သူတော်ကောင်း စကား
Author: lubo601 |
9:29 PM |
No မှတ်ချက် |
Myanmar Journal · 29,080 like this
စိတ်ရှုပ်ထွေး မောဟများသူတွေဟာ နည်းလမ်းမှန်တွေကို မမြင်နိုင်ကြဘူး
လူထောင်ပေါင်းများစွာဟာ ဗုဒ္ဓဘေးမှာ စုဝေးခဲ့ကြဘူးတယ် ။ စူးစမ်းလိုသူတွေဟာ
ဗုဒ္ဓ အနားကို ချည်းကပ်ကြပြီး မေးခွန်းမျိုးစုံကို လျှောက်ထားကြတယ် ။ ဗုဒ္ဓက
သူတို့မေးခွန်းတွေကို လုံးဝ စိတ်မဝင်စားခဲ့ဘူး ။ ဖြေဖို့လည်း
စိတ်မဝင်စားဘူး ။ ဒါပေမဲ့ ဗုဒ္ဓဟာ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းမဲ့
နည်းလမ်းကိုပြသဖို့ကိုပဲ စိတ်ဝင်စားခဲ့တယ် ။
ထိုသူတွေဟာ
သူတို့စုစောင်းထားတဲ့ မေးခွန်းတွေ အဖြေတွေနဲ့ပဲ ဒုက္ဓရောက် ပြဿနာတွေ
တက်နေကြတယ် ။ သူတို့ရဲ့ အသိဥာဏ်မှားတွေက သူတို့ကို ပြန်ဒုက္ခပေးနေတယ် ။
ထိုကဲ့သို့သောသူများကို ဖြေရှင်းဖို့ နည်းလမ်းပြသဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်ဘူး ။
"စိတ်ရှုပ်ထွေး မောဟများသူတွေဟာ နည်းမှန်လမ်းမှန်ကို နားမလည်နိုင်ကြဘူး မဟုတ်လား"
သမားရိုးကျသမားတွေက ပါရမီရှင်ကို လက်ခံနိုင်စွမ်းမရှိဘူး
ဗုဒ္ဓဟာ အဖြေတွေ ၊ ဖြေရှင်းချက်တွေ မပေးခဲ့ဘဲ ၊ အသိဥာဏ်တွေ ရှိအောင်
သင်ကြားမပေးဘဲ ။ ဒီအတွက် ထိုပုစ္ဆာမေးသူတွေရဲ့ အတွေးဟောင်း
အယူအဆဟောင်းတွေကို ဖယ်ရှားဖို့ စတင်ခဲ့တယ် ။ သမရိုးကျ အဖြေတွေ ရှေးရိုးစွဲ
အယူအဆတွေ ဆင်ခြင်မဲ့မှုတွေကို စတင်ဖယ်ရှားခဲ့တယ် ။ အဲ့ဒီအတွက် အိန္ဒိယဟာ
ဗုဒ္ဓကို ခွင့်မလွတ်ခဲ့ဘူး ။ ဗုဒ္ဓ ပရိ နိဗ္ဗာန် စံ ဝင်ပြီးနောက် မကြာခင်မှာပဲ
ရှေးရိုးစွဲ အိန္ဒိယဟာ ဗုဒ္ဓစိုက်ပျိုးခဲ့တဲ့ ဗုဒ္ဓဘာသာကို
အမြစ်ကနေတွန်းလှန်ပြစ်ခဲ့တယ် ။ ဗုဒ္ဓဟာ အိန္ဒိယ အတွေးအခေါ်တွေကနေ အပြီး
ထုတ်ပစ်ခြင်းခံခဲ့ရတယ် ။ အိန္ဒိယရဲ့ အကြီးမြတ်ဆုံး သားရတနာဟာ အိန္ဒိယမှာ
နေစရာမရှိခဲ့တော့ ဗုဒ္ဓရဲ့ တရားတော်တွေဟာ နိုင်ငံအပြင်ဘက်ထွက်ပြီး
မှီခုရာရှာခဲ့ရတော့တယ် ။ ဒါဟာမတော်တဆ တိုက်ဆိုင်မှုမဟုတ်ဘူး ၊ ဒီလိုပဲ
ဖြစ်လေ့ပျက်လေ့ရှိတတ်တာ သဘာဝပါ ။
ရှေးရိုးစွဲ ဂျူးတွေဟာ
ယေရှုခရစ်ကို အမျိုးဖျက်လို့ စွတ်ဆွဲခဲ့ကြတယ် ။ လက်ဝါးကပ်တိုင်တင်ပြီး
သုတ်သင်ခဲ့တယ် ။ ယေရှုခရစ် ဆိုတာ ကမ္ဘာမြေပေါ်မှာ ဂျူးလူမျိုးတွေထဲမှာ
အကြီးမြတ်ဆုံး ဂျူးလူမျိုး ။ ဂျူးအတွေးအခေါ်မှာ အဆင့်အမြင့်ဆုံးလူသား ၊
အကြီးမြတ်ဆုံးသော အဓိပ္ပါယ်ဖွင့်ဆိုသူ ၊ အကျယ်လောင်ဆုံးသောအသံ ၊
အမြင့်မြတ်ဆုံး ။ ဒါပေမဲ့ ဂျူးတွေက ဘာကြောင့် လက်မခံခဲ့ကြတာလည်း ။
ဒီလိုလူမျိုးအတွက် ပျော်ရွှင် ကခုန်ပြီး အောင်ပွဲခံကြရမှာ မဟုတ်ဘူးလား ။
ဒါပေမဲ့ သူတို့ မလုပ်နိုင်ခဲ့ကြဘူး ။ ဂျူးတွေဟာ ယေရှုကို
ခွင့်မလွှတ်နိုင်ခဲ့ကြဘူး ။
ဘာကြောင့်လည်းဆိုတော့ ယေရှုရဲ့ တည်ရှိမှုဟာ
ဂျူးတွေကို သိမ်ငယ်စေခဲ့လို့ပဲ ။ ယေရှုရဲ့ကြီးမြတ်မှုဟာ အပြစ်ကြီးတခု
ဖြစ်ခဲ့ရတယ် ။ သူ့ရဲ့ မြင့်မားမှုအတွက် ၊ လူသားတယောက်ထက် ပိုလွန်မှု
ကြီးမြတ်မှု ဂုဏ်သိက္ခအတွက် မဟာမေတ္တာအတွက် သူဟာ အပြစ်ပေးခြင်းခံခဲ့ရတယ် ။
ဘာကြောင့်လည်း ဆိုတော့ သူ့ရဲ့ တည်ရှိမှုနဲ့ နှိုင်းယှဉ်ရင် သာမာန်လူသား
အပြစ်သားတွေကို ရုပ်ဆိုးအကျည်းတန်စေလို့ပဲ ။ အောက်တန်းစား အတွေးတွေက
သူတို့ရဲ့ သိမ်ငယ်မှုကို ဖယ်ရှားနိုင်ဖို့ ယေရှုကို သုတ်သင်ခဲ့တယ် ။
တကယ်တော့ ယေရှုကိုသတ်ခဲ့တာ ဂျူးတွေမဟုတ်ဘူး ။ ရှေးရိုးစွဲ အယူအဆတွေက
သတ်ခဲ့တာဖြစ်တယ် ။ ယေရှုဆိုတဲ့ အမှန်တရားကို မျက်ကွယ်ပြုခဲ့ပြီး သူတို့ရဲ့
ရှေးရိုးစွဲအယူအဆတွေကို နေရာပေးခဲ့တယ် ။ ဗုဒ္ဓလည်း ဒီလို အဖြစ်မျိုးနဲ့
ကြုံခဲ့ရတာဖြစ်တယ် ။ ဗုဒ္ဓကို ဟိန္ဒူတွေက ခွင့်မလွှတ်နိုင်ခဲ့ကြတာ မဟုတ်ဘူး ။
သူဟာအကြီးမြတ်ဆုံးသော ဟိန္ဒူတယောက်ပဲ ။ သူဟာ ဟိန္ဒူတွေရဲ့
အသန့်စင်ဆုံးလူသားတယောက်ပဲ ။ သူဟာ ဟိန္ဒူတို့ရဲ့ စံနမူနာကိုယ်ပွား။ ဗုဒ္ဓဟာ
ဟိန္ဒူကျမ်းဂမ်တွေကို ကျွမ်းကျွမ်းကျင်ကျင် သိရှိနားလည်သူလို့
ဝေဒကျမ်းတွေမှာ ဖော်ပြထားတယ် ။ သူဟာ လောကသစ္စာတရားကို သိမြင်ခဲ့တယ် ။
ဒါပေမဲ့ သူ့ရဲ့ တရားတွေကို အိန္ဒိယကနေ အမြစ်ကတွန်းလှန်ခံခဲ့ရပြီး ပြည်ပမှာ
ထွန်းကား ရှင်သန်နေရတယ် ။ ဗုဒ္ဓဘာသာဟာ အိန္ဒိယမှာ သက်သေ အဖြစ် သဲလွန်စလောက်သာ
ကျန်ရစ်နေပြီး အခြားနိုင်ငံတွေကို ရောက်ရှိသွားရတယ် ။ ဘာကြောင့်လည်း ။
တိဗက် ၊ တရုပ် ၊ ကိုရီးယား ၊ ဂျပန် ၊ ထိုင်း ၊ မြန်မာ ၊ သိရိလင်္ကာ တွေမှာ
ကြီးမြတ်တဲ့ ဘာသာတရားအဖြစ် ရိုသေလေးစားကြတယ် ။ အာရှတိုက်သားတွေအားလုံးက
ဗုဒ္ဓကို ချစ်မြတ်နိုးကြတယ် ။ တရားတော်တွေဟာ တုနှိုင်းစရာမရှိဘူး ။ သူ့ရဲ့
တရားတွေဟာ အလွန်အရေးပါတယ် ။ ဒါပေမဲ့ အိန္ဒိယကတော့ သူ့အကြောင်းကို
လွယ်လွယ်လေး မေ့ပြစ်လိုက်ကြတယ် ။
သာမာန်ညောင်ညအတွေးအခေါ် ရှေးရိုးစွဲ
အတွေးအခေါ် ဖေါက်ထွက် တွေးတောခြင်းမရှိတဲ့ အနုမာန အတွေးအခေါ်ရှိသူတွေဟာ
ပါရမီရှင်တွေကို လက်မခံဘူး ။ ဒီလိုလူတွေဟာ သူတို့နဲ့ တန်းတူတဲ့ သူတွေနဲ့ပဲ
ပျော်တယ် ။ လူမိုက်တွေဟာ ခေါင်းဆောင်လူမိုက်ကိုပဲ လိုလားတယ် ။ ခေါင်းဆောင်က
မိုက်မဲလေ ဒီလိုလူမျိုးတွေက ပျော်လေ ၊ လက်ခံလေပဲ ။ ဘာကြောင့်လဲ ဆိုတော့
အသွင်တူတွေချင်းမို့လို့ပဲ။
Osho ရဲ့ The Way of the Buddha, Vol. 2
Chapter 1: The Wisdom of Innocence ကိုတိုက်ရိုက်ပြန်ဆိုပါတယ် ။
ရဲသူရိန်မင်း
251213 — with Soe Min and 16 others.
စိတ်ရှုပ်ထွေး မောဟများသူတွေဟာ နည်းလမ်းမှန်တွေကို မမြင်နိုင်ကြဘူး
လူထောင်ပေါင်းများစွာဟာ ဗုဒ္ဓဘေးမှာ စုဝေးခဲ့ကြဘူးတယ် ။ စူးစမ်းလိုသူတွေဟာ ဗုဒ္ဓ အနားကို ချည်းကပ်ကြပြီး မေးခွန်းမျိုးစုံကို လျှောက်ထားကြတယ် ။ ဗုဒ္ဓက သူတို့မေးခွန်းတွေကို လုံးဝ စိတ်မဝင်စားခဲ့ဘူး ။ ဖြေဖို့လည်း စိတ်မဝင်စားဘူး ။ ဒါပေမဲ့ ဗုဒ္ဓဟာ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းမဲ့ နည်းလမ်းကိုပြသဖို့ကိုပဲ စိတ်ဝင်စားခဲ့တယ် ။
ထိုသူတွေဟာ သူတို့စုစောင်းထားတဲ့ မေးခွန်းတွေ အဖြေတွေနဲ့ပဲ ဒုက္ဓရောက် ပြဿနာတွေ တက်နေကြတယ် ။ သူတို့ရဲ့ အသိဥာဏ်မှားတွေက သူတို့ကို ပြန်ဒုက္ခပေးနေတယ် ။ ထိုကဲ့သို့သောသူများကို ဖြေရှင်းဖို့ နည်းလမ်းပြသဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။
"စိတ်ရှုပ်ထွေး မောဟများသူတွေဟာ နည်းမှန်လမ်းမှန်ကို နားမလည်နိုင်ကြဘူး မဟုတ်လား"
သမားရိုးကျသမားတွေက ပါရမီရှင်ကို လက်ခံနိုင်စွမ်းမရှိဘူး
ဗုဒ္ဓဟာ အဖြေတွေ ၊ ဖြေရှင်းချက်တွေ မပေးခဲ့ဘဲ ၊ အသိဥာဏ်တွေ ရှိအောင် သင်ကြားမပေးဘဲ ။ ဒီအတွက် ထိုပုစ္ဆာမေးသူတွေရဲ့ အတွေးဟောင်း အယူအဆဟောင်းတွေကို ဖယ်ရှားဖို့ စတင်ခဲ့တယ် ။ သမရိုးကျ အဖြေတွေ ရှေးရိုးစွဲ အယူအဆတွေ ဆင်ခြင်မဲ့မှုတွေကို စတင်ဖယ်ရှားခဲ့တယ် ။ အဲ့ဒီအတွက် အိန္ဒိယဟာ ဗုဒ္ဓကို ခွင့်မလွတ်ခဲ့ဘူး ။ ဗုဒ္ဓ ပရိ နိဗ္ဗာန် စံ ဝင်ပြီးနောက် မကြာခင်မှာပဲ ရှေးရိုးစွဲ အိန္ဒိယဟာ ဗုဒ္ဓစိုက်ပျိုးခဲ့တဲ့ ဗုဒ္ဓဘာသာကို အမြစ်ကနေတွန်းလှန်ပြစ်ခဲ့တယ် ။ ဗုဒ္ဓဟာ အိန္ဒိယ အတွေးအခေါ်တွေကနေ အပြီး ထုတ်ပစ်ခြင်းခံခဲ့ရတယ် ။ အိန္ဒိယရဲ့ အကြီးမြတ်ဆုံး သားရတနာဟာ အိန္ဒိယမှာ နေစရာမရှိခဲ့တော့ ဗုဒ္ဓရဲ့ တရားတော်တွေဟာ နိုင်ငံအပြင်ဘက်ထွက်ပြီး မှီခုရာရှာခဲ့ရတော့တယ် ။ ဒါဟာမတော်တဆ တိုက်ဆိုင်မှုမဟုတ်ဘူး ၊ ဒီလိုပဲ ဖြစ်လေ့ပျက်လေ့ရှိတတ်တာ သဘာဝပါ ။
ရှေးရိုးစွဲ ဂျူးတွေဟာ ယေရှုခရစ်ကို အမျိုးဖျက်လို့ စွတ်ဆွဲခဲ့ကြတယ် ။ လက်ဝါးကပ်တိုင်တင်ပြီး သုတ်သင်ခဲ့တယ် ။ ယေရှုခရစ် ဆိုတာ ကမ္ဘာမြေပေါ်မှာ ဂျူးလူမျိုးတွေထဲမှာ အကြီးမြတ်ဆုံး ဂျူးလူမျိုး ။ ဂျူးအတွေးအခေါ်မှာ အဆင့်အမြင့်ဆုံးလူသား ၊ အကြီးမြတ်ဆုံးသော အဓိပ္ပါယ်ဖွင့်ဆိုသူ ၊ အကျယ်လောင်ဆုံးသောအသံ ၊ အမြင့်မြတ်ဆုံး ။ ဒါပေမဲ့ ဂျူးတွေက ဘာကြောင့် လက်မခံခဲ့ကြတာလည်း ။ ဒီလိုလူမျိုးအတွက် ပျော်ရွှင် ကခုန်ပြီး အောင်ပွဲခံကြရမှာ မဟုတ်ဘူးလား ။ ဒါပေမဲ့ သူတို့ မလုပ်နိုင်ခဲ့ကြဘူး ။ ဂျူးတွေဟာ ယေရှုကို ခွင့်မလွှတ်နိုင်ခဲ့ကြဘူး ။
ဘာကြောင့်လည်းဆိုတော့ ယေရှုရဲ့ တည်ရှိမှုဟာ ဂျူးတွေကို သိမ်ငယ်စေခဲ့လို့ပဲ ။ ယေရှုရဲ့ကြီးမြတ်မှုဟာ အပြစ်ကြီးတခု ဖြစ်ခဲ့ရတယ် ။ သူ့ရဲ့ မြင့်မားမှုအတွက် ၊ လူသားတယောက်ထက် ပိုလွန်မှု ကြီးမြတ်မှု ဂုဏ်သိက္ခအတွက် မဟာမေတ္တာအတွက် သူဟာ အပြစ်ပေးခြင်းခံခဲ့ရတယ် ။ ဘာကြောင့်လည်း ဆိုတော့ သူ့ရဲ့ တည်ရှိမှုနဲ့ နှိုင်းယှဉ်ရင် သာမာန်လူသား အပြစ်သားတွေကို ရုပ်ဆိုးအကျည်းတန်စေလို့ပဲ ။ အောက်တန်းစား အတွေးတွေက သူတို့ရဲ့ သိမ်ငယ်မှုကို ဖယ်ရှားနိုင်ဖို့ ယေရှုကို သုတ်သင်ခဲ့တယ် ။
တကယ်တော့ ယေရှုကိုသတ်ခဲ့တာ ဂျူးတွေမဟုတ်ဘူး ။ ရှေးရိုးစွဲ အယူအဆတွေက သတ်ခဲ့တာဖြစ်တယ် ။ ယေရှုဆိုတဲ့ အမှန်တရားကို မျက်ကွယ်ပြုခဲ့ပြီး သူတို့ရဲ့ ရှေးရိုးစွဲအယူအဆတွေကို နေရာပေးခဲ့တယ် ။ ဗုဒ္ဓလည်း ဒီလို အဖြစ်မျိုးနဲ့ ကြုံခဲ့ရတာဖြစ်တယ် ။ ဗုဒ္ဓကို ဟိန္ဒူတွေက ခွင့်မလွှတ်နိုင်ခဲ့ကြတာ မဟုတ်ဘူး ။ သူဟာအကြီးမြတ်ဆုံးသော ဟိန္ဒူတယောက်ပဲ ။ သူဟာ ဟိန္ဒူတွေရဲ့ အသန့်စင်ဆုံးလူသားတယောက်ပဲ ။ သူဟာ ဟိန္ဒူတို့ရဲ့ စံနမူနာကိုယ်ပွား။ ဗုဒ္ဓဟာ ဟိန္ဒူကျမ်းဂမ်တွေကို ကျွမ်းကျွမ်းကျင်ကျင် သိရှိနားလည်သူလို့ ဝေဒကျမ်းတွေမှာ ဖော်ပြထားတယ် ။ သူဟာ လောကသစ္စာတရားကို သိမြင်ခဲ့တယ် ။ ဒါပေမဲ့ သူ့ရဲ့ တရားတွေကို အိန္ဒိယကနေ အမြစ်ကတွန်းလှန်ခံခဲ့ရပြီး ပြည်ပမှာ ထွန်းကား ရှင်သန်နေရတယ် ။ ဗုဒ္ဓဘာသာဟာ အိန္ဒိယမှာ သက်သေ အဖြစ် သဲလွန်စလောက်သာ ကျန်ရစ်နေပြီး အခြားနိုင်ငံတွေကို ရောက်ရှိသွားရတယ် ။ ဘာကြောင့်လည်း ။
တိဗက် ၊ တရုပ် ၊ ကိုရီးယား ၊ ဂျပန် ၊ ထိုင်း ၊ မြန်မာ ၊ သိရိလင်္ကာ တွေမှာ ကြီးမြတ်တဲ့ ဘာသာတရားအဖြစ် ရိုသေလေးစားကြတယ် ။ အာရှတိုက်သားတွေအားလုံးက ဗုဒ္ဓကို ချစ်မြတ်နိုးကြတယ် ။ တရားတော်တွေဟာ တုနှိုင်းစရာမရှိဘူး ။ သူ့ရဲ့ တရားတွေဟာ အလွန်အရေးပါတယ် ။ ဒါပေမဲ့ အိန္ဒိယကတော့ သူ့အကြောင်းကို လွယ်လွယ်လေး မေ့ပြစ်လိုက်ကြတယ် ။
သာမာန်ညောင်ညအတွေးအခေါ် ရှေးရိုးစွဲ အတွေးအခေါ် ဖေါက်ထွက် တွေးတောခြင်းမရှိတဲ့ အနုမာန အတွေးအခေါ်ရှိသူတွေဟာ ပါရမီရှင်တွေကို လက်မခံဘူး ။ ဒီလိုလူတွေဟာ သူတို့နဲ့ တန်းတူတဲ့ သူတွေနဲ့ပဲ ပျော်တယ် ။ လူမိုက်တွေဟာ ခေါင်းဆောင်လူမိုက်ကိုပဲ လိုလားတယ် ။ ခေါင်းဆောင်က မိုက်မဲလေ ဒီလိုလူမျိုးတွေက ပျော်လေ ၊ လက်ခံလေပဲ ။ ဘာကြောင့်လဲ ဆိုတော့ အသွင်တူတွေချင်းမို့လို့ပဲ။
Osho ရဲ့ The Way of the Buddha, Vol. 2
Chapter 1: The Wisdom of Innocence ကိုတိုက်ရိုက်ပြန်ဆိုပါတယ် ။
ရဲသူရိန်မင်း
251213 — with Soe Min and 16 others.
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment