Sunday, August 31, 2014

ဟာသစုဗူး (၁၃)

‪#‎ဓာတ်ပုံဆရာ‬
#ဓာတ်ပုံဆရာ

ဓာတ်ပုံဆရာ တစ်ယောက်သည် သူ့သူငယ်ချင်းလင်မယားက ဖိတ်သဖြင့် ညစာထမင်းသွားစားသည်။ ကင်မရာကိုလည်းတစ်ပါတည်းယူသွားသည်။ ထို့နောက်ညစာစားရင်း ဓာတ်ပုံ အနည်းငယ်ရိုက်ပေးလိုက်သည်။ ထို့နောက် သူငယ်ချင်း မိန်းမက သူ့ကင်မရာမှ ပုံများကိုယူကြည့်ရင်း ဟာ ပုံတွေကလှလိုက်တာ ရှင့်ကင်မရာကောင်းလို့နေမှာနော်။
ဓာတ်ပုံဆရာမှာ ဘ၀င်မကျသော်လည်း ဘာမှမပြောပဲ နေ၏။ထို့နောက်ပြန်ခါနီးကျမှ ခင်ဗျားဟင်းထမင်းတွေက အရမ်းစားကောင်း
ပဲဗျာ ခင်ဗျားချက်တဲ့ ဒယ်အိုးတွေကကောင်းလို့ဖြစ်မှာနော်။

ဓာတ်ပုံဆရာ တစ်ယောက်သည် သူ့သူငယ်ချင်းလင်မယားက ဖိတ်သဖြင့် ညစာထမင်းသွားစားသည်။ ကင်မရာကိုလည်းတစ်ပါတည်းယူသွားသည်။ ထို့နောက်ညစာစားရင်း ဓာတ်ပုံ အနည်းငယ်ရိုက်ပေးလိုက်သည်။ ထို့နောက် သူငယ်ချင်း မိန်းမက သူ့ကင်မရာမှ ပုံများကိုယူကြည့်ရင်း ဟာ ပုံတွေကလှလိုက်တာ ရှင့်ကင်မရာကောင်းလို့နေမှာနော်။

ကျွန်တော့်ရဲ့ ပီတိ

<<<<<  ကျွန်တော့်ရဲ့ ပီတိ >>>>>

ငယ်ငယ်ကတည်းက စကားစပ်တိုင်း မေမေ ဆုံးမခဲ့တဲ့ စကားတစ်ချို့  ရှိခဲ့တယ်။

`` သားရေ... မြဲမြဲ မှတ်ထားဖို့က လူဆိုတာ အမြဲ အလုပ်လုပ်နေရမယ်... အသက်အရွယ်အရ သင့်လျော်တဲ့ အလုပ်ပေါ့.... ကိုယ့်အတွက်၊ မိသားစုအတွက်၊ သူတစ်ပါးအတွက်၊ ဖြစ်နိုင်ရင် တိုင်းပြည်အတွက် အကျိုး ရှိတဲ့ အလုပ်တွေကို လုပ်ကိုလုပ်နေရမယ်.. စာရေးဆရာကြီးတစ်ယောက်က ပြောဘူးတယ်၊ သူများခြံမှာ ဖြူပြာပွင့်ရင်... ကိုယ့်ခြံမှာလည်း နီဝါ တင့်ရမယ် တဲ့၊ သူများ အောင်မြင်နေတာကို မနာလိုဖြစ်စရာမလိုဘူးနော်... ကိုယ်လည်း အောင်မြင်အောင်ကြိုးစား၊ အလုပ်ကိုသာ မှန်မှန်ကန်ကန်လုပ်... လုပ်အားရှိရင် လုပ်ခရှိတယ်... အလုပ်လုပ်နေသမျှ လုပ်အားခ ရနေမှာပဲ´´ တဲ့......။

ဖေဖေကလည်း ကြုံတိုင်းပြောတတ်တဲ့ စကားလေးရှိတယ်...

`` မဟာဇနက္က မင်းသား ဘာကြောင့် မင်း ဖြစ်သလဲ သိလား၊ မှတ်ထားသား လုံ့လ ၀ိရိယကို မလျှော့ခဲ့လို့... အသက်လုနေရတဲ့ အချိန်မှာတောင် သီလမပျက်ခဲ့လို့´´တဲ့.....။

ကျွန်တော်ဖေဖေ့ကိုရော မေမေ့ကိုပါ အရမ်းချစ်တယ်၊ 
ကျွန်တော့်ဘ၀မှာ အလေးစားဆုံး အားအကိုးဆုံးက ဖေဖေ...
အယုံကြည်ရဆုံး... စိတ်အချဆုံးက မေမေပါပဲ။

ဒါကြောင့် မိဘစကားကို ကျွန်တော် အမြဲတမ်းလိုလို ရအောင် နားထောင်တယ်.. ခြွင်းချက်လေး တစ်ချို့  တော့လည်း ရှိခဲ့တာပေါ့။

အရင်းအနှီး တစ်ပြားမှ မရှိတဲ့ ကျွန်တော်က မိဘသင်ပေးလိုက်တဲ့ ပညာတွေရယ်...
မိဘတွေဆုံးမလိုက်တဲ့ အသိတရားတွေရယ်...
မိဘတွေ ပြောပြလိုက်တဲ့ ဗဟုသုတ သင်ခန်းစာတွေရယ်ကို အခြေခံပြီး... ကိုယ်တိုင်လေ့လာမှုတွေနဲ့ ပေါင်းစပ်နေထိုင်ခဲ့တယ်။

ကိုယ့်ခြံလေးမှာ နီဝါလေးတွေ တင့်စေဖို့ မလျှော့သော ဇွဲလုံ့လတွေနဲ့ သီလ မပျက်အောင် စောင့်ထိန်းရင်း ကြိုးစားရင်းနဲ့လေ....

အခုတော့ ဟိုနေရာ သည်နေရာလေးတွေမှာ စာလေးတွေပါတဲ့ စာရေးဆရာ ပေါက်စလေး ဖြစ်လာပြီ....

စာလေးတွေ ရေးနေတဲ့ ကျွန်တော့်ကို ခင်မင်သူတွေက ``ဆရာကွန် ´´ လို့ ခေါ်ကြတယ်...
အရမ်းကျေနပ်ပါတယ်...

ဒီနေ့လည်း မိုးမခမှာ ကျွန်တော့်ရဲ့ ရသ ပို့စ်လေး တစ်ပုဒ်ပါလာတဲ့ အကြောင်း သတင်းကောင်းလေး ကြားရတယ်..... ( အသိစာရေးဆရာမတစ်ယောက်က ပို့ပေးခဲ့တာပါ)

ဖြစ်ချင်တဲ့ အခြေအနေပေါင်းများစွာထဲကမှ လူတွေကို အသိတရားတွေ ဆင်ခြင်တုံတရားတွေ ကြည်နူး ကျေနပ်ခြင်းတွေ... ကျေးဇူးတရားနဲ့ ဂါရ၀တရားတွေ... နားလည်တတ်ခြင်း စောင့်ရှောက်တတ်ခြင်းနဲ့ ကူညီတတ်ခြင်းတွေကို မျှဝေပေးနိုင်တဲ့ စာရေးဆရာ ဖြစ်ချင်ခဲ့တာကတော့ အကြီးဆုံး ဆန္ဒ တစ်ခုပါပဲ။

ဘ၀မှာ မဟာမဆန်ခဲ့ပေမယ့် နီဝါတင့်တဲ့ ပန်းလေးတွေကို ကျွန်တော် နှလုံးသားနဲ့ရင်းပြီး တူးဆွ စိုက်ပျိုးနိုင်ပြီလေ.... အလုပ်လုပ်ရင်း တာဝန်ကျေတဲ့ လူသားတစ်ယောက်ဖြစ်ဖို့ နီးစပ်ခဲ့ပြီပေါ့....

ဖေဖေနဲ့ မေမေ့ကို အထူး ကျေးဇူးတင်လိုက်တာ....
မိတ်ဆွေများ အားလုံး ၀မ်းမြောက်နိုင်ကြပါစေဗျာ။

(ကွန်ဆူးမား)(၃၁-၈-၂၀၁၄)

ငယ်ငယ်ကတည်းက စကားစပ်တိုင်း မေမေ ဆုံးမခဲ့တဲ့ စကားတစ်ချို့ ရှိခဲ့တယ်။
`` သားရေ... မြဲမြဲ မှတ်ထားဖို့က လူဆိုတာ အမြဲ အလုပ်လုပ်နေရမယ်... အသက်အရွယ်အရ သင့်လျော်တဲ့ အလုပ်ပေါ့.... ကိုယ့်အတွက်၊ မိသားစုအတွက်၊ သူတစ်ပါးအတွက်၊ ဖြစ်နိုင်ရင် တိုင်းပြည်အတွက် အကျိုး ရှိတဲ့ အလုပ်တွေကို လုပ်ကိုလုပ်နေရမယ်..

ငါးမိနစ်ခန့်  သေဆုံးခြင်း

 

ထိုင်းနိုင်ငံ နကော်ရစီမှား ပြည်နယ်မှ ဘုန်းကြီးကျောင်းတခုအတွင်း သင်္ခါရ တရားကို ကိုယ်တိုင်တွေ့ ကြုံခံစားနိုင်ဘို့  တကယ့်အလောင်းကောင်အား အသုဘဈာပန စီရင်သည့် ပုံစံ ပြုလုပ်၍ ခေါင်းတလားအတွင်း ငါးမိနစ်ခန့် ဝင်ရောက်ကာ သေခြင်းအရသာကို ခံစားနိုင်ပါတယ်။

#‎ဒလက်တောပုံပြင်‬


ဒလက်တောရွာကို အလည်ရောက်လာတဲ့ လူတိုင်း သတိထားမိတာ တစ်ခုက ရွာသူရွာသားတွေ ဘယ်သွားသွား ဘောပင် ဒါမှမဟုတ် ခဲတံနဲ့ စာရွက် လေး၊ ငါးရွက်ကို အိတ်ထဲ ထည့်ထားကြတာပဲ။ သွားလေရာမှာလည်း စာရွက်ပေါ်မှာ တစုံတခုကို ခပ်မြန်မြန် ရေးနေကြတာကို တွေ့ရတတ်တယ်။ မသိတဲ့ လူတွေကတော့ နှစ်လုံး သုံးလုံးများ ထိုးကြသလား ထင်ကြမယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဖြစ်ပုံက ဒီလို။
ဒလက်တောရွာဆိုတာက ပြည်ခရိုင်၊ ရွှေတောင်မြို့ကနေ နွားလှည်းနဲ့သွားရင် လေးနာရီလောက်နှင်မှ ရောက်တဲ့ ရွာငယ်လေးတစ်ခုပါပဲ။ ခေတ်တွေ ဘယ်လို ပြောင်းပြောင်း ဘာမှ မပြောင်းလဲတဲ့ ရွာလေးတစ်ခုပေါ့။ ရွာဦးမှာ ထုံးစေတီရှိတယ်။ ဆရာတော် ရှိတယ်။ စာကျက်စာအံ ဘုန်းကြီး ကျောင်းသားတွေ ရှိတယ်။ တစ်ရွာလုံး သုံးတဲ့ ရေတွင်းကြီးရှိတယ်။ စပါးခင်း၊ ငွေတိုးချေးတဲ့လူ၊ အရက်ပုန်းဆိုင်၊ ဘဲခြံ၊ ဖုန်ထူတဲ့လမ်း စတဲ့ ရွာသင်္ကေတတွေ၊ ကာလသားခေါင်း၊ ကွမ်းတောင်ကိုင်၊ သူကြီးလို့ ပြောလို့ရတဲ့ ရွာလူကြီးတို့လည်း ရှိတယ်။

ပရဟိတသမား နဲ့ ပတ်ဝန်းကျင်


 ပရဟိတလုပ်တယ်ဆိုတာ တန်ပြန်မမျှော်လင့်တတ်ပါဘူးဆိုပေမဲ့ ပတ်ဝန်းကျင်ရဲ့ ချီးကျူးသံ သာဓုသံလေးတွေကိုတော့ ပရဟိတသမားအများစု လိုချင်တတ်ကြပါတယ်။ စိတ်ရောကိုယ်ပါ နှစ်မြုတ်ပြီး အပင်ပမ်းခံ လုပ်ထားခဲ့ပြီးမှ ရလာတဲ့အကျိုးဆက်က စိတ်ဆင်းရဲရတာမျိုးတော့ မဖြစ်ချင်ပါဘူး။ ၀မ်းပမ်းတသာနဲ့ပဲ ကြည်နူးနေချင်တာပါ။
ပရဟိတသမား အများစုဟာ တခါတခါ ပတ်ဝန်းကျင်ရဲ့ အမနာပ ကဲ့ရဲ့ရှုတ်ချသံအချို့ကို မမျှော်လင့်ဘဲ ကြားသိလိုက်ရတဲ့အခါမှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ စိတ်ပျက်သွားစေတဲ့အထိ ယိုင်နဲ့သွားတတ်ကြပါတယ်။
ပရဟိတလုပ်နေကြတဲ့ လူငယ်မောင်မယ်လေးတွေကို ဘုန်း P ဆရာသမား မိန့်ဖူးတာလေး ဖောက်သယ်ချချင်ပါတယ်။ ပရဟိတရဲ့ အကျိုးပေးဆိုတာတဲ့။ ကိုယ်ပေးလိုက်တဲ့သူဆီကနေ တိုက်ရိုက်ကြီး ပြန်ရမှာတော့ မဟုတ်ဘူးတဲ့။ အခြားတစ်ယောက်ယောက်ဆီကနေ မလွဲမသွေ ပြန်ရတတ်တယ်တဲ့။ သတိထားပြီး စောင့်ကြည့်ပါတဲ့။

ကမ္ဘာကြီးကိုပြောင်းလဲပစ်နေသည့် အသက် (၃၀) အောက်


လူငယ်မီလီယံနာများ


လူငယ်တွေဟာ ယနေ့ခေတ်မှာ ထိုင်မနေကြတော့ပါဘူး။ ကမ္ဘာကြီးရဲ့ပြောင်းလဲမှုဖြစ်စဉ်တွေကို တွေးတောကြံဆရင်း သူတို့ရဲ့ ရည်ရွယ်ချက်တွေကိုပုံဖေါ်ဖို့အတွက်ကြိုးစားနေကြပါတယ်။ သူတို့မှာအတွေ့အကြုံအရ ဝါနုနေပေမဲ့ မကြောက်မရွံ့ဘဲနဲ့ ပုံသေ ရေရှည်စီးပွားရေးပုံစံထဲက ခွဲထွက်ပြီးတော့ နည်းပညာကို အခြေခံတဲ့ ချဉ်းကပ်မှုအသစ်အဆန်းကိုအသုံးပြုပြီး စီးပွားရေးနယ်ပယ်ထဲမှာ လူငယ်တွေဝင်ရောက်လာကြပါတယ်။

#ကင်မရာဆက်စပ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းနည်း

ခေါင်းစဉ်ဖတ်လိုက်ရလို့ ကင်မရာပြုပြင်ပုံပြုပြင်နည်းတွေ
ရေးမယ်မထင်နဲ့နော်..။ ကျနော်လည်း မတက်ဘူး ဗျ။ ကျနော်ရေးသားတင်ပြမှာက စနစ်တကျသုံးတက်ဖို့နဲ့ ရေရှည်ခံအောင် အသုံးချပုံချနည်းတွေ သိသလောက်လေး တင်ပြပေးမှာပါ။
ကင်မရာအမြင့်တွေကိုင်တွယ်တဲ့ ၀ါသနာရှင်တွေ ၊ ပညာရှင်တွေမှာ
ဆက်စပ်ပစ္စည်းတွေ ၀ယ်ယူသုံးစွဲရတာ ဈေးလည်းမသေးလှပါဘူး။ တစ်ခုခုဖြစ်တိုင်းလည်း ချက်ခြင်းမ၀ယ်နိုင်ပါဘူး။

ပညာရေး အရေးအကြီးဆုံး



စာဖတ်သူတချို့က ဆောင်းပါးတွေရေးတဲ့အခါ ဘာကိုအခြေခံပြီး ဘယ်အမြင်နဲ့ ရေးသလဲလို့ ကျွန်တော့်ကို မေးလေ့ရှိကြပါတယ်။ ကျွန်တော်က တိုင်းရင်းသားပြည်သူ လူထုအကျိုးစီးပွားကို အခြေခံပြီးရေးတယ်လို့ ပြန်ပြောလေ့ရှိပါတယ်။ပြည်သူလူထု အကျိုးစီး ပွားဆိုရာမှာ ပညာရေး၊ စီးပွားရေးနဲ့ လူမှုရေး အကျိုးစီးပွား အခြေခံပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၈)

သစ်ထူးလွင်


Saturday, August 30, 2014

လွဲလိုက်လေ၊မောင်ပဉ္ဇင်း”


Min Din's photo.
(တစ်)
တခါတုန်းက အောက်ပြည်အောက်ရွာတွင် အထက်အညာသားများကို အထင်အမြင်သေး၍ ဘာမျှမသိနားမလည်သူများဟု ယူဆထား သောဆရာတော်တစ်ပါးရှိလေသည်။ ထိုသတင်းကိုအထက်အညာမှ ဦးပဉ္ဇင်းတစ်ပါးကြားသိရလျှင် မခံချင်လှ၍ ထိုဆရာတော် အား ချေပ ပြောဆိုရန် အကြံထုတ်ပြီး သွားရောက်တွေ့ဆုံလေသည်။

တရုတ်တွေဖျောက်ထားတဲ့ရာဇ၀င်

တရုတ်တွေဖျောက်ထားတဲ့ရာဇ၀င် ဒါပေမယ့် အနောက်တိုင်းကတော့သိတယ် ဒို့ဗမာတွေလဲသိတယ်
ရှည်လျား ကျယ်ပြောသော နယ်နိမိတ်ထိ စပ်မှုသည် မြန်မာပြည်နှင့် တရုတ်ပြည်အကြား နှစ်ပရိစေဒ ကြာမြင့်စွာ ပြသနာ အလျည်းမရှိပဲ ခွဲခြားတည်ရှိခဲ့ပါသည်။
မင်မင်းဆက် (၁၃၈၀-၁၃၈၈ အေဒီ) လက်ထက်တွင် တရုတ်တို့သည် ယူနန် နယ်အား ၄င်းတို့၏ နယ်နိမိတ် အဖြစ်ပိုင်ပိုင်နိုင်နိုင်သွမ်းသွင်းနိုင် ခဲ့သည်။ တောင်ငူခေတ် ၁၅၅၇ ခုနှစ်တွင် ဘ်ုရင့်နောင်မင်းတရားကြီးသည် ရှမ်းကျိုင်းရုံးကြီးနယ်(ယနေ့ခေတ် ကချင်/ရှမ်း/ကယားနယ်) များအား သိမ်းပိုက်အောင်နိုင်ခဲ့ပါသည်။ သို့သော်ငြားလည်းဒေသခံစော်ဘွားများသည် နယ်ချင်းထိစပ်နေသောတရုတ်ယူနန် ဘုရင်ခံနှင့် မြန်မာ နေပြည်တော်ထံသို့ နှစ်ဘက်စလုံးအားအခွန် အတုပ်များပေးဆောင်ကာ ၄င်းတို့၏ ပဒေသရာဇ် အုပ်ချုပ်မှုအားဆက်လက်တည်တံ့အောင်ကြီုးစားခဲ့ကြသည်။

#Digital Camera တစ်လုံးဝယ်ယူရာတွင် သတိပြုသင့်သည့် အချက်(၁၀)ချက်

တက်နိုင်ရင်တက်နိုင်သလောက် ၀ယ်ယူသုံးစွဲဖို့စိတ်ဝင်စားခြင်းခံရတဲ့အထဲမှာ
ဒစ်ဂျစ်တယ်ကင်မရာ ဆိုတာကြီး လည်း ပါဝင်နေတာ မိတ်ဆွေတို့လည်း သိကြမှာ
ဖြစ်ပါတယ်။ အိမ်မှာ အလှူလေးလုပ်တာကအစ..သူငယ်ချင်းတွေရဲ့ အလှူ၊မင်္ဂလာဆောင်
စတဲ့ ပွဲလမ်းသဘင်များမှာ လက်စွမ်းပြချင်တာ မိတ်ဆွေများလည်းတွေးမိကောင်းတွေးမိကြမှာပါ။
ဒါဆိုရင် Digital Camera တစ်လုံးကိုဘယ်လိုဝယ်ယူကြမလဲ…?
ကျနော်လေ့လာထားတာလေးတွေတော့ ရှိပါတယ်။ အကောင်းဆုံးနည်းနာများကို
လက်ဆင့်ကမ်းလိုက်ပါတယ်..။ နှစ်သက်တယ်ဆိုရင် Comment လေးပဲဖြစ်ဖြစ်. .ပေးခဲ့နိုင်ပါတယ်။ ဝေဖန်ရေးလည်း လုပ်သွားနိုင်ပါတယ်..။

နိုင်ငံတော်ဗဟိုအဆင့် ပိုစတာပြိုင်ပွဲမှာ ပထမဆုနှစ်ခါရရှိခဲ့တဲ့ ပန်းချီဆရာမ မခိုင်သဇင်ထက်နှင့် တွေ့ဆုံခြင်း

YoYarLay added 5 new photos — with Artist KhaingThazin Htet.
YoYarLay's photo.

ကျွန်မက ပန်းချီဆွဲနေရရင် စိတ်ချမ်းသာတယ်

ပန်းချီပညာမှာ ထူးချွန်ထက်မြက်တဲ့ သူတစ်ယောက် ဖြစ်တဲ့ မခိုင်သဇင်ထက်နှင့် ရိုးရာလေးမှ တွေ့ဆုံခဲ့ ပါတယ်။ မခိုင်သဇင်ထက်ဟာ ငယ်စဉ် ကလေးဘဝ အရွယ် ကတည်းက ပန်းချီပညာကို ဝါသနာပါခဲ့ပြီး ယခုလည်း ပန်းချီ ပညာဖြင့် သူမ၏ နေ့ရက်တွေကို ဖြတ်ကျော်နေပါတယ်။

ဘာသာခြားအား တရားဆေးဖြင့်ကုသခြင်း


" ဦးထိန်ဝင်း ဘာဖြစ်လာပြန်ပြီလဲ ..... "
ဆေးခန်းထဲဝင်လာသော ဦးထိန်ဝင်းအား ကျွန်တော်က မေးလိုက်သည်။
" ခေါင်းမူးတယ် ဆရာရယ်...." ဟုပြောပြီး လူနာခုတင်ပေါ် တက်လိုက်သည်။
" ကျွန်တော့်မိန်းမ အိမ်ပေါ်က ဆင်းသွားတာ ခုထိပြန်မလာသေးဘူးဆရာ ရင်ထဲမှာလည်း
အလုံးကြီးတစ်လုံးဆို့နေသလို တစ်ဆို့ဆို့ကြီးဖြစ်နေတယ်.... ....ကလေးသုံးယောက်
နဲ့ ကျွန်တော့်ကိုထားခဲ့ပြီး ထွက်သွားတယ်။

“ဘယ်သွားလုပ်လုပ် ဒီလောက်တော့ ရတာပါပဲ..။”

“ဘယ်သွားလုပ်လုပ် ဒီလောက်တော့ ရတာပါပဲ..။”
ဒီနေ့ Labor Market ထဲက စကားပါ..။ အလုပ်အကိုင်ဈေးကွက်လို့ ဘာသာပြန်တာထက် စာရင် လေဘာမားကက် လို့ တိုက်ရိုက်မွေးစားလိုက်တာက ပိုပြီး ဆွေးနွေးလို့ ကောင်းပါတယ်..။ အလုပ်ရှင်အတော်များများဟာ ကိုယ့်လုပ်ငန်း.. ကိုယ့်အုပ်စု.. ကိုယ့်ကုမ္ပဏီကို နိုင်ငံတကာ စံချိန်မီ ဖြစ်ချင်လာကြပါပြီ..။ သိပ်ကောင်းပါတယ်..။ ဒါပေမယ့် ခက်နေတာက အဲဒီနိုင်ငံတကာ စံချိန်စံညွှန်း ဆိုတာကိုပဲ တိုင်းတာတဲ့ ပေတံတွေ အမျိုးမျိုး ရှိနေကြတာပါပဲ..။ အဲဒီလို ပေတံ အမျိုးမျိုး ရှိနေတဲ့ အထဲက တူတာလေးတွေ ဆွဲထုတ်ပြရရင်..
ကိုယ့်ဝန်ထမ်းတွေ တူညီဝတ်စုံလေးတွေနဲ့ သပ်သပ်ယပ်ယပ် ဖြစ်ချင်ကြတယ်..။
(ဒါပေမယ့် ကိုင်တွယ်ပုံထိန်းသိမ်းပုံ မတတ်တော့ တူညီဝတ်စုံသာ ရှိတယ် .. တယောက်နဲ့ တယောက် မတူကြဘူး..။)
ကိုယ့်ဝန်ထမ်းတွေကို အလုပ်ကောင်းကောင်း လုပ်စေချင်ကြတယ်..။

မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့် ထူးခြားသော ၀ိသေသများ

Published on: August 29, 2014 
မြန်မာနိုင်ငံ၏ လက်ရှိပစ္စုပ္ပန် ပကတိအခြေအနေများကို လေ့လာကြည့်သောအခါ
(၁) နိုင်ငံသားအများစုသည် လုပ်ခလစာ ၀င်ငွေနိမ့်သော၊ အလုပ်အကိုင် အတည်တကျ မခိုင်မာသော၊ ငွေကြေးစုဆောင်းနိုင်မှု နည်းပါးသော၊ အခြေခံလူတန်းစားနှင့် သာမန်လူတန်းစားများ ဖြစ်နေခြင်း။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၈)

သစ်ထူးလွင်


#‎မဖြစ်လောက်တာလေးများ‬

သတို့သားနဲ့ သတို့သမီးတို့ မိဘတွေ၊ ဒေါပွ နေကြလေရဲ့။ အကြောင်းကြောင်းကြောင့် ၀ါမ၀င်မီ ကပ်ပြီး ဖုတ်ပူမီးတိုက် မင်္ဂလာဆောင် ပေးကြရတာ။ ဒါပေမဲ့ လာရောက် ချီးမြှင့်တဲ့ ပုဂ္ဂိုလ်တွေကို မြို့ရဲ့အထင်ကရ ဟော်တယ်မှာ ခမ်းနားစွာ ဧည့်ခံရတယ်။ အဆင်ပြေတယ်။ ဒံပေါက်ကျွေးပြီး ရေခဲမုန့်ပါ ထပ်ဆင့် ကျွေးမွေးတယ်။ အဆင်ပြေတယ်။ ခြုံငုံ ပြောရရင် (စောင်၊ ပုဆိုး ခြုံပြီး ကွမ်းငုံသည်ကို မဆိုလိုပါ။) အားလုံး အဆင်ပြေတယ်။ Butသို့သော်လည်း ကမ်းတဲ့ လက်ဆောင်ပစ္စည်းက အဆင်မပြေဘူး။

“မြန်မာ နည်းချည်းပဲ မရနိုင်ဘူး၊ သိပ္ပံနည်းကျ သုံးသင့်တယ်”


ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန်တောင် ချောင်းဆုံရာ မြစ်ဝတွင် ဓမ္မစေတီမင်း၏ ကောင်းမှုတော် ခေါင်းလောင်းကြီးကို သြဂုတ်လ ၉ ရက် ကတည်းက စတင် ရှာဖွေနေသည်မှာ ယနေ့ဆိုလျှင် ရက်ပေါင်း ၂၀ ရှိပြီ ဖြစ်သည်။
ထိုခေါင်းလောင်အား ဦးဆောင်ရှာဖွေသူ ဦးစံလင်း (မြေပုံ) ၏ ကြေညာပြောဆိုချက်ကို ကိုးကားပြီး အစိုးရပိုင် မီဒီယာများ ဖြစ်သည့် မြန်မာ့ ရုပ်မြင်သံကြားနှင့် နေ့စဉ်ထုတ် သတင်းစာများ အပါအ၀င် ပုဂ္ဂလိက သတင်း မီဒီယာများတွင် ဓမ္မစေတီ ခေါင်းလောင်းကြီး တွေ့ပြီဟု ရေးသားဖော်ပြကြသည်။

မေမြတ်နိုးကို ဘာလို့ သရဖူ သိမ်းတာလဲ


Photo: မေမြတ်နိုးကို ဘာလို့ သရဖူ သိမ်းတာလဲ
==========================
မြန်မာ အလှမယ် မေမြတ်နိုးကို Miss Asia Pacific World သရဖူ ပြန်လည် ရုပ်သိမ်းလိုက်တာဟာ နှစ်ဘက် သဘော တူညီချက်တွေကို ချိုးဖောက်ခဲ့လို့ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေ ဘက်က ပြောဆိုပြီး မေမြတ်နိုးကို အပြစ်ပုံချခဲ့ ပါတယ်။

ဒါပေမဲ့ မေမြတ်နိုးကို အပ်နှင်းထားတဲ့ Miss Asia Pacific World အလှမယ်ဘွဲ့ကို နောက်တစ်ယောက်ကို ပြောင်းလဲ ပေးမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားက နိုင်ငံ ပွဲစီစဉ်ရေး အဖွဲ့က ပြောခွင့်ရသူ ဒေးဗစ် ကင်းမ်ကပြောပါတယ်။

မေမြတ်နိုးဘက်က မရိုးသားခဲ့တဲ့ အတွက်ရယ်၊ အလှမယ်ဘွဲ့ ရသူ တစ်ယောက် အဖြစ် ရပ်တည်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ အတွက် ရယ်ကြောင့် သရဖူကို ပြန်ရုပ်သိမ်း တာလို့ ပြောပါတယ်။

အဓိက မကျေနပ်တဲ့ အကြောင်း တစ်ခုကတော့ သူတို့ ကုမ္ပဏီနဲ့ အလုပ် ဆက်လုပ်ဖို့ သြဂုတ်လ ထဲမှာ မေမြတ်နိုး တောင်ကိုရီးယားကို ပြန်လာချိန်မှာ သူ့မိခင်ကိုပါ တပါတည်း ခေါ်လာခဲ့တဲ့ ကိစ္စ ဖြစ်တယ်လို့ ဒေးဗစ် ကင်းမ်ကပြောပါတယ်။

မေမြတ်နိုးရဲ့ မိခင်ကို နှစ်ပတ်ဗီဇာ လျှောက်ပေးခဲ့ပေမဲ့ သူက မေမြတ်နိုး တောင်ကိုရီးယားမှာ ရှိနေသမျှ သုံးလလုံး နေချင်တယ်ဆိုတာကို သူတို့ လက်မခံနိုင်ဘူးလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

အလှမယ် ဖြစ်ပြီးတဲ့ အခါ ပိုမိုလှပအောင် Breast Implant ဆိုတဲ့ ရင်သား ခွဲစိပ် ပြုပြင်တာ၊ ခေါင်း၊ ခါးနဲ့ ခြေ အဆုံး ပလတ်စတစ် ဆာဂျရီ နည်းနဲ့ ခွဲစိပ် ပြုပြင်တာတွေ လုပ်ရမယ်လို့ ကြိုတင် သဘောတူခဲ့တာ ရှိခဲ့ပြီး အခုတခါ မေမြတ်နိုး ကိုရီးယားကို ပြန်လာပြီး နောက်တစ်ရက်မှာ ဒေါ်လာ တစ်သောင်း ကုန်ကျတဲ့ ရင်သား ခွဲစိပ် ပြုပြင်မှုလုပ်ပေးခဲ့တယ်လို့ ဒေးဗစ် ကင်းမ်ကပြောပါတယ်။

ဒါဟာ မေမြတ်နိုးရဲ့ သဘောတူညီချက်နဲ့ လုပ်ဆောင်တာလို့ ဒေးဗစ် ကင်းမ်က ပြောပေမဲ့ မေမြတ်နိုး အနေနဲ့ ငြင်းလို့ မရတဲ့ ဖိအားပေးမှုကြောင့် လက်ခံခဲ့ရတာလို့ သူ့ အစ်မဖြစ်သူက ပြောပါတယ်။

ရင်သား ခွဲစိပ် ပြုပြင်တဲ့ ကိစ္စကို လူတစ်ယောက်ရဲ့ အတွင်းရေး လျှို့ဝှက် ချက် အဖြစ် ထားမယ်လို့ ပြောခဲ့ပြီးမှ အခု ထုတ်ဖော်ပြောတာဟာ ပွဲစီစဉ်သူတွေ ဘက်က လိမ်လည် ပြောဆိုရာ ကျပြီး သူတပါး အတွင်းရေးကို ထုတ်ပြောရာလည်း ကျတယ်လို့ မေမြတ်နိုးရဲ့ အစ်မက ပြောပါတယ်။

ဒေါ်လာ တစ်သိန်း လောက်တန်တဲ့ သရဖူကြီးကို ယူပြီး မေမြတ်နိုး ထွက်ပြေး သွားခဲ့တယ်လို့ ပွဲစီစဉ်သူတွေ ဘက်က ပြောတာနဲ့ ပတ်သက်လို့လည်း သူ့ အစ်မက မေမြတ်နိုးဟာ တောင်ကိုရီးယားမှာ နေဖို့ ခွင့်ပြုထားတဲ့ရက် မတိုင်ခင် ပြန်လာခွင့် ရှိတဲ့ အတိုင်း ပြန်လာခဲ့တာလို့ ပြောပါတယ်။

သရဖူဟာ မြန်မာနိုင်ငံသားတွေ အတွက် ရခဲ့တာ ဖြစ်လို့ ဘာဆက်လုပ်မယ်ဆိုတာကို လာမယ့် အင်္ဂါနေ့မှာ မေမြတ်နိုးက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး အကြောင်းစုံ ရှင်းလင်း ပြောပြ သွားမယ် လို့လည်း သူက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/08/140829_maymyatnoe_crown.shtml

မြန်မာ အလှမယ် မေမြတ်နိုးကို Miss Asia Pacific World သရဖူ ပြန်လည် ရုပ်သိမ်းလိုက်တာဟာ နှစ်ဘက် သဘော တူညီချက်တွေကို ချိုးဖောက်ခဲ့လို့ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေ ဘက်က ပြောဆိုပြီး မေမြတ်နိုးကို အပြစ်ပုံချခဲ့ ပါတယ်။

"ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်အကြောင်း တစေ့တစောင်း


(၁) ဧ၀ရတ်တောင်ကို မည်သည့်တောင်တက်သမားမျှ မတက်ရောက်ခဲ့သော နောက်ဆုံးနှစ်မှာ ၁၉၇၄ ခုနှစ်ဖြစ်သည်။
(၂) ၁၉၇၈ခုနှစ်တွင် Reinhold Messner သည် အဖော်ဖြစ်သူ Peter Habeler နှင့်အတူ ဧ၀ရတ်တောင်အား အောက်ဆီဂျင် ဗူးမပါဘဲ ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့သည်။ နောက်ထပ် နှစ်နှစ်အကြာတွင် Messner သည် အောက်ဆီဂျင်ဗူးမပါဘဲ တစ်ဦးတည်း ထပ်မံတက်ရောက်နိုင်ခဲ့ ပြန်သည်။
(၃) ၁၈၅၆ ခုနှစ်တွင် အနားယူသွားပြီဖြစ်သည့်အပြင် ယင်းတောင်ထိပ်ကို မြင်ပင်မမြင်ဖူးခဲ့သော ဝေလလူမျိုး ဆာဗေးတိုင်း တာရေး အကြီးအကဲ George Everest ကို ဂုဏ်ပြု၍ ဧ၀ရတ်တောင် (Everest Mt.) ဟု အမည်ပေးခဲ့သည်။
(၄) ဧ၀ရတ်တောင်ထိပ်ပေါ်ပထမဆုံးခြေချခဲ့သော Edumund Hillary သည် သားဖြစ်သူ Peter Hillary နှင့် အတူ ၁၉၉၀ ပြည့်နှစ်တွင် ယင်းတောင်ကို ထပ်မံတက်ရောက်ရာ ထိုသို့တက်ရောက်သည့် ပထမဆုံးသော သားအဖအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

# ယောင်္ကျားတို့ သဘာဝ ။

အချိန်ကတော့ ဆောင်းအကုန် နွေအကူးကာလ နေ့လည်ပိုင်း အချိန်အခါလေးမှာပေါ့ဗျာ။
ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာ "ဆံသဆရာ" နဲ့ "ဆံပင်ညှပ်သူ" နှစ်ဦး ဆံပင်ညှပ်ရင်း ထွေရာလေးပါး ဟိုအကြောင်း ဒီအကြောင်း ပြောဆိုနေကြပါတယ်။ အဲဒီအချိန်မှာဆိုင်ရှေ့နေပူ ကျဲကျဲမှာ လေပွေ လေရူးလေး တစ်ချက် တိုက်ခတ်လိုက်ပြီး ဖုန် နဲ့ အမှိုက်တွေဟာ လေပွေလေရူးနဲ့အတူ လွင့်ပျံ တက်နေတာကို ကြည့်ရင်း ဆံပင်ညှပ်ဆရာက ပြောလိုက်ပါတယ်။

AIDS ရောဂါပိုးကို ကို နိုင်သည့် တိုင်းရင်းဆေးစွမ်း

Mayyu Tun added 2 new photos.




ပြည်တွင်းမှာ AIDS လူနာ (ဆေးစစ်၍ သိရသူ) တသိန်းနှစ်သောင်းကျော် ရှိတဲ့အနက် ART (ဝေဒနာရှင်များအတွတ် ကမ္ဘာ့ ကျန်းမားရေးဌာနမှ အထူးထုတ်ထားသည့် ဆေး) မပေးနိုင် သူ နှစ်သောင်းကျော်ရှိနေတော့စိတ်ကျရောဂါဖြစ်ပြီး ဒီဆေးရတဲ့အထိစောင့်နေစရာမလိုပါဘူး။
ဒီရောဂါပိုးရှိနေတယ်လို့ သိရတဲ့သူတော်တော်များဟာ စိတ်ထိခိုက်ခြင်း-စိတ်ဓါတ်ကျခြင်းကြောင့်
ရောဂါတွေတိုးလာကြတာများတယ်၊

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၂၉)

သစ်ထူးလွင်


Friday, August 29, 2014

"ဦးစားပေးခုံ ပြသနာ"

"ဦးစားပေးခုံ ပြသနာ"

စင်္ကာပူက MRT လို့ ခေါ်တဲ့  မြို့ပတ်ရထားပေါ်မှာ ဦးစားပေးခုံတွေ ရှိတယ်။
ကိုယ်ဝန်သည်၊ မသန်မစွမ်းသူ နဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးရတဲ့ ထိုင်ခုံတွေပေါ့။
အဲဒီခုံတွေ လွတ်နေရင်ထိုင်၊ ဦးစားပေးရမယ့်သူတွေလာရင် ထပေး။ ဒါပဲ။

ခက်တာက... တချို့လူကြီးတွေက သူတို့လာလို့ ထပေးရင် မကြိုက်ဘူးဗျ၊ သူတို့ကို အသက်ကြီးတယ်လို့ အထင်မခံနိုင်တာ။
ဒါပေမယ့် တချို့အဖွားကြီးတွေကျတော့လည်း ထမပေးရင် ပြသနာရှာပြန်ရော။
ဆိုတော့ ... 
ထပေးရမှာလား မပေးရဘူးလား ဇယားရှုပ်လို့ အဲ့ခုံတွေမှာ မထိုင်ဖြစ်တာ များတယ်။

ဒီနေ့မနက် အလုပ်အသွား ရထားစီးလာတော့ အဲဒီဦးစားပေးခုံမှာ ဘင်္ဂလားတစ်ယောက်ထိုင်လာတယ်။
သုံးလေးဘူတာလောက်ရောက်တော့ အဲဒီဘင်္ဂလားရှေ့ကို အဖိုးကြီးတစ်ယောက်ဝင်ရပ်တာ တွေ့လိုက်ရတယ်။
ဘင်္ဂလားက တောင်ကြည့်မြောက်ကြည့်လုပ်ပြီး ထတယ်၊ 
အဖိုးကြီးက "နိုး နိုး" ဆိုပြီး ဘင်္ဂလားပုခုန်းကိုဖိပြီး ပြန်ထိုင်ခိုင်းတယ်။
ဘင်္ဂလားက အံ့သြသွားတဲ့မျက်နှာနဲ့ အဖိုးကြီးကို မော့ကြည့်ပြီး ကုန်းထပြန်တယ်။
ဒီတခါလည်း အဖိုးကြီးက "နိုး နိုး" ဆိုပြီး ဘင်္ဂလားပုခုန်းကိုဖိပြီး ပြန်ထိုင်ခိုင်းပြန်တယ်။
ဘင်္ဂလားမျက်နှာ ငိုမဲ့မဲ့ ဖြစ်လာတယ်။
နောက်ဆုံး ဘယ်လိုမှ ထ မရတော့ အဖိုးကြီးကို မျက်နှာငယ်လေးနဲ့ မေးတယ်... ...
"ဘာဖြစ်လို့ ထလို့ မရတာလဲ ငင်"
"ငါက သန်သန်မာမာရှိပါသေးတယ်ကွ"
"အန်ကယ် သန်မာတာနဲ့ အနော်က အဲဒီဘူတာမှာ ဆင်းမှာနဲ့ ဘာဆိုင်လို့လဲ ဟင်"
"ဘာ... မင်းက ဆင်းမလို့ ထ တာလား"
"ဟုတ်တယ်ဂျ...  ခညား လုပ်တာနဲ့၊ ခု တစ်ဘူတာတောင် ကျော်လာပြီ"
"ငင်..."

အဲဒါပြောတာပေါ့... 
စေတနာသည် လူတိုင်းနဲ့မတန်... ဆိုတာ 
ငိ ငိ ငိ

သန်၎ကို - ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

စင်္ကာပူက MRT လို့ ခေါ်တဲ့ မြို့ပတ်ရထားပေါ်မှာ ဦးစားပေးခုံတွေ ရှိတယ်။
ကိုယ်ဝန်သည်၊ မသန်မစွမ်းသူ နဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးရတဲ့ ထိုင်ခုံတွေပေါ့။
အဲဒီခုံတွေ လွတ်နေရင်ထိုင်၊ ဦးစားပေးရမယ့်သူတွေလာရင် ထပေး။ ဒါပဲ။
ခက်တာက... တချို့လူကြီးတွေက သူတို့လာလို့ ထပေးရင် မကြိုက်ဘူးဗျ၊ သူတို့ကို အသက်ကြီးတယ်လို့ အထင်မခံနိုင်တာ။

Burundanga ပဒိုင်းပွင့်ဆေး

 
 
 
Tint Swe added 2 new photos.

1. ဆရာ တို့ဆေးဆိုတာလဲ သိချင်ပါတယ်။ ဗန်ကောက်မှာ မြန်မာတွေကို အဲလိုလုပ်ပြီး ဒေါ်လာတွေ ယူသွားတယ်လို့ သတင်းကြားရလို့ပါ။
2. Burundanga ဆိုတဲ့အရာဟာ တို့ဆေးများလား။ မဟုတ်ဘူးဆိုရင် အဘယ်ကဲ့သို့သော အရာမျိုးပါလဲ။ ဆေးဝါး ရောင်းချတဲ့ဆိုင်တွေများ မေးမြန်းဝယ်လို့ရပါသလား။ ရခဲ့ရင် အဘယ်ကဲ့သို့ အသုံးပြုရပါသလဲ။ လူကို အန္တရာယ် ဖြစ်စေပါသလား။

BMW ရဲ့ ကမ္ဘာ့ပထမဆုံး AK47 ကျည်မဖောက် X5 SUV ကား


ကမ္ဘာ့ပထမဆုံး AK47 စက်သေနတ်ရဲ့ ကျည်မဖောက်နိုင်တဲ့ ကား အဖြစ် BMW ဟာ X5 အမည်ရ SUV ကားနဲ့ စံချိန်တင် ထုတ်လုပ်လိုက်ပါတယ်။ AK47 သေနတ်ပြင်းအား အပြင် အခြားသော ပေါက်ကွဲမှု ဒဏ်များကိုပါ ခံနိုင်ရည်ရှိမယ့်ကား ဖြစ်ပါတယ်။ BMW X5 Security Plus လို့အမည်ပေး ထားပြီး မော်စကိုမြို့ မော်တော်ယာဉ် ပြပွဲတစ်ခုမှာ တရားဝင်ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်ပါတယ်။

Thursday, August 28, 2014

#(၁) မိန်းမတို့ အကြောင်း

အိမ်နီးနားချင်း အိမ်ထောင်သည် အမျိုးသမီး (၂)ယောက် ဈေးအသွားလမ်းမှာ တွေ့ကြရင်း စကားရပ်ပြောနေကြပါတယ်။ ဈေးက ပြန်လာတဲ့ မိန်းမနာမည်က ဒေါ်ဝ ၊ ဈေးကို သွားနေတဲ့ မိန်းမက ဒေါ်လှ ဆိုပါစို့။
ဒေါ်လှ ။ ။ ဟော ၊ မ၀တို့တော့ ဈေးတောင် ပြန်လာပြီ။ ကျွန်မကတော့ ခုမှ ဟန်ပြင်တုန်း။ ဒါထက် စကားမစပ် မနေ့ညက ဘာဖြစ်ကြတာတုန်း။ ညသန်းကောင်ကြီး ဆူလို့ညံလို့ . . . ရှင်တို့အိမ်ဖက်က ။

#‎ပေါက်တတ်ကရပုံပြင်‬


မြန်မာစကားပုံတစ်ခုအကြောင်းပြောပြချင်တယ်။ ``မိအေး နှစ်ခါနာတယ်`` ဆိုတာ ကြားဖူး ပြောဖူးကြမယ်ထင်တယ်။ မိအေးနဲ့ပတ်သတ်ပြီး နောက်ထပ်စကားပုံတစ်ခုက ``မိအေးအော်တာသာ လူသိတယ် ဂဏန်းညှပ်တာ လူမသိဘူး`` တဲ့။
ရှေးကတည်းက မြန်မာလူမျိုးတွေဟာ စကားပြောရင် စကားပုံနဲ့ အခိုင်းအနှိုင်းလေးနဲ့ ဝေဝေဆာဆာ ပြောတတ်ကြတယ်။ ရသမြောက်သလို တကယ်လဲဆိုလိုရင်းကို ပိုတွင်ကျယ် စေပါတယ်။ စကားပုံဖြစ်ပေါ်လာပုံသာ မသိတော့ရင်သာ မသိမယ် အသုံးတွင်ကျယ်ဆဲဖြစ်တဲ့ မိအေးနှစ်ခါနာ ရတဲ့အကြောင်း ပြောပြမယ်။ မူကွဲတွေလည်း အများကြီးရှိချင်ရှိမယ်နော် ။ ကျွန်တော်သိတာပြောပြတာ။ ခေါင်းစဉ်အတိုင်း ပေါက်တတ်ကရ ပုံပြင်ပဲမှတ်ပါ။ ကိစ္စ တစ်ခုထဲနဲ့ နှစ်ကြိမ်ဆက်တိုက်နစ်နာတဲ့အခါမှာ ``ဟုတ်ပ --- သူ့မှာ မိအေးနှစ်ခါ နာရတယ်``လို့ပြောတတ်တယ်မဟုတ်လား။

သတိထားကြပါ၊ ငါးရံ့ခြောက်မှာ ပိုးသတ်ဆေးသုံးနေကြပြီ


မနေ့က ငါးရံ.ခြောက် ထုတ်ပြီးရောင်းတဲ့လုပ်ငန်းရှင်တယောက်နဲ့ ဖေ့ဘုတ် မှာ စကားပြောဖြစ်ပါတယ်။ ငါးရံ့ခြောက်မှာလဲ ပိုးသတ်ဆေး တမျိုးဖြစ်တဲ့ ၉၀% ယင်ဆေးခဲ (သူတို့အခေါ်၉၀%ယင်မနားဆေး) ကိုတွင်တွင်ကျယ်ကျယ် သုံးနေကြပြီတဲ့။ စားသောက်ကုန်တွေကို စစ်ဆေးတဲ့ FDA အဖွဲ့က ဒါတွေကိုမသိဘူးလား။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၈)

သစ်ထူးလွင်


Wednesday, August 27, 2014

ဟာသစုဗူး (၁၁)

============
1. ချစ်ကြပေသရှင်
============
'မိန်းမရေ... ဒီနေ့ မင်းမွေးနေ့ပွဲကို Suprised လုပ်မယ်ဟေ့'
'ဘယ်လို Suprised လဲ'
'မင်း သူငယ်ချင်းတွေကို ဖိတ်ထားတယ်လေ၊ အဲဒီထဲက တစ်ယောက်ယောက်များ လာတယ်ဆိုရင် ငါ အံ့သြပြီ'

ဂျပန်တွေမသိတဲ့ ရန်ကုန်မြို့ အကြောင်း

မဟာရန်ကုန် မြို့ ပြသယ်ယူပို့ဆောင်ရေးစီမံကိန်း (YUTRA)အတွက် ဂျပန် JICA က စီမံကိန်း အကြိုလေ့လာသုံးသပ်ချက်လုပ်ပြီး အချက်ကြီးကိုးခုကိုပြင်ဆင်ဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်..။ မီးပွိုင့်တွေ စနစ်တကျမရှိတာ၊ လမ်းပေါ် ဈေးရောင်းတာ၊ ကားတွေစည်းကမ်းမလိုက်နာတွေ..ပေါ့..။ အချက်အားလုံးဟာ အမှန်တွေချည်းပဲဆိုတော့ သိပ်တော့ ပြောစရာမရှိပါဘူး..။ ဒါပေမယ့် ဂျပန်တွေက ချို့ ယွင်းပျက်စီးနေတာတွေ စည်းကမ်းမရှိတာတွေ အဲဒီလို အပေါ်ယံတွေပဲ သိပြီး အဲဒါတွေဘာလို့ဖြစ်နေသလဲ ဆိုတာကိုသေချာမသိဘူးလို့ထင်ပါတယ်..။

အက်နေတဲ့ အိုးကလေး

အက်နေတဲ့ အိုးကလေး
==============
ကလေးတို့ရေ….ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။

မြန်မာပြည် အလယ်ပိုင်းဒေသက ကျေးရွာလေးတစ်ရွာမှာ မောင်ပညာဆိုတဲ့ ရေထမ်းသမား လူငယ်လေးတစ်ဦး ရှိခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးလှတဲ့ သူတို့ရွာမှာ လိုအပ်နေတဲ့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနဲ့ စာသင်ကျောင်း တစ်ကျောင်းကို လူငယ်တွေရဲ့ အင်အားနဲ့ စုပေါင်း တည်ဆောက်နိုင် ခဲ့ကြတယ်။ ကျောင်းဆောက်လုပ် ပြီးစီးတဲ့ အခါမှာလည်း ဝေယျာဝစ္စအတွက် အလုပ်တာဝန်တွေကို ရွာလူငယ်လေးတွေကပဲ ကိုယ်စီ ခွဲဝေယူကြရတာပေါ့နော်။ “ကုသိုလ်ရေးမို့ မနှေးတက်ကြွ၊ ကလေး တွေရဲ့ ပညာရေးမို့ အားလုံး ၀ိုင်းဝန်း ကူညီကြရမယ်” လို့ ခံယူထားကြတဲ့ လူငယ်တွေ မဟုတ်လား။ ရေထမ်းသမား မောင်ပညာလေးဟာ ရွာအပြင်ဘက်က စမ်းချောင်းလေးထဲမှာ နေ့စဉ် နေ့တိုင်း ရေခပ် ထွက်ရသတဲ့။ ရွာဦးဘုန်းတော်ကြီး ကျောင်းနဲ့ စာသင်ကျောင်းအတွက် ရေဖြည့်ပေးတဲ့တာဝန်ကို ယူထားရသူပါ။

ကလေးတို့ရေ….

မောင်ပညာလေးဟာ ဆိုင်းထမ်းနဲ့ ရေအိုး ၂ လုံးကို သယ်ပိုးပါတယ်။ ရေအိုးတစ်လုံးကတော့ အနာအဆာမရှိ၊ မဖိတ်မစင်ဘဲနဲ့ ရေအပြည့် သယ်ယူပေးနိုင်ခဲ့တယ်။ ဒုတိယရေအိုးမှာတော့ အလယ်လောက်မှာ ကွဲအက်ရာလေး ရှိနေသတဲ့။ ရေထမ်းသယ်လာရတဲ့ လမ်းကြောင်းတစ်လျှောက်မှာ ရေတွေဖိတ်စင်ကုန်တာပေါ့။ အဲဒီအတွက်ကြောင့် ကျောင်းကို ရောက်တဲ့အခါမှာတော့ ဒုတိယရေအိုးထဲမှာ ရေ တစ်ဝက်သာ ရှိတော့တာပေါ့ကွယ်။ ၂ နှစ်လောက် ကြာတဲ့အထိကို ရေသယ်တိုင်း အိုး ၂ လုံးထမ်းရပေမယ့် တစ်အိုးနဲ့ တစ်ဝက်သာ သယ်ပေးနိုင်ခဲ့တယ်လေ။ ပထမ ရေအိုးကတော့ အပြစ်အနာအဆာ ကင်းပြီး ရေအပြည့် သယ်ပေးနိုင်တဲ့အတွက် ဂုဏ်ယူဝင့်ကြွားလို့ နေပါတယ်။ သူက ဒုတိယ ရေအိုးကို အခုလိုပြောခဲ့ပါတယ်။

“ဟေ့.. ငါက မင်းထက်ပိုသာတယ်ကွ။ နေ့တိုင်းပဲ ရေအပြည့်သယ်ပေးနိုင်ပေမယ့် မင်းကတော့ တစ်ဝက်သာ လုပ်နိုင်တာ။”

ဒုတိယ ရေအိုးလေးဟာ ဘာမှပြန်မပြောနိုင်ဘဲ စိတ်ဓါတ်ကျဆင်းလို့သာ နေရတာပေါ့ကွယ်။ ရှက်ရွံ့ အားငယ်စိတ်လည်း ဖြစ်နေမိသတဲ့။ ကလေးတို့မှာလည်း စိတ်ညစ်စရာတွေ ရှိသလားဟင်။

ကလေးတို့ရေ…

တစ်နေ့တော့ စမ်းချောင်းလေးနံဘေးမှာ မောင်ပညာဟာ ရေအိုး ၂ လုံးကို ချပြီး အမောဖြေထိုင်နေယင်း စမ်းချောင်း လေးရဲ့ ရေစီးသံနဲ့ သာယာလှပတဲ့ ပတ်ဝန်းကျင် ရှုခင်းတွေ ကြည့်ရှု ခံစားနေခဲ့ပါတယ်။ ကလေးတို့ကော စမ်းချောင်း လေးရဲ့ ရေစီးသံကို နားဆင်ဖူးကြရဲ့လား။ စမ်းချောင်းလေးတွေက ကလေးတို့ကို တစ်ခုခု ပြောပြချင်နေကြတယ်။ ကြုံတဲ့အခါမှာ နားထောင်ကြည့်ပါကွယ်။

ခေတ္တအနားယူပြီးတဲ့နောက် မောင်ပညာလေးဟာ ရေဖြည့်တော့မယ်လို့ ပြင်ဆင်နေတုန်းမှာ ဒုတိယရေအိုးလေးက အခုလို တောင်းပန်စကား ပြောပြခဲ့သတဲ့။

“ကိုပညာ ခင်ဗျား… ကျနော် အများကြီးကို စိတ်မကောင်း ဖြစ်မိပါတယ်။ ရှက်လည်းရှက်တယ်။ အဲဒီအတွက် ကိုပညာကို တောင်းပန်ပါတယ်။ ကျနော့်ရဲ့ အားနည်းချက်ကို ခွင့်လွှတ်ပါခင်ဗျာ။”

“ဘာဖြစ်လို့လည်း ရေအိုးလေးရဲ့။ မင်းက ဘာတွေ စိတ်ညစ်နေရတာလဲကွာ။ ကျနော့်ကို ပြောပြစမ်းပါဦး။”

မောင်ပညာက ပြန်မေးတဲ့အခါမှာ ဒုတိယရေအိုးလေးက ၀မ်းနည်းပက်လက်နဲ့ အခုလို ပြန်ဖြေပါသတဲ့။

“ပြီးခဲ့တဲ့ ၂ နှစ်လုံးမှာ ရွာဦးကျောင်းနဲ့ စာသင်ကျောင်းအတွက်ကို ကျနော်က နေ့စဉ် ရေတစ်ဝက်သာ သယ်ပေးနိုင် လို့ပါ။ ကျနော်မှာက ကွဲအက်နေတဲ့ အားနည်းချက်ရှိလေတော့ အပြည့် မသယ်ပေးနိုင်လို့ပါဗျာ။ ကိုပညာလည်း အင်နဲ့အားနဲ့ ကြိုစားသယ်ပိုးပေမယ့် ကြိုးစားသလောက် အပြည့်မရဘူး မဟုတ်လား။”

အဲဒီလို ကြားလိုက်ရတော့ မောင်ပညာဟာ ရေအိုးလေးရဲ့ ခံစားချက်ကို စာနာသနားမိပါသတဲ့။ ကလေးတို့ကော စိတ်ညစ်တဲ့အခါမှာ ဘယ်သူတွေကို ပြန်ပြောပြ ဖြစ်သလဲဟင်။ အင်းပေါ့.. နားလည်တတ်တဲ့ သူငယ်ချင်းတွေနဲ့ မိဘတွေ၊ ဆရာဆရာမတွေ ဖွင့်ပြောပြရမှာပေါ့ကွယ်။

မောင်ပညာက ရေအိုးလေးကို ကြင်ကြင်နာနာနဲ့ စကားတစ်ခွန်း ပြန်ပြောပြခဲ့ပါတယ်။

“ကဲ.. ရေအိုးလေးရေ…အချိန်လင့်တော့မယ်။ တို့တွေ အခု ရွာကျောင်းတွေဆီကို ပြန်ကြတဲ့အခါမှာ ရွာလမ်း တစ်လျှောက်မှာ ဖူးပွင့်ဝေဆာနေတဲ့ ပန်းလှလှလေးတွေကို ကြည့်သွားကြရအောင်နော်။”

ကလေးတို့ရေ…

အမှန်ပါပဲ။ စမ်းချောင်းနံဘေးကနေ ရွာထဲဖက်ကို ၀င်လာတဲ့လမ်းတစ်လျှောက်လုံးမှာ သိပ်လှတဲ့ အရောင်စုံ ပန်းမျိုးစုံဟာ ဖူးပွင့်ဝေဆာနေကြလိုက်တာ။ ကလေးငယ်တွေ၊ မိန်းမပျိုလေးတွေနဲ့ ရွာသူရွာသားတွေဟာလည်း ပန်းအလှတွေကို ကြည့်ရှုခံစားနေသူတွေ၊ ဘုရားမှာ ကပ်ဖို့၊ စာသင်ကျောင်းအလှဆင်ဖို့နဲ့ ဆရာဆရာမတွေကို လက်ဆောင်ပေးဖို့ ခူးယူနေကြသူတွေနဲ့ ရွာလုံးကျွတ်ကို ပျော်ရွှင်နေကြတယ်။ သနပ်ခါးဘဲကြားလိမ်းထားတဲ့ မိန်းမပျိုလေးတွေဟာလည်း ပန်းရောင်စုံပန်လို့ ဆည်းဆာချိန်မှာ အလှကြွယ်နေပြန်တယ်။

မောင်ပညာနဲ့ ရေအိုးလေး ၂ လုံးတို့လည်းပဲ ရွာသူရွာသားတွေနဲ့အတူ ပန်းအလှတွေကို ခံစားရင်း ကြည်နူးပျော်ရွှင် ကြသတဲ့။ စိတ်ညစ်နေတဲ့ ရေအိုးလေးလည်း သူ့အဖြစ်ကို ခဏလောက် မေ့ပျောက်ပြီး ပျော်ရွှင်နေတာပေါ့။ ကလေးတို့ကော ပန်းလေးတွေကို ချစ်တယ်မို့လား။ လမ်းဆုံးလို့ ရွာကျောင်းတွေဆီကို ရောက်ပြန်တော့ ရေက ဖိတ်စင်ခဲ့ရတာနဲ့ တစ်ဝက်ပဲ ကျန်တော့တာမို့ စိတ်ညစ်ရပြီ။ ဒါနဲ့ ရေအိုးလေးဟာ မောင်ပညာကို ထပ်ပြီး တောင်းပန်စကား ဆိုပြန်တယ်။ မောင်ပညာက အခုလို ရှင်းပြခဲ့တယ်တဲ့။

“ဒီမယ်ရေအိုးလေးရဲ့… စောစောက ရွာလယ်လမ်းပေါ်မှာ ပန်းမျိုးစုံတွေကြား ပျော်ရွှင်နေကြတဲ့ ရွာသူရွာသားတွေကို အသင် တွေ့တယ်မဟုတ်လား။ တို့လည်း ပျော်ကြရတယ်နော်။ လမ်းနံဘေးက ပန်းပင်လေးတွေ၊ ပန်းပွင့်လေးတွေ ကြောင့်ပါ။ မင်းရဲ့ အိုးမှာ အက်နေတဲ့ဟာလေး ရှိတာကို ကျနော် အစကတည်းက သိခဲ့ပါတယ်ကွာ။ အဲဒီအတွက် ကျနော်စိတ်ကူးရပြီး အသုံးချလိုက်တာပါ။ လွန်ခဲ့တဲ့ ၂ နှစ် တို့အလုပ် စတင်ကတည်းကပေါ့။ ရေသယ်လာရတဲ့ ရွာလမ်းတစ်လျှောက် မင်းရှိနေတဲ့ဖက်တွေမှာ ပန်းမျိုးစေ့လေးတွေကို ပျိုးကြဲထားခဲ့တယ်။ တို့တွေ နေ့တိုင်း ရေခပ်ချိန် စမ်းချောင်းလေးဆီက ရွာအပြန်လမ်းမှာ မင်းက ရေလောင်းပေးပြန်တယ်။ ဒီလိုနဲ့ သိပ်မကြာခင်မှာ ပန်းတွေ ဖူးပွင့်ဝေဆာလာတာ အခုဆိုရင် ၂ နှစ်တောင်ရှိပြီပဲ။ ရွာသူရွာသားတွေဟာ ပန်းအလှတွေကြောင့် စိတ်ချမ်းမြေ့ ကြတယ်။ အိမ်မှာ၊ ရွာဦးဘုရားမှာ ပန်းပူဇော်ရင်း ကုသိုလ်ယူကြတယ်။ ရွာသားလုလင်ငယ်တွေက ရွာသူလုံမပျိုတွေကို ကေသာထက်မှာ ပန်ဆင်ဖို့ ပန်းလက်ဆောင်ပေးကြတယ်။ ကျောင်းသူကျောင်းသားတွေက ကျောင်းမှာ အလှဆင်ဖို့၊  ဆရာဆရာမတွေကို လက်ဆောင်ပေးဖို့နဲ့ စာသင်ခန်းတွင်း၊ စားပွဲပေါ်တင်ဖို့ ပန်းတွေခူးကြတယ်။ တကယ်လို့ ရေအိုးလေးသာ ပုံမှန်အတိုင်း ရေအပြည့် သယ်ယူနိုင်ခဲ့မယ်ဆိုရင် အခုလို ရွာကို အလှဆင်ဖို့ ဘယ်လွယ်လိမ့်မလဲ။ မင်းရဲ့ ကျေးဇူးကြောင့် အားလုံး ပျော်ရွှင်ခွင့်ရကြတာပါကွာ။”

မောင်ပညာက အခုလို အကျယ်တ၀င့် ရှင်းပြလိုက်တဲ့ အခါမှာတော့ ရေအိုးလေးဟာ အလွန်မှကိုပဲ ကျေနပ်စွာနဲ့ သဘောပေါက် လိုက်တော့တယ်။ ခရီးလမ်းဆုံးအထိ ရေအပြည့်မသယ်နိုင်ခဲ့ပေမယ့် သူ့မှာလည်း ဂုဏ်ယူစရာ ရှိနေပြီ မဟုတ်လား။ ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ်။

ကလေးတို့လည်း မျှော်လင့်ချက်ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ စိတ်မညစ်ကြပါနဲ့နော်။ အားနည်းချက် ဆိုတာ လူတိုင်းမှာ ရှိစမြဲပါကွယ်။ ဒါပေမယ့် လူတိုင်းမှာ လုပ်နိုင်တာတွေ၊ လုပ်တတ်တာတွေ ကိုယ်စီ ရှိနေပြန်ပါတယ်။ မိမိနဲ့ အခြားသူတွေအတွက် ပျော်စရာကောင်းပြီး အကျိုးရှိမယ့် အလုပ်တွေ လုပ်စရာ အများကြီးရှိနေပါတယ်။

အတ္တဟိတလို့ခေါ်တဲ့ မိမိရဲ့ အကျိုးနဲ့ ပရဟိတလို့ခေါ်တဲ့ အများအကျိုးကို မျှမျှတတ သယ်ပိုးနိုင်တဲ့သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ကလေးတို့ရဲ့

တောအစပ်တစ်နေရာက

ဆရာမောရ

ကလေးတို့ရေ….ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။
မြန်မာပြည် အလယ်ပိုင်းဒေသက ကျေးရွာလေးတစ်ရွာမှာ မောင်ပညာဆိုတဲ့ ရေထမ်းသမား လူငယ်လေးတစ်ဦး ရှိခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးလှတဲ့ သူတို့ရွာမှာ လိုအပ်နေတဲ့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနဲ့ စာသင်ကျောင်း တစ်ကျောင်းကို လူငယ်တွေရဲ့ အင်အားနဲ့ စုပေါင်း တည်ဆောက်နိုင် ခဲ့ကြတယ်။ ကျောင်းဆောက်လုပ် ပြီးစီးတဲ့ အခါမှာလည်း ဝေယျာဝစ္စအတွက် အလုပ်တာဝန်တွေကို ရွာလူငယ်လေးတွေကပဲ ကိုယ်စီ ခွဲဝေယူကြရတာပေါ့နော်။

ပြည်ပရောက်နိုင်ငံသားများက ပြန်ပို့ငွေနှင့် တိုင်းပြည်၏ စီးပွားရေးတိုးတက်မှု ခင်မောင်ညို (ဘောဂဗေဒ)

  •   ပြည်ပသို့သွားရောက်အလုပ်လုပ်ကြသော နိုင်ငံသားများကပြန်ပို့သောငွေသည်ဆင်းရဲသောနိုင်ငံများကို ချမ်း သာစေနိုင်ခြင်း ရှိ၊ မရှိ မေးစရာ ဖြစ်လာခဲ့သည်။
  •  နိုင်ငံတော်တော်များများ၌ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူများ က ပြန်ပို့သောငွေသည် အရေးပါသည်။ ယခင်နှစ်ကအိန္ဒိယတွင်နိုင်ငံခြား ကုမ္ပဏီများကလာ ရောက် ရင်းနှီးမြှပ်နှံမှုထက် သုံးဆအထိ ကြီးမားသောဝင်ငွေကို ရရှိခဲ့သည်။ တာဂျစ်ကစ်စတန်၌ပြည်ပရောက်နိုင်ငံသားများက ပြန်ပို့သောငွေသည် တိုင်းပြည ဝင်ငေ်၏ွ (၄၇)ရာခိုင်နှုန်းအထိရှိပြီး အလုပ်လုပ်နိုင်သော တာဂျစ်ကစ်စတန်အမျိုးသား တစ်ဝက်ခန့်သည် ပြည်ပတွင်သွားရောက်အလုပ် လုပ်ကိုင်နေကြသည်ဟု တွက်ဆသည်။ အလားတူပင် ဆိုမာလီယားလူဦးရေ၏ (၄၀)ရာခိုင်နှုန်းသည်ထိုသို့ ဝင်နေပို့ငွေများအပေါ်၌ မှီခိုနေရပြီး အစားအစာနှင့် ဆေးဝါးများဝယ်ယူရန် လိုအပ်သောငွေ ကိုရရှိကြသည်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...