Monday, February 28, 2011

နော်ဒေးမူဖေါပါရဲ့အိမ် (သို့) ကြင်စဦးအိမ်


(က)
အိမ်လေးတလုံးပိုင်ခဲ့ဖူးပါရဲ့
သုံးနှစ်ကျော်ကျော်လောက်က
တောင်ယာခုတ်သွားတဲ့
နော်ဒေးမူဖေါပါရဲ့
ဖရိုဖရဲ
 တောင်ယာတဲငယ်လေး၊

(ခ)
ဂုဏ်ယူလောက်စရာက
အိမ်ထောင်ကျစ ကျုပ်ဘ၀ရဲ့
ပထမဦးဆုံးပိုင်တဲ့အိမ်၊

ဒီအိမ်လေးက
ကြက်တွန်သံ
ကလေးငိုသံ
ခွေးဟောင်သံကြားရင်
ရန်လိုလားတဲ့
စစ်အင်အားတစုရဲ့ ရန်ကို
အတန်အသင့်ကာကွယ်ပေးနိုင်ရဲ့၊

ဒီအိမ်လေးက
ဧပရယ်နေနဲ့
ရက်ဆက်စွေတဲ့ သင်္ကြန်မိုးတို့ကို
အတန်အသင့်ကာမိုးပေးနိုင်ရဲ့၊

ဒီအိမ်လေးက
ကိုမူဒိုရွာ
ဒီးဒါးခိုရွာ
ဂေလော်ခီးရွာ
မာဘွယ်ခိုရွာ ရွာသားများရဲ့
သမီးနဲ့သား ကျောင်းသားကလေးများအတွက်
နိဂုံးပိုင်း စာသင်ရက်ကလေးများကို
အဆုံးသတ်ပေးရှာခဲ့၊

ဒီအိမ်လေးမှာပဲ
ကြင်စဦးဇနီးသည်ရဲ့ ခိုက်ခိုက်တုန်ငှက်ဖျားကို
ကုစားခဲ့ဖူးရဲ့


ဒီအိမ်လေးမှာပဲ
သစ်ရိပ်ခိုကျောင်းပိတ်ပွဲလေးအတွက်
ဝက်သားဟင်းအိုးကြီးကို
ရွာသားများနဲ့အတူ
တပျော်တပါးချက်ခဲ့ဖူးပါရဲ့၊

(ဂ)
ရxိခိုရွာအရှေ့ဖျား တောင်ကြားထဲကအိမ်
သားကြီး အဂ္ဂမွေးတဲ့ ၀ီဝေါဘိုရွာကအိမ်
စစ်ကြောင်းရန်ရှောင်ရင်း
ဖွေခီးချောင်းဘေး ခိုခဲ့ဖူးတဲ့အိမ်
သမီးငယ်မွေးတဲ့ ဇလားဒုက္ခသည်စခန်းကအိမ်
၄၅ ဒီဂရီတောင်စောင်းစောင်းကို
ချေကုန်လက်ပမ်းခံ မြေညှိဆောက်ခဲ့ရတဲ့
မယ်လာဥဒုက္ခသည်စခန်းကအိမ်
မဲဆောက် အစ္စလာမ်ဘမ်းရပ်ကွက်ထဲ ငှါးနေဖူးတဲ့အိမ်
မယ်ကု ဘီအယ်စီသင်တန်းကျောင်းဘေး ကပ်နေရတဲ့အိမ်၊

(ဃ)
အိမ်တွေ
အိမ်တွေ
ဘာကြောင့် ဘယ်လိုပဲ
ပြောင်း ပြောင်းသွား
နော်ဒေးမူဖေါပါရဲ့အိမ်လေးကိုတော့ မေ့မသွား၊    ၊

လူဗိုလ်
အိမ်ထောင်သက် ၆ နှစ်မြောက် အမှတ်တရ
၅။ ၁။ ၂၀၀၆

(နော်ဒေးမူဖေါပါ = နော်ဒေးမူဖေါအဖေ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...