သစ်ထူးလွင် သတင်းစုစည်းမှု (၃-၁၂)
သစ်ထူးလွင် |
|
- OIC ဆန္ဒပြပွဲတွင် အခြားဘာသာကို စော်ကားသောပိုစတာပါဝင်ခဲ့၍ ဗဟန်းရဲစခန်း အမှုဖွင့်
- သံတွဲ RNDP ဥက္ကဌ ဦးစောလှိုင်အပါအ၀င် ၉ ဦး လွတ်မြောက်
- ကချင်ပြည်နယ်က ၀န်းသိုကျောင်း စစ်ရှောင်ရှမ်းဒုက္ခသည်စခန်း ပထမဦးဆုံး နေရပ်ပြန်
- ဆန္ဒပြသူများအား ပိတ်ပင်တားဆီးမှုကို ထိုင်းရဲတပ်ဖွဲ့ ဖယ်ရှား
- တရုတ်အစိုးရတာဝန်ရှိသူ နှစ်သောင်းကျော် ပြစ်ဒဏ်ပေးခံရ
- မျှော့နက်မည်းကြီးသဖွယ် အမိန့် စည်းမျဉ်းများနှင့် ကျွန်တော်တို့
- ဥပဒေ နှင့်ဘဝများကြား လက်တစ်လုံးသာ ခြားသည်
- လူကိုကူးစက်သည့် ပထမဆုံး ကြက်ငှက်တုပ်ကွေး ဟောင်ကောင်တွင် တွေ့ရှိ
- မအူပင် ကံကုန်းကျေးရွာအုပ်စု လယ်သမားများ ဆန္ဒပြ
-
ကုမ္ပဏီလုပ်ငန်းများတိုးချဲ့နို
င်ရန် အတွက် FMI Co., Ltd. မှ ကျပ် ၂၅ ဘီလျံဖိုး ရှယ်ယာများ ထုတ်ရောင်း - ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံရန် ကမ်းလှမ်းချက် သမ္မတငြင်းပယ်ခြင်း မဟုတ်ဟု သမ္မတပြောရေးဆိုခွင့် ရှိသူဆို
- ထားဝယ် အထူးစီးပွားရေးဇုန် ယာယီရပ်ဆိုင်း
- ဦးပိန်တံတားကို ကော်မတီဖွဲ့ပြီး ရှေးလက်ရာမပျက် ပြုပြင်ထိန်းသိမ်းမည်
- မူးယစ်စစ်ချက်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည့် အနုပညာ မောင်နှမများကို စိုးမြတ်သူဇာ တောင်းပန်
- ဖခင်ကို ထောင်ချလိုက်သည့်အတွက် သမီးဖြစ်သူအဆိပ်သောက်
- ရဲတပ်သားနှစ်ဦး ပါဝင်ခဲ့သည့် လူသတ်မှုသံသယရှိသူအားလုံးကို ဖမ်းဆီး
- မြန်မာစစ်တပ်ထဲ ကလေးစစ်သားများ ကျန်ရှိဆဲ
- ယူကရိန်းဆန္ဒပြသူများ အစိုးရရုံးတွေကို ပိတ်ဆို့
- ပြန်ကြားရေး ဝန်ကြီးဌာနက BBC ရုံးခွဲ ဖွင့်ဖို့ ခွင့်ပြု
- မသန်စွမ်းသူတွေ အပေါ် ခွဲခြားနှိမ့်ချမှုတွေ ရှိနေဆဲ
- အသိမ်းခံယာမြေများ ပြန်မရသေးသည့်အသက် (၈ဝ) နီးပါးရှိ အမေကြီး
- အသက် (၁၁၁) ရှိ ဘိုးသက်ရှည် ဦးလုံးလိုင်းဆိုင်
- တရားလိုမှ တရားခံ ပြန်ဖြစ်တတ်သည်ဟု ဦးမိုးဟိန်း သတိပေး
- အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း ရပ်နား
- ဆန္ဒပြခေါင်းဆောင်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်
Posted: 03 Dec 2013 06:49 AM PST
OIC ကန့်ကွက်ဆန္ဒပြပွဲမှာ အစ္စလာမ်ဘာသာကို တိုက်ရိုက် စော်ကားတဲ့ ကြွေးကြော်သံ ပိုစတာကို ကိုင်ဆောင်ခဲ့မှုနဲ့ ရန်ကုန်မြို့ ဗဟန်းရဲစခန်းက ပုဒ်မ ၂၉၅နဲ့ အမှုဖွင့်ပြီး အရေးယူ စုံစမ်းမှုတွေ စတင်နေပြီလို့ ဒီဇင်ဘာ ၃ရက်နေ့မှာ အတည်ပြု ပြောဆို ခဲ့ပါတယ်။ ဆန္ဒပြဖို့ ခွင့်ပြုချက်တင်တဲ့ အခါမှာ ပါဝင်မယ့် ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေကို ဖော်ပြရတာဖြစ်ပြီး ခွင့်ပြုချက်တင်တုန်းက မပါဝင်တဲ့ သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြဆိုတဲ့ ပိုစတာဟာ ယုံကြည်သက်ဝင်တဲ့ ဘာသာရေးကို စော်ကားတာဖြစ်တာမို့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 03 Dec 2013 06:46 AM PST
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးစောလှိုင် အပါအဝင် ၉ ဦးကို သံတွဲမြို့နယ် တရားရုံးက ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးတင်ညိုက RFA ကို အခုလို ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 03 Dec 2013 05:19 AM PST
မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းတိုက် စစ်ရှောင်စခန်းတွင် စစ်ဘေးတိမ်းရှောင်နေကြသော မြစ်ကြီးနားမြို့နယ်၊ တာလောတိုက်နယ်၊ စံကင်းရွာက (၈၃) ဦးသော စစ်ဘေးရှောင်ပြည်သူများသည် ဒီဇင်ဘာလ (၂) ရက်နေ့တွင် ၀န်းသိုကျောင်း စစ်ရှောင်စခန်းမှ နေရပ်ဖြစ်သော စံကင်းရွာသို့ ပြန်သွားခဲ့ကြပြီလို့ သိရှိရသည်။ စံကင်းကျေးရွာ စစ်ဘေးရှောင်မိဘပြည်သူများသည် (၂၀၁၁)ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းတိုက် စစ်ရှောင်စခန်းသို့ စတင်ရောက်ရှိခဲ့ပြီး၊ ၀န်းသိုကျောင်းဆရာတော်ကြီးနှင့် NGO အဖွဲ့အစည်းများက အဓိက ကူညီထောက်ပံ့ကာ (၂)နှစ် နီးပါးလောက် စစ်ဘေးတိမ်းရှောင်လျက် (၂၀၁၃) ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့တွင် အိမ်ထောင်စု (၁၅) စု ၊ လူဦးရေ (၈၃) ယောက်တို့သည် မိမိတို့၏ သဘောဆန္ဒအညီ နေရပ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်လို့ သိရှိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 03 Dec 2013 05:09 AM PST
ထိုင်းနိုင်ငံတွင်
နိုင်ငံရေး အကြမ်းဖက်မှုနှင့် ပဋိပက္ခများ နှစ်ရက်ကြာ ဖြစ်ပေါ်ခဲ့ပြီးနောက်
ယနေ့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများအား ပိတ်ပင်တားဆီးမှုများ မပြုလုပ်တော့ဘဲ
အစိုးရရုံးများ အခြေစိုက်ရာ အဆောက်အအုံသို့ ဖြတ်သန်းဝင်ရောက်ခွင့်
ပြုလိုက်ပြီဖြစ်သည်။ ရဲတပ်ဖွဲ့က အတားအဆီးများ ဖယ်ရှားကာ ဆန္ဒပြသူများနှင့်
တင်းမားမှု လျော့ကျသွားသည့် အကြောင်းရင်းကို လတ်တလောတွင် ရှင်းလင်းစွာ
မသိရသေးကြောင်း သတင်းများက ဖော်ပြသည်။ သို့သော် ထိပ်တန်အကြီးအကဲများအား
ပစ်မှတ်ထားလျက်ရှိသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က
တားဆီးပိတ်ပင်မှုများ ဆက်လက် ပြုလုပ်တော့မည်မဟုတ်ကြောင်း ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ဆန္ဒပြသူများအား ပိတ်ပင်တားဆီးမှုကို ထိုင်းရဲတပ်ဖွဲ့ ဖယ်ရှား ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်က ၎င်း၏ တပ်ဖွဲ့ဝင်များအနေဖြင့် ဆန္ဒပြသူများကို တားဆီးပိတ်ပင်မှုများ ပြုလုပ်တော့မည်မဟုတ်ကြောင်းနှင့ |
||||
Posted: 03 Dec 2013 05:01 AM PST
တရုတ်အစိုးရသည် နိုင်ငံ၏ ကျေးလက်ဒေသများရှိ အစိုးရတာဝန်ရှိသူ ၂၀,၀၀၀ ကျော်အား ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံတစ်ဝန်းဆောင်ရွက်နေသော ဗျူရိုကရေစီစနစ် ကျင့်သုံးမှုနှင့် ဟိတ်ဟန်ကြီးသည့် နေထိုင်မှုများ လျှော့ချရေးအစီအစဉ်အရ ထိုသို့ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။ ပြစ်ဒဏ်ပေးခံရသည့် အရာရှိများတွင် ၃၀၀ ဝန်းကျင်မှာ အစိုးရအဆင့်အရာရှိ သို့မဟုတ် ကွန်မြူနစ်ပါတီကော်မတီဝင်မျာြး သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 03 Dec 2013 04:52 AM PST
ကားက မထင်လျှင် မထင်သလို ဘရိတ် ဆောင့်ဆောင့် ဖမ်းတတ်တာမို့ သူ သတိလက်လွတ် မနေရဲ၊ လက် နှစ်ဖက်က ကိုင်စရာ ရှာကိုင်ထား ရသလို ခြေကလည်း ကန်ထား ရသေးသည်။ တလှစ်လှစ် ပြေးနေသော ဟိုင်းလတ်ကား ခေါင်မိုးပေါ်တွင် စီးရသည်က လေတ ဖြူးဖြူးနှင့် အရသာ ရှိသလို အန္တရာယ် လည်း မသေးပါ ။သို့ရာ တွင် … ”မစီးလို့ ဘယ်လို လုပ်ရမလဲဗျ ကားထဲမှာလည်း အပြည့်၊ နောက်တွယ် ကိုလည်း ကြည့်ပါဦး၊ အမိုးပေါ်က မစီးလို့ ဘယ်နေရာက စီးရမှာလဲ” ဟု မင်္ဂလာဒုံမြို့ နယ် နွယ်ခွေသား ကိုသိမ်း အောင်က ပြောသည်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 03 Dec 2013 04:49 AM PST
စိမ်းလဲ့ ကန်သာ ၅ လောင်းပြိုင် လူ သတ်မှုဟု ဆိုလိုက်တိုင်း ထိုအချိန် အခါ က တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ နှင့် အတူ ယှဉ်တွဲပြီး မြင်နေကြသည် မှာ အကြောင်း မဲ့တော့ မဟုတ်တန်ရာ။ ထို အချိန်က မြန်မာနိုင်ငံ ၏လုံခြုံရေး အခြေ အနေနှင့် အုပ်ချုပ်မှု ပုံစံအရ အဆိုပါပတ် ဝန်းကျင် အသိုက်အဝန်း သို့ ဝင်ဆံ့နိုင် သည့် လူတန်းစား ဆိုသည်က သီးသန့်ဆန် သည်က သေချာသည်။ ရုပ်ရှင်ထဲ မှာသာ မြင်ဖူးသည့် နာမည်ကျော် စစ်တပ်သုံး ၉ မမ ပစ္စတို သေနတ်ဖြင့် အနုကြမ်း ဝင်စီး ကာ အိမ်သားများ ကို သတ်သွား ခဲ့သည်ဟု ထိုစဉ်က သတင်း ထုတ်ပြန်ချက် များအရ သိခဲ့ကြသည် မဟုတ်ပါလား။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 03 Dec 2013 03:24 AM PST
H7N9 ကြက်ငှက်တုပ်ကွေးရောဂါက ပထမဆုံး လူကိုကူးစက်မှု ဟောင်ကောင်မှာ တွေ့ရှိခဲ့တယ်လို့ ဟောင်ကောင်အစားအစာနဲ့ ကျန်းမာရေးဌာနက ဒီဇင်ဘာ ၂ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 03 Dec 2013 03:21 AM PST
ဧ
ရာဝတီတိုင်း မအူပင်မြို့နယ် ကံကုန်းကျေးရွာအုပ်စုက
တောင်သူလယ်မားတွေဟာ လယ်ယာမြေတွေ သိမ်းဆည်းခံရမှုနဲ့
တရားစွဲဆိုခံထားရတဲ့ကိ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 03 Dec 2013 03:10 AM PST
ရန်ကုန်၊ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက် - မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည့် First Myanmar Investment Co., Ltd. ("FMI") သည် ကုမ္ပဏီ၏ လက်ရှိ ရှယ်ယာရှင်များအတွက် ကျပ် (၂၅) ဘီလျံသို့မဟုတ် အမေရိကန်ဒေါ်လာ(၂၅.၆)သန်း တန်ဖိုးရှိသော rights issue များကို စတင် ရောင်းချခဲ့ပါသည်။ ၎င်းရောင်းချရသော ငွေများကို ကုမ္ပဏီလုပ်ငန်းများ အသစ်တိုးချဲ့ရန်နှင့် လက်ရှိ လုပ်ငန်းများကို တိုးချဲ့နိုင်ရန် ငွေကြေး အထောက်အပံ့ အဖြစ် အသုံးပြုသွားမည် ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Dec 2013 09:26 PM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ အပါအဝင် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန် ကမ်းလှမ်းချက်ကို နိုင်ငံတော်သမ္မတက ငြင်းပယ်ခြင်း မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Dec 2013 08:47 PM PST
ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်း၏ ဆောက်လုပ် ပြီးစီးမှုနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို တွက်ချက် စစ်ဆေးနိုင်ရန်အတွက် တည်ဆောက်ရေး လုပ်ငန်းများကို ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းများ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။ ထားဝယ် အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်းကို အမြန်ဆုံး တည်ဆောက် ပြီးစီးနိုင်ရန် ယင်းစီမံကိန်းကို စတင်ရင်းနှီး တည်ဆောက်သူ အီတာလျံ-ထိုင်း ကုမ္ပဏီ (ITD) တစ်ခုတည်းနှင့် မလုံလောက်တော့သည့် အတွက် နိုင်ငံတကာ ရင်းနှီး တည်ဆောက်သူများ ပါဝင်လာစေရန် လက်ရှိ ဆောက်လုပ် ပြီးစီးမှုကို Due Diligence Assessment ပြုလုပ်ရန် လိုကြောင်း ၎င်းကဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Dec 2013 08:36 PM PST
ဦးပိန်တံတား
ရေရှည်တည်တံ့ ကြံ့ခိုင်ရေး အတွက် ပြုပြင်ထိန်းသိမ်း မှုများ ပြုလုပ်ရန်
ကော်မတီ တစ်ရပ် ဖွဲ့စည်း ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။ ရှေးဟောင်း သမိုင်းဝင်
နေရာတစ်ခု ဖြစ်သည့်အတွက် ကော်မတီဖွဲ့ကာ ဆောင်ရွက်မည်ဖြစ်ပြီး
ရှေးမူလက်ရာမပျက် ပြုပြင်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း ၀န်ကြီးကပြောသည်။
““တံတားပေါ်မှာ စက်ဘီးနဲ့ ဆိုင်ကယ် မောင်းတာတို့၊ ပြေးတာတို့တွေလည်း
တားမြစ်သွားမယ်”” ဟု ၀န်ကြီးကပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 02 Dec 2013 08:31 PM PST
အွန်လိုင်းတွင် ပျံ့နှံ့နေသော ရန်ကုန်အရှေ့ မူးယစ်အထူးအဖွဲ့က စိုးမြတ်သူဇာအား ၂၀၀၈ ခုနှစ်က စစ်ဆေးခဲ့သည့်စစ်ချက် နာမည်ပါဝင်ခဲ့သည့် အနုပညာရှင်များ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည့် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 02 Dec 2013 08:01 PM PST
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဖခင်ဖြစ်သူကို လူသတ်မှုဖြင့် ထောင်ဒဏ်ချလိုက်သည့်အတွက် အသက် ၁၆ နှစ်အရွယ်သမီးဖြစ်သူက စိတ်ဓာတ်ကျကာ ကြွက်သတ်ဆေးသောက်၊ သေကြောင်းကြံ စည်ခဲ့သည်ဟု ကောလင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒီဇင်ဘာ ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။ လက်ရှိတွင် အဆိပ်သောက်ခဲ့သည့် ဆယ်တန်းကျောင်းသူကို ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ဆေးရုံကြီးမှ ဖုန်းဆက်သွယ်အကြောင်းကြားခဲ့ရာ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Dec 2013 07:57 PM PST
လှိုင်သာယာမြို့နယ်၊ န၀ဒေးလမ်း လမ်းသွယ်နှင့် ကျန်စစ်သားလမ်းဆုံတွင် နိုဝင်ဘာ ၂၉ ရက်ညက ဖြစ်ပွားခဲ့သည့် ရဲတပ်သားနှစ်ဦးပါဝင်နေသော လူသတ်မှုတစ်ခုတွင် သံသယရှိသူများအားလုံးကို ဖမ်း ဆီးရမိထားပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။ အမှုဖြစ်ပွားပြီးနောက်ပိုင်း ရဲတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးကို ညတွင်းချင်းဖမ်းဆီးခဲ့ပြီး ထွက်ပြေး သွားခဲ့သည့် ရဲတပ်သားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးအပါအ၀င် သုံးယောက်ကို နိုဝင်ဘာ ၃၀ နှင့် ဒီဇင်ဘာ ၁ ရက်တွင် အသီးသီးဖမ်းဆီးမိထားခြင်းဖြစ် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Dec 2013 07:45 PM PST
ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေ ထပ်မံစုဆောင်းခြင်း မရှိတော့ဘူး ဆိုပေမယ့် မကြာခင်ကမှ တပ်ထဲရောက်လာကြတဲ့ အသက်မပြည့်သေးသူ ကလေးစစ်သားတွေ အများအပြား ရှိနေတုန်းပဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့က စလို့ အသက် ၁၈ နှစ်အောက် ကလေးစစ်သားတွေ မရှိတော့အောင် လုပ်ဆောင်မယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ကတိပေး ပြောဆိုထားတဲ့ကြားက အခုလို ကလေးစစ်သားတွေ ရှိနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Dec 2013 07:48 PM PST
ယူကရိန်းနိုင်ငံမှာ ထောင်ချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သူတွေဟာ အဓိက အစိုးရ အဆောက်အဦးတွေကို တနင်္လာနေ့တုန်းက ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။ ဥရောပသမဂ္ဂနဲ့ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ယူကရိန်းသမ္မတ Viktor Yanukovych က ငြင်းပယ်ခဲ့တဲ့ အပေါ်မှာ မကျေနပ်ကြတဲ့ ဆန္ဒပြသူတွေဟာ အစိုးရကိုပါ ဖြုတ်ချဖို့ ကြိုးပမ်းနေကြတာပါ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 02 Dec 2013 07:30 PM PST
ဘီဘီစီရဲ့ သတင်းဌာနခွဲ တခုကို မြန်မာနိုင်ငံမှာ တရားဝင် ဖွင့်လှစ်တော့မယ်လို့ BBC Global News ရဲ့ ဒါရိုက်တာ Peter Horrocks က မနေ့က ကြေညာလိုက်ပါတယ်။ မြန်မာ နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနက တရားဝင် ခွင့်ပြုချက် ရခဲ့ပြီးတဲ့နောက်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီလို ရုံးခွဲဖွင့်ခွင့်ပေးတာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက် အားတက်ဖွယ် ဖြစ်ပြီး ဘီဘီစီ အနေနဲ့ သတင်းတွေကို ဘတ်မလိုက်ဘဲ လွတ်လပ်မျှတစွာ ဆက်လက် ပေးပို့ ထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့ မစ္စတာ ဟောရော့်ခ်စ်က ပြောပါတယ်။ ဘီဘီစီ ရုံးခွဲကို မြန်မာ နိုင်ငံမှာ နောက်နှစ်မှာ ဖွင့်ဖို့ ရည်မှန်းထားပြီး ဘီဘီစီ မြန်မာ ဌာနလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) |
||||
Posted: 02 Dec 2013 07:21 PM PST
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာခဲ့ပြီး နောက်ပိုင်းမှာ လူမှု ကူညီရေး အထောက်အပံတွေ တိုးတက် ရရှိလာတယ်လို့ လူမှု ကူညီ လှုပ်ရှားသူတွေက ပြောပါတယ်။ အရင်က အစိုးရ ဘတ်ဂျက်ရဲ့ တစ် ရာခိုင်နှုန်းအောက်မှာသာ ရခဲ့ရာက အခုတော့ လေး ရာခိုင်နှုန်း ရလာပြီး ဒါဟာ လွှတ်တော်နဲ့ မသန်စွမ်း အဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်ချက်ရဲ့ အောင်မြင်မှုလို့ မြန်မာ နိုင်ငံ မသန်စွမ်း ရှေ့ဆောင် အဖွဲ့ စီမံကိန်း ညွှန်ကြားရေးမှူး ကိုနေလင်းစိုး ရှင်းပြခဲ့ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 02 Dec 2013 06:46 PM PST
ပြည်သူ့ ဆောက်လုပ်ရေး ဌာနမှ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်စဉ်က အသုံးပြုရန် နွားထိုးကြီးမြို့ နယ် ပြင်စည်ကျေးရွာနေ လယ်သမားကြီး (ဦးမွှေး) မိသားစုပိုင် ယာမြေများကို သိမ်းယူခဲ့ပြီး လုပ်ငန်းများ ပြီးသွားသော်လည်း ယခုထိ ပိုင်ရှင်မိသားစုထံ ပြန်မပေး သေးကြောင်း သိရသည်။ ပြည်သူ့ ဆောက် လုပ်ရေး လုပ်ငန်း လမ်းစီမံကိန်း အထူးအဖွဲ့ (၁၄)အနေဖြင့် ယာမြေများကို ပြန်မပေးသည့်အပြင် ၄င်းတို့ ပိုင်ဆိုင်နိုင်ရန် အတွက် (၁၅.၈.၂ဝ၁၃)နေ့ စွဲပါ စာအမှတ် အခမ-ထွေ/တံတား ၁၄/၂၅ဝ ဖြင့်လန(၃၉) လျှောက်ထား ခဲ့သေးသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Dec 2013 06:42 PM PST
မြန်မာနိုင်ငံ
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်
ဘော်ကြိုကျေးရွာရှိ သမိုင်းဝင် ကပ်ကျော် ဘော်ကြိုမုဌောဘုရားကြီးတွင်
မကြာခဏတွေ့ရှိရသည့် ဘိုးသက်ရှည် အဘိုး ဦးလုံးလိုင်းဆိုင် အား
ရှမ်းနှစ်ကူးနေ့တွင် အမှတ်တရအဖြစ် အများသူငှာ သိရှိနိုင်စေရန်
အသက်(၁၁၁)နှစ်ရှိ အဘိုးဦးလုံးလိုင်းဆိုင် ကို ရှမ်းနှစ်သစ်ကူးနေ့က
ပြုံးပျော်ရွှင်စွာ တွေ့ရှိရပြီး ခင်မင်သူများ ဘုရားဖူး လာရောက်ကြသည့်
ဧည့်သည်များနှင့်လည်း ရင်းရင်း နှီးနှီး တွေ့ရ၏။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Dec 2013 06:09 PM PST
သူရိယနေ၀န်း ဂျာနယ်တွင် ရေးသားခဲ့သည့် ဦးတေဇနှင့် ပတ်သက်သည့် ရေးသား ချက်များ အပေါ် တရားစွဲဆိုမည်ဟု ကြေညာထား ချက်များ အား ရင်ဆိုင်ရန် အသင့်ရှိပြီး တရား စွဲဆိုရန်စီစဉ်သူသည် တစ်ခါတလေ တရားခံအဖြစ်သို့ ပြန်လည် ရောက်ရှိနိုင်ကြောင်း သူရိယနေ၀န်း ဂျာနယ် အယ်ဒီတာချုပ် ဦးမိုးဟိန်းက People Power သတင်းစာသို့ ပြောကြားသည်။ ထူးကုမ္ပဏီမှ ၎င်းအားတရားစွဲဆိုရန် သက်သေများနှင့် အချက်အလက်များ စုဆောင်း လျက်ရှိပြီး၊ မကြာမီတွင် တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Dec 2013 03:52 PM PST
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖေါ်နေတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ စီမံကိန်းတွေအားလုံးကို ရပ်နားခိုင်းလိုက်ကြောင်း ထားဝယ်စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ပို့ဆောင်ရေး ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ ဒီနေ့ပြုလုပ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြောခဲ့တာပါ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 02 Dec 2013 03:19 PM PST
ထိုင်းနိုင်ငံတရားရုံးက အစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့ အဖွဲ့ခေါင်းဆောင် Suthep Thaugsuban ကို အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတဲ့ ဆူပူအုံကြွမှုနဲ့ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ ဆန္ဒပြအဖွဲ့ခေါင်းဆောင် Suthep Thaugsuban ကို သေဒဏ် ဒါမှမဟုတ် တသက်တကျွန်းအထိ အပစ်ပေးနိုင်ဖွယ်ရှိတယ်လို့ ထိုင်းနိုင်ငံရဲကပြောပါတယ်။ လေးနက်တဲ့ စွဲချက်ဖြစ်ပေမယ့် ထိုင်းနိုင်ငံဟာ သေဒဏ် အပစ်ပေးလေ့ မရှိဘူးလို့လည်း ဆိုပါတယ်။ တချိန်တည်းမှာပဲ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် Yingluck Shinawatra ကလည်း အတိုက်အခံဖက်က သူ့ကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုတာကို ငြင်းပယ်လိုက်ပါတယ်။ အတိုက်အခံဖက်က အခုလိုတောင်းဆိုတာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ကိုက်ညီမှုမရှိသလို သူ့အနေနဲ့ အတိုက်အခံအဖွဲ့ကိုလည်း တိုင်းပြည်ထိန်းချုပ်ခွင့် မပေးနိုင်ဘူးလို့ တုန့်ပြန်လိုက်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဘန်ကောက်မြို့မှာ ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားနေဆြဲ ABC Radio Australia |
0 comments:
Post a Comment