သစ်ထူးလွင် |
|
- မိုးနှောင်းကာလ မြန်မာနိုင်ငံအောက်ပိုင်း ရေကြီးမှု အန္တရာယ် စိုးရိမ်ဖွယ်ရှိ
- ခွပ်ဒေါင်းကိုမွတ်ဒေါင်းဟု ပြောဆိုမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက တုံ့ ပြန်
-
သမ္မတရုံးဝန်ကြီးတစ်ဦးပိုင်ဆို
င်သည့် ခြံမြေလှည်းကူး၌ ရွာသားများ ၀င်ရောက်ဖျက်ဆီး| - ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းအမှုကို မန္တလေး တိုင်းဒေသကြီး တရားရုံး က ပလပ်မိန့်ချမှတ်
- သမ္မတကြီးမှာကြားချက်နှင့် ရဲမှူးဦးဝင်းနိုင်ပြောကြားချက် ကွဲလွဲနေ – ဆန်းဝင်းထွန်း
- သတ်မှတ်ရက်လွန် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများ ရက်တိုးလက်ခံမည်
- ပဉ္စမတန်းပထ၀ီဝင်ဖတ်စာအုပ် ပုံနှင့်စာလွဲနေခြင်း လာမည့် ပညာသင်နှစ်တွင် ပြန်ပြင်မည်
- တာလောကြီးရှိ ကျွဲ၊ နွားများ ရောဂါဖြစ်ပွား၍သေဆုံး
- ၂၀၁၅အလွန် ကုဋေကြွယ် ခရိုနီသူဌေးကြီးများ၏ မျှော်လင့်ချက်နှင့် မျှော်လင့်ချက်မဲ့နေတဲ့ မျှော်လင့်ခြင်းပြည်သူများ – လင်းထိုက် (Y.I.T)
- ပါတီတွင်း ကြပ်မတ် ကွပ်ကဲရန် အထူးလိုနေကြောင်း NLD နာယက ဦးတင်ဦး ပြောကြား
- NLD ၏ အခြေခံဥပဒေ ပြင်ဆင်ရေး သဘောထား ထုတ်ပြန်ချက် ယနေ့ကြေညာမည်
- ဖွဲ့စည်းပုံပါ သမ္မတ ၊ ဒုသမ္မတ အရည်အချင်း သတ်မှတ်ချက် ဒီမိုကရေစီ စံနှုန်းနှင့် မညီဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
- ကျွန်တော်နဲ့ ဦးအောင်မင်း ၊ ဦးခင်ရီ တို့ကို လာတိုက်ခိုက်ရင် အဲဒီသူတွေဟာ ဟတ်လိုင်နာ သွားချင်တဲ့သူတွေလို့ ပြောချင်တယ်ဟု ဝန်ကြီးဦးစိုးသိန်းတုံ့ပြန်
- ထမံသီ စီမံကိန်း ဖျက်သိမ်းပြီ
- မြေယာစီမံခန့်ခွဲရေး သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)
- ရဲရွာစီမံကိန်းအတွင်း သိမ်းယူခဲ့သော ဥယျာဉ်ခြံမြေတွေ လုပ်ငန်းရှင်များ ဝယ်ယူထား (ရုပ်/သံ)
- စက်တင်ဘာလ(၂၈)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
- စက်တင်ဘာလ(၂၈)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
- စက်တင်ဘာလ(၂၆)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၄
- ကသာမြို့နယ်မှာ လယ်သမား ၃ဝဝ ကျော် ဆန္ဒပြ
- ပါတီအပေါ် ဝေဖန်ချက် ဒေါ်စု ကာကွယ် ပြောဆို
Posted: 28 Sep 2013 04:44 AM PDT
မုတ်သုံလေ ဆုတ်ခွာနေသည့် မိုးနှောင်းကာလ အတွင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသ မြို့နယ်အချို့တွင် ရေကြီး နစ်မြုပ်မှု အန္တရာယ် စိုးရိမ်ဖွယ် အခြေအနေ ရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။ ယခုလပိုင်းအတွင်း ရေနစ်မြုပ်မည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည့် ဒေသများမှာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Sep 2013 02:55 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပါတီတံဆိပ်အမှတ်အသား ဖြစ် သော ခွပ်ဒေါင်းပုံအား ပြည်သူအချို့က မွတ်ဒေါင်း ဟု ပြောဆိုနေကြခြင်းအပေါ် အဖွဲ့ချုပ်နာယက ဦးတင်ဦးက စက်တင် ဘာ ၂၇ ရက်တွင် ဗဟန်းမြို့နယ်ရှိ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သောအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ငွေရတုအခမ်း အနား အပိတ်မိန့်ခွန်း၌ တုံ့ ပြန်ပြောဆိုခဲ့ သည်။ "အခုလည်း ရှေ့ဆက်ပြီး ပြောရ မယ့်ကိစ္စထဲမှာ ကျွန်တော်တို့ရဲ့ အဖွဲ့ချုပ် ကို အချို့က ပြောနေတယ်။မွတ်ဒေါင်း ဖြစ်သွားပြီ။မွတ်ဒေါင်းဖြစ်သွား သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Sep 2013 02:49 AM PDT
လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာ ကျောက္ကာဒင်ကွင်း မယ်ဇလီကုန်း ကျေးရွာရှိ သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးတစ်ဦး ပိုင်ဆိုင်သည့် ခြံ မြေ၌ စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်း တွင် မယ်ဇလီကုန်းကျေးရွာနေ ရွာသား ခြောက်ဦးက ၀င်ရောက် ဖျက်ဆီးခဲ့ ကြောင်း သိရသည်။ မြောက်ဥက္ကလာပမြို့နယ် ကရု ဏာ (၁) လမ်း (ဋ) ရပ်ကွက်နေ အငြိမ်း စား ဗိုလ်ကြီးတစ်ဦးဖြစ်သူ ဦးသန်းဦး အသက် (၅၀) သည် မယ်ဇလီကုန်း ကျေးရွာအနီးရှိ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် ပိုင်ဆိုင်သည့် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Sep 2013 12:24 AM PDT
ပြည် ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏မြေ အရောင်းအဝယ်ကိစ္စ တရားမ မှုကို မန္တလေးတိုင်းဒေသကြီးတရား ရုံးက စက်တင်ဘာ ၂၆ရက် တွင် ယင်းအမှုနှင့်ပတ်သက်ပြီး တရား စွဲဆိုရန် အဆိုလွှာ ကို ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့သည်ဟု မန္တလေး တိုင်းဒေသကြီး တရားရုံးမှ တရား သူကြီး ဦးကြည်သိန်းက ရန်ကုန် တိုင်းမ်နေ့စဉ်သို့ အတည်ပြုပြော ကြားသည်။ တရားသူကြီး ဦးကြည်သိန်း က ''တရားစွဲဆိုဖို့အကြောင်း အဆို လွှာကိုပလပ်ဖို့ အမိန့်ချမှတ်လိုက် တာပါ။ အမှုရဲ့အနိုင်အရှုံးကိုဆုံး ဖြတ်တာ မဟုတ်ပါဘူး''ဟု ပြော သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Sep 2013 12:16 AM PDT
မြန်မာသံတော်ဆင့်
သတင်းဂျာနယ် အတွဲ(၁) အမှတ် (၂၈) ကို ဖတ်ရင်းနဲ့ စာမျက်နှာ (၁၂) မှာ
ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်က ““ဆိုလိုတာက သတင်းမီဒီယာတွေမေးရင်
ဖြေရမယ်ဆိုတဲ့ အမိန့်မျိုး ထုတ်ထားတာရှိလား။ အဲဒီလို ထုတ်ထားတာရှိလို့
တို့ဘက်က ရဲတွေက မဖြေဘူးဆိုရင် ပြောပါ ဆိုတဲ့ ပြောစကားကို အံ့သြပြီး
နောက်စာမျက်နှာတွေကို မလှန်လှောနိုင်တော့ဘဲ ထပ်ကာ ထပ်ကာ ဖတ်မိတော့တယ်။
အဲဒီပြောစကားကို ဖတ်ရတာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို စိန်ခေါ်နေသယောင်
ဖြစ်နေတယ်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ငါလည်း မကြောက်တော့ဘူး။ မင်းတို့လည်း မကြောက်ကြနဲ့။ မေးသမျှတော့ မင်းတို့ မှန်မှန်ကန်ကန်သာ ဖြေပေးပါဆိုပြီးတော့ ဒီအတိုင်းမီဒီယာတွေကို ပြောထားတယ်။ မယုံရင်လည်း ဟောဒီမှာ ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့သာ မေးကြည့်ပေတော့ . . . |
||
Posted: 27 Sep 2013 11:52 PM PDT
ပညာရေးဝန်ကြီးဌာနသို့
တင်သွင်းရသော ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့်
လျှောက်လွှာများကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် နောက်ဆုံး လက်ခံမည်
ဖြစ်သော်လည်း နောက်ကျသည့် အကြောင်းအရင်း ခိုင်လုံသော လျှောက်လွှာများကို
အောက်တိုဘာ လဆန်းထိ လက်ခံသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့
ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Sep 2013 11:47 PM PDT
ပဉ္စမတန်း သင်ရိုးရှိ ပထ၀ီဝင်ဖတ်စာအုပ် စာမျက်နှာ ၂၇ တွင် မြန်မာနိုင်ငံ၏ အရှေ့ ဘက်ကုန်းမြင့်ဒေသပုံနှင့် အနောက်ဘက်တောင်တန်းဒေသပုံ နေရာလွဲနေမှုကို လာမည့် ပညာသင်နှစ်တွင် ပြုပြင်သွားမည်ဖြစ်ပြီး အခြားလွဲမှားနေမှုများကိုလည်း စိစစ်နေကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 27 Sep 2013 11:43 PM PDT
မြန်မာနိုင်ငံအောက်ပိုင်းမှ တရုတ်နိုင်ငံသို့ မှောင်ခိုတင်သွင်းရန် မောင်းလာသော ကျွဲ၊ နွားများမှ ရောဂါကူးစက်ကာ မြစ်ကြီးနားမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာဖြစ်သော တာလောကြီးကျေးရွာတွင် တစ်လအတွင်း ကျွဲ၊ နွား အကောင် ၂၀ ကျော် သေဆုံးသွားကြောင်း တာလောကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းထူးက ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 27 Sep 2013 11:20 PM PDT
အကောင်း မြင်ဝါဒ ရှိသော သတင်း အရင်း အမြစ် အချို့ ကမူ မက်စ်မြန်မာ ကုမ္ပဏီ အုပ်စု ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် စက်မှု လက်မှုနှင့် ကုန်သည် ကြီးများ အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်တို့အား သန့်ရှင်းသော မြန်မာ့ စီးပွားရေး ကဏ္ဍ အနာဂတ် အတွက် အလား အလာ ရှိသူများ အဖြစ် အကောင်း မြင်လျက်ရှိသည်။ ဧဒင် ကုမ္ပဏီ အုပ်စုကြီး၏ မန်နေဂျင်း ဒါရိုက်တာ ဦးချစ်ခိုင် မှာလည်း ဦးဇော်ဇော်၊ ဦးဝင်းအောင် တို့နည်းတူ အကောင်းမြင် အုပ်စုများ ဘက်မှ အတိတ် ကာလနှင့် နှိုင်းယှဉ် ပါက အနာဂတ်တွင် သန့်ရှင်းသော ခရိုနီ ဖြစ်လာ နိုင်ခြေ ရှိသည်ဟု ယူဆလျက် ရှိသည်။ ၂၀၁၁ နိုဝင်ဘာလတွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် နေပြည်တော်သို့ သမိုင်းဝင် ခရီး လာရောက် လည်ပတ် ရာတွင် ဦးချစ်ခိုင် ပိုင်ဆိုင်သော ဟိုတယ်များ ထဲမှ ဟိုတယ် တစ်ခုတွင် တည်းခို ခဲ့သည်။ ခရီးစဉ် အပြီး သိပ်မကြာ မီမှာပင် ဦးချစ်ခိုင်မှာ အမေရိကန်သို့ သွားရန် ဗီဇာ ရရှိ ခဲ့သည်။ ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Sep 2013 11:08 PM PDT
သက်တမ်းရင့် ပါတီဝင်များနှင့် ပါတီဝင်သစ်များအကြား အငြင်းပွားမှုအချို့ ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအတွင်း ဗဟိုအဆင့်မှ ပြည်နယ်/တိုင်းအဆင့်အထိ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များ ဖွဲ့စည်းကာ ကြပ်မတ်ကွပ်ကဲရန် အထူးလိုအပ်နေကြောင်း NLD ပါတီနာယက ဦးတင်ဦးက ပြောကြားသည်။ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရွှေဂုံတိုင်ရှိ NLD ပါတီ ရုံးချုပ်ခန်းမတွင် ကျင်းပသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနား၌ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Sep 2013 10:56 PM PDT
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့နှင့် ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစုများအကြား သဘောထား ကွဲလွဲနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ မူဝါဒ သဘောထားကို (စက်တင်ဘာလ ၂၈ ရက်နေ့) ယနေ့ ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Sep 2013 10:46 PM PDT
ဖွဲ့ စည်းပုံအခြေခံဥပဒေပါ သမ္မတ နှင့် ဒုတိယ သမ္မတများ အရည်အ ချင်းသတ်မှတ်ချက်သည် ဒီမိုက ရေစီစံနှုန်းနှင့် ကိုက်ညီသည့် ပြ ဋ္ဌာန်းချက် မဟုတ်ကြောင်း ဒေါ် အောင်ဆန်းစုကြည် က ပြောကြား လိုက်သည်။ စက်တင်ဘာ ၂ရရက်တွင် ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်း ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံး၌ကျင်းပသည့် ပါတီ၏ (၂၅)နှစ် ပြည့်ငွေရ တုနှစ်ပတ်လည်အခမ်း အနားအပြီး သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြား လိုက်ခြင်းဖြစ် သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Sep 2013 10:32 PM PDT
ပုဂ္ဂိုလ် ရေးဆိုင်ရာ တိုက်ခိုက်မှုများ သည် ဒီမိုကရေစီမလိုလား သူများ၏အောက်တန်း စားနိုင်ငံရေး လုပ် ခြင်းသာဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဝေဖန်ပြောကြားသည်။ စက်တင်ဘာ ၂၇ ရက်က နိုင်ငံခြားဘဏ်များတွင် အပ်နှံ ထားသည့် ၁၁ဘီလီယံနှင့်ပတ် သက်သောကိစ္စရပ်များတွင် ဝန် ကြီး ဦးစိုးသိန်း ပါဝင်သည်ဟူသော ပြောဆိုမှုများအပေါ် ရန်ကုန် တိုင်းမ်နှင့် ယနေ့တွေ့ ဆုံရာတွင် ယင်းကဲ့သို့ ဝေဖန်ပြော ကြားလိုက် ခြင်းဖြစ်သည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 27 Sep 2013 12:53 PM PDT
ချင်းတွင်းမြစ်ပေါ်မှာ ရှိတဲ့ ထမံသီ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် ရေအားလျှပ်စစ် စီမံကိန်း ၃ ခုစလုံးကို ဖျက်သိမ်းလိုက်ပြီလို့ လျှပ်စစ်ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမော်သာထွေးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။ ရေကာတာတွေဟာ အကြီးစားတွေ ဖြစ်တာကြောင့် ဒေသခံတွေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုတွေ ဖြစ်လာမှာ စိုးတဲ့အတွက် အခုလို စီမံကိန်းတွေကို ဖျက်သိမ်းလိုက်တာလို့ ပြောပါတယ်။ အိန္ဒိယကို လျှပ်စစ်ဓာတ်အား ရောင်းဖို့အတွက် စီစဉ်ခဲ့တဲ့ ဒီ ရေအားလျှပ်စစ် စီမံကိန်းတွေကို အခုလို ဖျက်သိမ်းမှာကို အိန္ဒိယဘက်ကလည်း သဘောတူတယ်လို့ ဆိုပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) |
||
Posted: 27 Sep 2013 12:46 PM PDT
အစိုးရက လယ်ယာမြေ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေတာနဲ့ ပတ်သက်ပြီး ဒီနေ့ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာနရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Sep 2013 12:41 PM PDT
ရဲရွာရေအားလျှပ်စစ်စီမံကိန်း ဖော်ဆောင်စဉ်က စီမံကိန်းကာလအတွင်း ယန္တရားနဲ့ ဝန်ထမ်းတွေနေရာချထားဖို့ ၁၉၉၈မှာ သိမ်းယူခဲ့တဲ့ မြေဧက ၂၅ဝနီးပါးဟာ စီမံကိန်းပြီးဆုံးခဲ့တဲ့အချိန် ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Sep 2013 12:36 PM PDT
|
||
Posted: 27 Sep 2013 12:34 PM PDT
|
||
Posted: 27 Sep 2013 12:31 PM PDT
|
||
Posted: 27 Sep 2013 09:02 AM PDT
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၂ ရွာက တောင်သူလယ်သမား ၃ဝဝ လောက်ဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဒီနေ့ ကသာမြို့နယ် မောင်းကုန်းကျေးရွာမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လယ်ယာမြေ ပဋိပက္ခအရေး အစိုးရဌာနဆိုင်ရာတွေက အမြန်ဆုံးဖြေရှင်းပေးဖို့ ပြောကြားခဲ့တာကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ အခုလို ကျေးရွာသားတွေ စုပေါင်းပြီး ဆန္ဒပြရတာလို့ တုံလုံရွာသား ဦးနေဝင်းက ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပြီးခဲ့သည့် နှစ်က ဂရိတ်ဝေါ သကြားစက်အား ဒေသခံများ ဆန္ဒပြခဲ့ကြစဉ်
|
||
Posted: 27 Sep 2013 08:39 AM PDT
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှာ အားနည်းချက်တွေ ရှိနေတယ်ဆိုပြီး ဝေဖန်ပြောဆိုတာတွေ ထွက်နေတဲ့အပေါ် ဒီကနေ့ကျင်းပတဲ့ ပါတီညီလာခံ အတွင်း ဒေါ်အောင်ဆန်းစုကြည်က ခုခံချေပခဲ့ပါတယ်။ အပြစ်အနာ အဆာဆိုတာ ဘယ်လို နိုင်ငံရေး ပါတီတိုင်းမှာမဆို ရှိတတ်တာမို့ စိတ်ပျက်စရာ မလိုဘူးလို့ ညီလာခံ တက်ရောက်လာတဲ့ ပါတီဝင်တွေကို ပြောခဲ့တာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တိုးတက်မှု အနည်းငယ် ရှိပေမယ့်လည်း ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့တော့ ကိုက်ညီခြင်း မရှိသေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
No comments:
Post a Comment