သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၁)
သစ်ထူးလွင်
|
- မောင်တောဒေသမှာ လုံခြုံရေးတပ်တွေ တိုးမြှင့်ချထား
- လဂျားယန် စခန်းအနီးရှိ မြန်မာအစိုးရ စစ်ကြောင်းအား KIA အဖွဲ့  မှ လာရောက် တိုက်ခိုက်သည့် မှတ်တမ်း ဗီဒီယို (ရုပ်-သံ)
-
နှစ်ဖက်တပ်များကျွံနေသည့်အတွက်
တိုက်ပွဲများဖြစ်ပွားနေခြင်ြး ဖစ် - တပ်မတော်ကို နှစ်သက်ဆဲ ဖြစ်ကြောင်း ဒေါ်စုပြော
- အဆိပ်ခတ်မှု သတင်း မမှန်ဟု ရခိုင်ပြည်နယ် အစိုးရဆို
- ယနေ့ကျင်းပသော ရိုးမရန်ကုန် မာရသွန်ပြိုင်ပွဲတွင် ကင်ညာနှင့်မြန်မာ ဆုအများဆုံး ရရှိ
- Microsoft နဲ့ Googleတို့ မြန်မာပြည် လာမယ်
- ဒေါ်အောင်ဆန်းစုကြည်က ဘားမားလို့ပဲ ခေါ်မယ်
- ငြိမ်းချမ်းရေးအတွက် သတ္တိရှိဖို့ လိုတယ်
- အီဂျစ်မှာ ဘောလုံးပွဲ အဓိကရုဏ်းနဲ့ လူ ၂၁ ဦးကို သေဒဏ်ချမှတ်
- ကေအိုင်အေ ဗျူဟာမြောက်စခန်း သိမ်းပိုက်ရေး စစ်တပ်ထိုးစစ် ပြင်းထန်
- ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီ ကျောင်းသားတွေနဲ့ တွေ့ဆုံ
- ပထမဆုံး PNLO ဆက်ဆံရေးရုံး တောင်ကြီးမြို့မှာ ဖွင့်လှစ်
- ဗန်းမော် - မြစ်ကြီးနား ရေကြောင်းလမ်း ဖွင့်ပေးဖို့ ဒေသခံများတင်ပြ
- ဖရူဆိုမှာ အသက် (၁၁)နှစ်အရွယ် မိန်းခလေးတဦး အဓမ္မပြုခံရ
- သိမ်းထားသည့် မြေရရန် ဆန္ဒထုတ်ဖော်သူ အရေးယူခံရ
- လျှပ်စစ်ဝန်ကြီး၏ ကရုဏာ ချေးငွေကို စပါးနှင့် နွားပါမကျန် အပ်နှံခဲ့ကြ
- အရေးပါတဲ့ ကချင် တောင်ကုန်း အစိုးရတပ်တွေသိမ်းပိုက်
-
ဒေါ်လာများလိမ်လည်ရယူသူများအားအေ
ရးယူခြင်း - ဆိပ်ဖြူမြို့နယ်မှ NLD ကိုယ်စားလှယ်တစ်ဦး ဆိုင်ကယ်တိမ်းမှောက်
- ပခုက္ကူခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံ အောင်မြင်စွာ ကျင်းပ
- စစ်တွေမှာ သံဃာတစ်ပါးကို လက်နက်တွေနဲ့ ဖမ်းဆီးမိ
Posted: 27 Jan 2013 05:41 AM PST
ပြီးခဲ့တဲ့
ဇန်နဝါရီလ ၂၄ ရက်နေ့က အစိုးရ GE စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ပိုင်
ကားတစ်စီးကို ဘင်္ဂလားဒေရှ့်အခြေစိုက် လက်နက်ကိုင်တစ်ချို့က မီးရှို့ခဲ့တာနဲ့
ပတ်သက်ပြီး မြန်မာ အစိုးရ ဖက်က ဘင်္ဂလားဒေရှ့်-မြန်မာ နယ်စပ် တစ်လျှောက်မှာ
လုံခြုံရေး တပ်တွေကို တိုးမြှင့်ချထား လိုက်တယ်လို့ --
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Jan 2013 05:34 AM PST
၂၀၁၃
ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လည် ၂ နာရီခန့် တွင် လဂျားယန် စခန်း အနီးရှိ
မြန်မာ တပ်စခန်းတစ်ခုအား KIA အင်အား ၁၀၀ ခန့်မှ လက်နက်ကြီး လက်နက်ငယ်
များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်တွင် မြန်မာဘက်မှ တပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာ ရရှိခဲ့ပြီး KIA အလောင်း ၂၅ လောင်း ကျန်ရှိကာ လက်နက်ငယ် မျိုးစုံ ၂၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြခဲ့သည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Jan 2013 05:29 AM PST
ကချင်
ပြည်နယ်တွင် ယခုလ ၁၉ ရက်နေ.မှ စတင်ကာ သမ္မတက ထိုးစစ်ဆင်မူများ ရပ်ဆိုင်းရန်
ထုတ်ပြန်ထားပြီး လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းမှာ နှစ်ဖက်တပ်များ
ကျွံနေသည့် အတွက် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက
ပြောကြားသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Jan 2013 05:08 AM PST
မြန်မာ့
ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ လက်ထက်မှာ သူဟာ
နှစ်ပေါင်း ၁၅ နှစ်လောက် နေအိမ် အကျယ်ချုပ် ကျခံ ခဲ့ရ ပေမယ့်လည်း သူ့အနေနဲ့
မြန်မာ့ တပ်မတော်ကို နှစ်သက် နေဆဲ ဖြစ်တယ်လို့ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 26 Jan 2013 11:08 PM PST
ရခိုင်ပြည်နယ်
စစ်တွေမြို့တွင် ယခုရက်ပိုင်းတွင် အစားအသောက်များ၌ အဆိပ်ခတ်မှု သတင်းများ
ဆက်တိုက် ထွက်ပေါ်နေသော်လည်း အမှန် တကယ် အဆိပ်ခတ်ထားမှု မတွေ့ရရှိကြောင်း
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန် ကြားရေးကော်မတီ (ယာယီ) မှ
အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Jan 2013 10:07 PM PST
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ရိုးမ
ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ တွင် ကင်ညာ နှင့် မြန်မာနိုင်ငံသားများ ဆုတံဆိပ်အများဆုံး ရရှိခဲ့ကြောင်း သိရှိရသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Jan 2013 06:34 PM PST
မြန်မာ့
ဈေးကွက်ကို ဝင်ရောက် နိုင်ဖို့ Microsoft နဲ့ Google ကုမ္ပဏီ တွေက
စိတ်ဝင်စား နေကြပါတယ်။ စီးပွားဖက် ကုမ္ပဏီတွေနဲ့ ဝင်ရောက် လုပ်ကိုင်ဖို့လည်း
ပြင်ဆင်နေကြပါတယ်။
အဲဒီ့ အကြောင်းကို MIT နည်းပညာ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 26 Jan 2013 06:16 PM PST
မြန်မာနိုင်ငံကို
ဘားမား၊ မြန်မာအစိုးရကို ဘားမိစ် ဂါးဗားမင့်၊ မြန်မာ့တပ်မတော်ကို ဘားမိစ်
မီလီတရီလို့ ရန်ကုန် အမေရိကန်သံရုံးက သုံးနှုန်းခေါ်ဆိုလို့ ဒါဟာ နိုင်ငံတကာ
ကျင့်ဝတ်နဲ့ မညီဘူး၊ ပြင်းထန်စွာ ကန့်ကွက်တယ်လို့ မြန်မာ နိုင်ငံခြားရေး
ဝန်ကြီးဌာနက ပြီးခဲ့တဲ့ သောကြာက ကြေညာချက် ထုတ်ခဲ့ပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 26 Jan 2013 06:08 PM PST
မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်န်အယ်လ်ဒီ
ပါတီ ဥက္ကဌ ကော့မှူးအမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညက အမေရိကန် ပြည်ထောင်စု၊
ဟာဝိုင်အီကျွန်းမှာ ဒေသခံ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး
ငြိမ်းချမ်းရေး အကြောင်း အကျယ်တဝင့် ဆွေးနွေး ဟောပြောခဲ့သလို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 26 Jan 2013 05:57 PM PST
အီဂျစ်
နိုင်ငံက ပို့တ် ဆာအစ် မြို့မှာတော့ ပြီးခဲ့တဲ့ နှစ်က ဖြစ်ခဲ့တဲ့
ဘောလုံးပွဲ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တဲ့ လူ ၂၁ ဦးကို တရားရုံးက သေဒဏ် ချမှတ်
ခဲ့တာကို မကျေနပ်လို့ အဓိကရုဏ်းတွေ ဖြစ်ပွားနေ ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 26 Jan 2013 05:50 PM PST
ကေအိုင်အေ
ကချင် လက်နက်ကိုင် တပ်ဖွဲ့တွေကို အစိုးရ စစ်တပ်က ဒီကနေ့ လက်နက်ကြီးတွေနဲ့
ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက် နေတယ်လို့ KIO နဲ့အတူ ရှိနေတဲ့ ABSDF
ကျောင်းသားတပ်မတော် က ပြောပါတယ်။ အစိုးရ စစ်တပ်ဟာ ဒီဒေသမှာ ဗျူဟာအရ
အရေးပါတဲ့ ခါယာဘွမ်တောင်ကုန်းကို သိမ်းပိုက် နိုင်ဖို့အတွက်
လက်နက်ကြီးတွေနဲ့ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့
ဆိုပါတယ်။ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို
ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မြန်မာစစ်တပ်အနေနဲ့ KIO ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ အခုလအစောပိုင်းတုန်းက သမ္မတ ဦးသိန်းစိန်က ပြောဆိုအပြီးမှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ရက်ဆက်ဆိုသလို ဖြစ်နေတာပါ။ စနေနေ့မှာ လည်း မြန်မာစစ်တပ်ဘက်က တနေကုန် လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ် “ဒီနေ့ အသားကုန်ချတယ်။ လက်နက်ကြီးတွေနဲ့ တအားပစ်တာ၊ မိုးရွာသလိုကို ပစ်တာ။ လက်နက်ကြီးတွေနဲ့ အများကြီးပဲ ပစ်တယ်။ အောက်ရောက်မှ ကွဲတာလည်း သုံးတယ်။ လေပေါ်မှာ ကွဲတဲ့ဟာလည်း ရှိတယ်။ အောက်မှာကျတော့ ဘန်ကာ အဖြိုတွေလေ။ အဲဒီ overhead ဖြိုတဲ့ဟာတွေ သုံးတယ်။ အဲဒီကောင်တွေက အောက်အနက်ကို ၄ ပေ၊ ၅ ပေလောက် ၀င်သွားတာ မြေကြီးထဲကို။ ဟော… အခုတောင် ပစ်နေတယ်။ ချနေကြတယ်။” မြန်မာစစ်တပ်က အဲဒီလို လက်နက်ကြီးတွေနဲ့ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အတွက် ကေအိုင်အို ဌာနချုပ် လဂျားယန်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ခါယာဘွမ် တောင်ကုန်းကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အကြောင်းလည်း ကချင်သတင်းဌာနက အယ်ဒီတာ ဦးနော်ဒင်းက ပြောပါတယ်။ “ဒီနေ့က သူတို့ ကေအိုင်အေရဲ့ တောင်ကုန်းတကုန်းကို အစိုးရတပ်တွေ သိမ်းလိုက်တယ်ဆိုတဲ့ သတင်းပေါ့နော် ဒီနေ့မနက်ပိုင်းမှာ။ အဲဒါကတော့ အခု လဂျားယန်နဲ့ ကပ်လျက်လောက် ရှိတဲ့ ကေအိုင်အေအတွက် အရေးပါတဲ့ ခါယာဘွမ် ပေါ့၊ အဲဒီဟာကို သူတို့ သိမ်းလိုက်ပြီဆိုတဲ့သတင်း အဲဒါ ကျနော်တို့ သိရတာပေါ့။ မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်က ဒီတောင်ကုန်းပေါ့။ ကေအိုင်အေ အမာခံစခန်းပဲ။ ကျနော်တို့ကြားတာ သူတို့က ကလက်စတာဗုံးတွေ သူတို့ သုံးတယ်ဆိုတဲ့ဟာ ကြားရတာပေါ့။” ခါယာဘွမ်တောင်ကုန်းဟာ ဒီဒေသမှာ မဟာဗျူဟာမြောက်တဲ့ တောင်ကုန်းတခု ဖြစ်တယ်လို့လည်း ABSDF ကျောင်းသားတပ်မတော်က ဗိုလ်မှူး မင်းဌေးက ပြောပါတယ်။ “တောင်ကုန်းကတော့ သူက ပွိုင့် - ၁၀၁၂ ရှိတယ်လေ။ သူက မြင့်တာကိုး။ မြင့်တော့ ဒီဘက်မှာ စိုးမိုးကုန်းပေါ့။ ဒီဒေသကို စိုးမိုးကုန်း။ ဆိုတော့ သူက အဲဒီကနေပြီးတော့မှ စိုးမိုးကုန်းကို သူတို့ရသွားပြီဆိုရင်တော့ ကျန်တဲ့ကုန်းတွေက အောက်ရောက်သွားပြီကိုး။ ဆိုတော့ ဒေသတ၀ိုက်မှာတော့ သူ အမြင့်ဆုံး ဖြစ်နေတော့ သူတို့ အဲဒီကုန်းကို မရမချင်း ထိုးစစ်ဆင်တယ်။ အင်အားတွေကလည်း တောင် ပတ် ပတ်လည်မှာ ပတ်ပြီးတော့မှ ထိုးစစ်ဆင်နေတာတော့ ကျနော်တို့ သိရတယ်။ လက်နက်ကြီးတွေနဲ့ တအားပစ်ပြီးတော့ လက်နက်ကြီး ကျည်ကုန်သွားတယ်တဲ့။ ကုန်သွားတော့ ဟိုတလောက သူတို့သိမ်းထားတဲ့ ပွိုင့် - ၇၇၁ ကို ရဟတ်ယာဉ်နဲ့ နှစ်ခါ လာပြန်ချတယ်။ ဟိုက်စကီးနဲ့။ လက်နက်ကြီးကျည်တွေ ချပြီးတော့မှ တခါ ပြန်ပစ်တယ်။ ပစ်တော့ ဒီဘက်ကလည်း ပစ်တယ်လေ။ ဟိုဘက်ပစ်၊ ဒီဘက်ပစ်။ ပစ်ပြီးတဲ့အခါကျတော့ ဆီပြန်ကုန်သွားတဲ့ပုံ ရှိတော့ သူတို့ ပြန်ပြီး ရပ်သွားတယ်။ တောင်ကုန်းကိုတော့ အများကြီးတော့ ပစ်လိုက်တယ်။ ထောင်ချီ ပစ်လိုက်တယ်လို့ ပြောတယ်။” မြန်မာစစ်တပ်က အေအိုင်အို ကို လေကြောင်းကနေပါ တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် နိုင်ငံတကာမှာ ဝေဖန် ပြောဆိုမှုတွေ ထွက်လာပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်မှုတွေ မလုပ်တော့ပေမဲ့လည်း ရဟတ်ယာဉ်တွေတော့ အသုံးပြုနေဆဲ ဖြစ်တယ်လို့ ဗိုလ်မှူးမင်းဌေးက ပြောပါတယ်။ “အခုက လေယာဉ်တွေဘာတွေ မလာတော့ဘူး။ အခု နိုင်ငံတကာလူတွေကလည်း သိသွားတဲ့အခါ ကျတော့ သူက လေယာဉ်တွေက မလာတော့ဘဲနဲ့ သူတို့ တိုက်ပွဲပုံစံက ပြောင်းသွားတယ်။ ရဟတ်ယာဉ်က ပစ္စည်းသယ်တာတွေ၊ ပို့တာတွေတော့ လုပ်နေတယ်။ လေကြောင်းတွေက တိုက်တာတော့ မလုပ်တော့ဘူး။ ရှိသမျှ လက်နက်ကြီးတွေ အကုန်လုံး၊ တနိုင်ငံလုံးမှာရှိတဲ့ လက်နက်ကြီးတွေ အကုန်လုံး ယူလာသလား မသိပါဘူးဗျာ။ အကုန်လုံး ပတ်ပတ်လည်ကနေ ပြီးတော့မှ လက်နက်ကြီးတွေချည်းပဲ ပစ်တာ။ အများကြီး။ တစက္ကန့်ကို အချက်ပေါင်း မြောက်များစွာနဲ့ ပစ်တယ်ဆိုတော့ အလက် ဘယ်လောက်ရှိမလဲ ကျနော်တို့ မသိတော့ဘူး။ ခန့်မှန်းရလည်း ခက်တယ်။ အဲဒီလိုမျိုး ကုန်းတကုန်းကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ပစ် ပစ်လိုက်တာလေ။ ရဟတ်ယာဉ်တွေတော့ သွားတာ လာတာ၊ လူချတာ၊ အဲဒါတွေတော့ လုပ်နေကြတယ်။” ABSDF ကျောင်းသားတပ်မတော်က ဗိုလ်မှူး မင်းဌေးက ပြောပြခဲ့တာပါ။ အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ အခြေအနေတွေ သိရှိနိုင်အောင် ဗွီအိုအေက ကေအိုင်အိုနဲ့ မြန်မာအစိုးရ ဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက် ဒဏ်ရာရမှုတွေ ရှိတယ်ဆိုပေမဲ့လည်း စာရင်းအတိအကျတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တဦးကတော့ လက်နက်ကြီးတွေ ထိမှန်ပြီး ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျဆုံးသွားခဲ့ပါတယ်။ တိုက်ပွဲတွေအဆုံးသတ်ပြီး နှစ်ဘက် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်း၊ လွှတ်တော်နဲ့ နိုင်ငံရေးအင်အားစုတွေကပါ တိုက်တွန်း ပြောဆိုနေကြပေမဲ့ တိုက်ပွဲအရှိန်တွေကတော့ ခုချိန်ထိ လျော့မသွားသေးပါဘူး။ ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ) |
||
Posted: 26 Jan 2013 05:48 PM PST
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဟိုနိုလူလူမှာရှိတဲ့ အထက်တန်း ကျောင်းသူ
ကျောင်းသားတွေနဲ့ တွေ့ဆုံ စကားပြောခဲ့ ပါတယ်။ ဒီတွေ့ဆုံပွဲ အကြောင်း
အပြည့်စုံ သိရအောင် ဟိုနိုလူလူမှာ ရောက်နေပြီး ဒီတွေ့ဆုံပွဲကို တက်ရောက်
သတင်းယူခဲ့တဲ့ ကျမတို့ရဲ့ ဗွီအိုအေ ၀ိုင်းတော်သား ဦးသိန်းထိုက်ဦးကို
မေးဖြစ်ခဲ့ ပါတယ်။ ဒီကနေ့ တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဦးသိန်းထိုက်ဦးက
ခုလို ပြောပြပါတယ်။
“ဒီကနေ့ တွေ့ဆုံပွဲက ဟိုနိုလူလူမှာရှိတဲ့ Hawaii Community Foundation အောက်မှာရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့ပေါ့နော်၊ ငြိမ်းချမ်းရေးအသင်း၊ Pillars of Peace လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး မဏ္ဍိုင်ကြီးများလို့ပဲ ပြောရမှာပေါ့။ အဲဒီအသင်းကနေပြီးတော့ ကမကထ လုပ်ပြီးတော့ ကျောင်းသားလေးတွေနဲ့ ရပ်မိရပ်ဖတွေ၊ ဒေသခံတွေကို တွေ့ဆုံပေးတဲ့ပွဲပါခင်ဗျ။ အဓိက ကတော့ အထက်တန်း ကျောင်းသူကျောင်းသားတွေ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့သိလိုတဲ့ မေးခွန်းတွေကို သူတို့ မေးကြပါတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ဘက် ကလည်း ပြန်ပြီးတော့ ဖြေပါတယ်။ အရင်တုန်းကလည်း ဒီ Pillars of Peace အဖွဲ့က တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး တို့၊ တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား တို့ကို ဖိတ်ကြားပြီးတော့ ဒီလို ငြိမ်းချမ်းရေးဆိုင်ရာ ဟောပြောပွဲ မျိုးတွေ ကျင်းပပေးခဲ့ဖူးပါတယ်ခင်ဗျ။” မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကရော ဘာတွေ ပြောဆိုခဲ့ပါလဲရှင့်။ - “ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အဓိက ပြောဆိုသွားရင်းနဲ့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် တော်တော်လေး အလေးပေး ပြောသွားတာကို ကျနော် တွေ့ရပါတယ်ခင်ဗျ။ ကချင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့်မိုလို့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ အဓိက ဒုက္ခရောက်နေကြတဲ့ အနေအထားတွေကိုလည်း သူ့မိန့်ခွန်းထဲမှာ အဓိက ပြောသွားပါတယ်။ ငြိမ်းချမ်းရေး အတွက်က ငြိမ်းချမ်းရေးကို ရဖို့ဆိုလို့ရှိရင် တယောက်နဲ့တယောက်က စေ့စပ် အပြန်အလှန် ညှိနှိုင်းတာမျိုးတွေ လိုအပ်တယ်။ နောက် ရိုးသားဖို့လိုတယ်။ သင့်မြတ်ဖို့ လိုတယ်ပေါ့နော်။ အဲဒီတော့ ရိုးသားမှုအတွက် အဓိက ဒါတွေအတွက် အရေးကြီးဆုံးကတော့ သတ္တိရှိဖို့ လိုတယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်ခင်ဗျ။ အဓိက ကတော့ ပဋိပက္ခကို ဖန်တီးတဲ့သူတွေက ဒီပဋိပက္ခတွေကို ရပ်ဆိုင်းဖို့အတွက် သတ္တိရှိကို ရှိရမယ် ဆိုတာမျိုး ကိုယ့်ရဲ့အတ္တတွေကို ခ၀ါချဖို့ မဖြစ်မနေ လိုအပ်တယ် ဆိုတာမျိုးကို ဒေါ်အောင်ဆန်းစုကြည် ပြောသွားပါတယ်ခင်ဗျ။” ကျောင်းသားတွေဘက်ကရော မေးခွန်းမေးမြန်းတာတွေ၊ ဆွေးနွေးတာတွေရော အပြန်အလှန် ရှိခဲ့ပါလားရှင့်။ - “ကျောင်းသားတွေဘက်ကတော့ အဓိက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဘ၀ နှစ်ပေါင်းများစွာ နေခဲ့တဲ့အချိန်မှာ ဘယ်လို သူ ကျင့်ကြံနေထိုင်ခဲ့လဲ။ သူ့ကိုယ်သူ ဘယ်လို စည်းကမ်းတည်ဆောက်ခဲ့တယ်၊ နောက် သူ့ဘ၀မှာ ဘယ်သူတွေကို အားကျ အတုယူပြီးတော့ ဒီလို ငြိမ်းချမ်းရေးနဲ့ပြန်လည် သင့်မြတ်ရေးအတွက် စံနမူနာထားရမယ့် ခေါင်းဆောင် တယောက် ဖြစ်အောင် ကြိုးပမ်းနိုင်ခဲ့တယ်။ ဒါတွေကို ကျောင်းသားတွေက အဓိက ထားပြီးတော့မေးသွားပါတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်းထဲမှာ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် လူတွေအနေနဲ့ အခုဖြစ်နေတဲ့ ဒီပဋိပက္ခတွေ ရပ်စဲဖို့ ဆိုတာမှာ အမုန်းတရားတွေကို အားလုံး အဆုံးသတ်ဖို့၊ နောက်ပြီးတော့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ဒီလိုအဆုံးသတ်ရဲတဲ့ သတ္တိရှိဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာကိုပဲ သူ အဓိက ပြောသွားတာ တွေ့ရပါတယ်ခင်ဗျ။” ဒီနေ့ကတော့ ဟိုနိုလူလူမှာ ကျောင်းသူကျောင်းသားတွေကို တွေ့ဆုံတာအပြင် တခြား ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်သူတွေနဲ့ တွေ့ဆုံတာ စကားပြောတာတွေရော ရှိပါလဲရှင့်။ - “အခု မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကျောင်းသားတွေနဲ့ တွေ့ပြီးတော့ ညနေပိုင်းမှာတော့ Rotary Peace Foundation အဖွဲ့က သူ့ကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားထားပါတယ်။ အဲဒီမှာ သူ မိန့်ခွန်းပြောကြားဖို့ ရှိပြီးတော့ ငြိမ်းချမ်းရေးဆုကိုလည်း လက်ခံရယူမှာ ဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ သူ ဟာဝိုင်ယီကနေ တောင်ကိုရီးယားကို သွားမယ်လို့ ကျနော်တို့ သိရပါတယ်ခင်ဗျ။” မခင်ဖြူထွေး, ကိုသိန်းထိုက်ဦး (ဗွီအိုအေ)
|
||
Posted: 26 Jan 2013 05:43 PM PST
လက်ရှိအစိုးရနဲ့
အပစ်အခတ်ရပ်စဲ ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့
ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ရဲ့ ပထမဆုံး ဆက်ဆံရေး
ရုံးဖွင့်ပွဲကို တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်က အဲဒီရုံးမှာ ဒီကနေ့မနက် ၈
နာရီ က ဖွင့်လှစ်ခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 26 Jan 2013 05:37 PM PST
ကချင်ပြည်နယ်
အတွင်း အစိုးရနဲ့ KIO တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်
ဗန်းမော် နဲ့ မြစ်ကြီးနား ကိုသွားတဲ့ ကားလမ်းကြောင်းတွေ ပြတ်တောက်နေတာ
ကြာပြီဖြစ်တဲ့ အတွက် ဒေသခံတွေအနေနဲ့ ရေကြောင်းကနေ တရားဝင်သွား လာခွင့်ရဖို့
----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 26 Jan 2013 05:27 PM PST
ဖရူဆိုမြို့
လောဘူးဒါး ရပ်ကွက်မှ အသက် ၁၁ နှစ်ရှိ ဆယ်ကျော် သက်အရွယ် ကလေးမ တဦးကို
စစ်လေ့ကျင့် ရေးကျောင်း တည်ဆောက်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ
အလုပ်သမား တဦးက အဓမ္မပြုကျင့်ခဲ့တယ် လို့ ဒေသအတွင်း သတင်းတွေ
ထွက်ပေါ်ခဲ့ပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Jan 2013 10:44 AM PST
ရန်ကုန်တိုင်း
သန်လျင်မြို့ နယ် ဒါရ်ကာရပ်ကွက်ရှိ ဘိုးဘွားပိုင် မြေအား ရေနံချက် စက်ရုံ
တည်ဆောက်ရန်သိမ်းဆည်းထားသည့် အတွက် ယင်းမြေကွက်ပေါ်သို့ တစ်ကိုယ်တော်
ဆန္ဒထုတ်ဖော်ခဲ့သူ ဒေါ်မြမြ အား ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲ
ခံထားရကြောင်း--
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 26 Jan 2013 09:44 AM PST
ရန်ကုန်တိုင်း
ဒေသကြီး လှည်းကူး မြို့ နယ် မအူကျေးရွာတွင် လျှပ်စစ်ဝန်ကြီး ဌာန
ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး မှ လယ်သမားတို့ အား ကရုဏာ ချေးငွေ
အဖြစ် ချေးထားသော ငွေများကို ပြန်မဆပ်လျှင် တရားစွဲ ဆိုမည်ဖြစ်ကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Jan 2013 09:30 AM PST
လွန်ခဲ့တဲ့
ရက်တွေ အတွင်း အစိုးရတပ်များက အင်နဲ့ အားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့
ခါရာဘွန် တောင်ကုန်းကို ဒီကနေ့ လက်လွှတ်ဆုတ်ခွာပေး လိုက်ရကြောင်း KIA
စစ်မဟာဗျုဟာ ဌာန အကြီးအကဲ ဗိုလ်မှူးကြီး ဇော်တောင်က RFA ကို ဒီကနေ့
အတည်ပြု ပြောကြားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို |
||
Posted: 26 Jan 2013 08:14 AM PST
ရန်ကုန်တိုင်းဒေသကြီး၊
ပန်းဘဲတန်းမြို့နယ်အတွင်း ရွှေဘုံသာလမ်း နှင့် ဗိုလ်ချုပ်ဈေးတို့တွင်
မြန်မာနိုင်ငံသို့ လည်ပတ်ရောက်ရှိသည့် နိုင်ငံခြားသားများမှ
ဒေါ်လာငွေအား မြန်မာငွေနှင့် လဲလှယ်ရာတွင် ကျသင့်မြန်မာငွေ အရေအတွက်အား
နည်းအမျိုးမျိုးဖြင့် လျော့နည်းရေတွက်ပေးခြင်းကြောင့်
|
||
Posted: 26 Jan 2013 10:08 AM PST
ဆိပ်ဖြူမြို့နယ်
ကော်တုံကျေးရွာမှ ဦးနေမျိုးထွေးသည် ပခုက္ကူသို့ ခရိုင် ညီလာခံ
တက်ရောက်ရန် ဆိပ်ဖြူသို့ ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ရာ ပုသိမ်-မုံရွာလမ်း
အကျော် ၆၂ မိုင်တိုင်အနီးတွင် တစ်ဦးတည်းဆိုင်ကယ်မှောက်ပြီး
သတိလစ်နေခဲ့သည်ဟု ဆိုပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Jan 2013 10:19 AM PST
ယနေ့နံနက်
၉နာရီ ၃၀မိနစ်တွင် ပခုက္ကူခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏
ခရိုင်ညီလာခံကို အာဇာနည်လမ်းရှိ အမေ့အိမ် စာသင်ခန်းမတွင်ကျင်းပခဲ့ရာ
ဆိပ်ဖြူ၊ ပေါက်၊ မြိုင်၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်တို့မှ ညီလာခံ
ကိုယ်စားလှယ် ၈၀ ဦးအနက် ၇၃ဦး တက်ရောက်ခဲ့ပြီး---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 26 Jan 2013 10:25 AM PST
ရခိုင်ပြည်နယ်၊
စစ်တွေမြို့မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက ဦးဣန္ဒောဘာသ ဆိုတဲ့
သံဃာတစ်ပါးကို လက်နက်တွေ၊ ကျည်ဆန်တွေနဲ့ မူးယစ်ဆေးဝါးတွေ နဲ့အတူ သက်ဆိုင်ရာ
အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ တယ်လို့ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment