Tuesday, June 20, 2017

အရုပ်ကို ခရုခွံနဲ့ဝယ်ခြင်း

Soe Naing

၆ နှစ် အရွယ် ကောင်မလေး နဲ့ ၄ နှစ်အရွယ်ကောင်လေး မောင်နှမနှစ်ယောက် ကမ်းခြေကနေဆော့ပြီး အိမ်ကိုလမ်းလျှောက်ပြန်လာကြတယ်။ ကောင်လေးက ရှေ့ကလျှောက်ရင်း သူ့အစ်မ မပါမှန်း သိလို့ နောက်လှည့်ကြည့်လိုက်တော့ ကောင်မလေးက အရုပ်ဆိုင်ရှေ့မှာ အရုပ်ကလေးတွေကို ငေးနေတယ်။
ဒါနဲ့ ကောင်လေးက အစ်မ အဲဒီအရုပ်ထဲက ဘယ်အရုပ်ကို သဘောကျလို့လဲ။ ကောင်မလေးက သူကြိုက်တဲ့ အရုပ်တစ်ရုပ်ကို လက်ညိုးထိုးပြတယ်။ ကောင်လေးက တကယ့်အစ်ကိုကြီး အမူအရာနဲ့ ကောင်မလေးလက်ကို ဆွဲပြီး အစ်မကိုဝယ်ပေးမယ် လို့ပြောလုက် တယ် ။ ကောင်မလေး အရမ်းပျော်သွားတယ်။ သူတို့ မောင်နှမ နှစ်ယောက် ပြောနေတာကို အရုပ်ဆိုင်ပိုင်ရှင်က ကြည့်ပြီး သဘောကျနေတယ်။
ဒါနဲ့ ကောင်လေးနဲ့ ကောင်မလေး အရုပ်ဆိုင်ထဲကို ၀င်လာတယ်။ ကောင်လေးက အရုပ်ကို လက်ညိုးထိုးရင်းမေးလိုက်တယ်။
အဲဒီအရုပ်ရဲ့ တန်ဖိုးက ဘယ်လောက်လဲ?

ဆိုင်ပိုင်ရှင်။ ။မင်းက ဦးကို ဘာပေးနိုင်လို့လဲ
ကောင်လေး။ ။ (သူ့အိတ်ထဲမှာ ထည့်ထားတဲ့ ပင်လယ်ကမ်းခြေက ကောက်လာတဲ့ ခရုခွံတွေကို ပြလိုက်ပြီး) ဒါတွေပေးမယ်
ဆိုင်ရှင်။ ။ ကောင်းပြီ ၊ ဒါဆိုရင် မင်းရဲ့ခရုခွံတွေကို ရေကြည့်ရအောင်
လို့ပြောပြီး ဆိုင်ရှင်က ခရုခွံတွေကိုရေတွက်တယ်။
ကောင်လေးက စိုးရိမ်တကြီး နဲ့ အဲဒါတွေက နည်းနေလို့လားဟင် လို့ပြန်မေးတဲ့အခါ ဆိုင်ရှင်က မဟုတ်ဘူး ၊ မနည်းပါဘူး ၊ များတောင်နေပါသေးတယ် လို့ ဆိုပြီး ခရုခွံ ၄ ခု ကိုသာယူပြီး ကျန်တဲ့ခရုခွံတွေကို ကောင်လေးကို ပြန်ပေးလိုက်တယ်။ ကောင်မလေးလိုချင်တဲ့ အရုပ်ကိုလည်း ပေးလိုက်တယ်။ မောင်နှမနှစ်ယောက် တစ်ယောက်လက်တစ်ယောက်ဆွဲပြီး ပျော်ရွှင်စွာအော်ဟစ်ပြီး ထွက်သွားကြတယ်။
ဒါကို အစအဆုံးမြင်နေရတဲ့ ဆိုင်ဝန်ထမ်းကောင်လေးက ဆိုင်ရှင်ကို အံသြတကြီးနဲ့ မေးတယ်။
"ဆရာဘယ်လိုလုပ်လိုက်တာလဲဗျာ ၊ ဒီလောက်တန်ဖိုးကြီးတဲ့ အရုပ်ကို ဒီဘာမှမတန်တဲ့ ခရုခွံ ၄ ခု နဲ့ ဘာလို့လဲ လိုက်တာလဲ"
ဆိုင်ရှင်က
"အေး ဟုတ်တယ် မင်းတို့ငါတို့အတွက်တော့ ဒီခရုခွံဟာ ဘာမှတန်ဖိုး မရှိတဲ့ အရာကွ ၊ ဒါပေမယ့် ကောင်လေးအတွက်တော့ အဖိုးတန်တဲ့အရာပဲ ၊ သူ့အသက် ငယ်ငယ်လေးမှာ ပိုက်ဆံအကြောင်းကို သူနားလည်မှာ မဟုတ်ဘူး ၊ တစ်နေ့သူအသက်ကြီးလာတဲ့အခါ ပိုက်ဆံအကြောင်းကို နားလည်လာလိမ့်မယ် ၊ အရုပ်ကို ခရုခွံနဲ့ မဟုတ်ပဲ ပိုက်ဆံနဲ့ ၀ယ်ရမယ့်အကြောင်း သူသဘောပေါက်လာလိမ့်မယ် ၊ တစ်ချိန်က အဖိုးမတန်နဲ့ ခရုခွံတွေ နဲ့ အရုပ် ၀ယ်ဖူးတဲ့အကြောင်း မှတ်မိနေလိမ့်မယ် ၊ ငါ့ကိုလည်း မှတ်မိနေလိမ့်မယ် ၊ အဲဒီအခါမှာ ကမ္ဘာကြီးဟာ ကိုယ်ချင်းစာစိတ်ရှိတဲ့လူတွေလည်း ရှိနေပါလားလို့ သူတွေးမိလိမ့်မယ် ၊ အကောင်းမြင်စိတ်တွေ ရလာလိမ့်မယ် ၊ အဲဒါဟာ အရုပ်ကို ခရု နဲ့ လဲ လိုက်ရတဲ့ အကြောင်းပါပဲ" လို့ပြောလိုက်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...