Wednesday, December 30, 2015

စွန့်စားရဲခြင်း

လမ်းပြကြယ် ဘချစ် to ကမ်းလက်များ (BEACON )

လောကတွင် ကြီးကျယ်သော အရာမှန်သမျှ အန္တာရာယ်ကင်း ၊ ဘေးရှင်း ရရှိရိုးထုံးစံမရှိပေ။

+++++ အခန်း ( ၁ ) +++++
မိုးသည် အငြိုးတကြီး ရွာချနေ၏။ ဝေါကနဲ ၊ ဝေါကနဲ ရွာချနေသောမိုးကြောင့် ရွှံ့ဗွက် ထူသောလမ်းမပေါ်
ဖြတ်လျှောက်ရမှာတွေးမိရင်း “ ဟင်း ” ခနဲ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သီတင်းကျွတ်လပြည့်ခါနီး
သဲသဲမဲမဲ ရွာနေသောမိုးကို စိတ်ထဲမှ အပြစ်တင်မိ၏။ မိုးသက်လေတစ်ချက် အဝေ့မှာ ပါလာသော ချဉ်စုတ်စုတ်၊ ပုပ်အဲ့အဲ့ အနံ့ဆိုးက နှာခေါင်းထဲဝင်လာသည်။ အဆောင်မျက်စောင်းထိုး မှာ ရှိနေသော အမှိုက်ပုံက အနံ့များ ဖြစ်မည်။

ကျွန်ုပ်နှင့်ကျိန်စာလွှမ်းသောည (မင်းဒင်)

မင်း ဒင်

(တစ်)
“သေချင်းဆိုးမဲ့မသာတွေ၊ထန်းပင်လုံးလောက်ရှိတဲ့မြွေပွေးအကောင်တစ်ရာ
တပြိုင်တည်းကိုက်ပြီးကာလနာတိုက်ကြပါစေဗျာ။ကာလဝမ်းလျှောပြီး၊
မသာပေါ်မဲ့လူ့ပေါက်ပန်းတွေ။တိုင်းပြည်မွဲလွန်းလို့၊နောက်တက်မဲ့
လူသစ်တွေက၊လစာအဖြတ်ခံကြမဲ့အချိန်မှာ၊ဒင်းတို့က၊နေရာဖယ်ပေးခဆိုပြီး၊
မသာပါးစပ်ထဲကနေ၊ကူးတို့ခကိုဇွတ်နှိုက်ယူနေကြပြန်ပြီ။အရိမေတ္တေယျ
ဘုရားကိုမဖူးကြရပါနဲ့ဗျာ”

တစ်နေ့ ပြန်လာကြမယ်လို့ဘဲ မထင်ကြနဲ့ဗျာ။


တရုပ်မယားဖြစ်ရမဲ့ မြန်မာအမျိုးသမီးတွေ ငွေရမယ်၊ တစ်နေ့ ပြန်လာကြမယ်လို့ဘဲ မထင်ကြနဲ့ဗျာ။
အခုသတင်းမှာဘဲ တရုပ်နဲ့လက်ထပ်သွားတဲ့ ဗီယက်နမ်အမျိုးသမီး(၁၀၀) ပျောက်နေတယ်ဆိုပါတယ်။
တရုပ်နဲ့ အိန္ဒိယတို့ဟာ ကျောက်ကပ်၊ အသည်း၊ နှလုံး၊ မျက်စေ့၊ အဆုပ်စတဲ့ လူသားခန္ဓာကိုယ်တွေကို လူဆိုးဂိုဏ်းတွေက နည်းမျိုးစုံနဲ့ တရားမဝင် (Human Organ Trafficking) ရယူပြီး အစားထိုး ကုသနေတဲ့လုပ်ငန်းကြောင့် ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတာ ကြာလှပါပြီ။

သားအတွက်အဖေ့ရဲ့အကြံပြုချက်

အချစ်နှင့် အိမ်ထောင်ရေး

ငါ့သား
အိမ်ထောင်ဖက်ရှာနေတယ်ဆိုရင်မိန်းမတွေရဲ့ရင်သားနဲ့ တင်ပါးအရွယ်အစားအတွက်မင်း စိတ်မပူပါနဲ့ ။နှလုံးသားနဲ့ ဦးနှောက်အရွယ်အစားအတွက်ပဲ စိတ်ပူပါ။
သူမရဲ့ ချစ်မေတ္တာနဲ့ သည်းခံစိတ်အရွယ်အစားအတွက်ပဲ စိတ်ပူပါ။
နောက် ၅ နှစ် ၁၀ နှစ်ကြာပြီးတဲ့အခါရင်သားနဲ့ တင်သားတွေကပြောင်းလဲ သွားလိမ့်မယ်။

ကျွန်ုပ်တို့ အဘယ့်ကြောင့် ပျော့ညံ့ခဲ့ကြသနည်း

အနုရက္ခိတ
Byဗညားလှိုင်ဦး
On Thu, 2015-12-24 06:30Issue No.No.957 Thursday, December 24, 2015
မကြာမီမှာ ၂၀၁၅ ဆို တဲ့ နှစ်ဟောင်းကို ထားရစ်ခဲ့ပြီး ၂၀၁၆ ဆိုတဲ့နှစ်သစ်ထဲကို ကူးပြောင်းဝင် ရောက်တော့မှာ ဖြစ်ပါတယ်။ နှစ် သစ်ကိုရောက်ရှိတိုင်း ကမ္ဘာပေါ် မှာရှိတဲ့ လူသားအားလုံးဟာ အ သက်တစ်နှစ်ပိုကြီးလာကြသလို အတွေ့အကြုံ၊ အတွေးအခေါ် တွေလည်း ပိုမိုရင့်ကျက်လာကြ မှာ ဖြစ်ပါတယ်။

တစ်ကိုယ်ရည် သန့် ရှင်းခြင်း နှင့် ကျန်းမာရေး

နည်းစနစ်ကျကျအတွေးအခေါ်

ကျန်းမာရေးကောင်းမွန်ခြင်း နှင့် ချို့ တဲ့ခြင်းသည့် မိမိကိုယ်ကိုယ် သန့် ရှင်းစွာနေထိုင်ခြင်း ၊ စားသောက်ခြင်းတို့ အပေါ် တွင်ရာ ခိုင်နှုန်းအတော်များများ အကျိုးသက်ရောက်မှု့ များရှိပါသည် ။
တစ်ချို့ ဆိုလျှင်ကျန်းမာရေး အသိပင်ရှိပင်ငြားလည်း လုပ်ဆောင်ရန်
ပျင်းခြင်း ၊ ပေါ့ပေါ့ပါးပါး နေထိုင်ခြင်းတို့ ကြောင့် ကျန်းမာရေးချို့  တဲ့ခြင်းအကျိုးဆက်များရရှိလာပါတယ် ။ အသိမရှိလို့ ဆိုတာကို လက်ခံနိုင်ပေမဲ့ အသိရှိပြီး ပြု့ မှု့ နေထိုင်ခြင်းသည်အလွန်ပင်ဆိုး
ရွားပါတယ် ။

အမျိုးသမီးလိင်လုပ်သားနှင့် HIV

Yangon Media Group
ချစ်မင်းထွန်း

အင်္ကျီအဝါရောင်နှင့် ထဘီအနီ၊ နက်အကျား ကို ဝတ်ဆင်ထားသော
အသက် ၄ဝ ဝန်းကျင်အရွယ် အမျိုးသမီး တစ်ဦးသည် ထိုင်ခုံလေးတစ်လုံးပေါ်တွင် ထိုင်လျက်ပြုံးနေသည်။ သူ၏အပြုံးသည် ဟန်ဆောင် အပြုံးမဟုတ်ဘဲ ပကတိအပြုံး သာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည်ဟန် ဆောင်အပြုံးများနှင့် ဟန်ဆောင်စကားများကြားမှာ နှစ်အတော် အတန်ကြာ ဖြတ်သန်း လာခဲ့ခြင်းကြောင့် ဟန်ဆောင်မှုကို လိုလား နှစ်သက်ပုံမရပေ။

ဒီနေ့ အကြိုက်ဆုံး Post

Myo Thet Swe

" တောက်... ကွာ "
" ဘကြီး.. ဘာဖြစ်နေတာတုန်းဗျ၊ တက်တွေဘာတွေခေါက်လို့ပါလား "
" လွှတ်တော်အမတ်ပြုတ်တွေ ပင်စင်တောင်းတယ်ဆိုတဲ့ကိစ္စပေါ့ကွာ "
" အဲဒါ ဘာဖြစ်လို့တုန်းဗျ၊ ပေးသင့်တယ်မဟုတ်ဘူးလား "
" ဟ.. သောက်သုံးမကျလို့ အိမ်ပေါ်ကနှင်ချပါတယ်ဆိုမှ အမွေတောင်းချင်လို့ရမလားကွ "
" သူတို့လည်း ငါးနှစ်တောင် တာဝန်ကြီးတွေ လုပ်ထားခဲ့ကြတာပဲဗျာ၊ ဆုကြေးအနေနဲ့တော့ ပေးသင့်ပါတယ်

ကျွန်မ ဧည့်လမ်းညွှန် အခန်း (၁၁)

"မစပယ်၊ဗေဒါမ"
==========
၂၀၀၂ ခုနှစ်၊ဒီဇင်ဘာလ
"ကဲ..မြန်မာပြည်မှာ ဈေးကွက်တင်လို့မရတဲ့၊ပစ္စည်းအမျိုးအစား တစ်မျိုးကို တစ်ယောက်ယောက် ပြောပြနိုင်မလား.."
………..
ရန်ကုန်စီးပွားရေးတက္ကသိုလ် ပတ္တမြားဆောင်၏၊ eMBA စာသင်ခန်းထဲမှာဖြစ်လေ၏။

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း

နည်းစနစ်ကျကျအတွေးအခေါ်

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်းမှာ မြတ်စွာဘုရားသည် ကောင်းသောသဘာဝတရားများ နှင့် မကောင်းသော သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။
ထိုကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့က ဆရာအဖြစ်မှတ်ယူသည်။ ဆရာအဖြစ် မှတ်ယူကာ ကျေးဇူးတင်သည့် အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။ မြတ်စွာဘု၇ားကို ကြောက်၍ ရှိခိုးခြင်းမဟုတ်ပါ။ ရှိမခိုးဘဲ နေလိုက နေနိုင်သည်။

သစ်ထူးလွင်သတင်းစုစည်းမှု (၃၀-၁၂)

သစ်ထူးလွင်


Thursday, December 24, 2015

** လောကကို အလှဆင်တဲ့ သီချင်းများ **

Music Crazy Te Te Tar Tar

ခေတ်အဆက်ဆက် ထင်ရှားခဲ့တဲ့ အနုပညာရှင်တိုင်းဟာ ပြည်သူလူထုကို မျက်စိဖွင့် နားဖွင့်ပေးနိုင်တဲ့ အနုပညာရပ် တွေကို ပုံသဏ္ဌာန်မျိုးစုံ၊ အကြောင်းအရာ မျိုးစုံ ဖန်တီး ပုံဖော်ပေးခဲ့ကြ ပါတယ်။ အနုပညာလောက နယ်ပယ် အသီးသီးကနေ သူ့နယ်ပယ် အလိုက် လူထုကို အလျင်မြန်ဆုံး ထွင်းဖောက်ရောက်ရှိ နိုင်တာကတော့ ဂီတသံစဉ်တွေနဲ့ ရစ်ဖွဲ့ထားတဲ့ အကျိုးပြု သီချင်းတွေပဲ ဖြစ်မယ် ဆိုရင် လွန်မယ် မထင်ပါဘူး။ ဆရာကြီးမြို့မငြိမ်း ဖန်တီးရေးစပ်ခဲ့တဲ့ လူချွန်လူကောင်း အကျိုးပြုသီချင်းဟာ ခုချိန်ထိ လူထုကို အကျိုးပြု နေဆဲပဲ ဖြစ်ပါတယ်။

Blood donation rules သွေးလှူခြင်းဥပဒေသများ

Tint Swe


ဆရာမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေရှင်။ ကျမအသက် ၃၂ နှစ်ထဲမှာပါ။ သွေးလှူတာ ၄ လ တစ်ကြိမ်ခြား ၃ ခါဆက်တိုက် ရှိပါပြီ။ မိန်းကလေးတစ်ယောက်အနေနဲ့ ၄ လတစ်ကြိမ် သွေးလှူခြင်းကို ဆက်တိုက်လုပ်သွားမယ်ဆိုရင် ဖြစ်ပေါ်လာမည့် အားနည်းချက် အားသာချက်များကို သိချင်ပါသဖြင့် လေးစားစွာဖြင့်မေးမြန်းအပ်ပါသည်ဆရာ။
ထိခိုက်ဒဏ်ရာလူနာ၊ အကြီးစားခွဲစိတ်လူနာ၊ မီးလောင်လူနာ၊ Haemophilia သွေးရောဂါလူနာ၊ သွေးအားနည်းလူနာ၊ စသူတွေဟာ ၂၄ နာရီမပြတ်ရှိနေတာမို့ ဆေးရုံ-ဆေးခန်းတွေမှာ သွေးလှူမဲ့သူဆိုတာ အမြဲလိုအပ်နေတာပါ။

ဖားကန့်ကိစ္စမှာ ဘယ်သူ့မှာ တာဝန်ရှိတာတဲ့လဲ..(ဟာဂျူလီ-ကသာ)

Than Htike

ကျောက်မျက်တူးဖော်ရေးနှင့် သတ္တုတွင်းကြီး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရ လုံးခင်း/ဖားကန့်နယ်မြေမှာ
တူးဖော်ရေးကုမ္ပဏီပေါင်း ၆၂၇ခု ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၀၀၊ လုပ်ကွက် ဧရိယာပေါင်း
၂၂၅၀၀၀ လုပ်ခွင့်ပြုထားပါသတဲ့၊
ကညနကလည်း ထုတ်ပြန်ကြေညာပါတယ်၊ ယာဉ် ယန္တယားပေါင်း ၈၈၀ လိုင်စင်ရှိပါသတဲ့၊
ဒီဝန်ကြီးဌာနရဲ့ အချိုးကို ချကြည့်လိုက်ကြရအောင်..၊

ဘကြီးဘုန်းကြီးအစစ် (ခေါင်းစဉ်ပြောင်းသည်)


တရုတ်နာရီနှိုးစက်ကြောင့် ဘကြီးဘုန်းကြီး အိပ်ရာက နိုးလာသည်။
ဘကြီးဘုန်းကြီးက မဟုတ်တရုတ်လုပ်ချင်
လုပ်တတ်သော်လည်း ကုလားသေကုလားမောတော့ မအိပ်တတ်ချေ။

ယိုးဒယားကြွေခွက်တွင် မျက်နှာသစ်လိုက်၏။
ကုလားပြည်ကလာသော တမာသွားတိုက်ဆေးဗူးကို ညှစ်ကာ တရုတ်သွားတိုက်တံဖြင့် သွားတိုက်၏။

#‎ပုခက်လွှဲသောခင်ကြည့်လက်‬

 

ခင်ကြည်လေ
မောင်စစ်သားကြီးကိုဆုံးရှုံးခံရပြီးထဲက
ဘာမဆို ရင်ဆိုင်ဖို့ဆုံးဖြတ်ထားတာရှင့်
ခင်ကြည့်မှာ ခင်တွယ်စရာဆိုလို့ သားနဲ့သမီးရယ်
မောင်ခေါင်းချသွားတဲ့ ဗမာပြည်ရယ်ပဲရှိတာပါ

ကမ္ဘာကို စိုးရိမ်မှူပေးလိုက်တဲ့ ဘေဂျင်း ၂၀၀၈ ပန်းချီကား

Today Myanmar

တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။
ပုံထဲမှာ ကျောကိုဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက်နေသူလေးကတော့ ဂျပန်ပါတဲ့။ ည၀တ်အကျီင်္နဲ့ ခေါင်းကို နောက်လှန်ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာလဲလျောင်းနေတာကတော့ရုရှားမိန်းကလေးဖြစ်ပါတယ်။

အချစ်စစ်နဲ့ အိမ်ထောင်ဖက် (၂)


ကျွန်မရဲ့ ဒီခံစားချက်တွေက လွန်လေပြီးသောအခါက ခံစားချက်တွေလေ။ အဲဒီအချိန်တုန်းက ကိုယ်ခံစားရတာတွေကို အမှတ်တရအနေနဲ့ တချက်ချင်း ချရေးခဲ့တာပေါ့။ဒီလောက်ချစ်တတ်ရက်နဲ့ကိုယ်ချစ်တဲ့သူနဲ့ဘာကြောင့် ကွေကွင်းရတာလဲ။ တဖက်သတ်အချစ်ကြောင့်ထင်ရင်မှားမယ်နော်။ နှစ်ဦးသဘောတူ အရူးအမူး ချစ်ခဲ့ကြတဲ့ အချစ်ဦးတွေပါ။
ဒါဆို ကျွန်မကကြည့်ပျော်ရှုပျော်မရှိတဲ့ရုပ်ရည်မို့ ပစ်သွားတာလား တွေးစရာပဲ။

တစ္ဆေကို မီးဖုတ်စားသော လယ်သမား

နည်းစနစ်ကျကျအတွေးအခေါ်

အလောင်းမင်းတရား လက် ထက်တွင် အတုလ ဆရာတော် ဟူ၍ ထင်ရှားသော ဆရာတော်၏ ဇာတိ၊ ဥသျှစ် ကျေး ရွာမှ ငချမ်းကောင်း ဆို သူ၏ ဖြစ်ရပ် သည်လည်း စိတ်ဝင်စားစရာ ကောင်းသည်။
ငချမ်းကောင်းသည် လယ်သမား၊ ယာသမားဖြစ်သည်။ မယားမိအေးညိုနှင့် အတူ ဥသျှစ်ကုန်းရွာ မှာ နေထိုင်သည်။ ငချမ်းကောင်း မှာ တောလုံးမွှေးနှင့် တွေ့မရှောင်ခေါ် အမဲလိုက်ခွေးနှစ်ကောင်ရှိသည်။ ထိုခွေးများသည် ဒရယ်၊ ယုန်တို့ကို မဆိုထားနှင့်။ ကျားသစ်ကိုပင်သေ အောင် ခံကိုက်နိုင်သော အစွမ်းရှိ သည်။

ရဟန်းတော်များ နေ့လွဲညစာ မစားရခြင်းအကြောင်း

ဗဟုသုတ ဟင်းပေါင်းအိုးကြီး

ရဟန်းတော်များအဖို့ အစားအစာကို ဘုဉ်းပေးသုံးဆောင်တဲ့နေရာမှာ အစားအစာ အတိုင်း အတာကိုရော၊ ကိုယ့်ဝမ်းအတိုင်းအတာကိုရော သိရှိပြီးသကာလ ဘုဉ်းပေး သုံးဆောင် ရပါတယ်။ မိမိရဲ့ သပိတ်၊ ပန်းကန်ထဲကို ကုန်နိုင်သလောက်သာထည့်ပြီး ထည့်သလောက် ကုန်အောင် ဘုဉ်းပေးသုံးဆောင်ရပါတယ်။ အစားအစာကို ဆေးအဖြစ်မှတ်ယူပြီး အစာလည်းဆေး ဆေးလည်း အစာဖြစ်အောင် ဘုဉ်ပေးသုံးဆောင်ရပါတယ်။

မကျွေးချင်ရင်မပြပါနဲ့

Tin Myo Tun

မူလတန်းကျောင်းတစ်ကျောင်းတွင်ဖြစ်သည် ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦး စကားပြောနေသည်ကို ဆရာမ ဘေးမှခြောင်းပြီး နားထောင်နေသည်။
ကျော်ကျော်ရေ ။ဒီမှာကြည့်ပါ့အုံး။ ငါ့အိမ်ကပေးလိုက်တာ။ ပန်းသီးတစ်လုံး။

 အရမ်းစားလို့ကောင်းမှာပဲဟဲ့ ။"
 ငါ့ကိုလဲ တခြမ်းကျွေးပါ့လား ။ မြင့်မြင့်ရယ် ။ ငါလဲ စားချင်လို့ပါ ။

လက်ဖက်သုတ်ထဲမှ ကျန်းမာရေးဆိုးဝါးစွာထိခိုက်စေမည့် ပဲကြမ်းကြော်အန္တရာယ် နှင့် လက်တွေ့စမ်းသပ်ချက်

အမျိုးသမီးနှင့်ကျန်းမာရေး


မြန်မာနိုင်ငံသားမှန်ရင် လဖက်သုတ်မကြိုက်တဲ့သူ မရှိသလောက် ရှားပါလိမ့်မယ်။ကျွန်မတို့အိမ်မှာလည်း လဖက်နဲ့ ပဲကြမ်းကြော် မပြတ်သလောက်ကိုဝယ်ပြီးထားတတ်ပါတယ်။
ဟိုတစ်လောက FB ပေါ်မှာ တစ်ချို့ဆိုင်က အီကြာကွေးတွေနဲ့၊ လဖက်နဲ့စားတဲ့       ပဲကြမ်းကြော်တွေကို ရေရှည်ကြွတ်ရွစေဖို့ ရေသန့်ဘူးခွံတွေထည့်ကြော်တယ်ဆိုတာ ဖတ်လိုက်ရပေမဲ့ အမှုမဲ့ အမှတ်မဲ့ နေပြီး လဖက်သုတ်ကို နှစ်သက်စွာဆက်ပြီး စားနေခဲ့ပါတယ်။

ဆုတောင်းခြင်း

 (၁) ငါသည် ဘဝဆက်တိုင်း ဒေါသ မရှိသူ ဖြစ်ပါရစေ။
(၂) ငါသည် ဘဝဆက်တိုင်း လောဘ မရှိသူ ဖြစ်ပါရစေ။
(၃) ငါသည် ဘဝဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ။
(၄) ငါသည် ဘဝဆက်တိုင်း အချစ်မရှိသူဖြစ်ပါရစေ။
(၅) ငါသည် ဘဝဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ။

ဒင် ထရပ်အင်အန်ကယ် နှင့်အုတ်ကျင်းအလွန်ညတစ်ည (မင်းဒင်)

မင်း ဒင်


(တစ်)
(၂၀၁၅)နိုဝင်ဘာရွေးကောက်ပွဲအပြီးသတ်ရလာဒ်များထွက်ပေါ်လာချိန်မှစ၍၊
ယူကြုံးမရအပူလုံးကြွကာ၊စားမဝင်အိပ်မပျော်ရှိခဲ့သောကျွန်ုပ်သည်
၊တောင်ကြံမြောက်ကြံပူပန်ရင်း၊ အိပ်၍မပျော်သောညများကိုဖြတ်ကျော်နေ
ရသည်မှာ၊ကြီးစွာသောဒုက္ခဆင်းရဲခြင်းပေတည်း။
လွန်ခဲ့သောဆယ်ရက်ခန့်၊တစ်ခုသောညတွင်မူ၊စက်လည်းပျော်ပါနိုင်သော
ကျွန်ုပ်သည်အိပ်ခန်းပြူတင်းဝဆီမှနေ၍ ထက်ကောင်းကင်တွင်
ထိန်ထိန်သာလျက်ရှိသည့်ဖိုးလမင်းကြီးကိုငေးမျှော်ကြည့်နေစဉ်၊

သင်္ကမနဗေဒ ရဲ့ သွားရာလမ်း (၃)

Nyo Tun·


သင်္ကမနဗေဒ (ဝါ) ဒီမိုကရေစီ အကူးအပြောင်းဗေဒမှာ ပညာရပ်ရဲ့ အတွေးအခေါ်ဆိုင်ရာ အခြေံမူဘောင် မှာကိုက ချွတ်ချော်မှားယွင်းနေတဲ့ အချက်ငါးချက်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ပထမတချက်ကတော့ ကိုယ့်ဟာကိုယ် ‘ဒီမိုကရေစီ’ တံဆိပ်ကပ်ပြီး ဘာမဆိုကို ဒီမိုကရေစီ ဖြစ်စဉ် ဆိုပြီး လုံးချတဲ့ ကိစ္စ ဖြစ်တယ်။ ဒုတိယတချက်ကတော့ တခြားမဟုတ်ပါဘူး၊ ကျနော် မကြာခဏ သတိပေးခဲ့တဲ့၊ ‘၂၀၈၄’ မှာလည်း ဖော်ပြခဲ့တဲ့ sequencing အယူအဆပါ။ သမိုင်းဆိုတာ မဟာ့မဟာ အဆင့်ကြီးတွေ တဆင့်ပြီး တဆင့် တိုးတက်ပြောင်းလဲ ဖြစ်ပေါ်တယ်ပေါ့။ ကမ္ဘာလောကကြီး တခုလုံးရဲ့ ဘာမဆိုဟာ သမိုင်းကြီးရဲ့ နောက်ဆုံးအဆင့်ကို ရောက်ကို ရောက်ရမှာပဲပေါ့။
သည် ဒုတိယအယူအဆ က ဘယ်လိုပြောလဲဆို ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်တွေဟာ အဆင့်လိုက် တဖြည်းဖြည်းချင်း ပေါ်ပေါက်လာပြီး အရာရာဟာ ရှင်းလင်းလို့သာ လာသွားမှာ ဖြစ်တယ်။

အစိုးရ ဘာလုပ်သင့်သလဲ

BrainWave ဉာဏ်လှိုင်း

ဒီနေ့ ထိုင်းတရားရုံးကနေ လိပ်က္ဈန်း လူသတ်မှု နဲ့ ပါတ်သက်ပြီး စွပ်စွဲထားတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ ဦး ဖြစ်တဲ့ ဇော်လင်း နဲ့ ဝေဖြိုး တို့ကို သေဒဏ် စီရင်ချက် ချလိုက်ကြတယ်။
အမှနိတကယ် အပြစ်ကျူးလွန်မှု ရှိမရှိ ဆိုတာ.ဘယ်သူမှ အတိအကျ မပြောနိုင်ခဲ့တဲ့ အမှုမျိုး ရောက်သွားခဲ့ရပါတယ်။ ဒါဟာလည်း ထိုင်း ရဲ တပ်ဖွဲ့နဲ့ တရားရုံးစနစ်ရဲ့ အမှုကို အလွဲလွဲ အချောချော ကနဦးကတည်းက ကိုင်တွယ်ခဲ့လို့ ဖြစ်ပါတယ်။

လူငယ်တွေ ၂၀၁၅အလွန် ပြင်ဆင်ထားဖို့


ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့ပြီး အခု အစိုးရသစ်ရယ်လို့တောင် မဖွဲ့ရသေးတဲ့အချိန်မှာကိုပဲ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ အများကြီးထပ်ဝင်လာဖို့ တာစူနေကြတာကို တွေ့ရမှာပါ။
နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ဒီထက် ပိုဝင်ဆံ့လာဖို့ ရှိနေပါတယ်။ ဒီလိုမျိုး အခွင့်အလမ်းတွေ များလာတော့မဲ့အချိန်မှာပဲ တစ်ဖက်မှာလည်း စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှုတွေက ကပ်ပါလာတော့မှာပါ။
ဒီအတွက် ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ။

Dry lips နှုတ်ခမ်းခြောက်နေလို့ပါရှင့်

Tint Swe

၁။ နှုတ်ခမ်းအရေခွံတွေ ခြောက်ပြီးကွာကွာနေတာကိုလည်း ဘာဆေးများလိမ်းပေးရမလဲဆိုတာ ဆရာအားလပ်တဲ့အခါ ဖြေကြားပေးစေလိုပါတယ်။ နှုတ်ခမ်းနှစ်ခု အထိများတဲ့ နေရာတွေမှာ ကွာတာပါ၊ ၁ ပတ် ၁ ခါ လောက်ကို ကွာပါတယ်။
၂။ ဆရာ ကျွန်မနှုတ်ခမ်းက အဖတ်တွေလန်ပြီး အမြဲခြောက်နေပါတယ်။ သံလွင်ဆီတွေလိမ်းလဲမရဘူးဆရာ။ ကြည့်မကောင်းရူမကောင်းဖြစ်နေလို့ပါ။ ဘယ်လိုလုပ်သင့်ပါသလံ ဆရာ။

မေတ္တာတွေသာ ပို့လိုက်ပါ

Tin Nyunt

ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မြို့သစ်အလယ်တန်းကျောင်းလေးက ဒီနှစ်လည်း ထုံးစံအတိုင်း ဆရာကန်တော့ပွဲဆိုပြီး လှမ်းဖိတ်တယ်။ အဲဒီ မြို့သစ်ကျောင်းလေးကို ကွင်းပြင်ကြီးကတည်းက လေးတိုင်စင် ထောင်ပြီး ကျောင်းသားတွေ လက်ခံရတဲ့အထဲမှာ ကျွန်တော်လည်း ပါခဲ့တယ်။
မိုးထဲလေထဲ ရွှံ့ထဲ ဗွက်ထဲကနေ ကျောင်းလေးတစ်ကျောင်းဖြစ်အောင် မြို့သစ်ကြီးနဲ့အတူ ထူထောင်ရပြီး ထရံကာ တောင်ထန်းမိုးကျောင်းလေးဟာ ခုဆိုရင် အထက်တန်းကျောင်းကြီးတောင်ဖြစ်သွားပြီးလို့ သတင်း ကြားလိုက်ရလို့ ဝမ်းမြောက်မိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈ နှစ်လောက်ကတည်းက ဆိုးတူကောင်းဘက် လက်တွဲလုပ်ခဲ့ကြတဲ့ ဆရာ ဆရာမတွေ အဲဒီကျောင်းမှာ ရှိနေသေးတယ်ဆိုတော့ ပိုပြီးတော့ ဝမ်းမြောက်မိ တယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ဘာသာရေးအမြင်နှင့် ၀ိပဿနာ သတိပဌာန်ရှုမှတ်ပုံ

Than Min KyawFollow

{အောက်ပါ Status ကို "ဓမ္မဂင်္ဂါ" ရေးသားသော "‪#‎အောင်ဆန်းစုကြည်‬ သို့မဟုတ်#ဗုဒ္ဓဘာသာသူရဲကောင်း"စာအုပ်မှ (Burma Project USA) ကို တည်ထောင်သူ ဒီမိုကရေစီရေးကျွမ်းကျင်သူ မြန်မာပြည်တွင် ရဟန်းဘ၀ဖြင့် ၈ နှစ်ကြာ နေထိုင်ခဲ့ဖူးသည့် ‪#‎အလန်ကလီးမင့်ထ်နှင့်ဒေါ်အောင်ဆန်းစုကြည်‬ တို့၏ 1997 မှ ဆွေးနွေးပြောဆိုချက် တချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်}

Wednesday, December 16, 2015

#‎ဘီးကျဲ‬

Zaw Min Latt



ပထမဆုံး အနေဖြင့် ဘီးကျဲဆိုသောအဓိပ္ပါယ် အား အရှင်ရှင်းပါမည် ......
ယောင်္ကျားလေး အိမ်ထောင်မရှိသူ လူလွတ် များအား အသက် ၃၀ မှစ၍ ဘီးကျဲ စားရင်းစတင်သွင်းနိုင်ပါသည် ။
ဘီးကျဲဖြစ်စေရန် ....
ငွေကြေး သို့မဟုတ် ရာထူး ပညာ တစ်ချက်ချက် ရှိရမည်ဖြစ်သည် ......

ဟိုက်ဒြိုဂျင်ဗုံး

Lwin Pyin
 
ဟိုက်ဒြိုဂျင်ဗုံးဆိုတာဘာလဲ!
အခြေခံအားဖြင့် နျူကလီယာဗုံး (၂) မျိုးရှိပါတယ်။ ဟိုက်ဒြိုဂျင်ဗုံး
နဲ့  အက်တမ်ဗုံး။ သည်နှစ်မျိုးရဲ့အခြေခံကွာခြားချက်ကတော့ အက်
တမ်ဗုံးက Fission ကိုအခြေခံပေါက်ကွဲပြီး ဟိုက်ဒြိုဂျင်ဗုံးက Fusion
ကိုအခြေခံပေါက်ကွဲခြင်းပါ။

ကုပ်ရိုးကျီးပေါင်းတက်ရခြင်းအကြောင်း

ကျန်းမာရေးအတွက်ဆေးတစ်ခွက်

ကုပ်ရိုးကျီးပေါင်းမတက်စေချင်ရင်တော့ အနေအထိုင်သတိထားရပါလိမ့်မည် ဒီလိုရောဂါမျိုးတွေဟာ အသက်အရွယ်လေးရလာပြီဆိုရင် ဇာတိပြလာတက်သော ရောဂါမျိုးလည်းဖြစ်ပါတယ် ဒါကြောင့် အဲဒီရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ချင်ပါတယ်ဆိုရင်တော့ ရာနှုန်းပြည့်ကြိုတင်ကာကွယ်လို့ မရသောရောဂါမျိုးလည်းဖြစ်ပါတော့တယ် ။
ကာကွယ်နိုင်သည့်သဘောကတော့ လည်ပင်းညောင်းလာလျှင် ဦးခေါင်းကို တဖက်စီအသာရာ လှည့်ချိုးပေးပါ။

'My Heart Will Go on…"


Every night in my dreams
ညစဉ် ညတိုင်း ငါ့အိပ်မက်ထဲမှာ
I see you, I feel you
မင်းကိုမြင်ပြီး ထိတွေ့ခံစားရတယ်
That is how I know you go on.
ဒါ့ကြောင့် မင်းရှင်သန်နေတယ်ဆိုတာ ငါသိတာပေါ့

အချစ်စစ်နဲ့ အိမ်ထောင်ဖက် (၁)


သမီးရည်းစားအဆင့်မှာတောင် မပျော်ရွှင်ရရင် ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို သူနဲ့ထူထောင်နိုင်ပါ့မလား။
ကျွန်မခံစားခဲ့ရဖူးတဲ့ အချစ်စစ်ကို မျှဝေလိုက်မယ်နော်။ ဘယ်ဝတ္ထုစာအုပ်ကမှ ကူးချထားတာမဟုတ်ဘူး။ ကိုယ်တိုင်ခံစားရချိန်တွေမှာ အမှတ်တရဖြစ်အောင် ချရေးခဲ့တဲ့ တချိန်က မှတ်တမ်းတွေပေါ့။ ဘဝမှတ်တမ်းတခုအဖြစ် အမှတ်တရ သိမ်းထားဆဲလေ။
အချစ်ဆိုတာ ကိုယ်ကခိုင်းစေလို့မရဘဲ ကိုယ့်ကိုသာ အမျိုးမျိုး ခိုင်းစေသွား တာပါ။

ခုမှတွန်းကြရတော့မှာ

Tin Nyunt


ဟားဗတ်ဆေးတက္ကသိုလ် သုတေသီတွေက နိုင်ငံတော် သမ္မတနဲ့ ဝန်ကြီးချုပ်ရာထူးတွေကို ထမ်းဆောင်နေရတဲ့ သူတွေဟာ ပုံမှန်ထက် သက်တမ်း သုံးနှစ်စောပြီး သေကြရတယ်လို့ သူတို့သုတေသန ပြုလုပ်ထားချက်တွေကို ထုတ်ပြန်သွားပါတယ်။
တိုင်းပြည်အတွက် အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်နေကြရတဲ့ အမေရိကန်သမ္မတတွေဟာ ပိုပြီးတော့ အိုမင်းရင့်ရော်မှုများတယ်လို့ဆိုတယ်။ အိုဘားမားကိုပဲကြည့်။ သမ္မတ စဖြစ်ကာစနဲ့ နောက်ပိုင်းကာလ သိသိသာသာ အသက်တွေကြီးလာသလို ဖြစ်တာကို သတိထားမိတယ်။ ထူးခြားတာက အိုဘားမားဟာ ဆံပင်တွေ ဖြူလာတာကို ဖြူလာတဲ့အတိုင်း ဒီအတိုင်းနေတဲ့ ဆေးမဆိုးတဲ့သမ္မတအဖြစ် နာမည်ကျော်တယ်။ သူက သဘာဝသမားဆိုတော့ အလှအပတွေလည်း သိပ်ဂရုထားတာ မတွေ့ရဘူး။

ဖေ့ဘုတ်ကအန်တီလေးတို့ အပျိုကြီးဖြစ်ရခြင်း ကျွန်တော့်တွေ့ရှိချက်များ . . . !

ကို လင်း with Shwe Yone.

၁ - ပွင့်လင်းဖော်ရွေခြင်း
ယောက်ျားလေးအများစုဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မိန်းကလေးတွေကို ချစ်သူအဖြစ်ထက် သူငယ်ချင်းအဖြစ်ပိုလိုချင်ကြတယ်။
( အဲ့မှာ သတိပြုစရာရှိတယ် ချစ်သူဆိုတာကိုထက် သူငယ်ချင်းဆိုတာကို ပိုတန်ဖိုးထားတတ်ကြတာ ယောက်ျားလေးတွေစရိုက်ဆိုတာပဲ )

သောမက်စ် အက်ဒီဆင်ရဲ့ အမှန်တကယ် အဖြစ်အပျက် ဇာတ်လမ်း


တစ်နေ့မှာတော့ သောမက်စ် အက်ဒီဆင်ဟာ အိမ်ပြန်ရောက်လာပြီး သူ၏ မိခင်ကို စာတစ်စောင် ပေးလိုက်တယ်။
"အမေ ဆရာမက အမေ့ကို စာတစ်စောင် ပေးလိုက်ပါဆိုလို့ ကျွန်တော် ပေးတာပါ"
အမကေလည်း ဆရာမ ပေးလိုက်တဲ့ စာကို ဖတ်ပြီးတော့ မျက်ရည်ကျနေတယ်။ မင်းရဲ့သားက အရမ်းကို ဥာဏ်ထက်မြက်တယ်။ ဒီကျောင်းမှာက သူ့ကို သင်ပေးနိုင်မယ့် ဆရာ မရှိသေးပါဘူး။ ဒါကြောင့် မင်းကိုယ်တိုင်ပဲ မင်းရဲ့သားကို သင်ပေးပါ။

မောင်ဝါဝါနှင့် ဘားဂလစ်ရှ်

- သူရဿဝါ -
.
လေးစားရသော စာရေးဆရာ၊ အဆိုတော်၊ သရုပ်ဆောင် မင်းသားကြီး ဦးသုမောင်၏ စာတစ်ပုဒ် (ကွမ်းစကား ဖြစ်မည် ထင်သည်) ထဲတွင် ဖတ်ခဲ့ဖူးသည်။ မြန်မာပြည်၏ အင်တာနက် ခေတ်ဦးတွင် လူငယ်များ အင်္ဂလိပ် စာလုံးများကို မြန်မာအသံထွက်ဖြင့် တီထွင်ပြီး ရေးကြသည့် အကြောင်းကို ဦးသုမောင်က ချီးကျူး ထားခြင်း ဖြစ်သည်။ မြန်မာစာ လက်ကွက်ဖြင့် စာရိုက်ရန် မဖြစ်နိုင်သေးသည့် အချိန်တွင် ကြံကြံဖန်ဖန် တီထွင်ဥာဏ်ဖြင့် ထိုသို့ ရေးသားခဲ့ကြသည်မှာ လူငယ်တို့၏ ချီးကျူးစရာ တီထွင်မှု ဖြစ်သည်ဟု ဆို၏။ ကျွန်တော် ကိုယ်တိုင်လည်း သဘောကျသလို အနည်းနှင့်အများ သုံးစွဲခဲ့ဖူးပါသည်။
.
ထိုသို့ တီထွင် ရေးသားခဲ့ကြရုံမျှမက ထိုရေးသားခြင်း အတတ်ကိုပင် Myanmar နှင့် English ပေါင်း၍ Myanglish (မြန်းဂလစ်ရှ်) ဟု အမည်ပေး ကင်ပွန်းတပ်ခဲ့ကြသည် မဟုတ်လား။

ရန်ကုန်မြို့ ကားကြပ်ခြင်းကို ငွေကုန်ကြေးကျမရှိဘဲ လွယ်ကူလျင်မြနိစွာ ဖြေရှင်းနိုင်သောအချက်များ

အရည် ကြို

 ဒီနေ့ ၂၇.၁၁.၂၀၁၅ သတင်းမှာလာသွားတယ် ကားကြပ်တာကိုဖြေရှင်းဖို့ ကျပ် ဘီလီယံနဲ့ချီ သုံးမယ်တဲ့… မီးပွိုင့်တွေမှာ Control center တွေဆောက်သွားမှာလို့ မထသ ကလူကြီးတစ်ယောက် ကဖြေသွားတယ်။ပစည်းတင်သွင်း လိုတဲ့ ကုမဏီ ၂၀ ကျော်ကိုလည်းတင်ဒါပေးထားတယ်တဲ့..။
ယဉ်ကြောကြပ်တည်းမှုဖြေရှင်းဖို့ ဂုံးကျော်တံတားတွေလည်း တစ်စင်းပြီးတစ်စင်းထိုးကြတယ်..အခုလည်း Control center လုပ်ဦးမယ်။

သင်၏မျက်လုံး အားပြန်ကောင်းပြီး မျက်မှန်လွတ်တဲ့နည်း "

The Precious Time

ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို
ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။
အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ ၊

အဆီကိုစား အသားကိုယူ အရိုးတောင်မကျန်တဲ့ဘဝ

Tin Nyunt

မြန်မာနိုင်ငံဟာ စစ်အာဏာရှင်နှစ်ဆက်အောက် ကျရောက်ခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။ ပထမ စစ်အာဏာရှင်ခေတ် ဖြစ်တဲ့ တော်လှန်ရေးကောင်စီခေတ်မှာ နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်တဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း တွေကို “ဆိုရှယ်လစ်ခေတ်” ထူထောင်သယောင်နဲ့ အားလုံး ဖျက်ဆီးပြီး ဆိုရှယ်လစ်လူ့ဘောင်ထူထောင် လိုက်ကြပါတယ်။ ပြီးတော့မှ ဗိုလ်နေဝင်းတို့က ဆိုရှယ်လစ်စနစ်ကို ဗိုလ်ချုပ်အောင်ဆန်းကပဲ လုပ်ခိုင်းခဲ့ သယောင် ပြည်သူတွေကို မျက်စိလည်အောင် ပြောခဲ့ကြတယ်။
ဆိုရှယ်လစ်စီးပွားရေးစနစ်ဆိုပြီး ဗိုလ်နေဝင်းနဲ့ အပေါင်းအပါတွေ လုပ်လိုက်တဲ့အထဲမှာ “ပြည်သူပိုင်သိမ်းခြင်း” ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ခေတ်ပေါင်းများစွာ နောက်ပြန်ဆုတ် သွားစေတဲ့ အချက်ပဲ။

ဘာကြောင့် အသက် (၃၀) နားကပ်မှ အိမ်ထောင်ပြုသင့်တယ်ဆိုတာပြောပြပေးနိုင်မယ့်အချက်များ

သတင်းဘုရင်

တစ်ခါတစ်လေ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုသွားကြတဲ့ မိန်းကလေးတွေ မြင်ရင် သူတို့ကို ပြောပြချင်တဲ့ အချက်လေးတွေ ရှိနေပါတယ်။
ဒါပေမယ့် လက်ထပ်လက်စွပ် စွပ်ပြီးသွားပြီ ဖြစ်တဲ့သူကို ခုလို အချက်တွေ ပြောမှာထက် စာရင်မပြုရသေးတဲ့သူတွေ၊ အသက် ၃၀ နားကပ်မှ အိမ်ထောင်ပြုခြင်းဟာ ကလေးနဲ့အသက်ကွာမယ်ဆိုပြီး စိုးရိမ်နေသူတွေ၊ အသက်ကြီးမှ အိမ်ထောင်ပြုရမှာလားဆိုပြီး စနိုးစနောင့် ဖြစ်နေသူတွေကို ပြောပြပေး တာက ပိုကောင်းလိမ့်မယ်လို့ ထင်မိပါတယ်။

ကြယ်သီတဲ့ကြိုး (မင်းဒင်)

မင်း ဒင်

ရွှေပြည်ဌာနနှင့်ဝေးကွာနေရသောကျွန်တော်သည်၊စာအုပ်တန်းတွင်
လမ်းမလျှောက်နိုင်ခဲ့သည်မှာဆယ်စုနှစ်တစ်စုပင်စွန်းခဲ့ပေပြီ။
စာအုပ်တန်းတွင်လမ်းလျှောက်၍၊မိမိနှစ်သက်ရာစာအုပ်မျိုးစုံတပုံတပင်ကို၊
ဝယ်ယူရခြင်းမှာကျွန်တော်အခုံမင်ဆုံးအလုပ်တစ်ခုဖြစ်သည်။ပြည်တွင်းနေ
စာဖတ်ပရိတ်အချို့မှ၊ကျွန်တော့်ထံကောင်းနိုးရာရာစာအုပ်များပေးပို့ခြင်းဖြင့်
ကျွန်တော့်စိတ်ကွက်လပ်ကိုဖြည့်ဆည်းပေးခဲ့ကြခြင်းအတွက်၊
များစွာကျေးဇူးတင်ဖွယ်ဖြစ်ပါ၏။

စင်ကာပူနိုင်ငံ မူလတန်းပညာရေး လေ့လာသုံးသပ်ချက်


စင်ကာပူနိုင်ငံမှာ မူလတန်းအဆင့်ကို မတက်မီ Pre-school playgroup နဲ့ Kindergarten (KG) ဆိုပြီး နှစ်ဆင့်ခွဲထားတယ်။ Pre KG က အသက် ၃ နှစ်ကနေ ၄ နှစ်အထိ လက်ခံတယ်။ KG ကတော့ ၄ နှစ် ကနေ ၆ နှစ်လို့ သတ်မှတ်ထားတယ်။ မူလတန်းအဆင့် ကိုတော့ Primary 1 ကနေ Primary 6 အထိ ခွဲထားတယ်။ အသက် ၆ နှစ်ကနေ ၇ နှစ်အထိ က Primary 1 အဆင့်၊ Primary 2 က အသက် ၇ နှစ်ကနေ ၈ နှစ်၊ Primary 3 က အသက် ၈ နှစ်ကနေ ၉ နှစ်၊ Primary 4 က အသက် ၉ နှစ်ကနေ ၁၀ နှစ်၊ Primary 5 က အသက် ၁၀ နှစ်ကနေ ၁၁ နှစ်၊ Primary 6 ကတော့ အသက် ၁၁ နှစ်ကနေ ၁၂ နှစ်လို့ ခွဲခြားထားတာ တွေ့ရတယ်။

ဝက်သားကင်( အခေါက်ကင်/ အသားကင်)

Lae Cooking Diary

ဝက်သားကင် ဆိုပြီး ကင်တယ်လို့ မထင်နဲ့ နော် ။ တကယ်တော့ ကင်ထားတာမဟုတ်ပါဘူး ကြော်ထားတာပါ ။ ဒါပေမဲ့ ကျွန်မထင်တယ် ကင်ထားတာနဲ့ တပုံစံတည်းတူပါတယ် ။် အဲဒါကြောင့်လည်း ဝက်သားကင်လို့ ပြောလိုက်တာပါ ။ ဝက်သားကင်ဖို့ အတွက်ကို မီးဖို အခက်အခဲ ရှိလို့ ပါ ။ ဂက်(စ်)နဲ့ ချက်တာရယ် Oven မရှိတာရယ်က ကင်ချင်ပေမဲ့ ကင်လို့ မရပါဘူး ။ အကင်မီးဖိုရှိရင်တော့ ကင်လိုက်ရုံပါဘဲ ။

ဦးတေဇ အကြောင်းတစေ့တစောင်း (အားဝင်းအဗွိုင်း ရေးသည်)

လူ ပျို ကြီး to 8888 NEW GENERATIONS

တေဇ (ဦးတေဇ)သည် အသက် ၅၀ နှစ်အရွယ်ရှိပြီး မြန်မာပြည်၏ ချမ်းသာဆုံးသော ထူးရင်းနှီးမြုပ်နှံ တူးဖေါ်ရောင်းချရေးကုမ္ပဏီနှင့် ကျွန်းသစ် ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်များနှင့် လေကြောင်း ခရီးပို့ဆောင်ရေး မှ အကျိုးမြတ်များစွာ ရရှိနေသော သူ တဦးဖြစ်၏။ ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။