တနေ့တွင်
အသိအကျွမ်းဖြစ်သူ မူလတန်းကျောင်းဆရာတစ်ယောက်အား ဗဟန်းမြိုနယ်
ဦးချစ်မောင်လမ်းမတွင်တွေ့၍ “ဟေ့ နိုင်ကြီး ကျောင်းမှာအဆင်ပြေရဲ့လား”
ဟုမေးလိုက်သောအခါ သူက “အခုတော့အဆင်ပြေသွားပါပြီ ဆရာရေ၊
ကျောင်းသားမိဘတယောက်က ကျွန်တော့ကို တလ သုံးသောင်း ပေးတယ်ဆရာ၊ ဒါကြောင့်
သူ့သားကို လစဉ် ပထမ ပေးလိုက်တယ်၊ နောက်တယောက်က နှစ်သောင်း ပေးတော့
ဒုတိယပေးလိုက်တယ်၊ နောက်တစ်ယောက်က တစ်သောင်းပဲ ပေးနိင်တော့ တတိယ
ပေးလိုက်တယ်၊ မတတ်နိင်ဘူးဆရာရယ် ကျောင်းဆရာလစာနဲ့ မိသားစု
ဘယ်လိုစားလောက် မှာလဲ” ဟု သူအဆင်ပြေနေပုံအကြောင်းကြားရသည့်အခါ
ကျွန်တော့ရင်လဲ မွန်းကြပ်သွားရပါသည်။
Saturday, December 31, 2011
01.01.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Sunday, January 1, 2012 at 10:26am
ကမ္ဘာ တဝှမ်းမှာ နှစ်သစ်ကို ကြိုဆိုကြ
ကမ္ဘာ တဝှမ်းမှာ ၂၀၁၂ နှစ်သစ်ကို ကြိုဆိုတဲ့ အနေနဲ့ ညလုံးပေါက် ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပခဲ့ပါတယ်။
ကမ္ဘာ့ အရှေ့ဖျားမှာ ရှိတဲ့ နယူးဇီလန် နိုင်ငံက နှစ်သစ်ကို အဦးဆုံး ကြိုတဲ့ နိုင်ငံတွေထဲမှာတ နိုင်ငံ အပါအဝင် ဖြစ်ပြီး သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့မှာလည်း မနှစ်ကလို စည်စည်ကား ကား သိုက်သိုက် မြိုက်မြိုက် ရှိလှပါတယ်။
ဒုတိယ မိဘ
လူဗိုလ်
(က)
“ဆရာရေ ဆရာနေရမယ့်အိမ်ကတော့
ဒီအိမ်ပဲ။ ဒီရွာမှာ အကောင်းဆုံးနဲ့ အချမ်းသာဆုံးအိမ်ပဲ …” တဲ့။
အိမ်က ရွာထဲဝင်ဝင်ချင်း တွေ့လိုက်ရသည့် သွပ်မိုးပျဉ်ထောင်နှင့်
သပ်သပ်ခပ်ခပ် အိမ်။ အိမ်အောက်ကိုက လူတယောက် ကောင်းကောင်လွတ်တာမို့ အကယ်၍ကာရံထားမည်ဆိုလျှင်
၂ ထပ်အိမ်ဟုပင်ပြောရမည်။ ရေနံဝထား၍ တအိမ်လုံးက မဲမှောင်နေ၏။ အိမ်ပေါ်ရောက်ပြီး မိတ်ဆက်ပေးမှ
သိလိုက်ရသည်က အိမ်ရှင်က လူငယ်။ နာမည်က စောဒူဒူး။ ကလေး ၂ ယောက်နှင့် အိမ်ထောင်သည်။ ကျနော့်ကို
လာပို့သူ မှာ KNU တပ်မ ဟာ (၂) သံတောင်မြို့နယ်မှ တပ်ခွဲမှူး ဗိုလ်ခရေဖို ဆိုသူဖြစ်နေ၍
ကျနော့်ကို အရေးတ ယူ ဆက်ဆံ၏။
သိပ်မကြည့်နဲ့ 
soe naing
ဘုန်းကြီး----မျက်စိပါပြီး အမြင်အာရုံ ကောင်းတဲ့ လူသားတိုင်း -- ပတ်ဝန်းကျင်ကို မြင်ခွင့်ရှိတယ် ကြည့်ခွင့်ရှိတယ်---- ဟုတ်ရဲ့လား---
တကာ ----- တင်ပါ့ဘုရား
ဘုန်းကြီး ---- အေး-- အဲသလိုကြည့်ပြီး -- မြင်ကြတဲ့အခါ -- လူ့ရဲ့ဘဝင်စိတ်ဟာ ချောတာ လှတာ ကောင်းတာ စတဲ့ အရာတွေပေါ်မှာပျော်မွေ့တတ်တဲ့သဘာဝရှိသကွဲ့

တကာ ------ မှန်ပါဘုရား
ဘုန်းကြီး ----- ကြည့်တယ် မြင်တယ် ဆိုတဲ့အဆင့်ထိ ဘာမှပြသ၁နာမရှိဘူးကွဲ့ --- မြင်ပြီးနောက်မှာပေါ်လာတဲ့ ခံယူစိတ်ပေါ်မူတည်ပြီး အမျိုးမျိုးကွဲသွားသကွဲ့---
တကာ --- မှန်လှပါဘုရား-- ဆက်လက်အမိန့်ရှိပါဘုရား--
ဘုန်းကြီး ---- မင်းက ပုထုဇဉ်ပုတ်ကိုယ် -- မင်းကိုဘုန်းကြီးမေးမယ်-- ရိုးရိုးသားသားဖြေ-- ဘုန်းကြီးအကြိုက်လိုက်ပြီး မဖြေနဲ့ ကြားလား ---

ရော်နယ်အောင်နိုင့် အင်တာဗျူး (ဘာသာပြန်)
by Hlaing Bwa Maung on Saturday, December 31, 2011 at 7:46pm
နယ်စပ်မှာ ဂျာနယ်လစ်သင်တန်းပေးတော့ ဗမာ၊ကရင်စကားပြန်တွေနဲ့ အလုပ်လုပ်ရပါတယ်။
ဘာသာပြန် တယောက်က အောင်နိုင်ပါ။
သူက ဂျာနယ်လစ်တယောက်ဖြစ်ပြီး နိုင်ငံရေးအမြင်ရှိသူ၊ ဟာသ ဥာဏ်ရွှင် သူပါ။
သူနဲ့ အလုပ်လုပ်ရတာအဆင်ပြေပါတယ်။
ဒါပေမယ့်သူ့ မှာအင်မတန်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇတ် လမ်းတခု ရှိပြီး ကျနော်ဒါကို ပိုသိချင်နေပါတယ်။
ကိုယ်တိုင်ဖတ်ဖို့ ရေးတဲ့စာ
ဒီကနေ့ကစ ကိုယ်ကိုယ်တိုင်အတွက် ဂုဏ်ယူစွာနဲ့ရှင်သန်ပါ။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ဘယ်သူကမှ သင့်ကို သူကိုယ်တိုင်လောက်ချစ်မှာ မဟုတ်ပါဘူး။
လူတချို့ကို အရမ်းဂရုမစိုက်ပါနဲ့၊ အရာတချို့ကို အရမ်းအလေးမထားပါနဲ့။ ကံတရားကို အကောင်းဆုံးစိတ်ထားနဲ့ ရင်ဆိုင်နိုင်ဖို့ကြိုးစားပါ။ လောကကြီးဟာ အမြဲ မမျှတနိုင်ပါဘူး။ ကိုယ်ပိုအလေးထားတဲ့ လူ၊ အရာဝတ္ထုရှေ့မှာ ကိုယ်ဟာအမြဲတန်ဖိုးကျရလို့ပါပဲ။
နှစ်ဟောင်းအိပ်မက် နောက်ဆုံးရက်
ဒီနေ့တစ်နေ့လုံး
ကျနော့်စိတ်ထဲမှာ လေးလံထိုင်းမှိုင်းနေသည်။
ဘာကိုမျှဆုပ်ဆုပ်ကိုင်ကိုင်ရယ်လို့ မရှိ။ အာရုံတွေ ယိမ်းနွဲ့လှုပ်ရှား။
အတွေးတွေ လေမှာမျောလွင့်ဝေ့၀ဲ ခေါင်းထဲမှာချာချာလည်။ နာရီလက်တံက ညဉ့်တစ်ခု၏
နောက်ဆုံးသတ်မှတ်ချိန်ဆီ တရွေ့ရွေ့ ဦးတည်ရွေ့လျားနေဆဲ။
အမှန်က ဒီရက်ပိုင်းအတွင်း ကျနော့်မှာ လုပ်စရာအလုပ်တွေ ရှိပါသည်။ မရေမရာ မသေမချာနှင့် နေ့တဓူဝ ဖြတ်သန်းကျင်လည်နေရသော အချိန်နာရီတွေကို တစ်စုံတစ်ရာ အကျိုးများနိုင်ပါစေတော့ရယ် လို့ စာရေးစာဖတ်ခြင်းဖြင့် ကုန်လွန်စေရန် ရည်ရွယ်ချက်တူ မိတ်ဆွေတစ်စု အကြံပြုဆွေးနွေးမိကြရာက ကိုယ်စီကိုယ်စီ ပခုံးပေါ်မ,တင်လိုက်သော တာဝန်များပါပေ။

ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
by Kyaw Thu on Saturday, December 31, 2011 at 1:17pm
၂၉.၁၂.၂၀၁၁ ရက်နေ့ညသန်းခေါင်ယံ၌ ဖြစ်ပွားခဲ့သောရန်ကုန်တိုင်းဒေသကြီးပုဇွန်တောင်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်မှ မီးလောင်ပေါက်ကွဲမှုကြောင့် ကမ္ဘာပျက်သလိုအဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ ကြရပြီး မျက်ရည်ပင်လယ်ဝေကာ အတိဒုက္ခရောက်နေကြသော ဒုက္ခသည်များအားနာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဥက္ကဌဦးကျော်သူဦးဆောင်သောအသင်းသူ/သားများကစာနာကရုဏာစိတ်ထားဖြင့် သွားရောက်အားပေးခဲ့ကြပြီး ၄င်းဒုက္ခသည်များအတွက် ဆေးဝါးနှင့် ထောက်ပံ့ငွေများလိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများကိုရန်ကုန်ဆေးရုံကြီးနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက် လှူဒါန်း ပေးခဲ့ကြပါသည်။
၂၀၁၁ ထူးခြား ထင်ရှားသူများ (၂)
by The Irrawaddy (Burmese Version) on Saturday, December 31, 2011 at 2:33pm
၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် အစိုးရသစ် တက်လာခြင်း အပါအ၀င် အပြောင်းအလဲများစွာ ဖြစ်ပေါ်မှုနှင့်အတူ လူအများနှင့် သတင်း မီဒီယာများက အထူးအာရုံစိုက်ခံရသောထူးခြားရှားသူများကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် ယခုနှစ်အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထူးခြားထင်ရှား သူများကို ဧရာဝတီ ပရိသတ်အတွက် စုစည်း ဖော်ပြလိုက်ပါသည်။
“ဧရာဝတီ ကယ်တင်ရေး” လှုပ်ရှားမှု
Save the Irrawaddy
မတ်လနှောင်းပိုင်း အမည်ခံအရပ်သားအစိုးရသစ် ဖွဲ့စည်းပြီး လအတော်ကြာပြီးနောက် မြန်မာနိုင်ငံ၏ အခြေတည်စ ပြုပြင်ပြောင်းလဲမှုကို စိန်ခေါ်လိုက်သော စာတမ်းတစောင် လူထုအကြား ပေါက်ကြားခဲ့သည်။
ကျောင်းသားတစ်ဦးအတွက် ကျောင်းစရိတ် တာဝန်ယူဖို့ ပြေတီဦး ဖောင်ဒေးရှင်းမှာ လှူဒါန်းမယ့် ဝတ်မှုံရွှေရည်
by General Knowledge on Saturday, December 31, 2011 at 12:10pm
By Popular Journal, On 31 December, 2011 - 11:16 | phyo may
ဝတ်မှုံရွှေရည်က ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ “နင်စေရင်” ရုပ်ရှင်ဇာတ်ကားကြီးကို ပြေတီဦးနဲ့ သရုပ်ဆောင်နေပါတယ်။
ဒီဇာတ်ကားက ဝတ်မှုံရွှေရည်အတွက် တအားထူးခြားတဲ့ ဇာတ်လမ်းဖြစ်ပြီး ဇာတ်ရုပ် သုံးဆင့်ပြောင်းပြီး သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ “နင်စေရင်” ဇာတ်ကားနဲ့ ပတ်သက်ပြီး ဝတ်မှုံရွှေရည်က “အခုရိုက်နေတဲ့ ဇာတ်ရုပ်က စပွန်ဆာ အချီကြီးမိသွားတဲ့ ပုံစံမျိုး၊ ဒီဇာတ်ရုပ် မလာခင် ဇာတ်ရုပ် နှစ်ခု ရှိသေးတယ်။
31.12.2011 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Saturday, December 31, 2011 at 9:52am
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အတည်မပြုနိုင်သေး
ဝန်ကြီးချုပ် မန်မွန်ဟန်ဆင်းနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားသူ မစ္စတာ ဟာဇာရီ
အိန္ဒိယမှာ အငြင်းပွားစရာ ဖြစ်နေတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမူကြမ်းကို ပါလီမန်မှာ အတည်မပြုနိုင်ခဲ့ တာကြောင့် ဒီကိစ္စရဲ့ ရှေ့ အနာဂတ်ရေး မရေမရာ ဖြစ်နေပါတယ်။
အောက်လွှတ်တော်က အတည်ပြုလိုက်ပေမယ့် ဒီ ဥပဒေကို အထက်လွှတ်တော်မှာ ဆွေးနွေးတဲ့ အခါသန်းခေါင်ယံ အထိ အော်ဟစ် ငြင်းခုန် ကသောင်းကနင်း ဖြစ်ကာ အစည်းအဝေးကို ရပ်ဆိုင်း ထားခဲ့ရပါတယ်။
အဖေဆိုတာ...A Father and Son
ကိုပီတာရဲ့ အတွေးပုံရိ ပ်များ
Posted: 29 Dec 2011 04:01 AM PST
So true.
ဒီအတွေးအခေါ်လေးကိုနှစ်ပေါင်းတောအခုတော့ အင်တာနက်ပေါ်မှာ စာနဲ့ တကွဓါတ်ပုံလေးများနဲ့ ပါတွဲပြီးတွေ့ လို့ ပြန်လည်တင်ပြလိုက်ပါတယ်..
ကျွန်တော်အသက် ၄ နှစ်သားလောက်က...
ငါ့ အဖေဟာ အရာရာအားလုံးကိုတတ်သိနေတယ်...
ငါ့ ဘ၀ရဲ့ လိုရာအားလုံးကိုဖြည့် ဆည်းပေးနိုင်တယ်လို့ ယုံကြည်ခဲ့ တယ်....
“လွမ်းနေတဲ့ ၀တ္ထု”
by ရင်နင့်အောင် on Saturday, December 31, 2011 at 6:20pm
စားပွဲပေါ်တင်ထားတဲ့ လူများကို ပြန်ဖတ်ကြည့်တော့ စာအုပ်နံ့ထွက်နေတယ်။
ဘေလီကိုလင်နဲ့ ကျွန်တော်က လက်ဖက်ရည်ဆိုင်မှာ စကားများနေတုန်း နတ်သျှင်နောင်ရဲ့ ရတုက တိုးတိုးလေးနဲ့ ဆူညံလွန်းခဲ့တာတော့ မမေ့ဘူး။ ဝေးသွားပြန်ပြီ။ ဘာလို့လဲဆိုတော့ မနီးစပ်တော့လို့ပေါ့။ ရန်ကုန်-မန္တလေး ကားလမ်းအသစ်ကြီးဘေးမှာ ခင်ဗျား မစင်စွန့်ဖူးပါသလား။ ဟစ်တလာက ဘာလို့ နယူကလီးယားကို မရသွားတာလဲ။ ကျွန်တော်ချစ်သူက ကျွန်တော့်ကို တောက်တစ်ချက်ခေါက်ပြီး မိုးရွာတယ်။ ကျွန်တော့်လမ်းတွေ ဗွက်ထကုန်တာပေါ့။ ဂရေဟမ်ဘဲလ် ကို ခေါ်ပေးပါ။ ဆက်သွယ်မှု ဧရိယာကို သူမသိသေးရင် သင်ပေးရအောင်။ ရယ်လီဘလတီ သီအိုရီကို ပန်းကန်ထဲထည့် မြန်မြန်စား။ တော်ကြာ အိုင်းစတိုင်းလာတော့မယ်ဗျ။ ကျန်တာကတော့ ခင်ဗျားသဘော။ အေမွန်ရဲ့ အရှေ့ဘက်က မနက်ခင်းတွေ မိုးမလင်းတော့ဘူး။ ကဲပါ။ ပြန်ရအောင်ပါဗျာ။ ခြင်ကိုက်တယ်လေ။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း.....မိခင်ကြီး ဒေါ်ခင်ကြည် နှင့် ဒီမိုကရေစီတိုက်ပွဲဝင် သမီးငယ် ဒေါ်အောင်ဆန်းစုကြည်
ဟိုးဘက်က...ရပ်ကွက်လေးတစ်ခုမှာ. ..ရင်ဖွင့်ခဲ့တာလေး...တစ်ခုကို. ..ဖေါက်သည်ချချင်လို့ပါ
ဖေါက်သည်ချချင်တာလေးက.....ဒီလို ပါ..
****************************** **********************
အမှန်ပြောရရင်..တို့က..သာမန်လူ တန်းစားထဲက...သာမန်လူသားတစ်ယော က်ပါပဲ... ဒါပေမယ့်..လူတွေ..ရေးနေ...
ပြောနေကြတဲ့...အကြောင်းအရာတစ်ခု ကို... မျက်နှာလွဲ..ခေါင်းခါ..မလုပ်ချ င်တာကြောင့်...
ဒီစာစုလေးကို..ရေးဖြစ်တာပါ...
စာအေ၇းအသား..အဆီအငေါ်မတည့်ခဲ့ရင် ...ခွင့်လွှတ်သည်းခံဖို့..ကြို တင်တောင်းပန်ထားချင်ပါတယ်...
Friday, December 30, 2011
သေကြောင်းကြံချင်သလား၊ နားနဲ့မနာ ဖဝါးနဲ့နာပါ
by Ramanya Ravika on Wednesday, November 23, 2011 at 5:41am
နိုင်ငံရေးအကြောင်းချည်းပဲ ရေးရေးနေတော့ လူမှုရေးဘက်ကို မေ့သလောက် ဖြစ်နေတယ်။ ဒီနေ့ ရင်ငြိမ်းပွင့်ဆိုတဲ့ ရွှေမန်းသူတစ်ယောက်က လူငယ်ပြဿနာကြောင့် သေကြောင်းကြံခဲ့ကြောင်း facebook မှာ ဖတ်ရတယ်။ စိတ်မကောင်း ဖြစ်ရတယ်။ စိတ်အာရုံက နိုင်ငံရေးကနေ သေကြောင်းကြံတဲ့အကြောင်း ကို ရောက်သွားတယ်။
မုဒုံက ကျောင်းသားတစ်ယောက်
စာရေးသူ ကြားဖူးတာတစ်ခု ရှိတယ်။ မှန်မမှန်တော့ မသိပါ။ မုဒုံက ကျောင်းသားတစ်ယောက်က တက္ကသိုလ်တက်ရင်းနဲ့ အညာသူတစ်ယောက်နဲ့ ရည်စားဖြစ်တယ်။
အိမ်ထောင်ပြုမည့်သူတို့ စဉ်းစားသင့်သည့် အချက်များ (၁၀ )
အိမ်ထောင်ပြုတော့မည့် စုံတွဲတို့သည် မိမိအိမ်ထောင်မပြုစဉ် အရင်စဉ်းစားရမည့် အချက်အလက်တို့ များစွာရှိသည့်အနက် မိမိထင်မြင်ယူဆသည့် အဓိကကျသော အချက်အလက်တို့ကို တင်ပြချင်ပါသည်။
အိမ်ထောင်ပြုမည့်သူတို့တွင် အနည်းဆုံးတူညီရမည့် အချက်တို့မှာ
၁။ ဘာသာတူညီရမည်။
၂။ ဘာသာရေးလိုက်စားမှု တူညီရမည်။
၃။ စိတ်နေစိတ်ထား တူညီရမည်။
၎။ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရမည်။
အိမ်ထောင်ပြုမည့်သူတို့တွင် အနည်းဆုံးတူညီရမည့် အချက်တို့မှာ
၁။ ဘာသာတူညီရမည်။
၂။ ဘာသာရေးလိုက်စားမှု တူညီရမည်။
၃။ စိတ်နေစိတ်ထား တူညီရမည်။
၎။ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရမည်။
ပင်ရှင်နာ ၀တ္ထုလေးနော်
မာမာ
သည်နေ့ဘိုးဘဖေ၏ ခြေလှမ်းများသွက်လို့နေ၏။ တောင်ဝှေးတစ်ခုလိုသာမက နေဒဏ်မိုးဒဏ် ခံနိုင်ရန်အတွက်ပါ အသုံးပြုနေသည့် သူ့၏ လက်စွဲတော် တူးအင်ဝမ်း အရောင်မွဲလွင့် ထီးကောက်ကြီးနှင့် စလုံးစခုလမ်းကို နာနာဖိထောက်လျှက် သွက်သွက်လေး လျှောက်နေမိ၏။ သွေးတိုး နည်းနည်းရှိသည်ကလွဲပြီး ကျန်းမာသည်ဟု ပြောလို့ရသည့် အသက် ခုနှစ်ဆယ်အရွယ် ရောက်နေသည့် အဘိုးကြီးတစ်ယောက်၏ ခြေလှမ်းများက သည်လောက်တောင် သွက်နေစရာလိုလို့လားလို့ မေးလာလျှင် ဘိုးဘဖေက “ သွက်တယ်ဗျို့… သွက်ရတယ်ဗျ…” လို့ ခပ်မြူးမြူးလေးတောင် ပြန်ပြောလိုက် မိချင်သေး၏။ ယခင့် ယခင် အပြင်ထွက်လျှင် မျက်နှာထားတော် ငြိုချင်သည့် စိတ်ပူတတ်လွန်းသည့် သမီးအပျိုကြီးတောင် ဒီနေ့မနက် ပြုံးပြုံး ပြုံးပြုံးနှင့်သူ့ကို အိမ်တံခါးအ၀အထိ လိုက်ပို့ပေးသဖြင့် ဘိုးဘဖေတစ်ယောက် ပြုံးစိစိတောင် ဖြစ်သွားရသေး၏။

ဇင်
by Zay Ya on Friday, December 30, 2011 at 11:33am
အယုံအကြည်ကိုမရှိ ...ထို့ကြောင့်ကျဉ်းမြောင်းသောလမ်းရိုးလေး၌သာပိုပြီးကျဉ်းမြောင်း
တစ်ဆိတ်လောက်ခင်ဗျ ဟုတ်ကဲ့ တစ်စိတ်ဆိုမှတစ်စိတ်ထဲခင်ဗျ ဖြစ်ကြောင်းရယ်ကုန်စင်က
သိပ်ပြီးကွဲကွဲပြားပြားတော့မရှိလှဘူး အနေအထိုင်ပိပြားစွာနဲ့ ဘယ်အလင်း
ဘယ်လိုပွင့် အခြေခိုင်ခိုင်ခြေလေးချောင်းထောက်လင်းနေတဲ့ အလင်းပေါ်မှာ
ရွဲ့စောင်းနေသောပုဂ္ဂိုလ် ဒီလိုဂယ်ပေါက်လေးကို ဒီကြိုးနဲ့ပဲ တွယ်တက်လိုက်တဲ့
လပြည့်ည ဟန်ကြီးပန်ကြီးနဲ့သာ ခြေဖျားလေးထောက်နမ်းလိုက်ပါ မေးဖျားလေးကမ်းလိုက်ပါ
အို ဋ္ဌာဝယ သိကျွမ်းမှုအောက်က မသင်္ကာသောမျက်လုံးများအဝင့်ရဲ့ အစွန်အဖျားဒေသ
ဒီဘဝတော့ဒီမျှနဲ့ပဲရယ်လို့ မျက်ရည်ဝဲဝဲ တကယ်လွမ်းကြောင်း လွမ်းတဲ့အကြောင်း

30.12.2011 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Friday, December 30, 2011 at 6:14am
အာရိုယိုကို စစ်တပ် ဆေးရုံမှာ ထိမ်းသိမ်းထား
ဖိလစ်ပိုင်း သမ္မတဟောင်းကို စွဲချက်ထပ်တိုး
ဖိလစ်ပိုင် သမ္မတဟောင်း ဂလိုရီယာ အာရိုယို ကို အဂတိ လိုက်စား မှုနဲ့ နောက်ထပ် စွဲချက် ထပ်တင် လိုက် ပါတယ်။
တရုတ် နိုင်ငံနဲ့ သဘောတူ ထားတဲ့ ဒေါ်လာ သန်း ၃၀၀ ကုန်ကျ မယ့် တယ်လီဖုန်း ဆက်သွယ်ရေး စံနစ် စီမံကိန်း မှာ သူ့ရဲ့ ခင်ပွန်း ဖြစ်သူ နဲ့ အခြား အဆင့်မြင့် အစိုးရ အရာရှိ နှစ်ဦးဟာ ကိုယ်ကျိုး အတွက် ငွေကြေး အလွဲ သုံးစား မှုတွေ လုပ်ခဲ့ တယ်လို့ စွပ်စွဲ ခံနေရ ပါတယ်။
သားအိမ်ခေါင်းကင်ဆာ (သို့မဟုတ်) Silent Killer
by သက်တန့်ချို on Friday, December 30, 2011 at 5:53pm
ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးထုကြီးတရပ်လုံးကို ဖွဲမီးလို တငွေ့ငွေ့လှိုက်စားပြီး အသက်ဇီ ၀ိန်ခြွေချနေ တဲ့ ကြောက်စရာအကောင်းဆုံးရောဂါတစ်ခုကို ပြပါဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာကို လက်ညိုးထိုးပြ ရပါလိမ့် မယ် ။ သားအိမ်ခေါင်းကင်ဆာကို အင်္ဂလိပ်လိုဆိုရင်တော့ Cervical cancer လို့ခေါ်ပါတယ် ။ သား အိမ်ခေါင်း ကင်ဆာဟာ သားအိမ်ရဲ့ အ၀ Cervix uteri မှာ အခြေခံတဲ့ ဆဲလ်တွေကနေ ကင်ဆာ ဖြစ်ပွားစေသော ဆဲလ်များ ဖြစ်ပွားမှု Malignant neoplasm ကို ခေါ်ဆိုခြင်းဖြစ်ပါတယ် ။ သားအိမ်ခေါင်း ကင်ဆာရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုကတော့ မူမမှန်သွေးဆင်းခြင်းဖြစ်ပါတယ် ။
၂၀၁၁ ထူးခြား ထင်ရှားသူများ (၁)
by The Irrawaddy (Burmese Version) on Friday, December 30, 2011 at 7:25pm
၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် အစိုးရသစ် တက်လာခြင်း အပါအ၀င် အပြောင်းအလဲများစွာ ဖြစ်ပေါ်မှုနှင့်အတူ လူအများနှင့် သတင်း မီဒီယာများက အထူးအာရုံစိုက်ခံရသော ထူးခြားရှားသူများကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် ယခုနှစ်အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထူးခြားထင်ရှား သူများကို ဧရာဝတီ ပရိသတ်အတွက် စုစည်း ဖော်ပြလိုက်ပါသည်။
အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော မဟာယာနဗုဒ္ဓဘာသာအကြောင်း (၃)
(စုဆောင်းတင်ပြသူ- လင်းထက်ဆွေ)
မဟာယာန ဗုဒ္ဓဘာသာ စတင်ဖြစ်ထွန်းမှုဆိုင်ရာအယူအဆမျာ
း
မဟာယာန ဗုဒ္ဓဘာသာ ဖြစ်ထွန်းမှုနှင့် ပတ်သက်ပြီး မိမိ တို့
မြန်မာစာပေလောကတွင် အလွန်မှားယွင်းဆိုးဝါးနေသော အမြင်များ
ပျံ့နှံ့လျှက်ရှိသည်ကို တွေ့ ရသည်။ အချုပ်အားဖြင့် ဆိုရလျှင် မဟာယာန
ဗုဒ္ဓဘာသာ ကို အောက်ပါအတိုင်း ရှုမြင်သုံးသပ်ရေးသားကြလေသည်။
(၁) မဟာယာန ဗုဒ္ဓဘာသာ သည် မူလဗုဒ္ဓဘာသာ ကို မိမိတို့ ကြိုက်နှစ်သက်သလို
ဖြည့်စွက်ပြင်ဆင်နုတ်ပယ် ရေးသားထား သော အတုအယောင်ဗုဒ္ဓဘာသာ ဖြစ်သည်။
(၂) မဟာယာန ဗုဒ္ဓဘာသာသည် ၀ိနည်း ကို အလေးမထားသော ပရိယတ္တိ-ပဋိပတ္တိ-ပဋိဝေဓ
သာသနာ (၃) ရပ် မရှိသော အတုအယောင်ဗုဒ္ဓဘာသာ ဖြစ်သည်။

မီးပြတိုက် သတင်းစုစည်းမှု (၃၀၊ ၁၂)
- ဗဟိုမီးသတ်၏ နေ့စဉ်အစီရင်ခံစာဖော်ပြချက် ၊
- သင်ဘာလုပ်ပြီးပြီလဲ ၊
- မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက် အတွင်း ဖြစ်ပေါ်ခဲ့သည့် မီးလောင်မှုဖြစ်စဉ်အမှန် ၊
- လေးစားထိုက်သည့်မီးသတ်တပ်ဖွဲ့
ဝင်တစ်ဦး (သို့မဟုတ်) "မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား" ၊
- ရန်ကုန်မြို့ မီးလောင်ပေါက်ကွဲမှု၏ နောက်ဆက်တွဲသတင်း ၊
- Great Photo ၊
- ပြည်သူ့အကျိုးနှင့် တိုင်ပြည်တာဝန်ထမ်းဆောင်ရင်း အသက်စွန့်ခဲ့သူ မီးသတ်ရဲဘော်များ ဈာပန ၊
- သုံးမရတဲ့ ဖျော်ဖြေပွဲကြီးတွေ မလိုပါ၊ အသုံးကျတဲ့ ရဲဘော်လေးတစ်ယောက်သာ လိုအပ်သည် ၊
- မီးသတ်သမားသို့ ဂုဏ်ပြုတေး ၊
- လေးစားထိုက်တဲ့ သားကောင်းတစ်ဦး ( သို့ ) ဦးကြည်ဝင်း ၊
ကွန်တီနမ်တဲလ် ဖလော်ဆိုဖီ
by Zay Ya on Friday, December 30, 2011 at 9:59pm
ညီတစ်ယောက်က မေးထားပြီးသားမို့ ပြန်ဖြေမယ် ကြိုးစားရင်း မဖြေဖြစ်ခဲ့တာ ကြာပါပြီ။ ရေးမယ်ဆိုပြီး ( ဖျောက်မရတဲ့ အကျင့်ဆိုးအတိုင်း ) တစ်ပိုင်းတစ်စ ထားထားခဲ့တဲ့ ရေးလက်စ စာဖိုင်တစ်ခု တော့ ရှိတယ်။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ်ရေးပြီး စိတ်တိုင်းမကျဘူးရယ်။ အခု ညီဖြစ်တဲ့သူ မေးထားတဲ့ အမေးအတွက် အထိုက်အလျောက် ကျေနပ်နိုင်မယ့်စာကို ရှာတွေ့တယ်။ ကျနော်ရေးထားတာ မပြည့်စုံလို့ ဆရာရေးထားတဲ့ အတိုင်းကိုပဲ ဟိုတစ်စ ဒီတစ်စ ပြန်ပြင်ပြီး တင်လိုက်ပါတယ်။
သန်းခေါင်ကျော် ငရဲခန်းမှ သူရဲကောင်းများနှင့် လေးစားထိုက်တဲ့ သားကောင်းတစ်ဦး ( သို့ ) ဦးကြည်ဝင်း
သန်းခေါင်ကျော် ငရဲခန်းမှ သူရဲကောင်းများ
"ဝုန်း" ဆိုတဲ့ အသံနဲ့အတူ အိမ်က သိမ့်ကနဲ လှုပ်သွားတယ်။ အိပ်ကောင်းတဲ့အချိန် ဖြစ်ပေမယ့် အိမ်ရှေ့ဝရန်တာ ကို ထွက်ပြီး အပြင်ဘက် လှမ်းကြည့်လိုက်တော့ အိမ်တိုင်းကလူတွေ အိမ်ရှေ့မှာ တယောက်ပြီးတယောက် ထွက်လာပြီး ခေါင်းတထောင်ထောင်နဲ့ ကြည့်နေကြတယ်။ အချိန်က မနက် ၂ နာရီ စွန်းစွန်း။
ခဏအကြာ မီးသတ်ကား ဥသြဆွဲသံ၊ လူနာတင်ကားသံတွေနောက်မှာတော့ လူတွေဟာ အိမ်ရှေ့လမ်းမဘက်ကို ပိုပြီး စုရုံးစုရုံး လုပ်လာကြတယ်။
မီးအကြောင်း သိကောင်းစရာ နှင့် မီးသတ်ဘူး အသုံးပြုနည်း
Monday, November 7, 2011
Co2zeиith
ကျွန်ုပ်တို့၏
နေ့စဉ်ဘ၀တွင် မီးသည်မရှိမဖြစ်လိုအပ်၏။ ကျွန်ုပ်တို့သည် မီးမရှိဘဲ
အသက်ရှင်နေထိုင်ဘို့မလွယ်။ သို့သော် ထိုမီးအကြောင်းမသိလျှင်၊ ထိုမီးကို
သေသေချာချာ ကိုင်တွယ်သုံးစွဲခြင်း မပြုလျှင် ၎င်းသည် ကျွန်ုပ်တို့အား
များစွာဒုက္ခပေး၏။
ထို့ကြောင့် ထိုမီးအကြောင်း ဂဃနဏသိရန်၊ ထိုမီးကို သေသေချာချာ ထိန်းသိမ်းနိုင်ရန် ဤဆောင်းပါးကို ရေးပါသည်။ ဤဆောင်းပါးကိုဖတ်ပြီးသည်နှင့် သင်သည် -
ü မီးဘာ့ကြောင့်လောင်ရသည် ဆိုသည်ကို သိလာမည်။
ü လောင်တတ်သော မီးအမျိုးအစားများကို ခွဲခြားသိလာနိုင်မည်။
ချင်းသမိုင်း
October 8th, 2011
ချင်းဟူသော အမည်နာမ
ချင်းဟူသော အမည်နာမကို အစဦးကတည်းက ချင်းတို့ကိုယ်တိုင်နှင့် အနီးပတ်ဝန်းကျင်ရှိ ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ ဗမာလူမျိုးများက ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
ချင်းလူမျိုးတို့၏ ချင်းလူမျိုးဆိုင်ရာ နှုတ်ရာဇ၀င်တွင် ချင်းနှင့် ကချင်သည် မွေးချင်းညီအကိုများဖြစ်ကြပြီး တရုတ်ပြည်မှတဆင့် ဟူကောင်းတောင်ကြားမှသည် ဗမာပြည်ထဲသို့ဝင်ရောက်လာခဲ့စဉ်က ညီဖြစ် သူ ကချင်သည် အလေးသွားနေခိုက် အကိုဖြစ်သူ ချင်း သည် ညီကို မစောင့်ပဲ ဆက်လက်ခရီးနှင်ပြီး လမ်းခရီးတွင် တောငှက်ပျောပင်ကို ခုတ်ဖြတ်ခဲ့သည်။ ညီဖြစ်သူ က အကို ဖြတ်ခဲ့သော ငှက်ပျောအူတိုင် အတော်အတန် ထွက်လာသည်ကို ကြည့်ပြီး အကို့ကို မှီနိုင် တော့မှာ မဟုတ်ဟု ဆိုပြီး ကချင်ပြည်တွင် နေရစ်သွားခဲ့သည်။ အကိုဖြစ်သူ၏ ခြေရာ ကိုကြည့်ပြီး Khang (ခြေရာ)ဟု ခေါ်ဆိုခဲ့သည်။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (၃)
မိတ်ဆွေတွေကို
အသိပေးစရာ နှစ်ခုရှိပါတယ်။ တကယ်တော့ ကျနော်ဟာ ဒီလို စိတ်ထိခိုက်၊
ဒဏ်ရာအနာတရဖြစ်စရာကောင်းတဲ့ အကြောင်းအရာတွေကို အင်တာနက်မှာ
တင်ပြီးမရေးချင်ပါဘူး။ ၁၉၉၈ ထိုင်းနယ်စပ်ကိုရောက်လာကတည်းက ဒီကိစ္စတွေကို
ရှင်းကြဖို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ဘူးတယ်။
“အရေးတော်ပုံပြီး ရင် ရှင်းမှာပါ” ဆိုတဲ့ စကားနဲ့သာ ချွေးသိပ်ခဲ့တယ်။
ဒါပေမဲ့ သိကြတဲ့အတိုင်းပဲ။ ပြည်ပမှာ ဒီလို စရိုက်တွေနဲ့သွားလို့ကတော့
အရေးတော်ပုံသက်တမ်း နောက်ထပ် နှစ်(၅၀) ကြာလည်း ပြီးနိုင်မယ် မထင်ဘူး။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ဒေါက်တာနိုင်အောင်တယောက်၊ ကျနော့်ဆီကို လမ်းကြုံလို့အလည်ဝင်လာပါတယ်။ အဲ့ဒီတုံးကလည်း သူကတဆင့်၊
ရော်နယ်အောင်နိုင် ဆီကို စကားလက်ဆောင်ပါးလိုက်ပါတယ်။ ကာယကံရှင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့
လုပ်ပါ။
ရာပြည့်မွေးနေ့ရှင် စံပြသတင်းစာဆရာ ဂျာနယ်ကျော် ဦးချစ်မောင်
သက္ကရာဇ် ၂ဝဝ၂ ခုနှစ် ဧပြီလ ၆ ရက်နဲ့ ၇ ရက်က ရန်ကုန်မြို့
အမျိုးသားပြတိုက်မှာ ‘ဂျာနယ်ကျော် ဦးချစ်မောင် နှစ် ၉ဝ မြောက် မွေးနှစ်၊
ဂျာနယ်ကျော်မမလေး နှစ် ၂ဝ မြောက် ကွယ်လွန်နေ့ နှင့် ဂျာနယ်ကျော် စီးဆင်းမှု
အထိမ်းအမှတ်ပြပွဲ’ ပြုလုပ်ခဲ့ပါတယ်။
ဧပြီလ ၆ ရက်နေ့မှာ အခမ်းအနားသဘာပတိ ဆရာပါရဂူက ဂျာနယ်ကျော်မိသားစုနဲ့ပတ်သက်လို့ အမှာစကား ပြောကြားခဲ့ပါတယ်။ ဂျာနယ်ကျော်ဦးချစ်မောင် ဆီမှာ ဆန့်ကျင်ဘက် ခြေလှမ်း ၂ ခု ပေါင်းဆုံနေတာ မြင်တွေ့ကြောင်း အထူးသဖြင့် ရိုးသားခြင်းနဲ့ ဆန်းပြားခြင်း၊ ရှေးဆန်ခြင်းနဲ့ ခေတ်မီခြင်းတို့ဖြစ်ကြောင်း ဆရာပါရဂူက ရှင်းပြသွားပါတယ်။

ဂျာနယ်ပါဆောင်းပါးဖြစ်တဲ့ ခက်လှပါလားသံယောဇဉ်ရယ်
သတ္တ၀ါတွေဟာ လောကကြီးထဲမှာ ဘာ့ကြောင့်ပျော်ရွှင်နေကြပြီး မိမိရဲ့ပန်းတိုင်ကိုရောက်အောင် မလုပ်နိုင်ကြတာလို့ စဉ်းစားကြည့်တဲ့အခါ ကိုယ့်မှာရှိတဲ့ သံယောဇဉ်ကို မဖြတ်နိုင်ကြလို့ဆိုတာ သိသာနေပါတယ်။ ခက်တာက နည်းနည်းခြင်းကိုဖြတ်တောက်ဖို့ မကြိုးစားကြတာပဲ။ ခုလိုသိတတ်တဲ့ အချိန်လေးမှာ သံယောဇဉ်ကို နည်းနည်းခြင်းဖြတ်တောက်ပေးမယ် ဆိုရင် နောက်နောင်မကြာခင်မှာ သံယောဇဉ်တွေကုန်ပြီး အေးချမ်းလှတဲ့နေရာကို ရောက်ရှိကြမှာ အမှန်ပါ။ သံယောဇဉ်ဆို တာ ဖြတ်တောက်ဖို့ရန်၊ စွန့်လွှတ်ဖို့ရန် ခဲယဉ်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ လောကကြီးကနေပေးနေတဲ့ ဒုက္ခတွေမှ လွတ်မြောက်ပြီး ငြိမ်းချမ်းမှုချမ်းသာကို ရရှိဖို့ရန်အတွက်က ဒီသံယောဇဉ်တွေကို ဖြတ်တောက်မှရမှာပါ။ အဲဒီလို ချမ်းသာမှုတွေ ခံစားရဖို့ရန်အတွက် သံယောဇဉ်နည်းနည်းဖြတ်ကြပါလို့ စာရေးသူရဲ့အမေအား ဒီလိုလေး ပြောခဲ့တာကို စာဖတ်သူများလည်း သံယောဇဉ်ဖြတ်နိုင်ဖို့ရန် တင်ပြပေးလိုက်ပါတယ်။
Thursday, December 29, 2011
လူသိနည်းသော မိုက်ကယ်အဲရစ်၏ စွန့် လွတ်အနစ်နာခံမှု အကြောင်း တစေ့တစောင်း
Michael Aris, Aung San Suu Kyi and
their first son Alexander, in 1973 Photo: ARIS FAMILY COLLECTION/GETTY
IMAGES
အပြင်မှာ
ကျနေတဲ့ နှင်းဖွဲလေးတွေကို ကြည့်ရင်း နှင်းတွေဖုံးလွှမ်းနေတဲ့ ဘူတန်နိုင်ငံ က
တောင်တန်းတွေ ကို ကိုယ် သတိရမိတယ်။ အဲဒီတုန်းက ကိုယ်က ဘူတန်ဘုရင်မိသားစုဝင်တွေ ကို
စာသင်ပေးနေတဲ့အချိန်၊ စု ကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ
သုသေသနပြုလုပ်ငန်းတွေ လုပ်နေတဲ့အချိန်ပေါ့ ။ ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့
အရိပ်အောက်မှာ ကိုယ်တို့  နှစ်ယောက် အပူအပင် ကင်းကင်းနဲ့  အများအကျိုးပြု လုပ်ငန်းတွေကို
လုပ်ဆောင်ခွင့်ရခဲ့ ကြတယ်လေ။
မင်းကို
ချစ်ရေးဆိုခဲ့တုန်းက၊ တခြားမိန်းကလေးတွေလို “ချစ်ပါတယ်” ဆိုတဲ့ အဖြေစကား မျိုး ကို
အနှောင်အဖွဲ့ ကင်းကင်းနဲ့  ရခဲ့တာ မဟုတ်ပါဘူး။
ဘ၀ပန်းတိုင် နှင်. ရည်မှန်းချက်
မေးခွန်းတကာတို.တွင်
အရေးအကြီးဆုံးမေးခွန်းသည် ဘ၀ ရည်မှန်းချက်ပင်ဖြစ်သည်။ ဤကမ္ဘာမြေပေါ်မှာ
ကျွန်ုပ်တို.ဘာလုပ် နေကြသလဲ။ ဘယ်ဆီက ကျွန်ုပ်တို.လာခဲ.ကြသလဲ။ ဘယ်ဆီသို.
ကျွန်ုပ်တို. သွားနေကြသလဲ။
ဘ၀၏ အဓိပ္ပယ် ဆိုတာ ဘာလဲ။ ကျွန်ုပ်တို.၏ဘ၀ကံကြမ္မာက ဘာလဲ။
ဤမေးခွန်းများသည် အမှန်တကယ်ပင် အလွန်အရေးကြီးကြသည်။ ဤမေးခွန်းများကို ဖြေကြားရန်လိုသည်။ သို.သော် ဤမေးခွန်းတို.သည် ဒဿနိကဗေဒပညာရှင်များကို ခေတ်အဆက်ဆက် စိတ်ရှုပ်ထွေးစေခဲ.သည်။

တရားထူးရခြင်း ဆိုသည်မှာ
ဗုဒ္ဓဘာသာဝင်အဖို့
တရားထူးရခြင်းနှင့်ပတ်သက်၍ ဘာသာရေးစကားဝိုင်းများတွင်
မကြာခဏဆွေနွေးကြပါသည်။ တရားထူးရန် မည်သည့်အချက်များ ပြည့်စုံရမည်နည်း။
မည့်သို့ ဖြည့်ကျင့်ရမည်နည်း။ ဘုရားလက် ထက်တော်က တရားတစ်ပိုဒ်
ကြားနာရုံဖြင့် တရားထူးရခြင်းနှင့် ယခုခေတ် ဘာဝနာ အထပ်ထပ်ပွါးများပြီးမှ
တရားထူးရခြင်း ဘာများ ကွာခြားပါသနည်း စသော မေးခွန်းများအပေါ် အမျိုးမျိုး
ထင်မြင်ချက် အကြံပြုချက်များ ဖတ်ရှုရပါသည်။ အချို့က
တရားတစ်ပိုဒ် နာကြားရယုံဖြင့် တရားထူးရခြင်းသည် ၀ိပဿနာအလုပ် မပါဟုလည်း
ထင်ကြသူများလည်း တွေ့ရ ပါသည်။
ဒိုင်စားတဲ့ပွဲ
by အား မာန် on Thursday, December 29, 2011 at 10:48pm
သူ့ပြောစကားဖတ်လိုက်ရတော့ စိတ်က ဘောလုံးပွဲသတင်းကနေ အပြင်ကို ဖြန့်ထွက်သွားတယ်။
အနီးမှုန်(၀တ္ထုတိုလေးပါ)
မာမာ
မှတ်တိုင်မှာ ကားတွေ အုံခဲလျှက်ရှိနေသည်။
ခရီးသည်တွေ ပြည့်ကျပ်နေသည့် ကားတွေထဲကမှ သူမစီးရမည့် ကားနံပါတ်ကို
မျက်လုံးရှင်ရှင်ထားလျှက် လိုက်ရှာနေမိ၏။ ရုံးဆင်းချိန်မို့ မှတ်တိုင်မှာ ရှိနေသည့်
လူပင်လယ်ကြီးကို ကြည့်ရင်း သက်ပြင်းမောတစ်ခုကို သူမ ခပ်ဖွဖွ ချလိုက်မိသည်။
လခထုတ်ရက်မို့များ လူတွေ ပိုများနေသည်လား မသိ။ အိမ်နှင့်ရုံး၊ ရုံးနှင့်အိမ်
သုံးမှတ်တိုင်မျှသော နိစ္စဓူဝ သွားနေရသည့် သည်ခရီးက ဘယ်တော့ဖြစ်ဖြစ် သူမနှင့်
အသားမကျသလိုပင်။ အထူးသဖြင့် ရုံးဆင်းချိန် ငါးပိသိပ်ငါးချဉ်သိပ် ကျပ်ညပ်နေသည့်
ကားပေါ် ချွေးနံ့ပေါင်းစုံ လှောင်အိုက်နေလျှက် စီးရသည်မှာ တဒင်္ဂသာဖြစ်သော်လည်း
မနည်းအောင့်အည်း သည်းညည်းခံလျှက် စီးရသည်။
အာဆီယံသီချင်းဆိုပြိုင်ပွဲ မြန်မာ တတိယဆုရ
အာဆီယံ သီချင်းဆိုပြိုင်ပွဲတွင် တတိယဆုရသူ ကိုကျော်ဇင်မင်း
ဇန်န၀ါရီလ ၅ ရက်နှင့် ၈ ရက်နေ့ထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ရိုးရာဂီတ နှင့် ပေါ့ပ်ဂီတ ကဏ္ဍ ၂ ခု ခွဲ၍ သီချင်းဆို ပြိုင်ပွဲ ကျင်းပခဲ့ပြီး ဟိုချီမင်း ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသခဲ့သည်။
အရွေ့ခေတ်ဝတ္ထုလေးပါ
မာမာ
မြန်မြန်လုပ်စမ်းပါ ပူစူးမရယ်… ညည်းကလေ ဘာမဆို အရမ်းကို နှေးကွေးတာပဲ၊ နေရာ
ကောင်းကောင်းမရမှ ဟုတ်ပေ့ဖြစ်နေလိမ့်မယ်…”
ဘွားအေးတင်တစ်ယောက် မြေးဖြစ်သူ ပူစူးမကို
ဗြစ်တောက်ဗြစ်တောက် ပြောနေရင်းက မြေဖြူခဲပိုင်းလေးကို စက္ကူပိုင်းလေးဖြင့်
ထုတ်လိုက်သည်။ အုန်းတံမျက်စည်း အတိုလေးကိုလည် ယူလိုက်၏။ အချိန်က ညနေ(၅)နာရီခန့်။
ကျနေအရှိန်က ကျိုးတိုးကျဲတဲ ရှိနေသေးသော်လည်း သည်အချိန်လောက် သွားကာမှ
အရှေ့ပိုင်းလောက်မှာ နေရာရနိုင်သည်။ တအောင့်နေတော့ မြေးအဖွားနှစ်ယောက် အိမ်ကနေ
ငါးမိနစ်သာသာ လျှောက်လျှင်ရသော ထိုနေရာသို့ ဦးတည်လျှက်သွားနေကြသည်။
ပညာရှင်ဆိုတာ (လူထုစိန်ဝင်း)
အခုတလော
ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊
ဖွံ့ဖြိုးရေးစတဲ့ ပညာရပ်ဆိုင်ရာ စာအမျိုအစားတွေ တော်တော်လေး
ထည့်သွင်းဖော်ပြလာကြတာ တွေ့ရတယ်။ အများစု က နိုင်ငံခြားစာအုပ်တွေကို
ဘာသာပြန်တာ၊ တစ်ဆင့် ပြန်ပြောတာတွေ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ
အခြေအနေကို သုံးသပ်ဝေဖန်ပြီး ကိုယ်တိုင်ပြုစု ရေးသားထားတာမျိုး
မတွေ့ရသလောက် ဖြစ်တယ်။ အဲဒါ ကြောင့် မြန်မာစာဖတ်ပရိတ်သတ်အတွက်
အကျိုးရှိသင့်သလောက် မရှိဘူးလို့ ယူဆမိတယ်။
အမေ
ငါတို့ စား၊၀တ်၊နေရေးအတွက် ..
ထမီတို ၀တ်၊ ချွေး စိုစွတ်ခဲ့တဲ့ အမေ
နေလောင်လို့ အသားနက် ၊ လက် အသားမာ တက်ခဲ့တဲ့ အမေ။
ဆံပင်တွေ ဖြူမွဲ နေလဲ၊ အကြင်နာတွေ ထူထဲနေဆဲ အမေ
သွားကျိုးနေပေမဲ့ သားဆိုးတွေကို ချစ်တဲ့ အမေ
မျက်စိမှုန်နေပေမဲ့ သတ္တိတွေမကုန်သေးတဲ့အမေ
နားလေးနေပေမဲ့ တရားအေးတွေ ဟောတဲ့ အမေ
အမေ့ခါးတွေ ကိုင်းနေခဲ့ပေမဲ့ ထင်ရာစိုင်းတဲ့ သားသမီးတွေအတွက်
ထမင်းရည်ငှဲ့ရင်း မေတ္တာပို့နေတဲ့ အမေ၊
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း -၁)
နိဒါန်း
စကြ၀ဠာကြီးဟာ ကျွန်မတို့ တွေးထင်ထားတာထက် ပိုပြီးဆန်းကျယ်ရုံတင်မကပါဘူး။
ကျွန်မတို့ တွေးထင်နိုင်တာ ထက်ပါ ပိုပြီး ဆန်းကျယ်လှပါတယ်။ စကြ၀ဠာကြီးဆီမှာ
အဖြေရှာဖို့ ခက်ခဲလှတဲ့ ပဟေဠိပုစ္ဆာတွေနဲ့ လျှို့ဝှက်ချက်တွေ အများအပြား
ပြည့်နှက်နေပါတယ်။
ဒါပေမယ့် ပဟေဠိပုစ္ဆာတွေနဲ့ လျှို့ဝှက်ချက်တွေအားလုံးကတော့ တထပ်တည်းကျအောင် မတူညီနေပါဘူး။
စကြ၀ဠာကြီးနဲ့ ပတ်သက်ပြီး အဖြေရှာဖို့ ခက်ခဲလှတဲ့ ပဟေဠိပုစ္ဆာတွေတိုင်းဟာ
လျှို့ဝှက်ချက်တွေ မဟုတ်ပါဘူး။ စကြ၀ဠာကြီး ဘယ်လိုစတင်ပေါ်ထွက်လာခဲ့သလဲ။
စကားနောက်..က တကယ့်တရား
by Shwe Aeim Si on Thursday, December 29, 2011 at 5:46pm
လူတိုင်းလူတိုင်း စကားပြောတတ်ကြပါတယ်။ မှန်တဲ့စကားလည်း ပြောတတ်ကြသလို
မမှန်တဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ကောင်းတဲ့စကားလည်း ပြောတတ်ကြသလို
မကောင်းတဲ့ စကားလည်း ပြောတတ်ကြပါတယ်။
အနှစ်ရှိတဲ့စကားလည်း ပြောတတ်ကြသလို အနှစ်မရှိတဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ဘယ်လိုစကားမျိုးပဲ ပြောပြော စကားဟာ ပြောပါများလာရင် အဲဒီစကားနောက်ကို
တန်ပြန်သက်ရောက်မှုတွေက ရောက်လာတတ်ပါတယ်။
ဓါတုပစ္စည်းအန္တရာယ် သတိမမူမိ၍ မီးသတ်တပ်ဖွဲ့ဝင်များ ကျဆုံးရ
by Mizzima မဇ္ဈိမ on Thursday, December 29, 2011 at 8:37pm
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွှန့်မြို့နယ်၌ လူ ၂၀ ကျော် သေဆုံးခဲ့သော နိုင်ငံပိုင် ဓါတုပစ္စည်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုတွင် ဂိုဒေါင်အတွင်းရှိ ဓါတု ပစ္စည်းများ၏ အန္တရာယ်ကို သတိမမူမိသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးကာ ကျဆုံးခဲ့ရသည်ဟု သက်ဆိုင်ရာ ဌာနများကပြောသည်။
မီးသတ်တပ်ဖွဲ့ဝင်များမှာ လောင်ကျွမ်းမှု အရှိန်မြင့်နေသည့်မီးကို အမြန်ငြိမ်းစေလိုဇောဖြင့် ငြှိမ်းသတ်နေကြစဉ် ဂိုဒေါင်အတွင်းရှိ မီးကူးလောင်နေသည့် ဓါတုပစ္စည်းများမှ ပေါက်ကွဲကာ အရပ်သား ၁၇ ဦးနှင့်အတူ မီးသတ် တပ်ဖွဲ့ဝင် ၅ ဦးပါ သေဆုံးခဲ့ရဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်ဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
၂၀၁၂ ခုနှစ်အတွက် လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်း နေရာများတွင် မြန်မာပါဝင်
by Moenge Aung on Thursday, December 29, 2011 at 4:34pm
Planet

CNN သတင်းဌာနက ၂၀၁၂ ခုနှစ်အတွက် သွားရောက် လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်း နေရာ ၉ ခုကို ရွေးချယ် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံအား နံပါတ် ၃ နေရာတွင် ထည့်သွင်း ဖော်ပြထားကြောင်း သိရှိရသည်။ CNN က ခရီးသွား လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သည့် Lonely Planet, Altour, Smarter Travel, Orbitz, Travel+Leisure, Budget Travel တို့မှ တာဝန်ရှိသူများ၊ အယ်ဒီတာများ၏ အကြံပြုချက်များအရ ယခုစာရင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထူးထူးခြားခြား ကွန်ပျူတာမှာ မျက်နှာပြပြီး Log in ၀င်လို့ ရတယ်တဲ့ (အသုံးပြုပုံ ရှင်းပြထားပါတယ် )
by Aung Lat on Thursday, December 29, 2011 at 8:46pm
အနော်တို့  ..ကွန်ပျူတာများမှာ
ပုံမှန် ဆို Log in ၀င်ရင် User name & Password ရိုက်ပြီးဝင်ရပါတယ်
အခုတော့ Web Cam မှာ ကိုယ့်မျက်နှာပြပြီး ၀င်ရအောင်Password တွေမရိုက်ရပဲ မျက်နှာပြ..၊ကိုယ့်မျက်နှာ ဟုတ်တယ်ဆိုမှ ၀င်းဒိုးပွင့်တယ်ဆိုတော့ အဆန်းသားပဲဗျ .... ၊၊ဒီဆော့ဖ်ဝဲ အကြောင်းသိချင်ရင်တော့ ဒီအောက်ကလင့်ခ် မှာသွားကြည့်ကြပေတော့
တဲ့တိုး- ဖြေမိသလား မသိပါ။
by Zay Ya on Thursday, December 29, 2011 at 8:34pm
B: ကျနော့မှာ ပြောဖို့ ဘာမှ မရှိပါဘူး ။ အကြောင်းက ကျနော် ဘာမှ မဟုတ်တာကြောင့်ပဲ ဖြစ်ပါတယ်။ ထပ်ပြောပါမယ် - ကျနော် ဘာဆိုဘာမှ ( ဘယ်တစ်စုံတစ်ခုမှ ) မဟုတ်ဘူး။ အဲ့ အတွက် ပြောဖို့ ဘယ် အကြောင်း တစ်စုံတစ်ခု မှ မရှိဘူး။
အမေ့ဝမ်းက ထွက်လာခဲ့တဲ့ အချိန်နာရီနဲ့ လူတွေ တွက်ချက်တဲ့ အချိန်ကာလ အရ ၂၇ နှစ်ကျော်လွန်ပြီ လို့ ဆိုပါတယ်။ ဒါကလည်း ခုအချိန် ပြန်တွေး ပြန်ခံစားတဲ့ မှတ်ဥာဏ် ပဲရယ်။ အသက် ၁၈ နှစ်ဖြစ်တာ၊ ၂၇ နှစ်ဖြစ်တာ၊ ၄၅ နှစ်ဖြစ်တာ - စတဲ့ နံပါတ်တွေက ခင်ဗျား လက်ရှိ အခု အသက်ရှူနေတဲ့ အပေါ် ဘာအကျိုး သက်ရောက်မှု ရှိနေသလဲ။
အားကစား သူရဲကောင်းများကို ဂုဏ်ပြုပါ
by Moenge Aung on Thursday, December 29, 2011 at 5:17pm
ပြည်နယ်တောင်တန်း ဒေသတွင်ရှိသော သာမန် မြို့တစ်မြို့မှ သာမန် မိန်းကလေး တစ်ဦးက မြန်မာနိုင်ငံသား ပြည်သူ သန်း (၆၀) ၏ ဂုဏ်သိက္ခာနှင့် သူ့နိုင်ငံ၏ ဂုဏ်ကို မြှင့်တင်ပေးလိုက်ပြီဟု ရင်မှာ လှိုက်လှဲ ကျေနပ်သော၊ ဂုဏ်ယူ ဝမ်းမြောက်မှု အပြည့်နှင့် e-mail တစ်ခုကို အဝေး၌ အလုပ်လုပ်နေသည့် ကျွန်တော့်သမီးထံ ပို့ပေးလိုက်မိပါသည်။ အဆိုပါ e-mail ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီ အချိန်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ မြားပစ်ကွင်းမှ ပို့ပေးလိုက်မိခြင်း ဖြစ်ပါသည်။
စိတ်ရုပ်ကြွင်း
by သစ္စာနီ on Wednesday, December 28, 2011 at 10:17pm
(က)“အသံများ၊ အရောင်များ၊ ရနံ့များဟာ အချင်းချင်း ခေါ်ထူးနေကြတယ်” ဆိုသော ကဗျာကို ဘို့ဒလျဲား [?] ရေးခဲ့ပါသည်။ အင်မတန် နာမည်ကျော်သော သူ၏ “ဆက်သွယ်မှုများ” နာမည်ရှိသည့် ကဗျာထဲတွင် ဖြစ်ပါသည်။ အာရုံငါးပါးတို့၏ ကူးလူးယှက်နွယ်မှုကို ဖွင့်ဆိုထားသော ထိုကဗျာကို ပြင်သစ်နိုင်ငံ သင်္ကေတဝါဒ ကဗျာသင်ကျောင်းတွင် ရသဗေဒ အခြေခံသဘောတရား တစ်ရပ်အနေဖြင့် မသင်မနေ ပြဌာန်းကာ သင်ကြားပေးနေပါသည်။ ဘို့ဒလျဲား ပါရီမြို့တွင် ကွယ်လွန်ခဲ့သည်မှာ ၁၉၉၇ သြဂုတ် လတွင် တစ်နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါသည်။
- လက်တွေ့နှင့် သီအိုရီ ကိုက်ညီပါမှ
-ဦးဖိုးသာအောင်
-(၂၆-၁၂-၂၀၁၀)
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် တသားတည်း တပေါင်းတည်း တည်ရှိနေပါသည်၊ ခွဲခြားလို့မရပါ။
လူတဦးချင်းစီတွင် လွတ်လပ်စွာ ဟုတ်တိုင်းမှန်ရာကို ပြောဆိုခွင့် ရေးသားခွင့် ဝေဘန်ထောက်ပြခွင့်ကို အပြည့်အဝ သတ်မှတ် ပြဌါန်းပြီး အာမခံချက်ပေးထားသည့် စနစ်သည် ဒီမိုကရေစီပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ၁၉၆၂ခုနှစ်မှ ယနေ့အထိ ဒီမိုကရေစီ မရှိသဖြင့် တိုက်ပွဲဝင်နေကြရပါသည်၊ လူထုကြီးတရပ်လုံးလိုချင်ကြသည့် ဒီမိုကရေစီ ကို ခေါင်းဆောင်များ၊ အဖွဲ့အစည်းများက ဦးဆောင်ပြီး တိုက်ပွဲဝင် ပေးနေကြပါသည်၊
ရှစ်ဆယ့်ရှစ်နောက်ပိုင်း ပြည်တွင်းရော ပြည်ပပါ အတိုက်အခံအဖွဲ့များအားလုံး တညီတညွတ်တည်း တောင်းဆိုကြသည်မှာ ဒီမိုကရေစီပင်ဖြစ် ပါသည်။

သမီးမေမေကို လူဆိုးတွေ သတ်သွားတယ်။ [ သွန်းနေစိုး ]
လှည်းတန်းတွင် ဗုံးကွဲသည်ဟု
ကြားရချင်း၌ ကျနော့်ရင်ထဲ ဗြောင်းဆန်သွားမိပါသည်။
ပြီးတော့ ချက်ချင်း သွေးတွေဆူပွက်၊
ဘာကိုမှ မမြင်နိုင်အောင် ဖြစ်သွားမိသည်။
ယုတ်မာလိုက်ကြတာ၊ ယုတ်မာကြပြန်ပြီ။
စိတ်ထဲတွင် အခါခါ ရေရွတ်မိ၏။
ဒေါသလည်း ထွက်သည်။ ထိုဒေါသအား
ပေါက်ကွဲခွင့်လည်း မရပါသောကြောင့် အံကိုတင်းတင်းကြိတ်ကာ ယောက်ျားတန်မဲ့
မျက်ရည်ဝဲချင်လာသလိုလို ဖြစ်သွားမိ၏။
သေတာက တစ်ယောက်၊ ဒါဏ်ရာပြင်းတာက
တစ်ယောက်တဲ့။ မိန်းလေးတွေ ... တဲ့။ သတင်းတွေက ဆက်တိုက်ဆိုသလို လာ၏။
29.12.2011 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Thursday, December 29, 2011 at 10:22am
ရန်ကုန်က ပေါက်ကွဲမှု ပြင်းထန်
ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့် မြို့နယ်ဘက်က ABC စက်ဆန်းရှိ ကူးတို့ဆိပ်က ဂိုထောင်တွေမှာ ကြာသပတေးနေ့ မနက် ၂ နာရီကျော်မှာ ပေါက်ကွဲမှုနဲ့ မီးလောင်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး လူ ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်ထပ်လည်း သေကြေ ဒဏ်ရာရသူ တွေ ရှိနိုင်သေးတယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပြီး သေကြေ ပိတ်ပိသူတွေ ရှိမရှိ ဆက်လက် ရှာဖွေနေကြပါတယ်။
ကျမနှင့် စာရေးခြင်း အတတ်ပညာ
သည်စာလေးကို
ခုပဲ ချရေးချင်စိတ်ပေါက်မိပါသည်။ ကျမစိတ်ထဲတွင်
မွမ်းကျပ်နေသလိုခံစားရသည်မှာ မကြာခဏပင်ဖြစ်တော့သည်။ ကျမသည် လောဘကြီးသူပီပီ
လုပ်ချင်တာတွေ အင်မတန်ကိုများလွန်းသည်။ တကယ်တော့ စာရေးတယ်ဆိုတာ အင်မတန်
အာရုံစိုက်တည်ငြိမ်ရသည်။ ကျမကမဟုတ် တခါတလေ ဟိုဟာလုပ်ရမှာပါလား...
ဒီစာရေးရအုံးမယ်... ဟိုစာရေးရင် ကောင်းမလား..ဆိုတာမျိုးတွေပင် ရှိနေတတ်သည်။
ဒါကြောင့် ဌားထားသည့် စာအုပ်တွေမှာ ခုထိပင် တအုပ်မှ အဆုံးမသတ်ရသေးပါ။
ပြီးအောင်မဖတ်ရသေးဖြစ်နေသည်။
ဘ၀အတွက်ပညာရေး
by Wai Maw on Thursday, December 29, 2011 at 10:30am
ကလေးတစ်ယောက်ကိုညွှန်ကြားပေးဖို့ ကျွန်မတို့ကိုယ်တိုင်က ဘယ်လောက်အရည်အသွေးတွေ ရှိ လို့လဲ။ ကျွန်မတို့ကိုယ် ကျွန်မတို့အောင်မြင်သူဟု ယုံကြည်လက်ခံထားလို့ သူတို့ကိုအောင်မြင်အောင် လမ်ကြောင်းပေးနိုင် တာလား။
ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်ကွင်း
http://8-8-88.blogspot.com/2011/12/blog-post_23.html မှ ....
ဘယ်သူမှဘာသာမပြန်လို
့တတ်သလောက်ပြန်ပါတယ်။အမှားတွေတပုံကြီးပါ။မတတ်နိုင်ပါဘူး။
အင်္ဂလိပ်စာညံ့ပါတယ်။ဒီမိုကရေစီတော်လှန်ရေးမှာပါဝင်သူအားလုံးမမေ့သင့်တဲ့သမိုင်းတခုမို
့ စာရေးသူကဗမာလို ရေးပေးနိုင် ရင်တော်တော်ကောင်းမှာပါ။
ဘာသာပြန်ကျွမ်းကျင်သူများ ဘာသာပြန်ပေးပါ။
(၂)
စခန်းတခုလုံး
ကိုလှမ်းပြီးမြင်နိုင်တဲ့ ဒီနေရာမှာ ကျနော်တို့ ကလွဲလို
့ဘယ်သူမှမရှိပါဘူး။ ကက်ဆက်ရီကော်ဒါကတော့ စပြီး အသံဖမ်းနေပါပြီ။ အောင်နိုင်က
ထိုင်ပြီး သတင်းထောက်နဲ့ စ စကားပြော ပါတယ်။
တရုတ်နိုင်ငံမှ သွေးစွန်းသော ဖျော်ဖြေမှု
by သက်တန့်ချို on Thursday, December 29, 2011 at 4:53pm
လူလူခြင်း နှိပ်စက်တဲ့ ခေတ် ၊ လူက တိရိစ္ဆာန်ကို နှိပ်စက်တဲ့ ခေတ်ကြီး ကုန်ဆုံး သွားပြီလို့ ကြွေးကြော် နေတဲ့အချိန်မှာ ဒီလို ဖြစ်ရပ်တွေဟာ အလွန်ကို ရွံရှာ စက်ဆုပ်ဖွယ် ကောင်းလှပါတယ် ။
မင်္ဂလာတောင်ညွန့် မီးဘေး အကူအညီများ စတင်
by The Irrawaddy (Burmese Version) on Thursday, December 29, 2011 at 5:20pm
By ဇာနည်မာန် on December 29, 2011 5:19 pm in သတင်း
အိမ်ခြေ ၂၂၀ ကျော် ပျက်စီးပြီး လူတထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သော ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှုမှ မီးဘေးဒုက္ခသည်များ အတွက်အကူအညီများ စတင်နေပြီး အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
မီးလောင်ပေါက်ကွဲပြီးနောက် ပျက်စီးနေသည့် ကုန်လှောင်ရုံ (ဓာတ်ပုံ - ဧရာဝတီ)ဒုက္ခသည်များကို ခိုလှုံခွင့်ပေးထားသည့် မဟာဝိဇယရာမ ကျောင်းတိုက်မှ ဆရာတော်က “သူတို့ခမျာ ပစ္စည်းတွေက ဘာမှပြန်မရ၊ အ၀တ်တထည် ကိုယ်တခုနဲ့၊ ငိုယိုနေကြတာ။ စားစရာ၊ သောက်စရာ၊ အ၀တ်အစား၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အားပေးမှုတွေ အများကြီးလိုနေတယ်။ လိုအပ်တာတော့ အကုန်ပဲ။ ဘာဆို ဘာမှကို မရှိတာ။ ဘုန်းကြီးကျောင်းထဲမှာရော၊ ကျောင်းအပြင်ဖက်တွေမှာရော နေရာချထားပေးရတယ်” ဟု ဧရာဝတီသို့ မိန့်သည်။

ပညာအုတ်ဖြင့် ပြည်တည်မည့် “၀ံလက်ဖောင်ဒေးရှင်း”
“အရင်တုန်းကဆို ကလေးတွေဟာ ဘုရားဖူးတွေဆီမှာ ပိုက်ဆံလိုက်တောင်းတယ်၊
ဘုရားဖူးတွေ ချွတ်ထားတဲ့ ဖိနပ်တွေ ခိုးယူသွားတယ်၊ ကျနော်တို့ရဲ့ (ရောင်ခြည်
အခမဲ့ပညာသင်ကျောင်း) ကို ဖွင့်ပြီးတဲ့ နောက်ပိုင်း ကလေးတွေ
ပိုက်ဆံတောင်းတာတို့၊ ဖိနပ်ခိုးတာတို့ ပျောက်သွားတယ်” ဟု “ ၀ံလက်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း” ဒါရိုက်တာအဖွဲ့ဝင် ခိုင်ကောင်းစံ
ပြောပြတာဖြစ်ပါတယ်။
ဂူဝ ကျေးရွာဟာ ကုလားတန်မြစ် အနောက်ဖက်ကမ်းနံဘေးပေါ်မှာတည်ရှိပြီး၊ ပုဏ္ဏားကျွန်းမြို့နဲ့ လမ်းလျှောက်ရင် ၄၅ မိနစ် ခရီးသာရှိတဲ့ အိမ်ခြေ (၆၅) ဆောင်ရှိတဲ့ ရွာကလေးပါ။ ဂူဝဘုရားကို အမှီပြုပြီး ဂူဝကျေးရွာလို့ အမည်တွင်လာတာဖြစ်ပါတယ်။ ကျောက်တောင်ကို ထွင်းပြီး ပြုလုပ်ခဲ့တဲ့ ရှေးဟောင်း ဂူဘုရားဖြစ်ပါတယ်။ ဆောင်း၊ နွေရာသီရောက်ပြီဆိုရင် ရခိုင်ပြည်နယ်အနှံ့က ဘုရားဖူးတွေ ဂူဝဘုရားကို လာရောက် ဖူးမျှော် ကြပါတယ်။

Wednesday, December 28, 2011
အမွေးရိတ်ခြင်း၊ နုတ်ခြင်းနှင့် ပတ်သက်ပြီး သင်သိထားသော အယူအဆ အမှားများ
by Moenge Aung on Wednesday, December 28, 2011 at 1:12pm
ခန္ဓာကိုယ် သန့်ရှင်းစေဖို့ အမွေးရိတ်ကြပါတယ်။ အမွေးရိတ်ရာမှာ ပြုလုပ်လေ့ရှိတဲ့ အယူအဆ အမှားတွေ ရှိပါတယ်။
အရင်ဆုံး သန့်စင်မှု မပြုလုပ်ခြင်း
အမွေးမရိတ်ခင် သင့်အရေပြားနဲ့ အမွေးတွေကို အရင်ဆုံး ကြေးချွတ်သန့်စင်မှု ပြုလုပ်ပေးသင့်ပါတယ်။ ဒီလို ပြုလုပ်ထားတာကြောင့် အမွေးရိတ်ချိန်မှာ အရေပြား မျက်နှာပြင်ဟာ ချောမွေ့နေကာ နာကျင်မှုလည်း ကင်းစေပါတယ်။ အမွေးရိတ်ပြီးသား မျက်နှာပြင်ကိုလည်း အရက်ပြန် မပါဝင်တဲ့ လိုးရှင်းနဲ့ လိမ်းထားပေးသင့်ပါတယ်။ ဒါမှ အရေပြားကို ကျန်းမာ ဖွံ့ဖြိုးစေနိုင်ပါတယ်။ ကြေးချွတ် သန့်စင်တာကို အမွေးမရိတ်ခင် နှစ်ရက်လောက် ကတည်းက ပြုလုပ်သင့်ပြီး အမွေးရိတ်ပြီးချိန်မှာလည်း လိုးရှင်းကို လိမ်းထားပေးသင့်ပါတယ်။
နိုင်ငံရေးသမား ဖြစ်ချင်တယ် ဆိုရင် (၄)
မြန်မာ့လွတ်လပ်ရေးရဲ့
ပထမဆယ်စုနှစ် အတွင်းလောက်မှာ မိမိတို့ မျိုးဆက်ဟာ ရန်ကုန်တက္ကသိုလ်ကြီးရဲ့
ပရဝဏ်ထဲ ခြေချခွင့်ရခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးဟာ
နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားရေးဝါဒရဲ့ ဘူမိနက်သန် နယ်မြေနဲ့
လောကပါလတရားများ မျိုးစေ့ချရာ နယ်မြေပါ။ မိမိတို့မျိုးဆက်ဟာ မာ့က်စ်ဝါဒကို
ရန်ကုန်တက္ကသိုလ်နယ်မြေမှာ စတင် ထိတွေ့ခဲ့ရပါတယ်။ အဲဒီစဉ်က
မာ့က်စ်ဝါဒဆိုတာ နယ်ချဲ့ဆန့်ကျင်ရေးပါပဲ။ မာ့က်စ်ဝါဒဟာ နိုင်ငံခြားရောက်၊
မြန်မာ အင်္ဂ လိပ်စာတတ်များနဲ့အတူ ပထမကမ္ဘာစစ်အတွင်းမှာ မြန်မာနိုင်ငံ အတွင်း
စတင်ရောက်ရှိလာပြီး နဂါးနီ စာအုပ်အသင်း ၄.၁၁.၃၇ က စနစ်တကျ
ဖြန့်ချိခဲ့တယ်လို့ ဆိုပါတယ်။
******စကား ၃၈ ခွန်း *******
၁။ မေတ္တာဆိုတာ အဟောင်းအသစ်အားလုံးကို မြတ်နိုးတာပါပဲ
၂။ အနိုင်အရူံးဆိုတာ ပွဲအစမှာ ဖြစ်တာမဟုတ်ဘူး။ အဆုံးသတ်ကိုကြည့်တာ
၃။ ရတာကို မလိုချင်ရင် လိုချင်တာကို ရအောင် ကြိုးစားပါ
၎။ အလှအပကြောင့် ဘ၀ပျက်သလို မာနကြောင့်လည်း ဒုက္ခရောက်တတ်တယ်နော်
၅။ မိမိအကျိုးအတွက် သူတစ်ပါးအား အသုံးချ၍ရသော အောင်မြင်မူသည် ရေရှညည်တည်တဲ့မည် မဟုတ်

မိန်းကလေးအပြင် လူတိုင်းသတိထားသင့်
Posted by ဇ on December 7, 2011 at 2:56pm in သတင်းများ
တရုတ်ပြည်၊ Si chuan (စီချွမ်)ပြည်နယ်မှာဖြစ်ပွားခဲ့တာပါ။ မူးနေတဲ့ တက္ကသိုလ်ကျောင်းသူမိန်းကလေးတစ်ယောက်က ကပွဲမှာယောကျာင်္းလေးတစ်ယောက်နဲ့တွေ့ခဲ့ရကာနေ ဟိုတယ်ကိုသွားဖို့သဘောတူကာလိုက်သွားခဲ့ပါတယ်။ ဟိုတယ်ရောက်တော့လဲ အရက်ထပ်သောက်ခဲ့ပြီး အိပ်ပျော်သွားခဲ့တယ်။ နှိုးလာတဲ့အချိန်မှာတော့ သူမဟာရေခဲတွေအပြည့်ထည့်ထားတဲ့ကန်ထဲကို ရောက်နေခဲ့တယ်။ “ နံပတ်၁၂၀ ကိုဖုန်းဆက်ပါ၊ မဟုတ်ရင်နင်သေလိမ့်မယ်” လို့ရေးထားတဲ့ စာတစ်စောင်ကို ကန်ရဲ့ဘေးနားမှာတွေ့ခဲ့တယ်။ သူမရဲ့ဖုန်းကိုလဲ အဲ့စာရဲ့ဘေးနားမှာပဲတွေ့ခဲ့တယ်။
ဒီမိုကရေစီအတွက် ရုန်းကန်ကြ (၂)
by Myo Thant on Wednesday, December 28, 2011 at 9:23am
အဲဒါကြောင့်လူတွေက ဘုန်းတန်ခိုးကြီးတယ်လို ယူဆခံထားရသူတွေဖြစ်သော မျိုးရိုးကြီးမြတ်သူတွေ၊ မူးမျိုးမတ်မျိုးတွေ၊ ပညာရှိ ပရောဟိတ်တွေ၊ လက်ရုန်းရည်နှင့်ပြည့်စုံသော စစ်သူကြီးတွေဆိုသော ဒီလူနည်းစုတွေကသာ အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးဘဲ ရှိခဲ့တယ်။ လက်တွေ့မှာတော့ အဲဒီအချိန်က တော်တော်လေးကို ဒီမိုကရေစီ မစံသေးပါဘူး။
Blog မှာ ကိုယ်ပိုင်musicplayer ထည့်ကြည့်မယ်
အင်း..အခု ning ဆိုဒ်တော်တော်များများရဲ့ ကိုယ်ပိုင်စာမျက်နှာမှာ သီချင်း player ပျောက်သွား
တာသတိထားမိပါတယ်..၀ယ်လိုက်တဲ့ plan ကြောင့်နေမှာပါ…
ကျွန်တော်တို့ကတော့သီချင်းလိုက်နားထောင်နေတာဆိုတော့ စိတ်ထဲမှာ ခိုးလု ခုလု
နဲ့ တစ်ခုခုလိုနေသလို…ဘာဖြစ်လဲနော် သူမပေးရင်ကိုယ့်ဘာသာထည့်မှာပေါ့
Blog မှာ mp3 player ထည့်မယ်ဆိုရင် ပုံစံအမျိုးရှိပါတယ် အဲဒီထဲက တစ်မျိုး ကိုပြောပါမယ်
အောက်ပုံလေးအတိုင်းပေါ့ဗျာ…..
ကျန်းမာရေးနှင့် ၀ူရှူးပညာ
ဒီပို့စ်လေးကိုရေးရတာလည်း သူငယ်ချင်းများ ၀ူရှူးပညာနှင့်ကျန်းမာရေးကို ပျော်ရွှင်စွာ လေ့လာလိုက်စားပြီး အသက်ရှည်ကာ အနာကင်းစေဖို့ ရည်ရွယ်ချက်နဲ့ပါ။ ၀ူရှူးပညာဟာ လူပျင်းတို့ လေ့ကျင့်လို့မရတဲ့ပညာမျိုးပါ။ အင်အားသည် ကွန်ဖူး၏ရေသောက်မြစ် အင်အားမဲ့သော သိုင်းပညာသည် ဟန်ရေးပြပဲရှိပါမည်။ ၀ူရှူးလေ့ကျင်ခြင်းသည် အင်အားနှင့် လျှင်မြန်ကျွမ်းကျင်မှုကို တိုးမြင့်ပေးခြင်းဖြစ် သည်ဟု ကွန်ဖူးဘုရင် လီရှောင်လုံ (ဘရု(စ်)လီ)က ပြောခဲ့ပါသည်။
ဝူရှူးဆိုတာကတော့ ကိုယ်ခံပညာရပ်အားလုံးကိုပြောတာပါ။ တိုက်ခိုက်ရေး အတတ်ပညာလို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် တိုက်ခိုက်ရေးအတွက်သက်သက်လည်း မဟုပ်ပါဘူး။ လေ့ကျင့်ခန်းရဲ့ လှုပ်ရှားမှုက ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။
ကိုယ့်စကားကိုယ် လေးစားပါ
by အာလူး အာလူး on Wednesday, December 28, 2011 at 12:24pm
မကြာမှီရက်ပိုင်းလေးမှာ2012 ကိုရောက်ပါတော့မယ်...။
2011 ကိုနှုတ်ဆက်ကျော်ခိုင်းပြီးတဲ့ နောက်
2011 ကာလတစ်လျောက်လုံး..ကိုယ်ဘာတွေ လုပ်မိတယ်.
ကိုယ်ဘာတွေ အကျိုး၇ှိလားအကျိုးမဲ့ လား လူငယ်တွေဆန်းစစ်ဖို့ လိုပါတယ်..။
နှာခေါင်းမပါတဲ့ မိန်းခလေး
by အား မာန် on Wednesday, December 28, 2011 at 4:38pm
လွန်ခဲ့တဲ့
တစ်နာရီလောက်ကပဲ ကျွန်တော့်ဆီကို ဓာတ်ချောစာ တစ်စောင် ၀င်လာပါတယ်။
ဖတ်ပြီးတော့ ခံစားမှု ပေါင်းစုံဖြစ်ပါတယ်။ ကရုဏာလည်း သက်ရတယ်၊ ဒေါသလည်း
ဖြစ်ရတယ်။ စိတ်မကောင်းလည်း ဖြစ်ရတယ်။ ရွံလည်း ရွံရှာ စက်ဆုပ် အော့နှလုံး
နာမိပါတယ်။ ယောက်ျားဆိုတဲ့ သတ္တ၀ါတွေဟာ အသက်ကြီးလေ
ပိုယုတ်ကန်းလေလားလို့တောင် တွေးမိလာရတဲ့ အထိပါပဲ။ တစ်ဆက်တည်းမှာ
ဆင်ခြင်ဉာဏ်နည်းလွန်းတဲ့ မိန်းမငယ်လေးတွေကိုလည်း ကိုင်ဆောင့်ချင်စိတ်
ပေါက်သွားပါတယ်။ ဒါမျိုးတွေ ကြုံတွေ့နေရတဲ့ မိန်းကလေးတွေ
ကျွန်တော်တို့ဆီမှာ ဘယ်လောက်တောင် များနေပြီလဲဆိုတာ မတွေးရဲစရာပါ။
ကလေးမလေးဆီကိုတော့ လိုအပ်သလို အကြောင်းပြန်ပြီးပါပြီ။ အယုံလွယ်တတ်တဲ့
မိန်းမငယ်၊ မိန်းမရွယ်တွေ သတိထားနိုင်အောင် သူ့စာကို အရင်းအတိုင်း
ပြန်ဖော်ပြပေးလိုက်ပါတယ်။
ဆရာအတ္တကျော်ရှင့်
သမီးက ဆရာ့ပရိတ်သတ်ပါ။ သမီးနာမည်က နှင်းဝင့်ဖြူပါဆရာ။ မိတ္ထီလာမြို့မှာ နေပါတယ်။ အသက်က ၂၀ ပါ။
သမီးရင်ထဲမှာ မခံမရပ်နိုင်ဖြစ်လွန်းလို့ ဆရာ့ကိုပဲ ရင်ဖွင့်ပါရစေ။
ဆရာအတ္တကျော်ရှင့်
သမီးက ဆရာ့ပရိတ်သတ်ပါ။ သမီးနာမည်က နှင်းဝင့်ဖြူပါဆရာ။ မိတ္ထီလာမြို့မှာ နေပါတယ်။ အသက်က ၂၀ ပါ။
သမီးရင်ထဲမှာ မခံမရပ်နိုင်ဖြစ်လွန်းလို့ ဆရာ့ကိုပဲ ရင်ဖွင့်ပါရစေ။
အယ်ဒီတာစကားကို ဝေဖန်ခြင်း
by Nyein Soe Oo on Wednesday, December 28, 2011 at 12:24pm
http://www.nyeinsoeoo.com/2011/12/blog-post_28.html
ဇန်န၀ါရီလ ၊ ၂၀၁၂ - ခုနှစ်ထုတ် ကလျာမဂ္ဂဇင်း ကို ဖတ်ခဲ့ရပါတယ်။
အဲဒီမှာ အယ်ဒီတာ့စကားဟာ ချွတ်ချော်နေတယ်လို့ ယူဆပါတယ် ။ ပထမဆုံးအနေနဲ့ ပြောရရင်
`` ဒီနေ့ခေတ်မှာ လူငယ်တွေ ၊ ကလေးတွေက အင်တာနက်ရောဂါ အလွန်ထလာကြပါတယ် ။´´
ဆိုတဲ့စကားဟာ မှားပါတယ် ။ အင်တာနက် ဆိုတာဟာ ရောဂါ မဟုတ်ပါခင်ဗျား ။
လူသားရဲ့ တီထွင်မှုကို အသုံးချခြင်းသာ ဖြစ်ပါတယ် ။
ဘင်္ဂလားဒေ့ ရှ်က ခွေးနဲ့ မျောက် သံယောဇဉ်...
ကိုပီတာရဲ့အတွေးပုံရိပ်များ
|
Posted: 26 Dec 2011 09:01 AM PST
ဘင်္ဂလားဒေ့ ရှ်နိုင်ငံအရှေ့ မြောက်ပိုင်းမှ မြို့ ကြီးပြကြီးနှင့် ဝေးကွာလှသည့် ကျေးလက်တောရွာတစ်ခုမှ ခွေးတစ်ကောင်ဟာ မျောက်ကလေးတစ်ကောင်အား ကျန်းမာရှင်သန်လာအောင် နို့ တိုက်ကျွေးနေခဲ့ သဖြင့် လူအများ စိတ်ဝင်စားကာ ထင်ပေါ်ကျော်ကြားနေပါတော့ တယ်... အဆိုပါမျောက်ငယ်အား (၎င်းတို့ ၏စိုက်ခင်းများအားဝင်ရောက်ဖျက် ![]()
ခွေးမကြီးနို့ မျောက်ကလေးစို့ ....
မိတဆိုးလေးမို့ အကြင်နာပိုခဲ့ လေသလား... |
တရုတ်ရေတပ်ပါဝါနဲ့ ရေပိုင်နက်ပြဿနာ
Varyag
အမည်ရတဲ့ လေယာဉ်တင်စစ်သင်္ဘောကြီးကို ပင်လယ်နက်ဒေသရှိ Mykolaiv
လွန်းကျင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုခေတ်က
နောက်ဆုံးတပ်တော်ဝင်လုပ်ခဲ့တဲ့ စစ်ရေယာဉ်တွေ ထဲမှာ တစ်စီးအပါအ၀င်ဖြစ်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ၁၉၉၂ မှာ အသုံးမပြုဘဲ
ချောင်ထိုးထားခဲ့ပါတယ်။ ၁၉၉၈ မှာ တရုတ်ရေတပ်မတော်နဲ့ ဆက်နွယ်မှုရှိတဲ့ Macau
အခြေစိုက် တရုတ်ကုမ္ပဏီ တစ်ခုက အဲဒီပြုပြင်ဆဲရေယာဉ်ကြီးကို
ယူကရိန်းအစိုးရထံမှ ၀ယ်ယူလိုက်ပါ တယ်။ သူတို့သတင်းလွှင့်ထားတာ ကတော့
အဲဒီရေယာဉ်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံပြီး လောင်းကစားရုံတွေပါဝင်တဲ့
ရေပေါ်အပျော်စီး သင်္ဘောကြီးအဖြစ် အသုံးပြုဖို့ပါတဲ့။
ဝါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း…
by Shwe Aeim Si on Wednesday, December 28, 2011 at 3:34pm
http://ashinsaccanyana.blogspot.com/2009/09/blog-post_9575.html.
Posted by ASHIN SACCANYANA'S SITE at 9:44 PM
Sunday, September 20, 2009
ဝါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း…
မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။ ဥပမာပြောရရင် သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊ ဘုရား တောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊ သာသနာ့ဘောင်ဝင် မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ် ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။
အစာနဲ့ဆေး တည့်ရဲ့လား
by Moenge Aung on Wednesday, December 28, 2011 at 1:07pm
ဆေးတစ်မျိုးကို သောက်တော့မယ်ဆိုရင် စားထားတဲ့ အစာနဲ့ တည့်မှတည့်ရဲ့လားလို့ စိုးရိမ်မိတာမျိုး သင်လည်း ဖြစ်ဖူးမှာပါ။ ဟုတ်ပါတယ်။ အစားအသောက် အများစုဟာ သင့်ခန္ဓာကိုယ်ထဲက ဆေးတွေရဲ့ ပမာဏကို တိုးသွားစေတာ ဒါမှမဟုတ် လျော့ကျ သွားစေတာမျိုး ဖြစ်တတ်ပါတယ်။
သတိထားပါ။