သူရဲကောင်းမျိုး
တေးရေး - လူဗိုလ်
တေးဆို - ခွန်းပက်ထား
ဆုံးဖြတ်ချက်
ပြတ်သားပြီးကြ သူတွေ
အတွေးအသိနဲ့
အများအတွက် ကိုယ်ကျိုး စွန့်ကြသူတွေ
အောင်ပွဲ
ဝေးလွန်းမက ဝေးတဲ့ အရပ်မှာဘဲ ရှိနေနေ
တူယှဉ်ညီ
အရောက်လှမ်း ခရီးနှင်မလေ ….။
ဘဝတခုထက်
အမှန်တရားဖက် ရပ်ကြသူတွေ
အသက်တခုအတွက်
မငဲ့ကွက် အကြောက်တရား ကင်းကြသူတွေ
ခြင်္သေ့ ရဲရဲရင့်ဟန်နဲ့
သတ္တိသွေး စွေးစွေးနီနေနေ
ရန်သူကို
ရန်စည်ုး ပြတ်သူတွေ ……။
ရင်မှာလေ
ယုံကြည်ချက်ဇွဲ မြဲမြဲမြန် ထားရှိသူတွေ
ခိုင်ခိုင်မာ
တော်လှန်သူပဲ တလှမ်းချင်းအတွက် အဓိပ္ပါယ် ထားရှိနိုင်စေ
ပြည်သူ့ရဲ့သွေး
ပြည်သူ့ရဲ့သား ဇာနည်တွေ
(သူရဲကောင်းမျိုး
သေရိုး မရှိပေ……)2
နားဆင်ရန် -> https://soundcloud.com/lu-bo/dzpcnwp3w4nr
Source By: Yoe Khittaya (Facebook)
0 comments:
Post a Comment