Thursday, May 25, 2017

ထိုက်တန်ခဲ့ပါ၏လော....



ရွှေနီကိုအိမ်သို့ အဖေပွေ့ပြီးခေါ်လာစက
၄၅ ရက် သားခွဲစ။ အဖေ့ကိုပေးရန်အကြွေး
အတွက် တန်ဖိုးသင့်ရယူလာခြင်းလည်းဖြစ်
ပါ၏။ အဖြူ. အနက် မဟုတ်ဘဲ နီစပ်စပ်ချစ်စရာ
ဝက်သူငယ်မို့ အမေက ရွှေနီ ဟုအမည်တွင်
စေခဲ့ပါသည်။

လူနှင့်အထိအတွေ့များ၍ လူစကားပင် နားလည်လေရော့သလားမသိ၊
 ရွှေနီဟုခေါ်လျင်" အု ".." အု "ဟု အသံပြန်ပေးသလို
 စားချိန်ရောက်၍.သူ့ခြံလေးနားဖြတ်သွား
လျှင်လည်း တ"အု".."အု"နှင့် အသံပေးတတ်
ပြန်သည်။ ငယ်စဉ်က သင်းကွပ်မပေးခဲ့သဖြင့်
အရွယ်ရောက် ဝက်သိုးဘဝတွင် ဝက်သတို့
သားအဖြစ် အဖေ့လက်စွဲဖြစ်ရတော့၏။

အရွယ်အစားအမျိုးအနွယ်ကို သဘောကျသော
 ဝက်သတို့သမီးတို့၏ ကမ်းလှမ်းချက်မှန်သမျှ
 ရွှေနီသည်ကားသူရဲကောင်း။
ရွှေနီစွမ်းဆောင်မှုရလာဒ်အဖြစ် ဝက်သတို့
သမီးတို့သားကျတိုင်း ခေါင်ဝက်ငယ်လေး
တစ်ကောင်အမြဲရ၏။ ပေါက်ဈေးနှင့်ရောင်း
ပြီးတိုင်းရလာသော ငွေစကလေးများကား
အမေ့၏သည်းချေ ဖြစ်ရပေသည်တမုံ့။

ဘူတာရုံပိုင်လေး ကိုစံဝကားရွှေနီကို သဘောကျသူများအနက်
အပိုဆုံးဖြစ်၏။ လမ်းကြုံတိုင်း
ရွှေနီထံဝင်လယ်၏။ ကျောသပ်ခေါင်းသပ်
အရွက်စိမ်းကျွေးရင်း အပြန်အလှန်စကားပြော
နေတတ်သူလည်းဖြစ်၏။ ကိုစံဝမှာအဖေနှင့်
သာမက တစ်အိမ်သားလုံးနှင့်ပြောမနာဆိုမနာ
ရင်းနှီးကြပါသည်။ အဖေက စံဝ ဟုခေါ်ပြီး
အမေက မောင်စံဝဟုခေါ်သည်။ ကျွန်တော်က
အကိုစံဝဟုခေါ်ပြောပါ၏။
ရွှေနီကိုရချင်လွန်းသဖြင့် အဖေ့ထံတစ်မျိုး အမေ
ထံတစ်လီ ကျွန်တော့ထံတစ်သွယ်တောင်းဝယ်ပါ
သည်။ အဖေက.ဆဲလွှတ်သည်။ အမေက
တောင်းပန်သည်။ ကျွန်တော်ကခေါင်းခါခဲ့
သည်ချည်း။ ၁၅၀ ကျပ်တန်မည်မှန်းသိလျက်
၂၀၀ အထိဈေးပေးပါ၏။ ကိုစံဝလက်လျော့
ခဲ့ရသည်သာ။
အဖေနှင့်ကားမီးရထားဝန်ထမ်းချင်းမို့ခင်သ
လို ကျွန်တော်နှင့်ကားဝါသနာတူ။ လိုင်းခန်း
တန်းလျားကျိတ်ဝိုင်းတွင် ဆုံနေကြ။ ဒိုင်နှင့်ထိုး
သားနေရာတစ်ပြန်စီယူဘူးကြသည်။ ခင်တာ
တခြားယှဉ်တာကြတော့တအား။
တစ်နေ့..အိမ်နှင့်ညောင်ပင်ကြီးတစ်ပင်သာ
ခြားသောကျိတ်ဝိုင်းတွင်ဆုံသည်။သူက
Bank ။ကိုယ်ကPlayer ။ပါသမျှပြောင်။
ကိုစံဝရှေ့တွင်ပုံနေ၏။အဖေကနောက်က
ကြည့်၍အားမရ။ချိုးလက်ပြောင်းသည်။
ဝင်ကိုင်သည်။ဝင်ပြင်သည်။မရ။
ချွေးစီးကအတောမသတ်။မိုးကချုပ်တော့မည်။
လက်ကိုင်ကလည်းပြတ်
ပြီ။ အဖေကို အမေထံပြန်တောင်းခိုင်းသည်မှာလည်း
တတိယအကြိမ်မြောက်ပြီ။ ၁၀ တန်
၂၀ တန် အသစ်ကလေးများပါလာပြီဆိုက
တည်းက အမေ့ဆီမှာလည်းပြောင်လောက်
ပြီကိုသဘောပေါက်မိ၏၊ အဖေယူလာသမျှ
ကိုစံဝက ဆည်ဝမှပိုက်တားသလိုသိမ်းကြုံး
ယူနေတော့သည်။ ပူလေ.ထူလေ..ထူလေ
ပူလေ..ကစားသမားသဘာဝ..
တတိယအကြိမ်အဖေပြန်လာတော့ငွေမပါ
လာ။လက်ကိုင်ပုဝါဖြူလေးဖြင့်ထုတ်ထား
သောနံသာဖြူ နံ့သင်းနေသည့်အမေ့
နားကပ်ကလေးသာပါတော့၏။
အမေစိတ်ဆိုးမာန်ဆိုးဒေါသတကြီး
ဖြင့်ဆောင့်အောင့်ပေးလိုက်ခြင်းမဟုတ်မူ
ကားအကြိမ်ကြိမ်တောင်းဘူးသူကျွန်တော်
အသိဆုံးဖြစ်ပါပေ၏။
" ဟာ...ဒါနဲ့တော့မလုပ်ချင်ပါဘူးအဖေရာ."
အဖေကိုနားကပ်ထုပ်လေးပြန်ပေးရင်း..
" ကဲ..အကိုစံဝရေ..ကုန်ပြီ..နားတော့မယ် "
ထရန်ပြင်တော့အဖေကပခုန်းကိုဖိထားသည်။
" ဟေ့ကောင်.စံဝ..မင်းလိုချင်တဲ့ရွှေနီယူ
လိုက်လေကွာ..မင်းပေးတဲ့ဈေး၂၀၀နဲ့ "
ကိုစံဝကအနိုင်ငွေများအိပ်ထဲစုထည့်ရင်း
" မလိုတော့ဘူးဗျ....မိန်းမကမကြိုက်ဘူး "
လေသံက မူနေမှန်းအသိသာကြီး....
" ကဲ..၁၅၀ ပဲပေးကွာ..တို့ရှုံးနေတာလဲမင်း
အမြင်ပဲ."..ကိုစံဝ မူမနေနိုင်တော့...
ငွေချက်ချင်းခြေသည်..ဝိုင်းပြန်ဆက်သည်..
တစ်ပွင့်စီးဖဲကားအရှိန်မသေနိုင်....
တစ်ညလုံး..မထူတဲ့နလံ..ရောင်နီအလာတွင်
ပြောင်တလာခင်းလျက်ပြောင်တလင်းခါပြန်
ပါတော့၏။ဝိုင်းသိမ်းလူစုခွဲအိမ်အပြန်...
သားရုပ်လက္ခဏာအားအလွတ်ရပြီးသူ အမေ
ကသွားတိုက်ဆေးထည့်ပြီးသွားတိုက်တန်..
သဘက်ဆပ်ပြာအသင့်ချထားပေးရင်း
" ငါ့သား..မျက်နှာသစ်လိုက်...ကြက်ဥကျော်
ထားတယ်၊ထမင်းစား...ပြီးမှအိပ်တော့.
.အမေအိပ်ယာပြင်ထားတယ်.."
ကျွန်တော့အမည်ရင်းကိုအမေသေသွားသည်
အထိဘယ်တုန်းကမှမခေါ်ဖူးခဲ့.....
အနိုင်အရှုံးမေးရန်မလို..အဆီပြန်.မျက်နှာမဲ.
မျက်တွင်းချိုင့်.မျက်နှာသေက..အဖြေထွက်
ပြီးသား...
အဖေကားမအိပ်အားသေး...
တအု...တအု..နှင့်အော်ကောင်းနေသော
ရွှေနီအား..သခင်သစ်အိမ်အရောက်ချောမော
စွာခရီးပေါက်ရေးတွန်းထိုးဆွဲငင်ခရီးနှင်နေဆဲ...
နေမင်း.လမင်းပမာမိဘ တို့.မည်သည်သားမိုက်
သမီးမိုက်တို့အတွက်ပင်လျင်ထာဝရအလင်း
ပေးမပျက်ကွက်ခဲ့ကြပါတကား.......အကယ်
တန်တုသည်လိုမိဘများကျွန်တော်နှင့်ထိုက်
တန်ခဲ့ပါ၏လော..ကိုယ်တိုင်မေးခွန်းထုတ်ခဲ့ငြား
အဖြေပေးရန်မဝန့်ခဲ့ပါကြောင်း....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...