" ကိုယ့်စိတ်နဲ့ မနှိုင်းနဲ့ "
Khin Maung Htway shared Nyi Thit's photo.

အင်္ဂလိပ် ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်
မြန်မာစကားပုံလည်း ရှိတယ်ဗျ
" ကိုယ့်စိတ်နဲ့ မနှိုင်းနဲ့ " ဆိုတာလေ ဒီလိုဗျ ....
ကောင်မလေးနဲ့ ကောင်လေး နှစ်ယောက်ရှိတယ် ကောင်မလေး ဆီမှာ မာဘယ် ကျောက်ခဲလေး ၅လုံးရှိ ကောင်လေး ဆီမှာက ပီကယ် ၅ ခု ရှိတယ် သူုတို့ဆီမှာ ရှိသမျှ ပစ္စည်းလေးတွေ အကုန် လှဲလှယ်ဖို့
သဘောတူ လိုက်ကြတယ် ကောင်မလေးက သူ့ဆီမှာ ရှိသမျှ မာဘယ် ကျောက်ခဲလေးတွေကို ကောင်လေးကို အကုန်ပေးလိုက်တယ်
ကောင်လေးကတော့ ပီကယ် ၅ ခုမှာ အကုန် မပေးပဲနဲ့ ၂ ခု ချန်ထားပြီး
၃ ခုပဲ ပေးလိုက်တာ ဒါ အကုန်ပဲ ဆိုပြီးတော့
ဘာဖြစ်လည်းဆိုတော့ ကောင်မလေးက သူ့ဆီမှာ ရှိတာ အကုန်ပေးပြီး
ဖြစ်တဲ့အတွက် စိတ်သန့်တယ် နေရထိုင်ရ ပေါ့ပါးနေတယ်
ကောင်လေးကတော့ ည ဘက်တွေ အိပ်မပျော်ဘူး ဖြစ်နေတယ်
ဘာလို့လည်းဆိုတော့ ကောင်မလေးကလည်း သူ့လိုပဲ မာဘယ် ကျောက်ခဲတွေကို အကုန်မပေးပဲနဲ့ ဘယ်နှစ်ခုများ ချန်ထားလဲ မသိဘူးဆိုတဲ့ စိတ် ဖြစ်နေတာ ကိုယ့်စိတ်က ကိုယ့်ကို ဒုက္ခပေးနေတာ
တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မူ တည်ဆောက်တဲ့ အခါမှာ
ကိုယ့်ဘက်ကလည်း ရိုးသားဖို့ လိုပါတယ် ကိုယ့်ဘက်က မရိုးသားတော့
သူတစ်ပါးကိုလည်း သူ့လိုပဲ မရိုးမသား လုပ်လေမလားဆိုတဲ့
သံသယစိတ် ၀င် ပါတယ်..
မောင်ညီသစ်ကို အစ္စလာမ် ထင်နေတဲ့ ဆြာသမားများ ပီကယ် အကုန်မပေးတဲ့ ချာတိတ်ကလေးတွေလိုများ ဖြစ်နေမလား စဉ်းစားစေချင်ပါတယ်
ညီသစ် :)
0 comments:
Post a Comment