Tuesday, December 31, 2013

“အတိတ်စိမ်း”

ဦးသန့်ဇင်တစ်ယောက် ချဲထီထိုးလွန်းလို့ ရှိသမျှ လယ်ယာကျွဲနွားတွေလည်း ပြောင်ပြီ။
နေစရာ အိမ်တလုံးပဲ ကျန်တော့တယ်။ တခါမှလည်း မပေါက်ဘူး
ကြံရာမတဲ့အဆုံး ရွာထိပ်ညောင်ပင်က ရုက္ခစိုးကို ပူဇော်ပသပြီး အတိတ်စိမ်းပေးဖို့ ဆုတောင်းတယ်...
“အရှင်ရုက္ခစိုးနတ်မင်း၊ ပူဇော်ပါတယ်၊ ပသပါတယ်၊ မနက်ဖန်ထွက်မယ့် ချဲဂဏန်းပေးတော်မူပါ”



သူက တောင့်တလွန်းတော့ ရုက္ခစိုးလည်း ကိုယ်ထင်ပြပြီး ပြောတယ်… …

“အေး… ခု အိမ်အပြန်လမ်းမှာ ထူးခြားတဲ့ အတိတ်စိမ်းတစ်ခု ငါပေးမယ်၊ အတိတ်ကောက်ပြီး ထိုးပေတော့”

ဒါနဲ့ အိမ်ပြန်လာတော့ ရွာလယ်ဈေးထဲက ဖြတ်ပြန်လာတယ်။
အဲဒီမှာ အမျိုးသမီးတစ်ယောက်က သူ့လက်ထဲက ပိုက်ဆံအိတ်ပြုတ်ကျလို့ ကုန်းအကောက်၊ လေပွေကြမ်းတချက်က ရုတ်တရက် အမွေ့၊ ထမီက ရုတ်တရက် အလန်… … ဒန် တန် တန်

ကောင်းကင်က ရောင်ခြည်တန်းတခု ပေါ်လာပြီး၊ ခုနက အမျိုးသမီးရဲ့ တင်ပါးတဘက်တချက်စီမှာ ဂဏန်းနှစ်လုံး ရေးပြသွားတယ်… …. 77 တဲ့

အဖြစ်အပျက်က အရမ်းမြန်ဆန်လွန်းတော့ ဦးသန့်ဇင်ကလွဲပြီး ဘယ်သူမှ မသိလိုက်ဘူး။
ဒါနဲ့ ဦးသန့်ဇင်လည်း လက်ကျန်သူ့အိမ်လေးကို ပေါင်ပြီး 77 တကွက်ထဲ အောထည့်လိုက်တယ်။

ဒီတခါတော့ အပိုင်ပဲကိုး

နောက်နေ့ညနေ ချဲထွက်ခါနီးလေ သူ့မှာ နေမထိထိုင်မရ ဖြစ်လေနဲ့

ဒီလိုနဲ့ ချဲထွက်ပါလေရော…
ပေါက်ဂဏန်းက… … 707 တဲ့။
ဦးသန့်ဇင်လည်း သူ့နဖူးသူရိုက်ပြီး အော်တယ်... ..

"ဟာ... ရုက္ခစိုးကတော့ ပေးသား၊ ငါက သုညကို မြင်ရဲ့သားနဲ့ သုညလို့ မထင်လိုက်မိဘူး"... တဲ့။

(2013 ကို နှုတ်ဆက်ပါသည်... ...ငိ ငိ)

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...