#ကင်မရာဆက်စပ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းနည်း

ရေးမယ်မထင်နဲ့နော်..။ ကျနော်လည်း မတက်ဘူး ဗျ။ ကျနော်ရေးသားတင်ပြမှာက စနစ်တကျသုံးတက်ဖို့နဲ့ ရေရှည်ခံအောင် အသုံးချပုံချနည်းတွေ သိသလောက်လေး တင်ပြပေးမှာပါ။
ကင်မရာအမြင့်တွေကိုင်တွယ်တဲ့ ၀ါသနာရှင်တွေ ၊ ပညာရှင်တွေမှာ
ဆက်စပ်ပစ္စည်းတွေ ၀ယ်ယူသုံးစွဲရတာ ဈေးလည်းမသေးလှပါဘူး။ တစ်ခုခုဖြစ်တိုင်းလည်း ချက်ခြင်းမ၀ယ်နိုင်ပါဘူး။
တန်ဖိုးနည်းရင် တော်ရဲ့ တန်ဖိုးများရင် သေရောဗျ..။ ၀ါသနာရှင်တွေဆို
ပိုဆိုးတာပေါ့။ အိပ်ထဲမှာ ရေခန်းနေချိန်ဆိုရင် နှမျောတသ
သုံးကြိမ်ရွတ်နေရမှာပဲ။ စိတ်တော့ မညစ်ပါနဲ့ အားသာချက်လေးရှိတာကတော
ပြုပြင်ထိန်းသိမ်းမှု သေချာမလုပ်ရင်တောင် သာမန် ကင်မရာ
အမျိုးအစားများထက်တော့ ပိုပြီး အကြမ်းခံနိုင်တာပါပဲ။
လိုအပ်တဲ့ဆက်စပ်ပစ္စည်းများကို အသုံးချပြီး ရိုက်လိုက်ရင် ထွက်လာတဲ့
အံ့သြဖွယ်ရာရုပ်ထွက်နဲ့အရည် အသွေး ကို မြင်လိုက်ရရင် ကျေနပ်ကြည်နူးမှုကို
ရတက်ကြစမြဲပါပဲ။ ပုံရိပ်ကောင်းကောင်းတစ်ခုရဖို့ ပေးစွမ်းနိုင်တဲ့
အထောက်အကူကောင်း ပစ္စည်းတွေကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာကို
သိထားသင့်တာလည်း အမှန်ပါပဲ။ ဒါကြောင့် ကျနော် သိသမျှလေးတွေကို
ဝေမျှပေးလိုက်ပါမယ်။
(၁) ကင်မရာဝယ်စဉ်က သန့်ရှင်းရေးလုပ်ဖို့ အ၀တ်စ၊ဆေးရည်နဲ့ စုတ်တံလေးတွေ
ပါဝင်လာတက်ပါတယ်။ မပါ လာရင် မေးမြန်းဝယ်ယူပြီး
ဓါတ်ပုံရိုက်ကာနီးတိုင်းနဲ့ ဓါတ်ပုံရိုက်ပြီးလို့ အပြင်ကပြန်လာတိုင်း
သေချာသန့်စင်ပေးပါ။
(၂) Image Sensor ကို ဂရုစိုက်ပါ။
ကင်မရာရှေ့ကမှန်ဘီလူးလေးကိုပြောတာပါ။(မသိသူများအတွက်ပါ) သူကအရေးကြီးတဲ့
အစိတ်အပိုင်းတစ်ခုထဲမှာပါဝင်ပါတယ်။ ဒီနေရာမှာ
ဖုံကပ်နေတာ..အညစ်အကြေးရှိနေတာ..
တစ်ခုခုနဲ့ထိခိုက်မိတာ..လက်နဲ့ကိုင်မိတာ..ဆိုရင် ပုံရိပ်ကို
ထိခိုက်နိုင်ပါတယ်။ဝယ်ယူထားတဲ့ သန့်ရှင်းရေးသုံးပစ္စည်း များနဲ့
ဖြေရှင်းလို့မရတဲ့အခါ ကိုယ်တိုင် မကလိပါနဲ့။ ယုံကြည်စိတ်ချရတဲ့
ကင်မရာပြုပြင်ရေးဆိုင်ကိုပို့ပြီး ပြုပြင် ထိန်းသိမ်းပါ။
(၃) Lens တွေကိုသေချာဂရုစိုက်ပေးပါ။ Lens တွေက
မိမိရိုက်ချင်တဲ့မြင်ကွင်းတွေကို ဆုံချက်(focus)ချိန်ပြီး သုံးစွဲဖို့
အတွက် အလွန်အရေးပါလှပါတယ်။ Lens ကို ဖုံးအုပ်ဖို့ အဖုံးရှိရင်
ဓါတ်ပုံရိုက်ပြီးတိုင်း ပြန်ပိတ်ထားပါ။ အဖုံးမပါခဲ့ရင်
UV(Ultraviolet)Filter ကို တပ်ဆင်သုံးစွဲပါ။
သာမန်မိသားစုသုံးကင်မရာဆိုရင်ရိုက်ပြီးရင် ချက်ခြင်းပြန်ပိတ်လိုက်ပါ။
(၄) သိမ်းဆည်းတဲ့အခါမှာ ရေငွေ့မ၀င်နိုင်ဘဲ ခြောက်သွေ့တဲ့နေရာမှာ
ထားရှိဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ Dry Box ထဲမှာ သိမ်းဆည်းပါ။ Dry
Box မရှိရင် သန့်ရှင်းရေးလုပ်ပြီး
ဖုံ၊အမှုန့်မျိုးစုံနှင့်ရေငွေ့မကပ်နိုင်တဲ့ နေရာမှာ သိမ်းဆည်းပါ။
(၅) Battery ၊ Memory Card အပိုဆောင်ထားပါ။ ဓါတ်ပုံရိုက်ကူးရင်း
ဓါတ်ခဲပဲကုန်ကုန်၊ကဒ်ထဲမှာ နေရာလွတ်ပဲ ကုန်ကုန် ရိုက်ကူးရေးကို
အနှောက်အယှက်မပေးနိုင်တော့ပါဘူး။ နို့မို့ဆိုရင် အမှတ်တရလေးတွေ
မကျန်ဖြစ်ကုန် မှာပါ။ သုံးစွဲပြီးသားနဲ့ မသုံးစွဲရသေးတာကိုလည်း
သေချာဂရုပြုပါ။
(၆) External Flash အပိုဆောင်ထားပါ။ External Flash ဟာ ILC & DSLR
ကင်မရာများအတွက် မသုံးမဖြစ် ပစ္စည်းပါ။ အဝေးရိုက်ချက်တွေအတွက်
လိုအပ်ပါတယ်။ Mirror Lens သုံးကင်မရာတွေအတွက်ကတော့ မဟုတ် ပါဘူး။
အဆိုပါပစ္စည်းသည် Portrait ပုံတွေကို အလွယ်တကူရိုက်ကူးနိုင်စေရန်
အထောက်အကူပြုပါတယ်။။ Battery ကိုပါထည့်သွင်းထားတဲ့အတွက် ပုံရိုက်ကူးရာမှာ
ပိုမိုကြာရှည်စွာ ရိုက်ကူးနိုက်ပါတယ်။
(၇) Tri Pod ကတော့ ဓါတ်ပုံရိုက်ကူးရာမှာ
အနှေးရိုက်ချက်သုံးလိုတဲ့အခါဖြစ်စေ..အုပ်စုပုံရိုက်လိုသည့်အခါမှာ ဖြစ်စေ…
လက်ကြောင့်တုန်ခါတာမဖြစ်အောင်ရိုက်ကူးလိုတဲ့အခါမှာဖြစ်စေ..လွန်စွာအသုံးဝင်ပါတယ်။
ကင်မရာ သမားမှန်ရင် Tripod တော့ရှိရပါမယ်။မပါမဖြစ်လို့တောင် စာရေးသူက
ဆိုချင်ပါတယ်။
(၈)ကင်မရာနှင့်အခြားဆက်စပ်ပစ္စည်းများ သီးသန့်ထည့်သွင်း သယ်ဆောင်ရန်
ကင်မရာအိတ် လိုအပ်ပါတယ်။ ရေစိုခံကင်မရာအိတ်တွေက အကောင်းဆုံးဆိုပေမယ့်
တက်နိုင်သော ၀န်အားကို ချိန်ပြီး အကောင်းဆုံးသော အမျိုးအစားကို
ရွေးချယ်ဝယ်ယူပြီး သုံးသင့်ပါတယ်။ကဲ့.ကျနော်သိသလောက်တော့ မျှဝေပြီးပါပြီ။ ကျနော့်ထက်
သိထားသူများလည်းရေးသားတင်ပြနိုင်ပါတယ်။
ရေးသားသူ >> နန်းညွန့်ဦး
0 comments:
Post a Comment