Friday, December 30, 2011

အယုံအကြည်ကိုမရှိ ...ထို့ကြောင့်ကျဉ်းမြောင်းသောလမ်းရိုးလေး၌သာပိုပြီးကျဉ်းမြောင်း

by Dark Green Apple on Friday, December 30, 2011 at 11:05pm
 
တစ်ဆိတ်လောက်ခင်ဗျ ဟုတ်ကဲ့ တစ်စိတ်ဆိုမှတစ်စိတ်ထဲခင်ဗျ ဖြစ်ကြောင်းရယ်ကုန်စင်က
သိပ်ပြီးကွဲကွဲပြားပြားတော့မရှိလှဘူး အနေအထိုင်ပိပြားစွာနဲ့ ဘယ်အလင်း
ဘယ်လိုပွင့် အခြေခိုင်ခိုင်ခြေလေးချောင်းထောက်လင်းနေတဲ့ အလင်းပေါ်မှာ
ရွဲ့စောင်းနေသောပုဂ္ဂိုလ် ဒီလိုဂယ်ပေါက်လေးကို ဒီကြိုးနဲ့ပဲ တွယ်တက်လိုက်တဲ့
လပြည့်ည ဟန်ကြီးပန်ကြီးနဲ့သာ ခြေဖျားလေးထောက်နမ်းလိုက်ပါ မေးဖျားလေးကမ်းလိုက်ပါ
အို ဋ္ဌာဝယ သိကျွမ်းမှုအောက်က မသင်္ကာသောမျက်လုံးများအဝင့်ရဲ့ အစွန်အဖျားဒေသ
ဒီဘဝတော့ဒီမျှနဲ့ပဲရယ်လို့ မျက်ရည်ဝဲဝဲ တကယ်လွမ်းကြောင်း လွမ်းတဲ့အကြောင်း

လွမ်းမိကြောင်းမှာ ဒီဘဝတော့ဒီမျှနဲ့ပဲ ရယ်လို့မောလို့ နှုတ်ခွန်းချိုချိုနဲ့ နောက်ကနေ
ပီပီပြင်ပြင်ကွယ်ဝှက်ပြောသံ အဓိကဖော်ထုတ်ရမယ့် နောက်ကွယ်ကလူကို ခေါ်ထုတ်ဖို့ရာ
နောက်များမှပေါ့ကွယ် ဟင် ဖြစ်နိုင်ရင်တစ်ခေါက်လောက်ပြန်ကြော့ပေးပါလား ကိုယ့်လူ
ကြိုးကိုခပ်တင်းတင်းကိုင်ထားတဲ့ နောက်ကွယ်ကလူ သူ့အနောက်နားမှာ
အကွယ်ခံထားရတဲ့ ရွှေပွဲလာပရိသတ်ကြီးမျှော်လင့်စောင့်စားနေတဲ့ ဘယ်သူ
ဘယ်လိုချစ်တဲ့ဘာကောင် အကောင်တော့အကောင်ပဲ ငပိကောင်နံ့နဲ့ အကောင်ပျို / အို
ဖရီကွမ်စီပါးပါးလေပုတ်ပြီး နွိုက်စ်နည်းနည်းအရည်ဆွတ်ရုံ ပြင်ဆင်ထားတဲ့ဘယ်သီချင်း
ဘယ်လိုဖွင့် / လွှင့် ကြေးသွန်းဂီတဟာ ဒီဘက်ခေတ်ရဲ့မိသားစုညစာဝိုင်းက
မှုတ်မငြိမ်းဖရောင်းတိုင် အရည်ပျော်ကာစ သေမင်းနဲ့ယဉ်ယဉ်ကျေးကျေး
ဒိုးတူပေါင်းဖက် စိုက်ပျိုးလုပ်ကိုင်စားသောက်မိရာမှ မှည့်ရွှမ်းသော ရသာသီးများ
တင်ပို့ရောင်းချခြင်းထိ စာရင်းချုပ် စည်းမျဉ်းဆွဲ စည်းစွဲ မျဉ်းစွဲသာအဓိကဟု ခေါင်းစဉ်တပ်ပြီးသား
အဖြစ်သနစ် ဒါဟာလစ်ဗျားနဲ့များဆိုင်နေမလား ဒို့ဧရာဝတီများဖြစ်နေမလား ဧရာဝတီမှာ
မြင်ကွင်းကောင်းတယ် လက်ဖက်ရည်ကောင်းတယ် ထမင်းကြော်ကောင်းတယ် တစ်ခါတုန်းက
အို့ အို့ ကမ္ဘာကြီး သင်ဟာ တစ်စက္ကန့်ပြည့်လုပြည့်ခင်မှာ အမှီသဟဲကင်းကင်း
ခလုတ်မောင်းကိုဆွဲခဲ့နိုင်သလားပေါ့ ကိုယ်ကြိုက်ရာဟင်းလင်းပြင်ကြီးထဲမှ ကိုယ်ရစရာရှိသည်များကို
စည်းကမ်းတကျသယ်ယူသွားနိုင်ကြပါပြီ စည်းကမ်းရှိပါ စည်းကမ်းရှိရှိတိုးဝှေ့ပါ
အကယ်၍သာ အပူချိန်လုံလုံလောက်လောက်ရရှိဦးမည်ဆိုပါက ခေါင်းဆေးမင်္ဂလာ့သဘင်အား
စိမ်ပြေနပြေလေးကျင်းပပေးမည်ဟုဆိုကာ လီဗာလေးဆွဲပြီးထွက်သွားလိုက်တာ ခုဆိုသုံးနှစ်သုံးမိုး
သုံးဖက်လှဘဝမစခင် အချိန်မလွန်ခင်တော့ရောက်အောင်သွားလိုက်ကွယ်
အရှေ့က ကမူလေးကျော်ရင်အနောက်မှာမိုးတွေဖွဲမယ် ဘထ္ထရီကတော့ဒေါင်းနေပြီ မြန်မြန် မြန်မြန်
ပျံနေသောထိချက်များနှင့်နားနေသောထိချက်များ တဖုန်းဖုန်းအတောင်ခတ်သံဟာ
စည်းလွဲဝါးလွဲ လျှပ်စီးတစ်ပြက်အောက် ကြွေများကျလိုက်လေမလား ကျများကွဲလိုက်လေမလား
ပန်းကန်သေးသေး ထမင်းလုတ်သေးသေး ပါးစပ်နားရောက်မှ ပါးစပ်ပေါက်သေးသေးအဟ
ပါမစ်မကျသေးသလို လည်ပတ်အားဖြည့်တင်းရန်အတွက် ခုံနှီးကျင့်နေသောမြင်းကောင်ရေ
ရနိုင်သလောက်ကောက်သင်းပြန်ကောက်လာရန် စေလွှတ်လိုက်ပြီးနောက် စားကျက်လှန်ထားတဲ့
အဲဒီလျှာဖျားလေးမှာ ခုတော့ ညို့ဓာတ်လေးကပ်ပါလာတယ် ဟေ့ရောင်ရေ  ဒါ့ထက်ဒီစာကို
ဘယ်သူရေးကြောင်း လက်ဗွေရာလည်းမရှိ သက်သေခံပစ္စည်းလည်းမသိမ်းဆည်းမိလေတော့ကာ
လျော့ရက်ပေါ့ရက်တွေ လွတ်ငြိမ်းချမ်းသာခွင့်တွေ ထည့်ပေါင်းလိုက်မယ်ဆိုရင်
လွန်ရောကျွံရောမှ အကျယ်ချုပ်သပ်သပ်ရပ်ရပ်တစ်မျက်နှာ ။         ။

                                                                        ( တေးခက် )

No comments:

Post a Comment