Published on Friday, 27 September 2013 11:24
တစ်နေ့မနက်
လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ဝယ်လာတဲ့ ဂျာနယ်လေးဖတ်ရင်း
ဇိမ်ခံမယ်အောင့်မေ့မိပါတယ် ရိုက်သံတွေ ငိုသံတွေ ပေါ်လာလို့ အသံကြားရာဘက်
လှမ်းကြည့်မိတယ်။ စားပွဲထိုးလေးက ပန်းကန်ကျကွဲသွားလို့ ပိုင်ရှင်က
မျက်နှာကို လက်သီးနဲ့ထိုးလိုက်ပုံရပါတယ်၊ ကလေးနှုတ်ခမ်းမှာသွေးတွေ၊
ပါးမှာမျက်ရည်တွေ ကိုပါ တွေ့ရပါတော့တယ်။
ကျွန်တော်ဟာ ကျောင်းဆရာတစ်ယောက်ဘဝမှာ ကျင်လည်ခဲ့တာကြောင့်
ကျောင်းနေအရွယ် ကလေးတွေ ကျောင်းတက် မနေဘဲ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ
အလုပ် လုပ်နေတာတွေ့ရရင် ရင်ထဲမှာ နာကျင်ခံစားရပါတယ်။