Monday, September 30, 2013

“လယ်တီသိမ် နှင့် စေတီတော် ကာကွယ်ရေးချီတက်ပွဲ ပြီးဆုံးခြင်း”

ဗမာပြည်ဖွား ညီနောင်များ shared ဗမာပြည်ဖွား ညီနောင်များ's photo.

လက်ပန်တောင်းတောင်ခြေရှိ လယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့်စေတီတော် ကာကွယ်စောင့်ရှောက်ရေး ပြည်သူ့ချီတက်မှုသည် မနေ့က မန္တလေးမြို့မှ စတင် ထွက်ခွာခဲ့ပြီး စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားကြီး၊ စိန်ရတနာကျောင်းတိုက် ဓမ္မာရုံ တွင် ၂၉-၉-၂၀၁ရက်နေ့ည၌ တညအိပ်နားခဲ့ပါသည်။
ယနေ့မနက်တွင် လယ်တီသိမ် ကာကွယ်ရေးအင်အားစုများ ရှေ့ဆက်ချီတက်မှု မပြုနိုင်ရန်၊ချီတက်အင်အားစုများရှိရာ ရှေ့တမိုင်၊နောက်တမိုင်ခန့်တွင် လုံထိန်းများ တားဆီးထားပြီး မြို့ခံပြည်သူများနှင့် အဆက်အသွယ် ဖြတ်တောက်နေပါသည်၊

ကောင်းမှုတော်ဘုရားကြီးအနီး ချီတက် အင်အားစုများ ပတ်ပတ်လည်တွင် လုံထိန်းအင်အား (၃၀၀)နီးပါးခန့် အချုပ်ကား(၁၀)စီး ဖြင့်ပိတ်ဆို့ထားပါသည်၊ပြည်သူများ တည်းခိုနေသော ဘုန်ကြီးကျောင်းမှ သံဃာတော်များကိုလဲ (မဟန)နှင့် အုပ်ချုပ်ရေးမှုးတို့မှ ဖိအားပေးလျှက် ရှိပါသည်၊ လယ်တီသိမ် ကာကွယ်ရေးအင်အားစုများ ရှိရာသို့ ယနေ့မနက် ၉နာရီခွဲတွင် လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းနှင့် ဒေါက်တာမြင့်နိုင်တို့ ရောက်ရှိလာပြီး အာဏာပိုင်များအား ပြည်သူတို့ကို အကြမ်းမဖက်ရန် ပြောဆိုနေပါသည်၊၊မီးလောင်ဗုံး ပစ်ခံခဲ့ရသော သံဃာများမှလည်း လယ်တီသိမ်ကို မဖြိုဖျက်ပါဘူးဟု ယခုတားမြစ်နေသော အာဏာပိုင်များမှ တာဝန်မယူနိုင်လျှင် ရှေ့ဆက်ချီတက် ခွင့်ပြုရန် အာဏာပိုင်များကို မိန့်ကြားခဲ့ပါသည်၊၊

လယ်တီသိမ် ကာကွယ်ရေး ချီတက်အင်အားစုများမှာ အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ရင်း ဆက်လက်ချီတက်ရန် ပြင်ဆင်နေကြပါသည်၊ချီတက်မှုကို စတင်သည့်အခါ ကောင်းမှုတော်ဘုရားကြီးတွင် ဆုတောင်းပွဲ ပြုလုပ်နေပြီးမှ ထွက်ခွာမည်ဖြစ်သည်၊၊ ဒေါက်တာမြင့်နိုင်မှ တားဆီးပိတ်ဆို့ထားသော အာဏာပိုင်များအား လယ်တီသိမ်နှင့်ပတ်သတ်၍ တာဝန်ယူမှု တာဝန်ခံမှု မရှိပဲ ယခုလို ပိတ်ဆို့ဟန့်တားနေပါက ၄င်းကိုယ်တိုင်လူထုနှင့်အတူ ချီတက် ဆန္ဒထုတ်ဖော်မည် ဟုပြောကြားသည်၊၊ အာဏာပိုင်များကို လယ်တီစေတီနှင့် ပတ်သတ်၍ တာဝန်ခံရန် ပြောဆိုသောအခါ၊ ခြောက်လအတွင်း သိမ်နှင့်စေတီကို ဘာမှမလုပ်ပါ ဟုပြောသည်၊

ပြည်သူများဘက်မှ စုံစမ်းရေးကော်မရှင် အစီရင်ခံစာတွင် သိမ်နှင့်စေတီကို ရွှေ့ပြောင်းပြီးမှ စီမံကိန်းလုပ်ရမည်ဟု တင်ပြသဘောတူထား သောကြောင့် စီမံကိန်းကို သိမ်နှင့်စေတီကိစ္စ ဖြေရှင်းပြီးမှ ပြန်စရန် တောင်းဆိုရာ အာဏာ တို့ဘက်မှ လက်မခံပါ၊ပြည်သူများဘက်မှ စေတီကို လွတ်လပ်စွာ ဖူးမျှော်ခွင့်တောင်းရာ အာဏာပိုင်တို့ဘက်မှ ပုဒ်မ(၁၄၄) ထုတ်ပြန်ထားမှုကို မရုတ်သိမ်းပေးပါ၊ ဘုရားဖူးချင်ပါက (၅)ယောက်ခန့် ဖူးခွင့်ပြုသည်၊ကြိုတင်ခွင့်ပြုချက် စာတင်ရမည်ဟု အာဏာပိုင်တို့ က သတ်မှတ်သည်၊၊ယခု လမ်းလျှာက်ချီတက်သူများကို မဖမ်းဆီးရေး ပြည်သူများ တောင်းဆိုရာ အာဏာပိုင်များမှ သဘောတူသည်၊၊ တရားမျှတမှု မရှိသည့် အာဏာပိုင်တို့၏ ပြောကြားချက်များသည် လက်ပန်တောင်းတောင် စုံစမ်းရေးကော်မရှင်ကိုပါ မထီမဲ့မြင် ပြုလိုက်ခြင်းဖြစ်ပြီး၊ ပြည်သူတိုကို လုံထိန်းရဲနှင့် ဝိုင်း၍ အကြပ်ကိုင် ခြိမ်းခြောက်ခြင်းပင် ဖြစ်သည်၊၊

အခက်အခဲခဲ အမျိုးမျိုးကြားမှ သဘောတူလိုက်သည်မှာ လယ်တီသိမ်ကိစ္စကို လွတ်တော်မှ ဆုံးဖြတ်သည်အထိ မဖြိုမဖျက်ထားမည် အကန့်အသတ်များဖြင့် ဘုရားဖူးခွင့် ပြုသည် ချီတက်မှုတွင် ပါဝင်သူများကို အရေးမယူ သုံးချက်ဖြစ်သည်

၃၀-၉-၂၀၁၃ ညနေ၃နာရီ

လယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့် စေတီ အဓွန့်ရှည်တည်တန့်ပါစေ

ဆက်သွယ်ရန်ဖုန်း၊၊
ဒေါ်ခင်စန်းလှိုင်(ပုလဲအမတ်)
098632966

ဒေါ်က်တာမြင့်နိုင်(အမျိုးသားလွတ်တော်စစ်ကိုင်းတိုင်း)
09420029063

ပြည်သူ့အင်အားစုများဖုန်း၊
09420787366
0933098204
0973023157
0931383860

No comments:

Post a Comment