Friday, June 9, 2017

အရူး နဲ့ သူခိုး

………………
နေချင်သလိုနေတယ် ။
ပိပိရိရိ နေတယ် ။
အမှန်ပြောတယ် ။
လိမ်ညာ ပြောတယ် ။
သူထင် မြင်ရာ ကို အလောတကြီးပြောတယ် ။
သိုသိုသိပ်သိပ် အကွက်ချ ပြောတယ် ။
ကျွေးရင်စားတယ် ။
ဗိုက်ပြည့်နေသလို ဟန်ဆောင်တယ် ။
ပေးရင်ယူတယ် ။
သူလည်းယူတယ် ။
နေရာမရွေးထိုင်ချင်ထိုင်တယ် ။
နေရာကောင်းမှာရွေးထိုင်တယ် ။
ရေအိုးစင် ရေ သောက်တယ်
ခိုးထားတဲ့ငွေနဲ့ဝယ်သောက်တယ် ။
တစ်ဦးတည်းနေထိုင်သွားလာတယ် ။
အဖော်ခိုးသား ငါးရာနဲ့ စုဖွဲ့နေတယ် ။
။(ဘုရားရှင်လက်ထက်)
လမ်းဘေး ကြုံသလို အိပ်တယ် ။
ခြံကြီးဝင်းကြီးမှာ ဝင်အိပ်တယ်။ (ခိုးမယ့်အိမ်)
မိသားစုအကြောင်း မသိဘူး ။
မိသားစုကောင်းစားရေး သိတယ် ။
တွေ့တာ ကောက်တယ် ။
ဝေ့ရင် ဖျောက်တယ် ။
ပြန်တောင်းရင် ပေးချင်ပေးမယ် ။
မိရင် ပြန်ပေးတယ် ။
အရူး အရူး အော်လို့မပြေးဘူး ။
သူခိုးသူခိုး အော်ရင် ကွင်းလုံးကျွတ်ပြေးတယ် ။
ကဲ………
သူခိုး နဲ့အရူး
ဘယ်သူက တစ်မူး အသာ
မျက်နှာမှာ ဆိုင်းဘုတ်မချိတ်
အတွင်းစိတ် အပုပ်နံ့သင်း
ပုခုန်းချင်း အတူတူယှဉ်
ဝတ်ဆင်ပုံ သဏ္ဍန်ကွဲ
အကြံမတူ ဥာဏ်ကူလို့ ရဲ
သူခိုးကြီးများ ဝက်ဝက်ကွဲတဲ့ ပွဲ ။ ။

(ကိုရွှေကေဇာ)

  1 comment:

  1. photo လေး share ချင်လို့ ယူလို့ရပါမလား

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...