Wednesday, December 30, 2015

သားအတွက်အဖေ့ရဲ့အကြံပြုချက်

အချစ်နှင့် အိမ်ထောင်ရေး

ငါ့သား
အိမ်ထောင်ဖက်ရှာနေတယ်ဆိုရင်မိန်းမတွေရဲ့ရင်သားနဲ့ တင်ပါးအရွယ်အစားအတွက်မင်း စိတ်မပူပါနဲ့ ။နှလုံးသားနဲ့ ဦးနှောက်အရွယ်အစားအတွက်ပဲ စိတ်ပူပါ။
သူမရဲ့ ချစ်မေတ္တာနဲ့ သည်းခံစိတ်အရွယ်အစားအတွက်ပဲ စိတ်ပူပါ။
နောက် ၅ နှစ် ၁၀ နှစ်ကြာပြီးတဲ့အခါရင်သားနဲ့ တင်သားတွေကပြောင်းလဲ သွားလိမ့်မယ်။


အခု မင်းအမေကိုပဲကြည့်လေ။ရင်ပြားကြီးနဲ့ တင်ပြားကြီးသာကျန်တော့ပေမဲ့
ငါတို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်။
ငါ့သား
ငွေကိုချစ်တဲ့ မိန်းမတွေကို သတိထားပါ။အဲဒီမိန်းမတွေဟာ အချိန်ပြည့်
သူတို့ရဲ့ ဆံပင်တွေ၊ အဝတ်အစားတွေ၊ ဖိနပ်တွေ၊ ပိုက်ဆံအိတ်တွေ၊ အတွင်းခံဘောင်းဘီတွေနဲ့ မိတ်ကပ်တွေအကြောင်းပြောတတ်ကြတယ်။ အဲဒီအရာတွေမပါဘဲ ကောင်းမွန်တဲ့အိမ်ထောင်ရေးဟာ ရပ်တည်နိုင်ပါတယ်။ ဒါပေမဲ့အချစ်မပါဘဲတော့ အိမ်ထောင်ရေးမတည်တံ့နိုင်ဘူးပေါ့။ ငါမင်းအမေကို လက်ထပ်ခဲ့တုန်းက ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ကားမပိုင်ခဲ့ဘူး။ ငါဟာ ပညာတတ်တစ်ယောက်တောင်မဟုတ်ခဲ့ဘူး။ဒါပေမဲ့ ငါ့မှာ အိပ်မက်တွေ
ရှိခဲ့တယ်။မင်းအမေကငါနဲ့ ငါ့အိပ်မက်တွေကိုနှစ်သက်လေးစားပြီးကူညီ ထောက်ပံ့တယ်။
မင်းရဲ့ အိပ်မက်တွေကို လျစ်လျူ ရှုတတ်တဲ့ မိန်းမအကြောင်း တစ်မိနစ်လောက်တောင်တန်ဖိုးထားစဉ်းစားမနေပါနဲ့ ။
မင်းထက်ပိုပြီးမင်းအိပ်မက်တွေကို ကောင်းကောင်းတွေ့ မြင်နိုင်မယ့် မိန်းမတစ်ယောက်ကို မင်းရှာတွေ့ ပြီဆိုရင်တော့ မင်းကံကောင်းပြီပေါ့ ငါ့သား။
Credit: Nigeriacamera

No comments:

Post a Comment