Friday, June 9, 2017

နင်လားဟဲ့ လောကဓံ

Soe Naing

အဲဒီအဖွားနာမည်​က ​ဒေါ်ဝိုင်း လို့​ခေါ်တယ်​..
ငယ်​စဉ်​တုန်းက​တော့ လယ်​နဲ့ယာနဲ့
တင့်​​တောင့်​တင့်​တယ်​ ​နေနိုင်​တဲ့သူ ​တောသူ​ဌေး​ပေါ့​လေ..
လွန်​ခဲ့တဲ့ နှစ်​​ပေါင်း ၃၀ ၀န်းကျင်​က သူ့အိမ်​ဟာ
ကျွန်​​တော့်​ နယ်​မြို့​​လေးရဲ့ အလှဆုံးနဲ့ ပထမဆုံး​သော တိုက်​အိမ်​ပဲ..
မှန်​​တွေတပ်​ထားတဲ့ သူ့အိမ်​ပြတင်း​ပေါက်​​တွေကို
တစ်​မြို့လုံးကလူ​တွေ အထူးအဆန်းလုပ်​ပြီး သွားကြည့်​ကြတာကို
ကျွန်​​တော်​မှတ်​မိ​နေ​သေးတယ်​..

သူ့မှာ ​မောင်​မိုးနဲ့ မ​အေးဆိုတဲ့ သားသမီးနှစ်​​ယောက်​ရှိတယ်​..
စီးပွား​ရေး​လေးက အတန်​ငယ်​​ပြေလည်​​တော့ သားနဲ့သမီးကို
အရမ်းအလိုလိုက်​တာ..

ယောက်ျားကလည်း လူ​အေးတစ်​​ယောက်​ဆို​တော့
လယ်​​လေးလုပ်​လိုက်​ တရား​လေးထိုင်​လိုက်​နဲ့
တစ်​​နေကုန်​​တောင်​ စကားတစ်​လုံးမ​ပြောတဲ့သူမျိုး..
သားသမီးကို စည်းနဲ့ကမ်းနဲ့မချစ်​တတ်​​တော့ နှစ်​ သလိုဖြစ်​ပြီး
သူ့သားနဲ့သမီး ဆိုးချက်​ဆိုတာ ကမ်းကုန်​တယ်​​ပြောရမယ်​..
အ​မေက အလိုလိုက်​ အ​ဖေက လူ​အေးဆို​တော့
သောင်းကျန်းချင်​တိုင်း​သောင်းကျန်းတယ်ဆိုတာ​​လေ..
မိဘကို ငယ်​ပါနဲ့နှုင်းပြီးဆဲတယ်​ဆိုတာက​တော့
မနက်​တိုင်းကြားရလို့ ရိုး​နေပြီ..
စိတ်​မထင်​ရင်​ မထင်​သလို မ​အေကို ပါး​လေးနား​လေး
ရိုက်​တတ်​​သေးတယ်​..
ဒီလိုနဲ့ တစ်​​နေ့ ​ဒေါ်ဝိုင်းရဲ့ ခင်​ပွန်း ကိုလူ​အေးကြီး ဆုံးပါ​လေ​ရော..
ပထမတစ်​နှစ်​ နှစ်​နှစ်​​တော့ အ​ခြေသိပ်​မပျက်​ဘူး..
သုံး ​လေး နှစ်​​လောက်​လည်းကြာ​ရော ဟိုလူကလိမ်
ဒီလူကလိမ်​ ၊ သားက အရက်​သမား ၊ သမီးက ဖဲသမားဆို​တော့
ရှိတဲ့လယ်​​တွေ​ရောင်းလိုက်​ရတယ်​..
အဲဒီမှာ မ​အေကြီးငုတ်​တုတ်​ရှိရက်​သားကို သားနဲ့သမီးက
အ​မွေ​တောင်း​တော့တာပဲ..
ရှိတဲ့တိုက်​အိမ်​ကိုမျက်​​စောင်းထိုးကြပြီ​လေ..
ရပ်​ကွက်​က ရပ်​မိရပ်​ဖ​တွေ တား​နေတဲ့ကြားက 
ဒေါ်ဝိုင်းကြီးတစ်​​ယောက်​ အိမ်​နဲ့ခြံကို​ရောင်းပြီး သားနဲ့သမီးကို
အ​မွေခွဲ​ပေးလိုက်​တယ်​..
နောက်​တစ်​​နေ့မှာပဲ ​ငွေထုတ်​ပိုက်​ပြီး သားနဲ့သမီးက
တစ်​ခြားမြို့ကို​ပြောင်းသွားပါ​လေ​ရော..
ပထမ​တော့ သားရှိတဲ့မြို့ သမီးရှိတဲ့မြို့​တွေမှာ
တစ်​လှည့်​စီ လိုက်​​နေ​သေးတယ်​..
သားအလိမ္မာတုံး​လေးက မူးလာတိုင်း
အ​မေအိုကြီးကို လက်​သီးစာ ​ခြေ​ထောက်​စာ​လေး 
ကျွေး​နေ​လေ​တော့ ဒဏ်​မခံနိုင်​ဘူးဆိုပြီး သမီးရှိတဲ့မြို့ကို
တစ်​လှည့်​သွား​နေတာ​ပေါ့..
သမီးအလိမ္မာ​လေးကလည်း ညညဖဲဝိုင်းမှာ ဒီအဖွားကြီးက
ဘုရားအကျယ်​ကြီးရှိခိုးလို့ နားညည်းတယ်​ဆိုပြီး
ဖဲဝိုင်းရှိတဲ့ညတိုင်း အ​မေအိုကြီးကို အိမ်​အပြင်​ခြံ​ထောင့်​က
ကုက္ကိုပင်​​အောက်​မှာ ဖျာခင်းပြီး အိပ်​ခိုင်းတယ်​..
ဆောင်းတွင်းဆို​တော့ ​ဒေါ်ဝိုင်းတစ်​​ယောက်
၁ ပတ်​​လောက်​နဲ့ ​အောက်​ပိုင်းချိပြီး လမ်းမ​လျောက်​နိုင်​​တော့ဘူး.
ဒါက ​ဒေါ်ဝိုင်းဆိုတဲ့ အဖွားကြီး ရဲ့ ကိုယ်​​ရေး အကျဉ်းဆိုပါ​တော့..
ကျွန်​​တော်​ သူ့ကိုပြန်​​တွေ့တဲ့အချိန်​မှာ
သူ့မျက်​လုံး နှစ်​ဖက်​လုံးကွယ်​​နေပြီ..
သားနဲ့သမီးရှိတဲ့ မြို့က​နေ သူ့ဇာတိကျွန်​​တော်​တို့မြို့​လေးဆီ
ပြန်​လာပြီး တုတ်​​ကောက်​တစ်​​ချောင်းအားပြုလို့
ကြွပ်​ကြွပ်​အိပ်​အနက်​​ရောင်​​အထုပ်​​လေးတစ်​ထုပ်​ကို
ခါးမှာချည်​ပြီး ဟိုလူ့အိမ်​ကထမင်း​တောင်း
ဒီလူ့အိမ်​ကဟင်း​လေး​တောင်​နဲ့ ဘ၀​နေ၀င်​ချိန်​ကို
ဆင်းရဲကြီးစွာဖြတ်​သန်း​နေရတယ်​..
တစ်​​နေ့​တော့ လမ်း​ဘေးမှာလဲ​နေတဲ့ ​ဒေါ်ဝိုင်းကို ဘိုးဘွားရိပ်​သာပို့ဖို့
ရပ်ကွက်ကလူ​တွေက ​​ကျွန်​​တော့်​ကို တာဝန်​​ပေးတယ်​..
မျက်​စိကမမြင်​ ​ခြေ​ထောက်​ကမသန်​ အိုမင်းမစွမ်းဖြစ်​​နေရှာတဲ့
သူ့အတွက်​ အဆင်​​ပြေမယ့်​ဘိုးဘွားရိပ်​သာ​လေးတစ်​ခုကို ရှာပြီး
ကျွန်​​တော်​ကိုယ်​တိုင်​ လိုက်​ပို့​ပေးခဲ့ပါတယ်​..
ဘိုးဘွားရိပ်​သာကို​ရောက်​​တော့ နာယကဆရာ​တော်​ဆီမှာခွင့်​ပန်​ပြီး
ဒေါ်ဝိုင်းကို အဖွား​ဆောင်​မှာ​နေရာ​ပေးတယ်​..
သူ့ ခါးမှာ ကြိုးနဲ့ ကျစ်​​နေ​အောင်​ အမြဲချည်​ထားတဲ့
ကြွပ်​ကြွပ်​အိပ်​အနက်ေ​​ရာင်​လေးကို ကျွန်​​တော်​ကယူပြီး
သူအိပ်​ရမယ့်​ ကုတင်​​ခြေရင်းက ​သေတ္တာ​လေးထဲ ​ပြောင်းထည့်
ပေးတာ​ပေါ့..
ကြွပ်​ကြွပ်​အိပ်​​လေးထဲမှာ ...
ယောဂီထမီ အ​ဟောင်းတစ်​ထည်
ညစ်​နွမ်းနွမ်း သဘက်​တစ်​ထည်
အဖာရာ ​ဗလပွနဲ့ အ​နွေးထည်​တစ်​ထည်
ပန်းကန်​ပြားတစ်​ချပ်
တစ်​စုံတစ်​ရာကို လိပ်​ထားတဲ့ လက်​ကိုင်​ပုဝါ​လေးတစ်​ခု..
စုစု​ပေါင်းပစ္စည်း ငါးမျိုး ထွက်​လာတယ်​..
လက်​ကိုင်​ပုဝါ​လေးထဲမှာ ဘာများပါလို့
ဒီ​လောက်​တရိုတ​သေ သိမ်းထားတာပါလိမ့်​ဆိုပြီး
ကျွန်​​တော်​​ဖြေကြည့်​လိုက်​တဲ့အခါ..
အိုး.....
သူ့အ​ပေါ် ဘ၀တစ်​သက်​တာလုံး နှိပ်​စက်​ခဲ့တဲ့
သူ့ဘ၀ကို သူ​တောင်းစား သာသာဖြစ်​​အောင်​ လုပ်​ခဲ့တဲ့
သူ့ဘ၀​နေ၀င်​ချိန်​ကို အားကိုးရာမဲ့​အောင်​လုပ်​ခဲ့တဲ့
သူ့ သားနဲ့ သမီးရဲ့ ဓာတ်​ပုံ​လေးထွက်​လာခဲ့ပါတယ်​..
ကျွန်​​တော်​​လေ ရင်​စို့သွားလိုက်​တာ ဆိုတာ..
မိဘ ​မေတ္တာ ..မိဘ​မေတ္တာ..
စာဖွဲ့စရာ စကားလုံးမရှိဘူးဆိုတာ သိပ်​မှန်​တာပဲ..
ကျွန်​​တော်​​တွေးတယ်​ ...
သူကမျက်​မမြင်​တစ်​​ယောက်​ ဖြစ်​​နေပြီ​လေ..
ဒီဓာတ်​ပုံကို သူသိမ်းထား​တော့​ရော မြင်​ရပါ့မလား..
မြင်​နိုင်​လိမ့်မယ်​ထင်​ပါတယ်​..​နော်​..
ဒီဓာတ်​ပုံကို အဖွားအိုဟာမိခင်​​မေတ္တာအလင်း​နဲ့ ကြည့်​ပြီး
ခံစားမြင်​နိုင်​ပါလိမ့်​မယ်​..
ပစ္စည်း​လေး​တွေကို ​သေတ္တာထဲ စီစီရီရီထည့်​ပြီး
ကျွန်​​တော်​ပြန်​မလို့ သူ့ကိုနှုတ်​ဆက်​လိုက်​တယ်​..
"အဖွား ကျွန်​​တော်​ ပြန်​​တော့နော်​.."
"​အေး..​အေး..ပြန်​​တော့ ပြန်​​တော့.."
ကျွန်​​တော်​လှည့်​ထွက်​လာတဲ့အခါ အဖွားဝိုင်းက
ကျွန်​​တော့်​ကို လှမ်း​ခေါ်တယ်​..
"လူ​လေး​ရေ..လူ​လေး..
အဖွားသားနဲ့သမီး ​ကိုမိုးနဲ့ မ​အေး က အဖွားကိုလာရှာရင်
အဖွားဒီ​ရောက်​​နေတယ်​လို့ လမ်းညွှန်​လိုက်​ပါအုံး​နော်​.."
ဘာအ​ဖြေမှ ပြန်​မ​ပေးဘဲ ကျွန်​​တော်​ စိတ်​မ​ကောင်းစွာနဲ့
ဆက်​​လျောက်​လာခဲ့တယ်​..
တစ်​​နေ့ပြီး တစ်​​နေ့......
ဘိုးဘွားရိပ်​သာတစ်​ခုရဲ့ ကုတင်​​ပေါ်မှာ ပျင်းရိငြီး​ငွေ့စွာနဲ့
ထိုင်​လိုက်​ အိပ်​လိုက်​ လုပ်​​နေရင်း ....
ဘယ်​​တော့မှ လာ​တွေ့မှာမဟုတ်​တဲ့ သားနဲ့သမီးကို
မျှော်​လင့်​ခြင်းကြီးစွာ ​စောင့်​​နေရင်း ...
လက်​ကိုင်​ပုဝါ​လေးထဲက သားနဲ့သမီးဓာတ်​ပုံကို
ကန်း​နေတဲ့ မျက်​လုံး​တွေနဲ့ အလွမ်း​ပြေကြည့်​ရင်း..
အဖွားအိုတစ်​​ယောက်​ဟာ ...
ဘ၀​နေ၀င်​ချိန်​ကို ​စောင့်​​မျှော်​ဖြတ်​သန်း​နေ​လေရဲ့..။....။....။
....................................
ကိုစိုးထိုက်​(ဖဒို)
30.5.2017

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...