{ အရှင်ဉာဏိက - ခေတ္တ - အရည၀ါသီ}
by Htet Aung on Thursday, December 1, 2011 at 2:44pm
(ဂီလာနပုဂ္ဂိုလ်တို့အား ပြုစုခြင်းသည် ငါဘုရားအား ပြုစုခြင်းမည်ပါပေ၏)(၃) ရက်သာဖွင့်လိုက်ပြီးအပိတ်ခံရမှုကြောင့် နာမည်ကျော်ခဲ့သောသုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)မြို့၏ ဖွင့်လှစ်ပွဲကို နိုဝင်ဘာ (၂၇) ရက်နေ့မှာကျင်းပမည်ဆိုသည့်အတွက် ကျွန်တော် အထူး စိတ်ဝင်စားခဲ့သည်။ သို့အတွက် နိုဝင်ဘာ (၂၆) ရက်နေ့ နံနက်စောစောထကာဦးကျော်သူဦးစီးသော နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများနှင့်အတူ ပြည်မြို့ခရီးသို့ လိုက်ပါခဲ့သည်။
ရွှေမာ ရွှေမူ ရွှေဒူနဲ့ ရွှေရစ်ဆိုတဲ့မိတ်ဆွေလေးဦးဟိုးရှေးရှေးတုန်းကပေါ့ကွယ်! ရွှေယုန်နဲ့ရွှေကြားမဟုတ်ဘူးနော် ရွှေလိုင်းဆိုတဲ့တိုင်းပြည်ကြီးရှိကြသတဲ့။ သူတို့က အတွေးအခေါ် အသိအမြင်ယူဆချက်တွေ ဖလှယ်ဖို့ ဘယ်လောက်ဝေးတဲ့ နေရာကိုဘဲရောက်ရောက် ရွှေလိုင်းတိုင်းပြည်ကို တစ်ခေါက်တော့ ပြန်ရောက်လို့ဆုံကြတယ်။
အဲဒီမှာပြုံပင်လေးကစတော့တာဘဲ. ..ဘ၀မှာအရေးကြီးဆုံးကဘာလဲတဲ့?
ပြုသမျှဟာထပ်တူဖြစ်တယ်လို့ ယုံကြည်သူကရွှေမာ
"ရွှေမာက" သဘာဝရဲ့လောကမှာ ကိုယ့်ခံယူချက်အတိုင်း ပြုသမျှထပ်တူကျတဲ့ စောင့်ထိန်းမှုသာ အရေးအကြီးဆုံးပါတဲ့။ ။ ။