ယနေ့ကမ္ဘာမှာ နေ့စဉ်နှင့်အမျှ လူဦး
ရေတိုးပွား များပြားလာ လိုက်တာ ခုဆိုရင် သန်းပေါင်း(၇) ထောင်ကျော် တောင်
ရှိလာ ပြီး၊ တစ်ဘက် မှာလည်း လက်ပြ
နှုတ်ဆက်လို့ ထွက်ခွာနေကြ သူတွေလည်း အမြောက်အများရှိနေ ဆဲပါ။
တစ်ချိန်တော့အားလုံး စွန့်လို့ ထွက်ခွာကြရမှာမှန်ေ ပမယ့် စောစော နှုတ်ဆက်ရတာနဲ့နောက်ကျနှုတ်ဆက် ရတာပဲကွာနိုင်ပါတယ်။ စာရေးသူတို့ မြန်မာလူမျိုးတွေကတော့ အဆိုပါအ ချင်းအရာတွေကိုကံကြောင့်လို့ သတ်
မှတ်ယုံကြည်ကြပြီး ကံကုန်လို့ခွဲခွာရ တယ်လို့ ဆိုတတ်ကြပါတယ်။ တကယ်
ကတော့ခုလိုလူ့လောကကနေ အချိန် မတိုင်ခင် ထွက်ခွာ သွားကြရတယ်ဆိုတာ မှာ
ကိုယ့်ဘက်ကဆင်ခြင်နေထိုင်မှုအား နည်းတာ ကြောင့်လည်း အများကြီးပါတာမို့
ကံကိုချည်းအပြစ်ဖွဲ့ဖို့မဖြစ်နိုင်ပါဘူး။
လူ တွေကြောင့်ပဲ ဖြစ်လာရတဲ့ရောဂါအဆန်း
အပြားမျိုးစုံကလည်း ဟိုကဒီကကြားနေ ကြရပြီပဲ။ အဆိုးရွားဆုံးရောဂါအဖြစ်
လူတွေသိမှတ်ထားကြတာကတော့ ကင် ဆာရောဂါအမျိုးမျိုးတွေပဲဖြစ်ပါ တယ်။
စာရေးသူတို့ မြန်မာပြည်သူတွေ ထိတ် လန့်တုန်လှုပ်ကြတဲ့အထဲမှာလည်း ကင်
ဆာရောဂါတွေက ထိပ်ဆုံးကပါဝင်နေ ပါတယ်တဲ့။ ခေတ်ကာလရဲ့ ပြောင်းလဲတိုး တက်
မှုတွေကို အခွင့်ကောင်းယူလို့ကိုယ့်ရဲ့ဝိ သမလောဘအတွက် အခြားသူကိုရောဂါ
ဖြစ်စေနိုင်တဲ့အကြောင်းအရာတွေဟာ စာ ရေးသူတို့ရဲ့လက်တစ်ကမ်းအကွာမှာ အ
စဉ်စောင့်စားနေပြီး ကိုယ့်ဘက်ကသတိနဲ့
ကြိုတင်ကာကွယ်မှုသာမပြုလုပ်နိုင် ခဲ့ရင် ကင်ဆာရောဂါဆိုးကြီးတွေရဲ့နှိပ် စက်တဲ့
ဒဏ်ကို ခံစားကြရတော့မှာမလွဲပါဘူး။
ကင်ဆာဆိုတာ တကယ်တော့ငွေကုန်
ကြေးကျလည်းများပြီး နာတာလည်း ရှည်တတ်တဲ့ ရောဂါအမျိုးအစားတစ်ခု ရယ်ပါ။
ကင်ဆာရောဂါဖြစ်လာပြီဆို ချို့တဲ့နွမ်းပါးသူများအပြင် ချမ်းသာကြွယ်
ဝသူများမကျန် ဒီဒုက္ခဆင်းရဲကိုမလွှဲ မသွေ တွေ့ကြုံခံစားရမှာဖြစ်ပါတယ်။
ဒါကြောင့် ကင်ဆာရောဂါဆိုတာကို ဖြစ်မှ ကုသတာမျိုးထက် ကြိုတင်ကာကွယ်ထား
ခြင်းကသာလျှင် ပိုမိုကောင်းမွန်တဲ့လုပ် ရပ်လို့ ဆိုချင်ပါတယ်။ စာရေးသူကတော့
ကင်ဆာရောဂါ အကြောင်း စာဖတ်သူတွေကိုလက်ဆင့် ကမ်းလိုတာကြောင့် မကြာသေးခင်က
အောက်မြန်မာပြည် ဆေးသုတေသနဦးစီး ဌာနမှာ လက်ရှိ ခေတ္တ ညွှန်ကြား ရေးမှုးချုပ်
တာဝန်ကိုထမ်းဆောင်နေတဲ့ဆရာကြီး ဒေါက်တာ ဦးမျိုးခင် ကိုဆက်သွယ်လို့ ကင်
ဆာရောဂါနဲ့ပတ်သက်ပြီး သိကောင်းစရာ ဗဟုသုတတွေ မေးမြန်းမှတ်သားမိခဲ့ပါ တယ်။
ဆရာကြီးကလည်းတော်တော် လေး
စိတ်ရှည်စွာနဲ့သိလိုသမျှတွေကို ဖြေ ကြားပေးခဲ့တာမို့ စာရေးသူလည်းဝမ်းသာ
ကျေးဇူးတင်မိသလို ကိုယ့်ဘက်ကလည်း စဉ်းစားဆင်ခြင်စရာတွေ၊ ကြိုတင်ကာ
ကွယ်နည်းတွေ သိရှိခဲ့ရပါတယ်။ ကင်ဆာရဲ့ သဘောသဘာဝကခန္ဓာ ကိုယ်မှာ
လိုအပ်တာထက်ပိုပြီး ဆဲလ်ပွား နှုန်းများလာလို့ဖြစ်လာတာပါ။ စာရေး
သူတို့လူတွေဟာ ဆဲလ်တွေပွားလာလို့ လည်း ငယ်ရာကနေကြီးလာကြတယ်။
ကင်ဆာရဲ့သဘောကတော့ ဆဲလ်ပွား နှုန်းတွေ လိုတာထက်ပိုများပြီး ပိုမြန်နေ
တတ်တာပါပဲ။ ဒီနေရာမှာ ဆဲလ်ပွားနှုန်း တိုးပွားလျင်မြန်ခြင်းဟာ
မျိုးရိုးဗီဇကြောင့် လည်းဖြစ်နိုင်သလို၊ ပတ်ဝန်းကျင်ကအ
ကြောင်းတရားတွေကြောင့်လည်း ဖြစ်နိုင် ပါတယ်။
မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ဆဲလ် ပွား နှုန်းများခြင်း၊ မြန်ခြင်း
တစ်နည်းဆိုရရင် မျိုးရိုးလိုက်တဲ့ကင်ဆာဆိုတာမျိုးက ခုမိန်း
ကလေးတွေမှာအဖြစ်များနေတဲ့ သားအိမ် ခေါင်းကင်ဆာ၊ သားမြတ်ကင်ဆာတို့လို
မျိုးပါ။ အဘွား(သို့မဟုတ်)မိခင်မှာ ဒီလို ကင်ဆာမျိုးဖြစ်ပွားခဲ့ဖူးရင်
သမီးဆီမှာ လည်းဖြစ်ပွားနိုင်ပါတယ်။ ပတ်ဝန်းကျင်
ကြောင့်ဖြစ်တတ်တဲ့ကင်ဆာတွေလည်း ရှိပါသေးတယ်။
အဲဒါကတော့အစား
အသောက်နဲ့စားသောက်တဲ့ပုံစံကြော င့်ဖြစ် တာပေါ့။ ဆေးလိပ်၊ အရက်၊ ကွမ်းစား
ဆေးနဲ့ မသန့်ရှင်းတဲ့အစားအသောက်တွေ၊ စားသုံးဖို့ အသင့်တဲ့ပစ္စည်းတွေကို အစား
အသောက်မှာ သုံးခြင်းတွေကနေ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒါတွေကိုဆင်ခြင်
သတိပြုပြီး ရှောင်ရှားဖို့လိုအပ်ပါတာ အမှန်ပါ။ မြန်မာနိုင်ငံရဲ့
လက်ရှိဆေးရုံမှတ် တမ်းစာရင်းအရ အမျိုးသမီးတွေမှာ ကင်
ဆာရောဂါပိုမိုဖြစ်ပွားပြီး အရေအတွက် အားဖြင့် အမျိုးသားတွေထက်တစ်ဆခွဲခန့်
ပိုမိုဖြစ်ပွားတယ်လို့သိရပါတယ်။ ဒါက အတိအကျလို့တော့ မဆိုနိုင်သေးပါဘူး။
ဆရာကြီး ဒေါက်တာဦးမျိုးခင်က “ကင်ဆာရောဂါမှတ်တမ်းက ရန်ကုန်ဆေး
ရုံကြီးမှာထားတယ်။ အဲဒီမှတ်တမ်းဆိုတာ ကလည်း သူ့ဆီလာပြီးပြတဲ့သူတွေရဲ့မှတ်
တမ်းပေါ့။ တချို့ကျတော့လည်း လာမပြ ဘူး။ သူ့ဟာသူနယ်မှာပြတယ်။ ရိုးရိုး
ဆရာဝန်နဲ့ကုချင်ကုမယ်။ ဒါမှမဟုတ် လည်းရပ်ကွက်ထဲက ကင်ဆာကုရင်
ပျောက်တယ်ဆိုတဲ့ဆရာတွေနဲ့ ကုချင် လည်းကုမယ်။ အဲဒီလိုမှတ်တမ်းမဝင်တဲ့
သူတွေကျတော့လည်း ကင်ဆာမှတ် တမ်းကမရှိဘူးဖြစ်နေတာပေါ့” လို့ ရှင်းပြပါတယ်။
ဒီမှာကလည်းကင်ဆာကို အသိနောက်ကျပြီးမှ
တတ်ကျွမ်းသူတွေ ဆီရောက်လေတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာမျိုးလည်း
ရှိပါတယ်။ ပြီးခဲ့တဲ့ (၁၉၇၀)ခုနှစ်ကျော်လောက်ကနေ (၂၀ဝ၀)ပြည့်နှစ်လောက်အထိ
နှစ်သုံး ဆယ်အတွင်းစုစည်းထားခဲ့တဲ့ စာရင်းအရ တော့
မြန်မာနိုင်ငံမှာလက်ရှိထိပ်ဆုံး ဖြစ် နေတဲ့ကင်ဆာက အဆုတ်ကင်ဆာပါ။
မြန်မာအမျိုးသားတွေမှာဆို အဖြစ်အများ ဆုံးလို့သိရပြီး အမျိုးသမီးတွေမှာတော့
သားအိမ်ခေါင်းကင်ဆာအဖြစ်အများဆုံးလို့ သိရပါတယ်။ ဒါပေမယ့် ဒီယူဆချက်ဟာ
ဆေးရုံမှတ်တမ်းပေါ်မှာပဲ အခြေခံထား တာဖြစ်လို့ အနည်းငယ်ကွဲပြားမှုတော့
ရှိနိုင်ပါတယ်။ အကြောင်းကအထက်မှာ ဆရာကြီးရှင်းပြသလို စာရေးသူတို့
နိုင်ငံမှာ ကင်ဆာဗဟုသုတနဲ့ ပတ်သက်လို့ရော၊ အထွေထွေရောဂါတွေနဲ့ ပတ်သက်တဲ့
ဗဟုသုတတွေပါ လိုအပ်ချက်ရှိနေသေးလို့ ဖြစ်နိုင်ပါတယ်။ အပြင်မှာပဲ ကြုံရာ
ကျပန်းကုသတာမျိုး၊ မကုသဘဲအသက် ဆုံးရှုံးသွားတာမျိုးတွေကြောင့် လည်း စစ်
တမ်းမှာ လိုအပ်မှုလေးတွေရှိနေနိုင်တယ် လို့ ဆရာကြီးကပဲရှင်းပြခဲ့ပါတယ်။
ဒုတိယအဖြစ်အများဆုံးလို့ ယူဆ တာကတော့ အစာအိမ်အူလမ်းကြောင်း နဲ့
ပတ်သက်တဲ့ကင်ဆာတွေပါ။
အစာအိမ် အူလမ်းကြောင်းဆိုတော့ အသည်းလည်း
ပါဝင်ပါတယ်။ ကင်ဆာရောဂါတွေက လည်း အသစ်အဆန်းတွေဖြစ်လာကြပြီး
ယခင်အမျိုးသားတွေမှာ ဖြစ်လေ့မရှိဘူးလို့ ယူဆခဲ့ကြတဲ့ သားမြတ်(ရင်သား)ကင်
ဆာဆိုတာလည်း ဖြစ်လာကြသလို ခံ တွင်းကင်ဆာရောဂါလိုမျိုး အရင်ကမရှိ
သေးတာတွေဖြစ်လာတာ တွေ့ရပါတယ်။ အသက်အပိုင်းအခြားအနေနဲ့တော့ အမျိုး သားတွေမှာ
အသက်(၅၀)အထက်နဲ့ (၇၅) နှစ်ကြားမှာ ကင်ဆာဖြစ်တတ်ပြီး အမျိုး သမီးတွေမှာတော့
(၆၀)ကျော်လောက်မှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့်ခုချိန်မှာ တော့
အရွယ်ငယ်ငယ်လေးတွေနဲ့ကင် ဆာရောဂါတွေ ဖြစ်ပွားလာနိုင်ပြီလို့လည်း
ဆရာကြီးကရှင်းပြခဲ့ပါသေးတယ်။ မျိုးရိုးလိုက်တဲ့ကင်ဆာရောဂါတွေ ထက်
ကိုယ့်ရဲ့အစားအသောက်အပြု အမူကြောင့် ဖြစ်ရတဲ့ကင်ဆာရောဂါတွေ ကတော့
စိတ်ဝင်စားစရာပါပဲ။
မကြာသေး ခင်က စာရေးသူတို့နိုင်ငံမှာ
ငါးပိ၊ လက် ဖက်တို့မှာပါတဲ့ ဆိုးဆေးတွေကိစ္စကို ရှင်း လင်းနိုင်ခဲ့တာ
မှတ်မိကြဦးမှာပါ။ တကယ် လည်း ဒီဆိုးဆေးတွေဟာစက်ရုံတွေ မှာသုံးတဲ့
စားသုံးဖို့လုံးဝမသင့်တဲ့ဆိုးေ ဆး တွေမို့ ကင်ဆာဖြစ်ပွားစေနိုင်တယ်။ အ
စားအသောက်မှာသုံးတဲ့ ဆိုးဆေးဆိုတာက သက်သက်ရှိပြီးသားပါ။ ဈေးနှုန်းကွာဟ
ချက်များလို့ စားဖို့မသင့်တဲ့ဆိုးဆေးတွေကို လောဘနဲ့အသုံးပြုခဲ့ကြလို့
စားသုံးသူ တွေမှာ ကင်ဆာအန္တရာယ်ကြုံတွေ့ကြ ရပါတယ်။ နောက်အစားအသောက် တွေကို
တာရှည်ခံမပုပ်သိုးအောင် ပြုလုပ် ထားတဲ့ နိုက်ထရိုဂျမင်းတွေကလည်း ကင်ဆာအတွက်
ကြောက်စရာကောင်း ပါတယ်။ ငါးခြောက်အပါအဝင် အချို့သော တာရှည်ခံအစားအစာတွေမှာ
ဒီဓာတုပ စ္စည်းကိုသုံးကြပါတယ်။ သုံးတဲ့အချိုးအစား ပေါ်မူတည်လို့
ရောဂါဖြစ်ပွားနိုင်ချေများ သွားနိုင်ပါတယ်။ အစားအသောက်ကြောင့်
ဖြစ်တဲ့ကင်ဆာတွေကတော့ အစာအိမ် ကင်ဆာ၊ လည်မြို‘ြွပန်ကင်ဆာ၊ အူမကြီး ကင်ဆာနဲ့
အသည်းကင်ဆာတွေပါ။ ရှောင်သင့်တဲ့အထဲမှာ ဆေးလိပ်၊ ကွမ်းနဲ့ အရက်တွေကလည်း
ထိပ်ဆုံးကပါç ပါတယ်။
အရင်ကကွမ်းစားကြတာမှာ
ခုလက်ရှိကွမ်းယာဆိုင်တွေမှာ ထည့်သွင်း စားသုံးနိုင်တဲ့ကွမ်းနဲ့တွဲစား တဲ့
အခြား ဘာဆေးဝါးမှမရှိခဲ့ပါဘူး။ ကျန်းမာ ရေးအတွက် ထောက်ခံချက်မရှိဘဲ မှတ်ပုံ
တင်ပြီး တင်သွင်းလာတဲ့မဟုတ်တဲ့ ဒီ ကွမ်းစားဆေးမျိုးစုံကနေ ကင်ဆာရော
ဂါအမျိုးမျိုးတွေဖြစ်ပွားလာကြတာ ပါ။ ဒီကင်ဆာရောဂါတွေကို ကြိုတင်
ကာကွယ်ခြင်းနဲ့ အနိုင်ယူထားတာက တော့ ကုန်ကျစားရိတ်အနည်းဆုံးနဲ့ အ
သက်အာမခံချက်အပေးဆုံး လုပ်ရပ်ပါလို့ ဆိုပါရစေ။ ခုခေတ်မှာကာကွယ်ဆေး
ထိုးထားတာမျိုးကို ခေတ်မီသူတိုင်း လုပ် ဆောင်နေကြပါပြီ။
အထူးသဖြင့်အမျိုး သမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို
အိမ်ထောင်မပြုခင် ကြို တင်ထိုးနှံထားတာမျိုးလုပ်သင့်ပါ တယ်။
အချို့တိုင်းပြည်တွေမှာတော့ အမျိုးသမီး တွေ အရွယ်ငယ်ငယ်(၁၃)နှစ်၊ (၁၄) နှစ်
ကတည်းက စတင်ထိုးထားပြီး ကာကွယ် ထားနေပါပြီ။ ခံတွင်းကင်ဆာ၊ အသည်း ကင်ဆာ
စတဲ့အစာအိမ်ပိုင်းဆိုင်ရာ ကင် ဆာတွေကိုကာကွယ်လိုရင်တော့ ကိုယ့်ရဲ့
အစားအသောက် အနေအထိုင် အပြုအမူ တွေကိုပြင်ဆင်ပါမှ ရပါမယ်။
ဆေးလိပ်၊ အရက်နဲ့ ကွမ်းကို
ရှောင်ဖို့လိုအပ်သလို၊ အထူးသဖြင့်ကွမ်းစားဆေးတွေကို နိုင်ငံ ခြားကတရားမဝင်,
ဝင်ရောက်လာကြတဲ့ ဆေးအမျိုးမျိုးကို ရှောင်ရှားကြဖို့လိုအပ် ပါတယ်။
အဲဒီဆေးတွေဟာနိုင်ငံတကာမှာ ခွင့်ပြုချင်မှပြုမှာဖြစ်ပေမယ့် စာရေးသူ
တို့ဆီမှာတော့ အားပါးတရထည့်သွင်း စားသုံးနေကြတာမို့ပါ။ ဆေးလိပ်နဲ့ပတ်
သက်လို့ အတုယူဖို့ကောင်းတာကတော့ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေပါပဲ။
သူတို့တွေဟာ ဆေးလိပ်သောက်တာ တော်တော်ကြီးလျော့နည်းသွားပြီလို့
ဒေါက်တာဦးမျိုးခင် ရှင်းပြတဲ့အထဲမှာ မှတ်သားလိုက်ရပါတယ်။ “ဆရာတို့ဆီ
မှာလည်း အတုယူဖို့ကောင်းတာပေါ့။ ဆေးလိပ်မသောက်ကြတော့ရင် အဆုတ် ကင်ဆာက
အများကြီးလျှော့သွားမှာ။ ကာကွယ်တဲ့နည်းကို ကျင့်သုံးတာကတော့ အဓိကပဲ။
ဒီကျန်းမာရေးအချက်အလက် နဲ့လူတွေလက်ခံဖို့က တစ်ယောက်နဲ့တစ် ယောက်တော့
မတူကြသေးဘူးပေါ့နော်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံလည်းမတူကြသေး ဘူး။
ဆရာတို့ပဲကျန်းမာရေးပညာပေးတာ အားနည်းတာလား။ လူတွေကပဲလက်ခံ တာအားနည်းတာလား။
လက်မခံချင် တာလား” ကင်ဆာရောဂါကာကွယ်ရေးနဲ့ပတ် သက်လို့ တစ်ဦးတစ်ယောက်၊
အဖွဲ့အစည်း အဝန်းအဝိုင်းတစ်ခုတည်းက လုပ်ဆောင် နေလို့မရပါဘူး။
စုစည်းမှုအင်အားရှိမှလည်း ပိုပြီးအောင်မြင်နိုင်မှာပါ။
မြန်မာနိုင်ငံ အနေနဲ့လည်း
ကင်ဆာကာကွယ်ရေးမှာ ဒေသတွင်းအနေနဲ့အစွမ်းရှိသလောက် ပညာရှင်တွေ
ဆောင်ရွက်ခဲ့ကြသလို၊ ခုအခါမှာလည်း အာဆီယံနိုင်ငံတွေနဲ့ လက်တွဲလို့
ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီလို့လည်း ဒေါက်တာ ဦးမျိုးခင်က
ဆက်ပြီးရှင်းပြခဲ့ပါသေးတယ်။ “ပထမဆုံးဘယ်တုန်းကစတွေ့လည်း ဆိုတော့(၂၀၁၀)ပေါ့။
ASEAN Minister Meeting အာဆီယံကျန်းမာရေးဝန်ကြီး
များအစည်းအဝေးကနေစပြီးတော့ ဒီ အာဆီယံနိုင်ငံထဲမှာကင်ဆာနဲ့ ပတ်သက် ပြီးတော့
လူတွေရဲ့ကုန်ကျစားရိတ်၊ အာဆီ ယံထဲမှာ ကင်ဆာနဲ့ပတ်သက်လိှု့Studies ပေါ့။
အလွယ်ပြောရရင်။ အဲဒါမျိုးစဖို့ ရည်ရွယ်ခဲ့တယ်။ ရည်ရွယ် ခဲ့ပေမယ့်
ဗြုန်းခနဲ့မပါနိုင်ဘူး။
အခုပါနိုင် တဲ့နိုင်ငံတွေက
အာဆီယံနိုင်ငံရှစ်နိုင်ငံ ပါတယ်။ မပါတဲ့နိုင်ငံက ဘရူနိုင်းနိုင်ငံနဲ့
စင်ကာပူနိုင်ငံ နှစ်ခုမပါဘူး။ ဘာလို့လဲ ဆိုတော့ ဘရူနိုင်းနိုင်ငံကျတော့လည်း
လူဦးရေကနည်းနည်းလေးပဲ ရှိတယ်ပေါ့ နော်။ ပြီးတော့စင်ကာပူကျပြန်တော့လည်း
သူ့နိုင်ငံက လူအပြင်ကိုကျန်တဲ့သူ့ဆီမှာ လာကုတဲ့သူတွေကလည်း စာရင်းဇယား က
အများကြီးရှုပ်ထွေးနေတယ်။ သူတို့နိုင် ငံမှာကျတော့ Medical Tourism ကို
အားပေးတာကိုး။ မြန်မာနိုင်ငံကနေတောင် သွားကုကြတယ်။ အဲလိုသွားကုကြတော့
သူတို့လည်း Data တွေမှားမှာ ကြောက်လို့ သူတို့လည်းမပါဘူး။
ကျန်တဲ့ရှစ်နိုင်ငံ ကတော့ပါဖို့ သဘောတူထားတယ်။ သဘောတူထားတော့
ပြီးခဲ့တဲ့ဇူလိုင်လမှာ စင်ကာပူမှာ အစည်းအဝေးတစ်ခုစလုပ် ပါတယ်။ ခု
ဒီကိစ္စပေါ့။ Asean CosT In ONcology အဲဒီ studies တစ်ခု လုပ်မယ်ဆိုပြီး
ပထမဆုံးကျန်းမာရေး ဝန်ကြီးတွေက သဘောတူတယ်။ သဘော တူတော့ ဒီဟာတစ်ခုလုပ်တယ်။
ဒီဟာ တစ်ခုလုပ်တော့ ဒီကနေပြီးတော့ ဆရာတို့ စုစည်းပြီးတော့ ပါတယ်ပေါ့နော်။
အားလုံး (၁၂) ယောက်ရှိတယ်။ လေ့လာသူ (၁၂)
ယောက်၊ ဆရာတစ်ယောက်နဲ့ဆို (၁၃) ယောက်က Plan လုပ်တယ်။ စပြီးတော့
ကျန်းမာရေးဌာနကလည်း ခွင့်ပြုချက် လည်းရပြီ။ စပြီးတော့ဆောင်ရွက်ဖို့
စီစဉ်နေပါတယ်။ မှန်းခြေအားဖြင့်တော့ ဒီဇင်ဘာလ ဒါမှမဟုတ် ဇန်နဝါရီလမှာ စမယ်။
အဲဒါကတော့ တကယ့်ကင်ဆာ ဖြစ်ပွားနေတဲ့လူတွေကို ဆရာတို့ကအင် တာဗျူးတွေမေးမယ်။
နောက်သူတို့ ဘာလိုသလဲပေါ့။ ဒီအာဆီယံတစ်ခုလုံးက လုပ်တာ။
သူတို့ကစိတ်ဝင်စားလို့ပေါ့နော်။ တစ်နိုင်ငံကို လူတစ်ထောင်လောက် ဆရာ
တို့လေ့လာဖို့ ရည်ရွယ်ထားတယ်။ အဲဒါက နှစ်နှစ်လောက် ကြာမယ်။ နှစ်နှစ်လောက်
ကြာပြီးမှ အဖြေထွက်လာမှာပေါ့နော်။} ဆရာကြီးစကားကြားရတာအား တက်စရာဖြစ်ပေမယ့်
တကယ်တော့ကင် ဆာရောဂါကို ထိထိရောက်ရောက် ကာ ကွယ်ဖို့ဆိုတာ လူတစ်ဦးချင်းတစ်
ယောက် ချင်းဆီရဲ့ကျန်းမာရေး၊ အစားအသောက်နဲ့ အနေအထိုင်
ဂရုပြုမှုတွေပေါ်မှာအများ ကြီးမူတည်နေပါတယ်။ နိုင်ငံတော်၊ အဖွဲ့ အစည်းတွေနဲ့
ဆရာဝန်တွေကချည်း လုပ်နေလို့ ကိုယ့်မှာဒီကင်ဆာရောဂါမဖြစ် တော့မှာမဟုတ်လို့
ကင်ဆာရောဂါတွေ ကိုယ်နဲ့ အဝေးဆုံးမှာရှိနေနိုင်အောင်ကြို
တင်ကာကွယ်ခြင်းနည်းလမ်းကို ထိထိ ရောက်ရောက်အသုံးချပြီး အစဉ်ကျန်းမာ
ပျော်ရွှင်လို့သက်တမ်းစေ့မှ လက်ပြနှုတ် ဆက်လိုက်ကြရအောင်ပါ။
Ref: Health Care Journal
မေမွန်ကျော်
No comments:
Post a Comment