Monday, February 28, 2011

မျက်မမြင်ပုဏားရဲ့ Civil Society

ဖိုးထောင် - မေးချိန်တန်လို့ မေးရတော့မှာပဲ ကိုလူပွားရေ။ တလောတုန်းက အင်တာနက်ထဲမှာ ပွဲဆူသွားခဲ့တဲ့
“အတ္တ ပရဟိတလုပ်ငန်း၊ လမ်းသစ်နဲ့ ရေးချိန်တန်က ရေးရမှာပဲ” ဆောင်းပါးတွေနဲ့ပတ်သက်တဲ့ ကိစ္စ
လေး ရှယ်ပါဦးဗျ။ အဲ့ဒီထဲက Civil Society ဆိုတာလေးကိုရောပေါ့။
လူပွား - ဖြေချိန်တန်လို့ဖြေလိုက်ပါ့မယ်ဗျာ။ ဖြေချင်လွန်းလို့ ကျွံသွားရင်သာ လွတ်ခွင့် …။ ဒီနေရာမှာ (၂)ပိုင်း
ခွဲပြောချင်တယ်ဗျာ။ တပိုင်းက ဆောင်းပါးကိစ္စ၊ နောက်တပိုင်းကတော့ Civil Society ကိစ္စပေါ့။
ပထမပိုင်းကို မပြောခင် ပလ္လင်တော့ခံခွင့်ပြု။ ဒါက ကျနော့်မူနဲ့ငြိနိုင်လို့ပါ။ ကျနော့် မူအရဆိုရင်
ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းတွေလုပ်မှာမဟုတ်ဘူး။ လိုနေမယ်လို့မြင်တဲ့ အချက်အလက်တွေ၊
အယူအဆတွေကို ဖြည့်စွက်ရုံပဲ။ ဒီတော့ ဆောင်းပါးကိစ္စကို အကျဉ်းပဲ ပြောတော့မယ်။ Civil
Society ကိုတော့ ကျနော်နားလည်သလောက် ပိုရှင်းချင်သဗျ။

ဖိုးထောင် - နိဒါန်းကို ဤမျှလောက်နဲ့ရပါပြီ။ စပါတော့ဗျို့။
လူပွား - ဒီလိုဗျာ။ ကျနော့်လက်ကိုင်စကားအရဆိုရင် ဒါတွေက လူမှုဗေဒတွေဗျ။ ချဲ့ချင်ရင် ချဲ့သလောက်၊
ငြင်းချင်ရင် ငြင်းသလောက်ရတယ်။ အချစ်ဆိုတာကို အဓိပÜါယ်ဖွင့်မယ်ဆိုရင် ၁ + ၁ = ၂ ဆိုတဲ့
သချာင်္သဘောမဟုတ်တာတော့ ကျိန်းသေတယ်။ ဒီတော့ အဖြေတွေက ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊
ပေးဆပ်ခြင်းဆိုတာတွေ အမျိုးမျိုးထွက်လာမှာပဲ။ ဘယ်ဟာမှန်ပြီး၊ ဘယ်ဟာမှားတယ်လို့ ပြောမလဲ
ဗျာ။ ဒီသဘောပါ။ ဆောင်းပါးတွေနဲ့ပတ်သက်ပြီး ပြောစရာက တခုပဲ။ ပုံပြင်ထဲက မျက်မမြင်ပုဏÖား
တွေလို ကျနော်တို့မြင်တဲ့ အယူအဆတွေကို တင်ကြမှာပဲလေ။ တင်ပိုင်ခွင့်လည်းရှိတယ်။ အကျိုး
ဆက်ကို ကြည့်တတ်ဖို့ပဲလိုမှာ။ (ဆရာ)လူထုစိန်ဝင်းက သူ့ဖြတ်သန်းမှုအတွေ့အကြုံတွေနဲ့ ခံယူ
ချက်အမြင်တွေကိုအခြေခံပြီး NGOs တွေကိုဝေဖန်တဲ့ အတ္တပရဟိတလုပ်ငန်း ဆောင်းပါးကို ရေး
တယ်။ ဒါကိုပဲ ကိုအောင်သူငြိမ်းကလည်း သူ့ ထိစပ်လေ့လာမှုနယ်ပယ်အရ လိုမယ်လို့ယူဆတာ
လေးတွေကို လမ်းသစ်ဆောင်းပါးအမည်နဲ့ ဖြည့်လိုက်တယ်။ ဒါကိုပဲ ဦးဖိုးသာအောင်(နော်ဝေ) အပါ
အ၀င် အခြားသူတွေက အပြန်အလှန်ငြင်းခုံဆွေးနွေးကြတယ်လေ။ သိပ်ကောင်းတဲ့ ဒီမိုကရေစီ
ပြကွက်တခုပေါ့ဗျာ။ ကျနော်တို့လို ပရိသတ်အတွက်တော့ ဘက်စုံအမြင်တွေကို အလုံးအရင်းနဲ့
ရလိုက်ကြတာပေါ့။ တခုပဲရှိတယ်ဗျာ။ ဒေါသတွေ မသင့်မိကြရင် ပိုကောင်းမယ်။
ဖိုးထောင် - ခင်ဗျား ပြောပုံက ယေဘူယျ သိပ်မဆန်လွန်းဘူးလား။
လူပွား - ကျေးဇူးပဲ ကိုဖိုးထောင်ရေ။ တချို့ကိစ္စက ယေဘူယျလောက်ပဲ ရနိုင်သေးလို့ပါ။ ဆိုလိုတာက ဒီလို
ဗျာ။ ပြီးခဲ့တဲ့အပတ်က ဆွေးနွေးသလိုပဲ ကျနော်တို့မှာ မီဒီယာယဉ်ကျေးမှုက အားမကောင်းနိုင်သေး
တော့ တချို့ကိစ္စတွေကို မျက်ကွယ်ပြုထားလိုက်ရတာမျိုးပေါ့။ ခု NGOs ကိစ္စမှာလည်း ဒီလိုပဲ ယဉ်
ကျေးမှု စ တုန်းဆိုတော့ …။ နောက်ပိုင်းမှာ ထိမ်းညှိနိုင်မယ့် ယန္တရားတွေဖြစ်တဲ့ NGOs Watch လို
မျိုး NGOs တွေကို စောင့်ကြည့်လေ့လာမယ့်အဖွဲ့တွေပေါ်လာရင် ရှင်းသွားမှာပါ။ ဘူးသီးအမွှေး
သတ် မလုပ်မိစေဖို့ အခုကာလလေးကို စိတ်ရှည်ဖို့ပြောချင်တယ်။ အကြောင်းတိုင်းမှာ အကျိုးတွေ
ရှိတာပေါ့ဗျာ။ ဆေးဝါးတမျိုးကိုဖေါ်ထုတ်ရင်တောင်မှ ရောဂါအတွက် အကျိုးဖြစ်ထွန်းပေမယ့် ဘေး
ထွက်ဆိုးကျိုးကတော့ ထပ်ရှိနိုင်သေးတာပဲ။ အစိုးရ မလုပ်နိုင်တဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့၊
အစိုးရကို ထိန်းညှိနိုင်ဖို့၊ အာဏာရှင်ရောဂါကို ကုသဖို့ ဖေါ်စပ်ထားတဲ့ NGOs ဆိုတဲ့ ဒီဆေးမှာလည်း
2
Side Effect တော့ရှိမှာပေါ့ဗျာ။ ရောဂါလောက်မပြင်းထန်၊ မဆိုးရွားဘူးဆိုရင်တော့ လက်ခံရမှာပဲ
လေ။ ဒီထက်ကောင်းတဲ့ဆေးကို ဆက်ဖေါ်စပ်ကြဖို့၊ ဒီဆေးရဲ့အန္တရာယ်ကို ကာကွယ်ဖို့တို့ကို ထပ်
တွေး၊ ထပ်အဖြေရှာကြရမှာပေါ့။ ကျနော်တို့က လူတွေပဲ။
ဖိုးထောင် - “မျောက်ပြဆန်တောင်း” ဆိုတာကိုရော ခင်ဗျားဘယ်လိုလက်ခံမလဲ။
လူပွား - ဒီနေရာမှာလည်း ကျနော်တို့ဗိုလ်ချုပ် နိုင်ငံရေးသမားဆိုတာနဲ့ပတ်သက်လို့ ပြောခဲ့သလိုပဲ (အိမ်ပေါ်
ခွေးဝင်အိပ်ရုံနဲ့ ခွေးနေတဲ့အိမ်လို့ ခေါ်မရကြောင်းသဘောပါတဲ့ စကား) အကောင်း၊ အဆိုးကတော့
ဒွန်တွဲ ရှိနေနိုင်တာပဲဗျာ။ အကျိုးနဲ့အပြစ် ဘယ်ဒင်းကပိုများလဲ။ ဘယ်လောက်ပိုများလဲဆိုတဲ့ ပညာ
သဘော၊ သုတေသနသဘောလေးတေနွဲ့ ယှဉ်ပြီး စဉ်းစားဖို့လိုမယ်လို့ မြင်မိတယ်။ မီးဆိုတာ ပူ
တယ်၊ မကောင်းဘူးလို့ ဒုံးတိအမြင်နဲ့ ပယ်လိုက်မယ်ဆိုရင် မီးကရနိုင်မယ့် အပူစွမ်းအင်တို့၊ အလင်း
စွမ်းအင်တို့ကို ကျနော်တို့ရှုံးပြီပေါ့။ ငတ်နေတဲ့ မျောက်တွေအတွက် ရလိုက်တဲ့ဆန်ကိုလည်း မြင်
တတ်ရမှာပေါ့ဗျာ။ ကဲ … ဒီလောက်ဆို ဆောင်းပါးကိစ္စက လုံလောက်ရောပေါ့။
ဖိုးထောင် - ကျေလည်ပါပြီဗျာ။ ခင်ဗျားအလိုအရဆို ဆရာကျော်ဝင်းရဲ့ ထြိုင်ယာလက်တစ် အမြင်လိုလို၊ တတိယ
အမြင်လိုလိုပေါ့။ ဟုတ်ပါပြီ။ နောက်တခုဆက်ပါအုံး။
လူပွား - Civil Society လား။ ဒီကိစ္စမှာလည်း စကားအခံတော့ ထားရအုံးမှာပဲဗျို့။ Civil Society နဲ့ပတ်
သက်လို့ ကမ္ဘာ့အတွေးအခေါ်ပညာရှင်တွေကိုယ်တိုင် ဘုံတူညီတဲ့ အဓိပÜါယ်ဖွင့်ဆိုချက်ဆိုတာ ရှိ
သေးတာမဟုတ်တော့ လိုအပ်မှု၊ လွဲချော်မှုတွေရှိခဲ့ရင် သဘောထားကြီးပေးပေါ့ဗျာ။ နောက်တခုက
ဒီ Civil Society ဆိုတာကို မြန်မာဘာသာနဲ့ အတည်သတ်မှတ်ထားတဲ့ စကားလုံးတောင် ရှိခဲ့တာ
မဟုတ်ဘူးလေ။ လူထုအခြေပြု လူ့အဖွဲ့အစည်းတို့၊ လူထုအဓိကလူ့အဖွဲ့အစည်းတို့၊ အရပ်ဘက်
လူမှုအဖွဲ့အစည်းတို့ဆိုပြီး သင့်တော်သလို ခေါ်ဝေါ်နေကြရတာ။ နောက်ပြီး မြန်မာလို ရေးထားတဲ့
စာအုပ်ဆိုရင်လည်း မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC)ကထုတ်တဲ့ လူထုအဓိက လူ့အဖွဲ့အစည်း
ဆိုတာနဲ့ ထိုင်းနိုင်ငံက ဓမ္မာဝဘ့်ဘာရေးထားတဲ့ စာအုပ်နဲ့ပေါင်းမှ (၂) အုပ်လောက်ပဲရှိတာ။ ကျနော်
ဆိုလိုတာက ကျနော်တို့နိုင်ငံမှာ Civil Society ဆိုတာ သိပ်မကျယ်ပြန့်သေးဘူး။ ဒီယဉ်ကျေးမှုက
သိပ်အခြေမတည်နိုင်သေးဘူးလို့ သတိပေးချင်တာပါ။
ဖိုးထောင် - Civil Society နဲ့ NGOs ဆိုတာက အတူတူမဟုတ်ဘူးလားဗျ။
လူပွား - အဲဒါပေါ့ဗျာ။ တချို့ပညာရှင်တွေကိုယ်တိုင်က ဒီနှစ်ခုကို အတူတူလို့ သဘောထားကြတယ်။ NGOs,
Third Sector, Third Force လို့ခေါ်တဲ့ တတိယ အင်အားစုတွေတည်ရှိခြင်းကိုပဲ Civil Society လို့
ယူဆ သူတွေရှိကြသလို၊ ဒါကို Civil Society ရဲ့ ထောက်တိုင်တခု၊ ယန္တယားတခုလို့ မြင်ကြတဲ့။
ပညာရှင်တွေလည်း ရှိကြတယ်ဗျ။ ခင်ဗျားကြိုက်သလိုသာ ယူပေတော့။ ကျနော်အခုပြောမှာက
တော့ BLC ကထုတ်တဲ့ Civil Society စာအုပ်ထဲက အယူအဆတွေကိုပဲအများဆုံး ကိုးကားပြီး
ပြောမှာ။ ဒါပေမယ့် သီးခြားကြီးတော့မဟုတ်ပါဘူးဗျာ။ Civil Society နဲ့ပတ်သက်ပြီး တွေးခေါ်ခဲ့
ကြတဲ့ ပညာရှင်တွေရဲ့အယူအဆတွေကို ပေါင်းစုထားတဲ့ သဘောပါပဲ။ နောက်ပြီး ဗုဒ¨ရဲ့အတွေး
အခေါ်တချို့ ပါတယ်လို့တောင် မြင်မိတယ်ဗျာ။
ဖိုးထောင် - ဘယ်လိုမျိုးလဲဗျ။ စိတ်ဝင်စားစရာကောင်းလှချည်လား။
လူပွား - ဒီစာအုပ်ရဲ့ အခြေခံအယူအဆပိုင်းမှာ လူတဦးချင်းစီရဲ့ တိုးတက်ဖွံ့ဖြိုးမှုနဲ့ လူအဖွဲ့အစည်းရဲ့တိုး
တက်ဖွံ့ဖြိုးမှုတေကွို ဟန်ချက်ညီအောင် ထိန်းညှထိားတဲ့အယူအဆလို့ ဖေါ်ပြထားတာကိုး။ အတ္တနဲ့
3
ပရကို ဟန်ချက်ညီအောင် ထိန်းညှထိားတာ၊ အတ္တနဲ့ပရဆိုတဲ့ အစွန်းတေကွို ရှောင်ထားတဲ့ အလယ်
အလတ်လမ်းစဉ်ဆိုတော့ ဗုဒ¨အတွေးအခေါ်လို့ပြောရမှာပေါ့ဗျာ။
ဖိုးထောင် - ရှင်းလို့ရသမျှ ထပ်ရှင်းပြပါဦး ကိုလူပွားရေ။
လူပွား - ဆိုလိုရင်းကဗျာ။ လူတဦးချင်းစီရဲ့ လွတ်လပ်မှု၊ တိုးတက်ဖွံ့ဖြိုးမှုကို အဓိကဗဟိုပြုတဲ့ လစ်ဘရယ်
အတွေးအခေါ်မျိုးလည်းမဟုတ်ဘူး။ လူ့အဖွဲ့အစည်းလွတ်မြောက်မှု၊ တိုးတက်ဖွံ့ဖြိုးမှုတို့ကိုပဲ အဓိက
အာရုံပြုတဲ့ ဆိုရှယ်လစ်၊ ကွန်မြူနစ် အတေွး အခေါ်မျိုးလည်းမဟုတ်ဘူး။ လူတဦးချင်း အကျိုးစီးပွား
အခြေခံကနေ လူ့အဖွဲ့အစည်းရဲ့အကျိုးစီးပွားကို စဉ်းစားတဲ့ အတေွး အခေါ်အယူအဆဆိုပါတော့၊
လူတဦးချင်းတိုင်းကို အရည်အသွေးရှိအောင် ပြုစုပျိုးထောင်ပေးရင်း၊ လူသားအရင်းအမြစ်တွေအား
ကောင်းလာအောင် စဉ်ဆက်မပြတ်တည်ဆောက်ပေးပြီး လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးလာအောင်
လုပ်တဲ့နည်းပေါ့ဗျာ။
ဖိုးထောင် - ခင်ဗျားပထမပြောတဲ့ လစ်ဘရယ်အယူအဆနဲ့ ဘာကွာလို့လဲဗျာ။
လူပွား - လစ်ဘရယ်မှာက လူ့အဖွဲ့အစည်းကို ပြန်အကျိုးပြုရမယ့် အတွေးအခေါ်ကို ထည့်မထားတာလောက်
ပဲကွာတာပါ။ Civil Society မှာကတော့ စောစောကပြောသလို လူတဦးချင်းစီအရည်အသွေးရှိဖို့အ
တွက် လူ့အဖွဲ့အစည်းက တာဝန်ယူရတယ်။ ဒီလိုနဲ့ လူတဦးချင်းစီတွေ အရည်အသွေးရှိလာပြီဆိုရင်
လူ့အ ဖွဲ့အစည်းအတွက် တာဝန်တွေပြန်ယူကြရတယ်လေ။ တာဝန်အနေနဲ့က ပေးအပ်တဲ့တာဝန်ဆို
တဲ့ သာမန်စားဝတ်နေရေးကို ဖြေရှင်းရုံတာဝန်နဲ့၊ အသိစိတ်အရ တာဝန်ဆိုတဲ့ ပရဟိတသဘော
ပါတဲ့ တာဝန်ဆိုပြီး ရှိတာပေါ့။ ဥပမာဗျာ ဆေးကျောင်းဆင်းကျောင်းသားတဦး ဆေးရုံတခုမှာ
တာဝန် ထမ်းဆောင်တာဟာ သာမာန်သဘော တာဝန်ထမ်းဆောင်တာပေါ့။ ဒါပေမယ့် ဒီဆရာဝန်
ကပဲ သူ့သဘောဆန္ဒအရ ကျန်းမာရေးပညာပေးလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း
တွေကို ကိုယ်ပိုင်အစီအစဉ်နဲ့ အခမဲ့လုပ်တာတို့၊ ဆေးဝါးကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေ
တည်ထောင်တာတို့က အသိစိတ်အရ ထမ်းဆောင်တဲ့တာဝန်တွေပေါ့ဗျာ။ ဒီတာဝန်တွေက လူ့အဖွဲ့
အစည်းရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို မြှင့်တင်ပေးနိုင်တဲ့ အဓိကမောင်းနှင်အားတွေ ဖြစ်သွားတယ်
လေ။
ဖိုးထောင် - လူတဦးချင်းစီအကျိုးနဲ့ လူ့အဖွဲ့အစည်းအကျိုးကို သဟဇာတရှိရှိ ချိန်ညှိထားတဲ့ အတွေးအခေါ်ပေါ့
နော် …။
လူပွား - ဟုတ်ပါ့ဗျာ။ ဒါကြောင့် ဗုဒ¨ရဲ့အလယ်အလတ်လမ်းစဉ် မဇ္ဈိမပဋိပတာလို့ မြင်မိတာပေါ့။ ဒီလိုပဲ
ကျနော့်အမြင်မှာ ဒီကနေ့ ကမ္ဘာမှာခေတ်စားနေတဲ့ အတေွး အခေါ်တွေမှာလည်း သတိထားမိတယ်။
ဥပမာဆိုရ ရင် Human Rights (လူ့အခွင့်အရေး) အတွေးအခေါ်မှာ လူတဦးချင်း အခွင့်အရေးနဲ့
အုပ်စုအခွင့်အရေးကို သဟဇာတဖြစ်အောင် ထိမ်းညှိတာတို့၊ The Rule of Law (တရားဥပဒေစိုးမိုး
ရေး)မှာ အကြွင်းမဲ့လွတ်လပ်မှုမျိုးဖြစ်တဲ့ မင်းမဲ့စရိုက်နဲ့ အာဏာရှင်စနစ်ဆိုတဲ့ အစွန်းတွေကို
ရှောင်ပြီး၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အချိုးအစားညီညီ ထိမ်းညှိတာမျိုးတွေဟာ အလယ်အလတ်
လမ်းစဉ်ပဲပေါ့။ အလယ်ဆိုပေမယ့် အလယ်တည့်တည့် ဟိုဘက်(၅၀)၊ ဒီဘက်(၅၀) ပေါင်းထားတာ
မျိုးမဟုတ်ပဲ၊ လူ့အဖွဲ့အစည်းတွက် အကျိုးအဖြစ်ထွန်းနိုင်ဆုံးဆုံမှတ်ကို ဆိုလိုတာပေါ့။ လူ့အဖွဲ့
အစည်းရဲ့လုံခြုံမှုကို မထိပါးဘဲ လွတ်လပ်ခွင့်တွေ ခံစားရရှိနိုင်မယ့်အခြေအနေမျိုးပေါ့ဗျာ။
4
ဖိုးထောင် - အတွေးအခေါ်အရတော့ ဟုတ်ပါပြီဗျာ။ ကဲ့လုပ်ပါဦး ခင်ဗျားပြောတဲ့ ဖွဲ့စည်းတည်ဆောက်မှုဆိုတာက
ဘာလဲ။
လူပွား - ဒီဖွဲ့စည်းတည်ဆောက်မှုမှာလည်း တပင်တိုင်တည်ဆောက်မှုမျိုးကို ယဉ်ကျေးမှုမြင့်လာတဲ့လူတွေက
မလိုလားကြတော့ဘူးဗျ။ ဥပမာဗျာ။ သစ်ပင်တပင်ဆိုပါတော့ … ။ ဒီသစ်ပင်ရှင်သန်မှုဟာ ပင်စည်
ဆိုတဲ့ တခုတည်းသောထောက်ပေါ်မှာ တည်မှီနေရတယ်လေ။ ပင်စည်ကျိုးတာနဲ့ ဒီသစ်ပင်သေပြီ။
ဒါက သစ်ပင် …။ ကျနော်တို့ရှင်သန်နေရတာက လူ့အဖွဲ့အစည်းနဲ့။ အစိုးရဆိုတဲ့ ပင်စည်တခုထဲ၊
ခြေထောက်တခုတည်းပေါ်မှာ အားပြုနေလို့မရတော့ဘူး။ ဒီနေရာမှာ အစိုးရဆိုတာကိုငြင်းနေတာ
မဟုတ်ဘူးနော်။ အစိုးရ ဒါမှမဟုတ် အုပ်ချုပ်သူရှိဖို့ လိုတယ်ဆိုတဲ့လူသားအစဉ်အဆက် လက်ခံခဲ့
တာတွေကို မှားတယ်လို့ပြောနေတာမဟုတ်ဘူး။ ဒါပေမယ့် သူတို့ချည်းသက်သက်ကို တာဝန်တွေ
ပုံပေးထားတာဟာ အန္တရာယ်ရှိတယ်လို့မြင်လာကြပြီ။ ဒါကြောင့်ပဲ စားပွဲလို၊ ကုတင်လို ထောက်တွေ
တိုးချဲ့နိုင်ဖို့ စဉ်းစားလာတာ။ ဒါမှ ထောက်တထောက်က အားနည်းနေရင်တောင် ကျန်ထောက်တွေ
က ၀ိုင်းရံနိုင်ကြမှာလေ။ တာဝန်တွေကို တနေရာထဲပုံမထားဘဲ သက်ဆိုင်ရာ၊ သန်စွမ်းရာ ခွဲယူကြ
တဲ့ သဘောပေါ့။
ဖိုးထောင် - ဘယ်လိုထောက်တွေလဲဗျာ။ သိပ်နားမလည်သေးဘူး။
လူပွား - လိပ်ပတ်လည်လာမှာပါဗျာ။ လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး တွေးခေါ်ခဲ့ကြတဲ့ ပညာရှင်ကြီးတွေက
လတ်ွလပ်တဲ့ဈေးကက်ွနဲ့ လူ့အဖွဲ့အစည်းကြီးကို ကျားကန်ဖို့တို့၊ တရားရေးစနစ်ကြီးတေနွဲ့ တရားမျှ
တမှုကို တည့်မတ်ထိန်းကျောင်းပေးဖို့တို့၊ ခုနက NGOs လို့ပြောတဲ့ လွတ်လပ်တဲ့အသင်းအဖွဲ့တွေရဲ့
အားနဲ့ လွတ်လပ်ခွင့်တွေကို ဆောင်ကြဉ်းပေးဖို့တို့ကို တွေးဆလာခဲ့ကြတယ်လေဗျာ။ ဒါတွေက
ထောက်တိုင်ကြီးတွေဖြစ်လာတာပေါ့။
ဗုဒ¨ရဲ့တရားတော်ထဲပါတဲ့။ လောကပါလတရားဆိုတာလေဗျာ။ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊
တရားမျှတခြင်းတို့ရှိတဲ့ လောကနိဗာန်ဆိုတာပေါ့။ အဲဒီတော့ အစိုးရဆိုတာ လူ့အဖွဲ့အစည်း ငြိမ်း
ချမ်းခြင်းရှိစေဖို့၊ ရှိနေတဲ့ ငြိမ်းချမ်းခြင်းတရားတွေ တည်မြဲနိုင်ဖို့ တာဝန်ယူပေးပေါ့။ ဒါကိုပဲ နိုင်နိုင်
နင်းနင်းထမ်းဆောင်ပေါ့။ တခြားသူတွေနဲ့ဆိုင်တဲ့ တာဝန်တွေကိုလည်း ခွဲဝေပေးပေါ့။ ဥပမာဗျာ။
တရားမျှတမှုကိုရှာဖွေပေးမယ့် တာဝန်တွေကို တရားရုံးတို့၊ တရားစီရင်ရေးယန္တယား တို့ကိုလွှဲပေး
ပေါ့။ လွတ်လပ်ခြင်းတွေကို ဆောင်ကြဉ်းပေးမယ့် NGOs တွေကိုလည်း လွတ်လပ်ခြင်းဆိုင်ရာ
တာဝန်တွေ လွှဲအပ်ပေးပေါ့။ တိုင်းပြည်(သို့) လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာတွေအတွက်လည်း
ပုဂ္ဂလိကဆိုင်ရာစီးပွားရေးယန္တယားတေကွို တည်ထောင်ခငွ့်ပေးပေါ့။ ကိုယ့်သက်ဆိုင်ရာ ယန္တယား
တွေကို နိုင်နိုင်နင်းနင်းတာဝန်ယူကြ၊ အပြန်အလှန်ထိန်းကျောင်းကြ၊ အပြန်အလှန်အမှီသဟဲပြုနိုင်
ကြမယ်ဆိုရင် လောကပါလတရားနဲ့ညီတဲ့ လူ့အဖွဲ့အစည်းကြီးဆိုတာ ပေါ်ထွန်းလာမှာပေါ့ဗျာ။
ဖိုးထောင် - ကောင်းပါ့ဗျာ။ အပြောက ချောလို့။ ခင်ဗျားပြောတဲ့ တရားရေးဌာနတခုလောက်နဲ့တင် တရားမျှတမှုကို
ရှာဖွေပေးနိုင်ဖို့ လုံလောက်ပါ့မလား ကိုလူပွားရ။
လူပွား - ဒါကတော့ဗျာ။ လူပဲ။ လိုလျှင်ကြံဆပေါ့။ တရားသေဆိုတာ ခေတ်မစားတော့ပါဘူး။ ဘာတွေလို့လဲ
ထပ်ဖြည့်ပေါ့။ ကျနော်လေ့လာဖူးတဲ့ Civil Society အခြေခံတဲ့ နိုင်ငံတွေမှာဆိုရင် တရားရေးဌာန
တွေအပြင် တရားမျှတမှုကို ရှာဖွေပေးနိုင်မယ့် ယန္တယားတေအွ ဖြစ် ရွေးကောက်ပွဲကော်မရှင်တို့၊
လူ့အခွင့်အရေးကော်မရှင်တို့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့၊ စုံစမ်းစစ်ဆေးရေး
ကော်မရှင်တို့ကိုပါ အားဖြည့်ထားကြတာတွေ့ရတယ်။ ဒီလိုပဲ လွတ်လပ်မှုတရားကို ရှာဖွေကြမယ့်
NGOs လို့ပြောတဲ့ လွတ်လပ်တဲ့အသင်းအဖွဲ့တွေနေရာမှာလည်း မီဒီယာတို့၊ အတိုက်အခံနိုင်ငံရေး
5
ပါတီတို့၊ သမဂ္ဂတို့၊ အစည်းအရုံးတို့၊ ပညာရှင်အသင်းတို့၊ သုတေသနအဖွဲ့တို့၊ လူ့အခွင့်အရေးအဖွဲ့
ပေါင်းစုံတို့ ပါဝင်လာကြတာတွေ့ရတယ်ဗျ။ အဓိကက လူ့အဖွဲ့အစည်းမှာ အန္တရာယ်ရှိနိုင်တယ်လို့
ယူဆရတဲ့ အစိုးရဆိုတာနဲ့ စီးပွားရေးအင်အားစုတွေကို ထိန်းညှိနိုင်ဖို့အတွက် ကျန်ယန္တယားတွေ
အားကောင်းသထက်ကောင်းလာအောင် ပြင်နေကြရတာပေါ့ဗျာ။
ဖိုးထောင် - မျက်စိထဲမှာတော့ ရှင်းသလိုလိုဖြစ်လာပါပြီ။ လိုတာလေးတွေ ဆက်ရှင်းပေးပါဦး။
လူပွား - ကျနော်ပြောချင်တာကိုချုပ်ရရင် Civil Society ဆိုတာ NGOs ဆိုတဲ့ တတိယအင်အားစုသက်
သက်ကို ကွက်ပြီးပြောနေတာမဟုတ်ဘူးဆိုတာရယ်။ လူတွေကိုယ်တိုင်က လူ့အဖွဲ့အစည်းကိုတည်
ဆောက်တဲ့နေရာမှာ အတ္တနဲ့ပရကို သဟဇာတဖြစ်အောင်၊ အစွန်းမရောက်အောင် တွေးခေါ်နိုင်ကြဖို့
လိုတယ် ဆိုတာပါပဗျဲာ။ ဒီလိုအတွေးအခေါ်တွေနဲ့ ကိုယ်ထက်သန်ရာ ယန္တယားတေထွ မှဲာ ပါဝင်ရှင်
သန်ကြရင်း လောကပါလတရားကြီးထွန်းကားလာအောင် အသိစိတ်နဲ့ယှဉ်တဲ့ တာဝန်တွေကို ထမ်း
ဆောင် ကြတာဟာ Civil Society လို့ပဲ ကျနော်တော့ ယုံတယ်။
ဖိုးထောင် - Civil Society နဲ့ပတ်သက်လို့ ပညာရှင်အသီးသီး ဖွင့်ဆိုကြတဲ့အထဲ ခင်ဗျားသဘောနဲ့ တူတာလေး
တွေဆိုရင် ဘာကိုပြောမလဲ။ ကြားပါရစေ။
လူပွား - Civil Society ကို ဖွင့်ဆိုကြတဲ့အထဲ အစောဆုံးကာလ ပညာရှင်ထဲကဆိုရင် စီဆေရိုရဲ့ `တရားဥပ
ဒေစိုးမိုးမှုရှိတဲ့ ငြိမ်းချမ်းပြီး စနစ်ကျတဲ့လူ့အဖွဲ့အစည်း`ဆိုတဲ့ အပြောနဲ့၊ ဒီကနေ့ကာလထဲကဆိုရင်
တော့ ဓမ္မာဝဘ့်ဘာရဲ့ `Post - modern politics (ခေတ်လွန်နိုင်ငံရေး)`ဆိုတဲ့ အသုံးတွေကို
သဘောကျပြီး၊ သဘောလည်းတူတယ်ဗျာ။
ဖိုးထောင် - အဆစ်အနေနဲ့ ပြောခွင့်ရမယ်ဆိုရင် …
လူပွား - စာရေးဆရာမ ဂျူးရေးတဲ့ `အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ` စာအုပ်ထဲက “လူတွေက အဆောက်
အဦးတွေကိုဆောက်တယ်။ ပြီးတော့ အဆောက်အဦးတွေက လူတွေကိုပြန်ဆောက်တယ်” ဆိုတာ
လိုပေါ့။ ကျနော်တို့ကိုယ်တိုင် တည်ဆောက်လိုက်ကြတဲ့ လူ့အဖွဲ့အစည်းကြီးကပဲ ကျနော်တို့ဘဝ
တွေကို ပြန်တည်ဆောက်တတ်တယ်ဆိုတာ တကယ့် ဘ၀ပေးအသိတွေနဲ့ သတိထားမိကြဖို့ လိုပြီ
ဗျာ။ ကျနော့်အမြင်အရ Civil Society ဆိုတာ ပိုကောင်းတဲ့၊ ပိုယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတရပ်
တည်ဆောက်ခြင်းဆိုင်ရာ ဘာသာရပ်တခုပေါ့ ကိုဖိုးထောင် … ။ ။


လူဗိုလ်
၁၉/၁၁/၂၀၀၉

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...