Than Htike
တူးဖော်ရေးကုမ္ပဏီပေါင်း ၆၂၇ခု ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၀၀၊ လုပ်ကွက် ဧရိယာပေါင်း
၂၂၅၀၀၀ လုပ်ခွင့်ပြုထားပါသတဲ့၊
ကညနကလည်း ထုတ်ပြန်ကြေညာပါတယ်၊ ယာဉ် ယန္တယားပေါင်း ၈၈၀ လိုင်စင်ရှိပါသတဲ့၊
ဒီဝန်ကြီးဌာနရဲ့ အချိုးကို ချကြည့်လိုက်ကြရအောင်..၊
ယာဉ်အစီးရေပေါင်း ၈၈၀÷ လုပ်ကွက်ရိယာ၂၂၅၀၀= ပျမ်းမျှ ၂၅.၅၇ဧက။
ဒီအချိုးအရဆိုရင် ၂၅ဧကမှာမှ ယာဉ် ယန္တယား၁စီးပဲ အသုံးပြုခွင့်ရရှိမှာ ဖြစ်ပါတယ်၊
အခုဟာက လုပ်ကွက်၁ကွက်ထဲ ယာဉ်အစီးရေ ဘယ်လောက်သုံးနေကြတယ်ဆိုတာဓာတ်ပုံတွေ ကြည့်လိုက်ရုံနဲ့ သိသာလှပါတယ်၊
နောက်ထပ် သတ္တုတွင်းကြီး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာတာက အရင်က တူးဖော်ခွင့်( အနက်)ကို ပေ၂၀၀ခွင့်ပြုရာကနေ ကျောက်ကြောရဲ့အခြေအနေအရ
ပေ၁၀၀၀အထိ တူးခွင့်ပြုထားတယ်လို့ သိရပါတယ်၊ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး
သိချင်တာက (၁) သတ္တုတွင်းကြီး ဝန်ကြီးဌာနအနေနဲ့ ပေ၂၀၀ကနေ ပေ၁၀၀၀အထိ(ယခင်ခွင့်ပြုအနက်ပေထက် ၅ဆ) ခွင့်ပြုလိုက်တာဟာ (ဒီလောက်အရေးကြီးတဲ့ကိစ္စဖြစ်လို့) လွှတ်တော်မှာ ခွင့်ပြုချက် တောင်းဖို့ မလိုဘူးလား။
လိုတယ်ဆိုရင် ဘာကြောင့် လွှတ်တော်ကို မတင်ပြဘဲ ဝန်ကြီးဌာနတစ်ခုထဲရဲ့ သဘောဆန္ဒ
တစ်ခုတည်းနဲ့ ခွင့်ပြုတဲ့အတွက် ခွင့်ပြုတဲ့သူမှာ တာဝန် မရှိဘူးလား၊
(၂) ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေ ဒီလောက်စည်းမဲ့ကမ်းမဲ့ လုပ်နေတဲ့အပေါ် ပုံမှန် စစ်ဆေးမှု မလုပ်ခဲ့ဘူးလား၊ လုပ်ခဲ့ရင်ရော ဘာကြောင့် ဒီလိုကိစ္စတွေကို မီဒီယာက ဖော်ပြမှ သိရှိရတာပါလဲ၊
(၃) ဘယ်လိုပဲဖြစ်ဖြစ် ကျောက်မျက်တူးဖော်ရေးနှင့် သတ္တုတွင်းကြီး ဝန်ကြီးဌာန ရဲ့ ပေါ့ဆမှုကြောင့် မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ဆုံးရှုံးသွားခဲ့ပါပြီ၊ဒီအတွက် ဘယ်သူက တာဝန်ခံမှာပါလဲ၊ အစိုးရအဖွဲ့ဖြစ်တဲ့ ဝန်ကြီးဌာနတွေကို သမ္မတလား?၊ ကျောက်မျက်တူးဖော်ရေးနှင့် သတ္တုတွင်းကြီး ဝန်ကြီးလား?၊ နှုတ်ထွက်ပေးဖို့ မလိုအပ်ဘူးလား?
(၄) စည်းမဲ့ကမ်းမဲ့ တူးဖော်ခဲ့တဲ့ (သို့မဟုတ်) ယာဉ်ယန္တယားတွေကို အသုံးပြုခဲ့တဲ့
ပြည်တွင်း ပြည်ပ ကုမ္ပဏီတွေကိုရော ဘယ်လိုအရေးယူကြမှာပါလဲ။
ဒီလောက်ဆိုးဆိုးရွားရွား ဆောင်ရွက်ခဲ့တဲ့ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေအပေါ်
ဒါဏ်ငွေလေး ရိုက်ပြရုံနဲ့ ပြီးသွားမယ်ဆိုရင်တော့ ဟုတ်ကဲ့ သမိုင်းရဲ့တရားခံစာရင်းမှာ
လူကြီးမင်းတို့ကို စာရင်းတို့ထားရတော့မယ်ဆိုတာလေး ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ...(ဟာဂျူလီ-ကသာ)

No comments:
Post a Comment