Saturday, May 27, 2017

ငါ့သားကို ဘယ်သူသတ်သလဲ

Tin Nyunt

အမေရိကန်တွေ ဗီယက်နမ်စစ်ပွဲကို စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ ဝင်ရောက် ဆင်နွှဲနေရချိန်ဖြစ် သည်။ စစ်သားတစ်ယောက်က ဆန်ဖရန်စစ္စကိုမှ သူ့မိဘများဆီသို့ ဖုန်းဆက်သည်။
“မေမေလား … မေမေ”
“သားလေး … သားလေး အသက်ရှင်နေသေးတယ်နော် … ပျော်လိုက်တာကွယ် … သားဘယ်တော့ ပြန်လာမလဲဟင်”
“သား … မကြာခင်ပြန်လာမယ်မေမေ … သားပြန်လာရင် သားသူငယ်ချင်းကို အိမ်ခေါ်လာချင်လို့ ရမလားမေမေ”
“ရတာပေါ့ သားရယ် … သားသူငယ်ချင်းပဲ”
“ဒါပေမဲ့ မေမေ … သားသူငယ်ချင်းက မိုင်းနင်းမိပြီးတော့ ခြေထောက်တစ်ဘက်၊ လက်တစ်ဘက် မရှိတော့ဘူး။ ဆိုးဆိုးဝါးဝါး ဒဏ်ရာရာထားတာ။ အဲဒါ သူ့ကို သားခေါ်လာမှာ”

“အော် … အေး … အေး … သားဖေဖေနဲ့ပြောဦး”
“ဖေဖေရေ … သားသူငယ်ချင်းကို သားနဲ့ ခေါ်လာမယ်နော်”
“ခေါ်လာပေါ့သားရဲ့ … ဒါနဲ့ သူက ဘယ်နှရက်လောက်နေမှာလဲ”
“သူ့မှာ သွားစရာမရှိဘူး ဖေဖေ။ ဒါကြောင့် သားတို့နဲ့ အတူ တစ်သက်လုံးနေမှာ။ သူက ဒုက္ခိတဆိုတော့ သားက သူ့ကို ခေါ်ထားမှာ”
“ဒီမှာသား … လူတစ်ယောက်ကို ခေါ်ထားရတယ်ဆိုတာ လွယ်သလား။ ပြီးတော့ မင်းသူငယ်ချင်းက ဒုက္ခိတ။ ဒုက္ခိတကြီးတစ်ယောက်ကို အိမ်မှာ တင်ကျွေးထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူးကွာ။ ခဏလောက် ဆိုရင်တော့ ခေါ်ချင် ခေါ်လာ။ တစ်သက်လုံးဆိုရင်တော့ မဖြစ်နိုင်ဘူး”
သားဘက်က ဖုန်းချသွားသည်။ သားထံက ဘာသတင်းမှ ဆက်မရတော့။ သားကလည်း ပြန်မလာတော့။ တစ်ပတ်ခန့်အကြာတွင် ဖုန်းသံမြည်လာသည်။ မိခင်ဖြစ်သူက သားထံကဖြစ်မည်ထင်ပြီး ဝမ်းသာအားရ
“သား … သားလေးလားဟင်”
“ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့ကပါခင်ဗျာ … လူကြီးမင်းတို့ရဲ့သားဟာ တိုက်ပေါ်ကခုန်ချပြီး သူ့ကိုယ်သူ သတ်သေ သွားပါတယ်။ အဲဒါ အလောင်းကို လာပြီးတော့ စစ်ဆေးကြည့်စေချင်ပါတယ်”
မိခင်နှင့် ဖခင်တို့သည် ဆန်ဖရန်စစ္စကို ဆေးရုံကြီး၏ ရင်ခွဲရုံတွင် သူတို့သားအလောင်းကို အတည်ပြုရန် လာကြည့်ကြသည်။ ဆေးရုံတာဝန်ရှိသူတစ်ဦးက သူတို့သား၏ အလောင်းကို အုပ်ထားသည့် အဝတ်ဖြူကို ဖွင့်ပြ လိုက်သည်။
သူတို့သားလေးတွင် ခြေထောက်တစ်ဘက်၊ လက်တစ်ဘက်မရှိ။
(Who Killed My Son)
တင်ညွန့်
၂၇.၅.၂၀၁၇

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...