သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁)
သစ်ထူးလွင်
|
- က၇င်ပြည်နယ်အတွင်း သဘာဝ ထုံးကျောက်ဂူများ ပျက်စီး ပျောက်ကွယ်မည်ကို ဒေသခံများ စိုး၇ိမ်
- အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ပန်ဆန်းမှာ ဆွေးနွေးဖို့ UWSA ကမ်းလှမ်း
- သားငါးတွေမှာ ဆိုးဆေးအသုံးပြုမှု အန္တရာယ်နှင့်ပတ်သက်ပြီး မေးမြန်းချက်
- ရန်ကုန် အခပေး ကားပါကင်များ ဧပြီ ၁ ရက်မှာ ဖျက်သိမ်းတော့မည်
- မခါခက် ရှေးတန်းစခန်းနဲ့ ပါကထောင် ဒုက္ခသည်စခန်းက အခြေအနေ (ရုပ်/သံ)
- ကေအိုင်အေ ဌာနချုပ် လိုင်ဇာအနီးမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေ (ရုပ်/သံ)
- မန္တလေးမှာ ဆီဘောက်ဆာမီးလောင်
- သားဖွား မီးယပ် ဆရာဝန် တစ်ဦး လိုင်စင် ပိတ်သိမ်းခံရ
- ကြိုင်သန်းရွှေ နှင့် မက်စ်မြန်မာ အဆောက်အအုံများ မီးရှို့ ခံရ
- ဘားအံ စက်မှုဇုန် မြေကွက်ကို လူကြီး သားသမီးအား ပြောင်းလဲ ချပေး၍ ဒေသခံ လုပ်ငန်းရှင်များ မကျေနပ်
- ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား ခရီးစဉ်ရောက်ရှိ (ရုပ်/သံ)
- မွေးရာပါ ခြေခွင်ကလေးများ ကုသရန် ဆရာဝန်များကို ပထမဆုံး သင်တန်းပေး
- မိုးညှင်းမြို့တွင် စက်သုံးဆီ အရောင်းဆိုင် မီးလောင်
- ကျွန်းလှမြို့နယ် ရေရှင်ရေနံမှော်တွင် ကုမ္ပဏီတစ်ခုက တရားမဝင် ငွေကြေး ကောက်ခံ
-
အရန်မီးသတ်တပ်စုမှူးရွေးချယ်မှု
အား မကျေနပ်၍ ဓါးဖြင့်ခုတ်သူအား အရေးယူထား - ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဖြစ်သဖြင့် ကိုရီးယား အင်ချွန်းလေဆိပ်တွင် လုံခြုံရေးတိုးမြှင့်
- တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များကို သောင်းကျန်းသူများဟု မခေါ်ရန် မေတ္တာရပ်ခံ
-
ထိုင်း-မြန်မာနယ်စပ်ကျောင်းများ
ကို ပညာရေးကွန်ရက်က ကျပ် ၁၂၈ သိန်းကျော် လှူဒါန်း - သတ္တူ ပါဝင်တဲ့ သဲတွေကို ထပ်မံ စမ်းသပ် ထုတ်လုပ်ရန် ခွင့်ပြု (ရုပ်/သံ)
- မိုဘိုင်းဖုန်းများအား လက်ရှိထက် သက်သာသည့် ဈေးနှုန်းဖြင့် မကြာမီ ရောင်းချမည်
- ဦးဆန်းဆင့်ကို သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ခန့်အပ်ရန် နိုင်ငံတော် သမ္မတ အဆိုပြု
-့  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ထမ်းရှစ်ဦးအား အမှုဖွင့် အရေးယူ
- ဇန်န၀ါရီလ (၃၁)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၅)
- အမည်မသိ အဖွဲ့တစု လောင်း ကစားဝိုင်းငွေများ လုယက်သွား
- အသစ်ထပ်မံ ချပေးမည့် မိုဘိုင်းဖုန်း ဈေးနှုန်း လွှတ်တော်ရောက်ပြီ
Posted: 28 Jan 2013 06:57 AM PST
က၇င်ပြည်နယ်
အတွင်းရှိ စပါးနဲ့ငါး အလှည့်ကျ လုပ်ကိုင်စားသောက် နေ၇သော လယ်သမားများအတွက်
သဘာဝ ထုံးကျောက်ဂူ များသည် မရှိမဖြစ်လို အပ်သော သဘာဝက ပေးသည့်
စွမ်းအားအ၇င်းမြစ်များ ဖြစ်သဖြင့် ပျက်စီး ပျောက်ကွယ်မည်ကို
စိုး၇ိမ်နေ၇ကြောင်း ဒေသခံ လယ်သမားများ ကပြောသည်။ ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ
|
||
Posted: 28 Jan 2013 06:47 AM PST
အစိုးရနဲ့
ကချင် လွတ်မြောက်ရေး အဖွဲ့ KIO အပစ်ခတ် ရပ်စဲရေး ဆွေးနွေးပွဲကို ၀ပြည်
သွေးစည်းညီညွတ်ရေး အဖွဲ့ UWSA က ကြားဝင် ဆောင်ရွက်ပေးမယ် လို့ ဖိတ်ခေါ်
ထားကြောင်း ၀ပြည်သွေးစည်း ညီညွှတ်ရေးအဖွဲ့ UWSA က ဒီကနေ့ ဇန်န၀ါရီလ ၂၈
ရက်နေ့မှာ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 06:27 AM PST
ရန်ကုန်မြို့က ဈေးတွေမှာ ရောင်းချနေတဲ့ သားငါးတချို့မှာ ကျန်းမာရေး
ထိခိုက်နိုင်တဲ့ ဓာတုဗေဒ ဆိုးဆေးတွေ အသုံးပြု ရောင်းချနေတာ စစ်ဆေးတွေ့
ရှိရတယ်လို့ စားသုံးသူများ အကာအကွယ် ပေးရေး အဖွဲ့က ထုတ်ဖော်ပြောကြား
လိုက်ပါတယ်။
ဒီတွေ့ရှိချက်နဲ့ပတ်သက်ပြီး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ရန်ကုန်မြို့မှာ ရောင်းချနေတဲ့ သားငါးတွေထဲမှာ ဓာတုဗေဒတွေ တွေ့ရတာ အခြေအနေ ဘယ်လောက်တောင် ဆိုးဝါးနေလဲ။ “ကျနော်တို့က တားမြစ်ဆိုးဆေး သုံးစွဲမှု ပပျောက်ရေး အခု လုပ်နေတာပြီး ဈေးတွေကို ၀င်စစ်တာ။ စစ်တဲ့အထဲမှာ အများဆုံး ဆိုးဆေးတွေ တွေ့ရတာက မျှစ်တွေ။ မျှစ်တွေကို တရုတ်က၀င်တဲ့ ဆိုးဆေးတွေဖြစ်တဲ့ တားမြစ်ဆိုးဆေးတွေကို မျှစ် အနီရောင်၊ အ၀ါရောင်တွေမှာ ဆိုးတယ်။ အ၀ါရောင်ဆိုးဆေးတွေကို ကြက်သားတို့၊ ငါးပုဏ္ဏားတို့၊ ငါးမြွေထိုးတို့၊ ငါးပုတ်သင်တို့၊ ငါးရှဥ့်တို့မှာ ဆိုးတယ်။ ငါးချဉ်ထဲမှာလည်း ဆိုးဆေးတွေ တွေ့ရတယ်။ ပုစွန်ချဉ်မှာ ပန်းရောင်ဆိုးဆေးတွေ၊ ငရုပ်သီးမှုန့်တွေမှာ အနီရောင်ဆိုးဆေးတွေ တွေ့ရတယ်။” ဘယ်ဈေးတွေမှာ အတွေ့များလဲ။ “ကျနော်တို့က ဆင်ခြေဖုံးမြို့နယ်တွေကို အဓိကစစ်တာ။ ဥပမာ ရွှေပြည်သာမြို့နယ်ထဲမှာဆိုရင် လူစည်ကားရာ အကြီးဆုံးဈေးတွေဖြစ်တဲ့ ပတ္တမြားဈေးတို့၊ ဇီးကုန်းဈေးတို့မှာ အတော်များများ တွေ့ရတယ်။ နောက် ဒီဓာတုဗေဒဆိုးဆေးတွေကို ၁ ထုပ် ၁၀၀နဲ့ ပရဆေးဆိုင်၊ ကုန်ခြောက်ဆိုင်တွေမှာ အလွယ်တကူ ရောင်းနေတာ တွေ့ရတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ သိမ်းဆည်းခဲ့ပါတယ်။ အင်းစိန်မှာဆိုရင်လည်း အင်းစိန်ဈေးကြီး၊ ၁၀ မိုင်ကုန်းဈေးတို့မှာလည်း ဆိုးဆေးတွေ ရောင်းနေတာ တွေ့ရတယ်။ အင်းစိန်ဈေးထဲမှာလည်း အတော်ဆိုးပါတယ်။ ကင်ဆာဖြစ်စေတတ်တဲ့ ဆိုးဆေးတွေချည်းပဲ။” ငါးတွေမှာ တွေ့ရတာက ဘယ်လိုမျိုး ဆိုးဆေးအမျိုးအစားလဲ။ ဘာကြောင့် ငါးတွေမှာ အရောင်ဆိုးရတာလဲ။ “ငါးတွေက အလတ်နည်းလာတဲ့အခါမှာ ရောင်းပန်းလှအောင် ၀ယ်သူကို လှည့်စားတဲ့သဘောပါပဲ။ ၀ါဝါ၀င်းဝင်းလေးတွေကျတော့ သူက အမှတ်တမဲ့ကြည့်ရင် တချို့က ဆိုးဆေးမှန်းမသိရဘူး။ ဒါတွေဟာ လတ်သယောင်ထင်ရတယ်။ တချို့တွေက ပါးဟပ်ထဲကို အနီရောင်ဆိုးဆေးထည့်တယ်။ ဘာလို့လဲဆိုတော့ ဈေးဝယ်တဲ့သူတွေက ပါးဟပ်က အနီရောင်ဆို ၀ယ်တာကို။ အဲဒါကြောင့် ဆိုးကြတာ။ ဆိုးဆေးတွေက များသောအားဖြင့် တရုတ်က ၀င်တာများတယ်။ တံဆိပ်မပါဘူး။ ဒါပေမယ့် ကျနော်တို့က အဲဒါကို ကိုင်ကြည့်ရင် ဆပ်ပြာနဲ့ဆေးရင်တောင်မှ မကျွတ်ဘဲ လက်မှာ စွဲနေတယ်။ အဲလောက်ထိ ဆိုးတယ်။” ဒီဟာတွေကို စားသုံးမိရင် စားသူတွေ ဘယ်လိုအန္တရာယ်ဖြစ်နိုင်လဲ။ “ဖြစ်နိုင်တာက စားစားချင်းမှာ အဆိပ်အတောက်ကို အသည်းကနေပြီး အရင်ဖြေရှင်းရတာဆိုတော့ အသည်းကင်ဆာတို့၊ အစာအိမ်လမ်းကြောင်း ကင်ဆာတို့၊ အူမကြီး ကင်ဆာတို့ ဖြစ်နိုင်တာ သေချာသလောက်ပါပဲ။” ဒီအန္တရာယ်ကို အစိုးရပိုင်းက အက်ဖ်ဒီအေလို စားသုံးသူများ ကွပ်ကဲရေးအဖွဲ့ကို တင်ပြပြီးတော့ ဆောင်ရွက်နေတာ ရှိလား။ “ကျနော်တို့က အက်ဖ်ဒီအေနဲ့ ဆောင်ရွက်တာတော့ မရှိသေးပါဘူး။ အသင်းစဖွဲ့တဲ့အချိန်မှာ စီးပွားကူးသန်းဝန်ကြီးဌာနက တာဝန်ရှိ ညွှန်ကြားရေးမှူးတွေနဲ့ ကျနော်တို့ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက ဆွေးနွေးပါတယ်။ စားသုံးသူကာကွယ်ရေး လုပ်ငန်းလုပ်ရာမှာ တဦးနဲ့တဦး အကူအညီပေးကြမယ်ဆိုတာပါ။ နောက် ဈေးတွေကိုစစ်ရာမှာ သက်ဆိုင်ရာဈေးမှာရှိတဲ့ ဈေးတာဝန်ခံရုံးပေါ့။ စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေကို ကြိုအကြောင်းကြားပြီးမှ ၀င်တာပါ။ သူတို့ကလည်း လက်ခံကြိုဆိုကြပါတယ်။ လိုအပ်တဲ့အကူအညီလည်း ပေးပါမယ်ပေါ့။ ကျနော်တို့အဖွဲ့ထဲမှာကိုက စည်ပင်က ဈေးတွေစားသောက်ဆိုင်တွေကို စစ်တဲ့အဖွဲ့တွေထဲမှာပါလေ့ရှိတဲ့ ကျန်းမာရေးအရာရှိ ဆရာဝန်တွေဘာတွေလည်း အဖွဲ့ဝင်အနေနဲ့ပါတယ်။ လက်ရှိ စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနက ကျန်းမာရေးအရာရှိတွေ ကိုယ်တိုင် ကျနော်တို့ အသင်းမှာ အဖွဲ့ဝင်ဖြစ်တယ်။ အဲတော့ စည်ပင်သာယာရေးကော်မတီနဲ့လည်း ပူးပေါင်းဆောင်ရွက်တယ်လို့ ပြောလို့ရတယ်။” အခုလို စစ်ဆေးတွေ့ပြီးနောက်ပိုင်းမှာေ “အခုက ကျနော်တို့က ပထမ၀င်ပြီးသား ဈေးကိုတော့ ဒုတိယအကြိမ် မ၀င်နိုင်သေးဘူးပေါ့။ ၀င်တဲ့ဈေးလည်းရှိပါတယ်။ အဲမှာ ဘယ်လိုဖြစ်လဲဆိုတော့ မျှစ်လိုမျိုး နောက်နေ့ ကျနော်တို့ပြန်ဝင်ရင် မဆိုးတော့ဘူးပေါ့။ တချို့ ပြန်ဆိုးတာတွေလည်းရှိတယ်။ တချို့လည်း လုံးဝမဆိုးတော့တာလည်း ရှိတယ်။ သူတို့ပြောတာတော့ မျှစ်တွေကအရောင်းထိုင်းတယ်။ အရောင်နဲ့ရောင်းမှ. စားသုံးသူကိုယ်တိုင်က အ၀ါရောင်နဲ့မှ အနီရောင်နဲ့မှ အဲလိုတောင်းဝယ်လို့ သူတို့ဆိုးရတယ်လို့ ပြောတယ်။ ဒါပေမယ့် ငါးလိုမျိုးကျတော့ စားသုံးသူကိုယ်တိုင်က မသိဘူး။ သူတို့ကိုယ်တိုင်က စားသုံးသူကိုလှည့်စားပြီး ရောင်းပန်းလှအောင်၊ လတ်တယ်ထင်ရအောင် ဆိုးရောင်းတာပေါ့။” ဆိုးဆေး စားသောက်ကုန်ပစ္စည်းတွေမှာ သုံးစွဲမှု လုံးဝပပျောက်သွားအောင် ဘာတွေလုပ်ရမယ်လို့ ထင်ပါလဲ။ “အခု ကျနော်တို့က စစ်ဆေးတာ၊ ပညာပေးတာရယ်နဲ့ သတိပေးတာပေါ့။ သတိပေးတာက အမျိုးသားအစားအသောက်ဥပဒေ (National Food Law) နဲ့ အရေးယူခံရနိုင်တယ်။ အရေးယူခံရရင်လည်း ဒဏ်ငွေ ၅ သောင်းကနေ ၅ သိန်းထိရှိတယ်ဆိုတာရယ်။ ထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်အထိ ရှိတယ်ဆိုတာတော့ ပညာကေးတယ်။ ဒါပေမယ့် ဒါတွေပပျောက်ဖို့ စားသုံးသူဘက်ကလည်း ပြင်ဖို့လိုတယ်။ မျှစ်ကို သဘာဝအတိုင်းဝယ်ဖို့လိုတယ်။ စားသုံးသူက မ၀ယ်တော့ဘူးဆိုရင် ရောင်းတဲ့သူက အလိုလို မဆိုးတော့ဘူးပေါ့။ ငါးတွေ၊ ငရုတ်သီးမှုန့်တွေ ရောင်းတာကျတော့ စားသုံးသူဘက်က မသိလို့ စားတာ။ အဲဒါမျိုးကျတော့ ထိရောက်ဟန့်တားတဲ့ပြစ်ဒဏ်တွေ လိုပါတယ်။ တလောက ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်း by ပီတာအောင် (ဒီဗွီဘီ)
|
||
Posted: 28 Jan 2013 06:09 AM PST
ဧပြီလ ၁ ရက်နေ့မှစ၍ ကန်ထရိုက် စနစ်ဖြင့် အငှား ချထားသည့် ရန်ကုန်မြို့တွင်း ကားပါကင်များ
ကို ဖျက်သိမ်းမည်ဟု ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။--- သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 05:41 AM PST
ကချင်ပြည်နယ်
မခါခက် ရှေးတန်းစခန်းနဲ့ ပါကထောင် ဒုက္ခသည်စခန်းက အခြေအနေတွေကို ဒီဗွီဘီ
သတင်း ထောက် ဦးအောင်ထွန်းမြင့်က တိုက်ရိုက် သတင်း ပေးပို့ ထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 05:36 AM PST
ကေအိုင်အေ ဌာနချုပ် လိုင်ဇာအနီးမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ဦးမောင်တူး တင်ဆက်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 05:04 AM PST
ဇန်န၀ါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီက မန္တလေးမြို့ ၇၈ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှ
ဆီဘောက်ဆာမှ ဓာတ်ဆီများ ယိုဖိတ်မှုဖြစ်ပွားခဲ့ပြီး ဓာတ်ဆီစီးရာ လမ်းတလျောက်တွင် မီးလောင်မှုများဖြစ်ပွားခဲ့ကာ မီးသတ်ပေါင်ဒါမှုန့်များဖြင့် အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ဘေးပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းခြင်းမရှိပေ။ ဒီဗွီဘီ (ဓါတ်ပုံ - ချစ်ကို၊ စူပါ) |
||
Posted: 28 Jan 2013 04:53 AM PST
ပုဂ္ဂလိက
ဆေးရုံမှ ပြင်ပ သားဖွား မီးယပ် ဆရာဝန် တစ်ဦးကို လူနာအား ကိုယ်ဝန်
စောင့်ရှောက်စဉ် မှားယွင်းခြင်းနှင့် မွေးဖွားချိန်နှင့် မွေးဖွားပြီးချိန်
မှားယွင်းမှုများကြောင့် ဆေးဝါးကုသခွင့် လိုင်စင်ကို ၅ နှစ် ပိတ်သိမ်း
လိုက်ကြောင်း ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 04:18 AM PST
ကချင်ပြည်နယ်၊
ဖားကန့် မြို့ နယ်၊ ဆိုင်းဂျာသွယ်ကျေးရွာ အနီးရှိ နိုင်ငံတော်နှင့်
အကျိုးတူ လုပ်ကိုင်လျှက် ရှိသည့် မက်စ်မြန်မာ ကျောက်မျက် ကုမ္ပဏီ၏
အဆောက်အအုံနှင့် ကြိုင်ကျောက်မျက် ကုမ္ပဏီ၏ အဆောက်အအုံများကို KIA မှ မီးရှို
့ဖျက်ဆီး ခဲ့ကြောင်း---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 04:04 AM PST
၂၀၁၁
ခုနှစ် စက်မှုဇုန် စတင် တည်ထောင်စဉ် ကပင် ဘားအံ စက်မှုဇုန်ရှိ ဇုန် ၄၊ အကွက်
အမှတ် ၁၄ ကို ဒေသခံ လုပ်ငန်းရှင် တစ်ဦးအား လုပ်ငန်း လုပ်ကိုင်ရန်
ချထားပေးပြီး ဖြစ်သော်လည်း ယင်းမြေကွက်အား လူကြီးသား ဆိုသူကို ပြန်လည်
ချထားပေး လိုက်သဖြင့် ---
သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 06:33 AM PST
ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား ခရီးစဉ်ရောက်ရှိ (video: NLD-LA Kr) ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 28 Jan 2013 03:45 AM PST
နိုင်ငံတကာက
ဆရာဝန်ကြီး လေးယောက်သည် ရန်ကုန်မြို့ ကလေးဆေးရုံတွင် မွေးရာပါ
ခြေခွင်နေသော ကလေးများကို ကုသနိုင်ရန် ဆရာဝန် ၅၀ ဦးအား လေးရက် သင်တန်း
ပေးမည်ဖြစ်ကြောင်း Walk for Life အစီအစဉ်ကို ဦးဆောင်သည့် ရန်ကုန်ပြည်သူ
့ဆေးရုံကြီး၌ အရိုးနှင့် အကြောအဆစ် ရောဂါကုဌာနမှ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 03:35 AM PST
ကချင်ပြည်နယ်၏
သဘာဝ သံယံဇာတ ထွက်ရှိရာ ဒေသများသို့ ကုန်စည်ဖြန့်ချိရာ
လမ်းဆုံမြို့ဖြစ်သော မိုးညှင်းမြို့တွင် ဇန်နဝါရီ ၂၈ ရက်နေ့ နေ့လည် ၂နာရီ
၂၅ မိနစ် ဝန်းကျင်က စက်သုံးဆီ အရောင်းဆိုင် မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း
အဆိုပါ မြို့နယ် မီးသတ် ဦးစီးဌာနထံက သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 03:29 AM PST
စစ်ကိုင်းတိုင်း
ဒေသကြီး၊ ကျွန်းလှမြို့နယ် အတွင်းရှိ ရေရှင် ရေနံမှော်တွင် ဒေသခံ ရေနံ
တူးဖော်သူများ ထံမှ ကုမ္ပဏီ တစ်ခုက တရားမဝင် ငွေကြေး ကောက်ခံ မှုများဖြစ်
ပေါ်နေကြောင်း ယင်းဒေသခံများ ထံက စုံစမ်း သိရသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 03:03 AM PST
၂၆-၁-၂၀၁၃
ရက်နေ့ ၁၉၀၀ အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်ဆေးရုံ၌
ဓါးခုတ်ခံ ရသော လူနာတစ်ဦး ရောက်ရှိ နေကြောင်း သတင်းအရ ကော့သောင်းရဲစခန်းမှ
တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ကော့သောင်းမြို့၊ (၁၄)မိုင်ရွာနေ
အရန်မီးသတ် တပ်ခွဲမှူး ဦးခင်မောင်လွင် (၅၄)နှစ်အား ၀ဲလက်ညှိုးရင်း၊
ဝဲလက်ခလယ်၊ ၀ဲလက်သန်းနှင့် ၀ဲတင်ပါးတို့တွင်---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 02:54 AM PST
ဇန်န၀ါရီ
၂၈ ရက် ကိုရီးယား စံတော်ချိန် ညနေ ၄း၃၀တွင် ဒေါ်အောင်ဆန်းစုကြည်
ကိုရီးယားနိုင်ငံ အင်ချွန်း နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိ မည်ဖြစ်သဖြင့်
လေဆိပ်လုံခြုံရေးများ တိုးမြှင့်ထားကြောင်း သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 02:34 AM PST
တိုင်းရင်းသား
လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး လွှတ်တော် အတွင်း ဆွေးနွေး ပြောဆိုရာ
မှာ ရောင်စုံသူပုန်၊ သောင်းကျန်းသူ စတဲ့ အသုံးအနှုန်း မျိုးတွေ
မသုံးစွဲဖို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မေတ္တာရပ်ခံ
တိုက်တွန်း လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 02:26 AM PST
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကျောင်းတွေကို အလှူငွေ ကျပ် ၁၂၈
သိန်းကျော်လှူဒါန်းပွဲတခု ဇန်န၀ါရီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 02:21 AM PST
ရခိုင်ဒေသမှာ
တွေ့ရှိတဲ့ သတ္တူမျိုးစိတ်ပေါင်း (၂၀) ကျော် ပါဝင်တဲ့ သဲအမျိုးအစားကို
ထပ်မံ စမ်းသပ်ထုတ်လုပ်ရန် ခွင့်ပြုလိုက်ပါတယ် ။ ဒီသတင်းကို ဒေါ်ခင်ရူပါ
တင်ဆက်။ ရိုက်ကူး ဖိုးသီဟ
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 02:13 AM PST
မိုဘိုင်း
တယ်လီဖုန်း များအား လက်ရှိထက် ပိုမို သက်သာသည့် ဈေးနှုန်းဖြင့် မကြာမီ
ရောင်းချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက (ယနေ့) ဇန်န၀ါရီလ ၂၈ ရက်က
ပြောကြားခဲ့သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Jan 2013 02:02 AM PST
ဧရာဝတီ
တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသာနာရေး ၀န်ကြီး ဌာန
ပြည်ထောင်စု ၀န်ကြီး အဖြစ် ခန့်အပ်ရန် ပြည်ထောင်စု လွှတ်တော်သို့
နိုင်ငံတော် သမ္မတက ဇန်န၀ါရီလ ၂၂ ရက်နေ့ ရက်စွဲဖြင့် သ၀ဏ်လွှာ
ပေးပို့ထားကြောင်း သိရသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 28 Jan 2013 01:55 AM PST
ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည်
မြန်မာနိုင်ငံအတွင်း မိုးဘိုင်း ဆက်သွယ်ရေး စီမံကိန်း လုပ်ငန်း အတွက်
လိုအပ်သော စက်ပစ္စည်းနှင့် အဆောက်အဦ စရိတ်အတွက် ဘဏ္ဍာငွေ တင်ပြ
တောင်းခံရာတွင် ပိုမို တွက်ချက် တင်ပြ၍
---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Jan 2013 10:02 PM PST
|
||
Posted: 27 Jan 2013 09:38 PM PST
မြ၀တီမြို့၊
အမှတ်(၅) ရပ်ကွက် အပိုင်ရှိ ၀မ်းစကင်း ကျေးရွာတွင် ယမန်နေ့ညက အာဝါဒေ
(စုပေါင်းလောင်း ကစားပွဲ) ကျင်းပရာသို့ အမည်မသိ သေနတ်သမား တစ်စု
ဝင်ရောက်လာပြီး လောင်းကစားဝိုင်းများမှ ငွေကြေးများကို လုယက်
ယူငင်သွားခဲ့သည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Jan 2013 09:14 PM PST
အသစ်ထပ်မံ
ချပေးမည့် မိုဘိုင်းဖုန်းများကို လက်ရှိ ဈေးနှုန်းထက် များစွာ သက်သာသာ
ဈးနှုန်းများဖြင့် ရောင်းချပေး သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး
ဝန်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးဝင်းသန်းမှပြောသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment