Monday, December 2, 2013

တလွဲများနှင့် မြန်မာပြည်လောက် ဥက္ကဋ္ဌ ပေါတဲ့တိုင်းပြည်



မြန်မာပြည်မှာတောက်လျှောက်လွဲခဲ့တဲ့ အလွဲတခုရှိတယ်၊
အဖွဲ့ အစည်းတခုဆိုတာဖြစ်လာတာနဲ့  ဥက္ကဋ္ဌ ဆိုတဲ့ ရာထူးပေါ်လာပြီး
အဲ့ဒီရာထူးမှာ ဘ၀တူလူတန်းစားထဲကမဟုတ်ပဲ။
ဘယ်ကကျလာမှန်းမသိတဲ့ မိုးကျရွှေကိုယ်တွေ

(တပ်ပြုတ် ၊ ရဲပြုတ် ၊ ...ပြုတ်ပြီးရင်
ကိုယ့်နေရာကိုယ်မနေတာတော်တော်ဆိုးတယ် ) အဲ့ဒီ ဥက္ကဋ္ဌ နေရာကိုဘီလူးစီးသလိုဝင်စီးပြီး
ဘယ်သူုအမိန့်  ဘယ်ဝါ့ အမိန့် နဲ့  နိုင်စားကြတော့တာပဲ..ကျမနားလည်ထားတာက ဥက္ကဋ္ဌဆိုသူတွေဟာ
မိမိဦးဆောင်တဲ့ အဖွဲ့အစည်း အဆင်ပြေတိုးတက်အောင်၊ လုပ်ငန်းချောမွေ့အောင်၊
အဖွဲ့ အစည်းဘက်ကရပ်တည်ဆောင်ရွက်ရမှာမဟုတ်ဘူးလား၊ By Force တွေသုံးပြီး၊
အဖွဲ့ အစည်းမှာနဲ့ ဆက်စပ်ပါတ်သက်သူမှန်သမျှအပေါ် ဂွင်ထည့်၊ ရိုက်စား၊ မလိုတမျိုးလိုတမျိုး
၊လုပ်ထုံးလုပ်နည်းတွေကို အလွဲသုံးစားလုပ်နေတဲ့ မဟာအလွဲကို ရပ်တန်းက ရပ်သင့်ပြီထင်ပါတယ်၊
တရားမျှတမှုရှိရင် ကိုယ့်ထမင်းကိုယ်စားပြီး vacation မှာ အပျော်ခရီးထွက်နေချင်ကြတဲ့သူချည်းပဲ
မတရားလို့  မခံနိုင်လို့ ပြောရပြီဆိုအနဲဆုံးတော့ ကိုယ့်ရဲ့ စိတ်နှလုံးမချမ်းမြေ့ရတာကို ခံစားကြရတာပဲ
နိုင်ငံရပ်ခြားမှာ Land Transport Authority အပေါ်မှာ ဘယ်သူမှမရှိသလို
အားလုံးလက်ရေတပြင်တည်းထား တပြေးညီဆောင်ရွက်လိုတဲ့ကိစ္စတွေမှာ Authority ထုတ်ပြန်ထားပြီး
သမ္မတကအစ တောင်းစားသူအဆုံး Under Act ပါပဲ…
ဘာဥက္ကဋ္ဌမှလဲမရှိဘူး၊ ထားစရာလဲမလိုဘူး ..ဘယ်သူကမှလဲ အဲ့ဒီ Authority ကို ဂွင်ရိုက်စားတဲ့သူမရှိဘူး..
System တခုကို ချပြီးတတ်နိုင်သမျှ ပိုလို့ ပိုလို့ ကောင်းအောင် ဆောင်ရွက်တာဘဲတွေ့ရတယ်…
ဒီနေရာမှာလိုင်းကားတခုလောက်တိုးချဲ့ှှဆွဲပေးရင်ကောင်းမှာပဲ တွေးလို့ တောင်မဆုံးဘူး
ဟော…လိုင်းသစ်တခုပေါ်လာပြီး အဆင်ပြေသွားတာပဲ…ဒါဟာ ဘာကို ပြသလဲဆိုရင်.. Research ပဲ. သူတို့ ဘာပဲလုပ်နေလဲဆိုရင် ပိုလို့ ကောင်းသထက်ကောင်းအောင် ခရီးသည်တွေ
ပြည်သူလူထုတွေနေရာကနေပြီး သုတေသန တချိန်လုံး လုပ်နေတယ်..သုတေသနကနေ
ရတဲ့ အချက်အလက်တွေကို ခေါင်းချင်းဆိုင်လိုက်တာနဲ့  ပိုလို့ကောင်းမွန်တဲ့  Result
တွေထွက်လာတယ်…အဲ့ဒီတော့ပြောရရင် မြန်မာပြည်မှာ

(၁) ဘာလုပ်လုပ် Research မရှိဘူး၊ (တိုင်းတော့မျက်မှန်း သွားတော့ဆင်ကန်း..)
(၂) Authority တခုကို ထုတ်ချလိုက်ပြီးရင် အဲ့ဒီအာဏာကိုအကြောင်းပြပြီး အနိုင်အထက်ပြုကျင့်ခြင်း
(၃) အဲ့ဒီလို အာဏာဘန်းပြ အနိုင်အထက်ပြုတာကို ရှက်ရကောင်းမှန်းမသိခြင်း
(၄) အာဏာဘန်းပြ အနိုင်အထက်ပြုတာကို ကြောက်ရွံခြင်း (သို)့ မလုပ်မရှုပ်မပြုတ်
မိမိနှင့်မဆိုင်သလိုနေကျင့်ဖြစ်ခြင်း မှ..
(၅) မခံရပ်နိုင်သည့်အခါတိုင်း..ပြဿနာကြီးငယ်များနှင့်ထိပ်တိုက်ရင်ဆိုင်ရခြင်း…ဆိုတာနေရာတိုင်းမှာ တရံမဆဲဖြစ်နေတာကို
(၆) ပြဿနာရှိမှ နေရာရှိမယ်လို့ တွေးခေါ်သူ ပညာမဲ့များက မည်သည့်အခါမှဖြေရှင်းဘို့ မစဉ်းစားပဲ တမင်သက်သက် ရှုပ်ထွေးအောင်ပြုထားခြင်းတို့ ဟာ ယနေ့ ဖြစ်နေတဲ့  မြန်မာပြည်ရဲ့ နေမြဲသံသရာပါပဲ
မြန်မာပြည်လောက် ဥက္ကဋ္ဌ ပေါတဲ့တိုင်းပြည် ကမ္ဘာမှာတောင်ရှိမယ်မထင်ဘူး.. ဥက္ကဋ္ဌပေါသလောက်တရားမျှတမှုမရှိလို့  တချိန်လုံး အချင်းများ
အမှုပွါးနေရတဲ့  တိုင်းပြည်..ဆိုတော့ ပြည်သူလူထုအတွက်အလုပ်မလုပ်ပဲ ကိုယ့်အတွက်လုပ်နေကြရတဲ့
ဘာအမိန့် ကြောင့် ညာအမိန့်ကြောင့်ဆိုတဲ့ “ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်”
အာဏာလုပ်စားသံသရာက ရုန်းထွက်သင့်ပြီလို့ ထင်ပါတယ်…
အမိန့်တွေပေးတာ မကျေနပ်တဲ့ ရန်ကုန် ယာဉ်လိုင်း ၁၀၇ မီနီဘတ် ပိုင်ရှင်တဦးရဲ့ ရင်ဖွင့်သံကို ဒီ Link ကနေတဆင့် မျှဝေခံစားလိုက်ရအောင်နော်။

https://www.facebook.com/tun.wai.10

အီးမေးထဲကတွေ့ လို့ တင်ပေးလိုက်ပါတယ်.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...