ပေါ့စေဘို့  ကျုပ်ကူညီပေးမယ် "


လူရွယ်သည် စိတ်ပျက်လက်ပျက် ဖြစ်ကာ အစိုးရရှေ့ နေထံ ပြေးသည် ။
" ရှေ့ နေမင်းခင်ဗျား.. ကျနော့်ကို ထိန်းသိမ်းထားစမ်းပါ... နို့ မဟုတ်ရင် ကျနော့် ယောက္ခမကို ကျနော်
သတ်မိပါလိမ့်မယ်..."
" ကျုပ်ရဲ့  ယောက္ခမကိုပါ တစ်ပါတည်း သတ်ပေးစမ်းပါ..အပြစ်ဒဏ် လျော့ပေါ့အောင် ကျုပ်လုပ်ပေးမယ် "
လူရွယ်သည် ယခင်ကထက် ပို၍စိတ်ပျက်သွားကာ အရက်ကိုဖိသောက်သည် ။ မူးမုးနှင့် မိမိ၏ ယောက္ခမ
ရဲသား၏ ယောက္ခမ နှင့် ရှေ့ နေမင်း ၏ ယောက္ခမ တို့ ကို သတ်ပစ်လိုက်သည် ။ လူသုံးဦးကို သတ်မှုဖြင့်
၎င်းအား ရုံးတင် စစ်ဆေးသည် ။ တရားသူကြီးက နောက်ဆုံးစီရင်ချက်ကို ဖတ်ကြားသည် ။
" ယောက္ခမ သုံးဦးကို သတ်မှုဖြင့် တရားခံ မောင်နိုင် အား ထောင်ဒဏ် ခြောက်လ ကျခံစေ...."
စီရင်ချက်ကို ဖတ်အပြီးတွင် တရားသူကြီးသည် တရားခံဘက်လှည့်ကာ တိုးတိုးလေး ပြောသည် ။
" ကျုပ်ရဲ့  ယောက္ခမကိုပါ သတ်ပေးခဲ့ရင် ခင်ဗျားကို ကွင်းလုံးကျွတ် လွှတ်ပေးဘို့  အဆင်သင့်ရှိနေတာဗျ..."
Credit- TUN AYe

" တော် ပါ သေး ရဲ့  "
" ရေဒီယို သတ္တိကြွမှုတွေ နေရာအနှံ့  ဖြစ်နေတယ်တဲ့...အဲ့ဒါ ကလေးတွေ မွေးလာတဲ့အခါ
တစ်ချို့  ကပ္ပလီလေးတွေလို အသားမည်းတယ်..တစ်ချို့  ခေါင်းနှစ်လုံးပါလာတတ်တယ်လို့ 
ပြောကြတယ်ရှင့်..."
ကိုယ်ဝန်ဆောင်မိန်းမက မိမိ၏ ယောင်္ကျားကို ပြောသည် ။ အချိန်ရောက်သောအခါ ထိုမိန်းမ
မီးဖွားသည် ။ ယောင်္ကျားဖြစ်သူသည် စိုးရိမ်တစ်ကြီးနှင့် သားဖွားဆေးရုံသို့  ဖုန်းဆက်သည် ။
" ဟဲလို...ဆေးရုံကပါလား....."
" ဟုတ်တယ်..."
" မနေ့ က ဆေးရုံတက်တဲ့..ကျနော့်ဇနီး မေရီ မွေးပြီလား ခင်ဗျာ..."
" မွေးပြီ...."
" ဘာလေးလဲ..."
" အသားမည်းလေး..."
" ခေါင်းရော...ခေါင်း ဘယ်နှစ်လုံး ပါသလဲ ခင်ဗျ..."
" တစ်လုံးထဲ..."
" အင်း....တော်ပါသေးရဲ့  ..."

Credit- TUN AYE

" ဘာ သွား ၀ယ် မှာ လဲ "
အမျိုးသမီးကို အမျိုးသားက အိမ်သို့ လိုက်ပို့ သည် ။ ၁၂ ထပ်တိုက်ရှေ့ သို့  ရောက်သောအခါ
အမျိုးသမီးက ပြောသည် ။
" ဓါတ်လှေကားဆီ သွားတဲ့လမ်းမှာ သိပ်မှောင်တယ်ရှင့်..ဓါတတ်လှေကားအထိ လိုက်ပို့ ပေးပါလား ဟင် "
" ရပါတယ် ..လိုက်ပို့ ပေးပါမယ်..."
ဓါတ်လှေကား အနားတွင် သူမ နောက်ထပ် မေတ္တာရပ်ခံသည် ။
" ဓါတ်လှေကားကို တစ်ယောက်တည်းစီးရမှာ ကျမ သိပ်ကြောက်တာပဲ..ကျမ နေတဲ့ အထပ်အထိ
လိုက်ခဲ့ပါလား ဟင်..."
" ရပါတယ်..လိုက်ခဲ့ ပါမယ်..."
အိမ်ခန်းရှေ့ တွင် မမျှော်လင့်ပဲ လူငယ်ကို အမျိုသမီးက ပြောသည် ။
" ကျမရဲ့ မိဘတွေ နယ်ကို ခရီးသွားကြတယ်ရှင့်....အိမ်ထဲဝင်ပြီး လက်ဖက်ရည် သောက်သွားပါဦးလား.."
ထိုဖိတ်ခေါ်ချက်ကို ကြားသည်နှင့် လူငယ်သည် လှေကားအတိုင်း တစ်ရှိန်ထိုး ပြေးဆင်းသည် ။
" ရှင် ဘာဖြစ်တာလဲ...ဘယ်ကို သွားမလို့ လဲ..."
အမျိုးသမီးက အံ့သြသံဖြင့် လှမ်းမေးသည် ။
လူငယ် ပြန်အော်ပြောသည် ။
" မိနစ်ပိုင်း အတွင်း ပြန်လာမယ်...လက်ဖက်ရည်ပွဲအတွက် ဆေးဆိုင်မှာ တစ်ခုခု သွားဝယ်မလို့ ..."
Credit- TUN AYE

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...