Saturday, December 7, 2013

Myanmar Youth Media Club (၇-၁၂)

MYMC - MYMHOT



Marriage Test
Posted: 06 Dec 2013 07:36 PM PST

မင်္ဂလာ ဆောင်မယ့် ဒါမှမဟုတ် ပူပူနွေးနွေး မင်္ဂလာဆောင် ထားကြတဲ့ သူတွေ ကိုယ့်ရဲ့ ရွှေလက်တွဲချိန် ကာလ ဘယ် လောက်များ ကြာညောင်း ပါ့မလဲ ဆိုတာကို စမ်းသပ်လို့ ရပါတယ်တဲ့။
စမ်းသပ်ချက် ဆိုလို့ ပေတံကြီး တွေနဲ့ တိုင်းတာတို့၊ ရောဂါ ရှာဖွေ သလိုမျိုး သွေးဖောက် စစ်တာတို့လို တိုင်းတာ မှုတွေ မဟုတ် ရပါဘူး။
လိုအပ်ချက် ကတော့ ကိုယ့်စိတ် ထဲမှာ၊ ကိုယ့်ဝမ်းတွင်း မှာရှိတဲ့ ခံစားချက်သာ အဓိက ဖြစ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်း ကျင်မှာ အပြတ် ပြတ်နဲ့ နှာခေါင်းသွေး ထွက် သလို ကွဲကွာ သွားကြတဲ့ လူတွေ ရှိပါလိမ့်မယ်။ သူတို့တွေ ပြောနေကျ စကား ကတော့ သူတို့ရဲ့ ပတ်သက် မှုဟာ ကြာရှည် မခံနိုင်ဘူး ဆိုတာ အစကတည်းက သိခဲ့တယ် ဆိုတာပါပဲ။ ဒီစကား ကတော့ နောင်တရ သက်သက် ပြော စကား ထက် ပိုပါတယ်။ အစ ကတည်းက သိရဲ့ သားနဲ့ ခံစား ချက်ကို ဖွင့်မထုတ် ခဲ့တာ ဟာလည်း လမ်းဆုံး ရောက်စေတဲ့ စနက်ပါပဲ။ ဘာပဲဖြစ်ဖြစ် မင်္ဂလာ ဆောင် ပြီးသား သူတွေရဲ့ မင်္ဂလာ သက်တမ်း ဘယ်လောက် ရှည်မယ် ဆိုတာကို ခန့်မှန်း နိုင်မယ့် စမ်းသပ်ချက် တစ်ခုကို စူးစမ်း ရှာဖွေသူ တစ်စုက ဖော်ထုတ် ခဲ့ပါပြီ။


ပထမဆုံး သူတို့ တွေဟာ Tennessee ပြည်နယ်က လတ်လတ် ဆတ်ဆတ် လက်ထပ် ထားတဲ့သူ ၁၀၀ လောက်ကို သူတို့ရဲ့ ဘ၀ လက်တွဲ ဖော်နဲ့ ပတ်သက်လို့ မေးခွန်းတွေ မေးခဲ့ကြ ပါတယ်။ အားလုံးက သူတို့ရဲ့ လက်တွဲဖော် တွေဟာ အထူး ကောင်းမွန်တဲ့ သူတွေ ဖြစ်ကြောင်း ချီးမွမ်း ခဲ့ပါတယ်။ မေးခွန်းတွေ ပြီးနောက် သူတို့ကို သူတို့ လက်တွဲဖော် တွေရဲ့ ဓာတ်ပုံတွေ ပြန်ကြည့် ခိုင်းပြီး မေးခွန်း ထပ်မေး ခဲ့ကြရာ ရလာတဲ့ အဖြေတွေကို သေသေချာချာ မှတ်ထားခဲ့ ကြပါ တယ်။ ပြီးတော့ ၄နှစ်တာ ကာလ အတွင်း သူတို့ကို စောင့်ကြည့်ခဲ့ ကြပါတယ်။ တွေ့ရှိရတာ ကတော့ လက်တွဲ ဖော်နဲ့ ပတ်သက်ပြီး အဖြေတွေ ပြောကြား ခဲ့တဲ့ နေရာမှာ မကောင်းတဲ့ အချက်တွေကို ပြောဖို့ အနည်းငယ် တုံ့ဆိုင်းတဲ့ သူတွေနဲ့ ကောင်းတဲ့ အချက်တွေကို ပြောဖို့ မြန်မြန် ဆန်ဆန် ရှိတဲ့ သူတွေရဲ့ အိမ်ထောင် ရေးဟာ ပျော်ပျော် ရွှင်ရွှင် ရှိခဲ့ကြပြီး သူတို့နဲ့ ဆန့်ကျင်ဘက် အနေ အထားကို ဖြေခဲ့ တဲ့သူ တွေကတော့ ပျော်ရွှင်ခြင်းရဲ့ ဆန့်ကျင် ဘက် လမ်းဆုံးကို ရောက်ခဲ့ ကြပါတယ်။

Marriage Test

ဒီစမ်းသပ်ချက်နဲ့ ပတ်သက်ပြီး နောက်ကွယ်က သီအိုရီ ကတော့ ကျွန်တော်တို့ရဲ့ ဦးနှောက် တွေပေါ်မှာ မူတည် ထားပါတယ်။ ဦးနှောက်ဟာ မူလအားဖြင့် ကောင်းတဲ့ အရာတွေကို ကောင်းကြောင်း ပြောဖို့ အနည်းငယ် တုံ့ဆိုင်း တတ်ကြပြီး ဆိုးတဲ့အရာ အကြောင်း ပြောဖို့က လျင်လျင် မြန်မြန် ရှိနေတတ် ပါတယ်။ ဒါကြောင့် အထက်က စမ်းသပ်ချက်မှာ လက်တွဲဖော် တွေရဲ့ ဓာတ်ပုံကို ကြည့်ပြီး အဖြေတွေ ပြောကြားတဲ့ နေရာ မှာ စိတ်ထဲမှာ ကောင်းမွန်တဲ့ အချက်တွေ ရှိနေတဲ့သူ တွေဟာ မကောင်းတဲ့ အချက် တွေကို ရွေးပြောဖို့ တုံ့ဆိုင်း နေမှာ ဖြစ်ပြီး ကောင်းတဲ့ အချက် တွေကိုတော့ စိတ်အလို အတိုင်း မြန်မြန်ပဲ ပြောနိုင်မှာ ဖြစ်ပါတယ်။ အဲဒီမှာ ကောင်းတဲ့ အချက် တွေကိုတောင် ပြောဖို့ တုံ့ဆိုင်း တတ်တဲ့ ဦးနှောက်ဟာ ကောင်းတဲ့ အချက် တွေကို မြန်မြန်ပြော နိုင်တာ ကြည့်ရင် စိတ်ထဲမှာ လက်တွဲဖော် အပေါ် တကယ် ကျေနပ် ကြောင်း သိနိုင် ပါတယ်။  စိတ်ထဲမှာ မကောင်းတဲ့ အချက်တွေ ရှိနေတဲ့သူ တွေ အတွက် တော့ သိသာ ပါတယ်။ သူတို့တွေဟာ လက်တွဲ ဖော်နဲ့ ပတ်သက်တဲ့ မကောင်းတဲ့ အချက်တွေကို မြန်မြန် ဆန်ဆန် ပြောနိုင်တဲ့ သူတွေပါပဲ။ သူတို့တွေ ကတော့ လက်တွဲဖော် အပေါ် စိတ် အလို မကျ ဖြစ်နေ မယ် ဆိုတာ ခန့်မှန်း နိုင်ပါတယ်။

Marriage Test

ဒီ စမ်းသပ် ချက်က ရရှိလာတဲ့ နည်းလမ်းဟာ စုံတွဲတွေရဲ့ ခံစားချက် တွေကိုပဲ ထုတ်ဖော် ပေးနိုင်မှာ ဖြစ်ပြီး အနာဂတ်မှာ ဘယ်လို ပြဿနာ ဖြစ်၊ မဖြစ် ကိုတော့ ခန့်မှန်း ပေးနိုင်မှာ မဟုတ်ပါဘူး။ တစ်နည်း အားဖြင့် ကိုယ်ရဲ့ လက်ထပ်မှု အပေါ် ထားရှိတဲ့ မိမိရဲ့ စိတ်ခံစားမှု သက်သက် သာ ဖော်ထုတ် ပေးနိုင်မှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ထိခိုက်လာတဲ့ ဖိအား တွေကြောင့် လည်းကောင်း စတဲ့ အရာရာ အကြောင်းကြောင်း ကြောင့် ဖော်ထုတ် ထားတဲ့ ခံစားချက်နဲ့ ဆန့်ကျင် ဘက် အခြေအနေ မျိုးတွေ ဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့် ဒီ စမ်းသပ် ချက် ကရတဲ့ နည်း လမ်းဟာ တိကျတဲ့ နည်းလမ်းတော့ ဖြစ်လာမှာ မဟုတ် သေးပါဘူး။ ခန့်မှန်းချက် သက်သက် အနေနဲ့သာ ရပ်တည် ဦးမှာ ဖြစ်ပါတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ် လိုက်ရ ပါတယ်ဗျာ။


Author

Paing Hmu Ko
Posted: 06 Dec 2013 06:43 PM PST
တောင်အာဖရိက နိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတဟောင်း၊ အသား အရောင် ခွဲခြားမှုကို တိုက်ဖျက်တဲ့ နေရာမှာ icon တစ်ယောက် ဖြစ်တဲ့ Nelson Mandela ကဒီဇင်ဘာလ ၅ရက်မှာ ကွယ်လွန် သွားခဲ့ ပါတယ်။
Nelson Rolihlahla Mandela ကို၁၉၁၈ ဇူလိုင် ၁၈ရက်နေ့မှာ တောင်အာဖရိက နိုင်ငံရှိ Transkei ရဲ့ Mbashe မြစ်ဘေးက ရွာလေး တစ်ရွာ ဖြစ်တဲ့ Mvezo မှာမွေးဖွား ခဲ့ပါတယ်။ သူရဲ့ ဖခင် Gadla Henry Mphakanyiswa ကလူမျိုးစု အကြီးအကဲ တစ်ယောက် ဖြစ်ပြီး သူရဲ့မိခင် No sekeni Fanny ကတတိယမြောက် ဇနီးဖြစ်ပြီး မောင်နှမပေါင်း ၁၃ယောက် ရှိပါတယ်။ သူ့ရဲ့ နာမည်ထဲက Rolihlahla ဆိုတာက Xhosa နာ မည် တစ်မျိုးဖြစ်ပြီး ပြဿနာ ကောင်လေးလို့ အဓိပ္ပါယ် ရပါတယ်။ သူ့ရဲ့ Nelson ဆိုတဲ့ နာမည်ကိုတော့ သူ့ရဲ့ ဆရာမ Miss Mdingane က ပေးခဲ့ တာပါ။ သူတို့ဒေသရဲ့ ထုံးစံ အတိုင်း ပထမဆုံး ကျောင်းစ တက်တဲ့ နေ့မှာ ဆရာက ပေးတဲ့ နာမည်ကို ယူရတဲ့ အပြင် ကလေးကို အင်္ဂ လိပ် နာမည် ပေးတာက အဲ့အချိန် တုန်းက ခေတ်စားတဲ့ အလေ့ တစ်ခုပါ။ သူရဲ့မိဘ တွေက စာမတတ် ပေမယ့် ခရစ်ယာန် ဘာသာကို သက် ၀င်သူတွေ ဆိုတော့ သူ့ကို  Methodist school ကိုပို့ပါတယ်။ အသက် ၉နှစ်မှာတော့ အဆုတ် ကင်ဆာနဲ့ သူ့ရဲ့ဖခင် ကွယ်လွန် ခဲ့ပါတယ်။  ၁၉၃၉ မှာတော့ တောင်အာဖရိကက လူမည်းတွေ အတွက် အနောက်တိုင်း ပညာရေး စနစ်ကို သင်ကြားခွင့် ပြုတဲ့ တစ်ခုတည်း သော တက္ကသိုလ် University of Fort Hare ကိုသွားပေမယ့် အဲ့နှစ်မှာပဲ သူနဲ့ သူ့အပေါင်းအပါ တစ်စုက ကျောင်းရဲ့ ပေါ်လစီကို ဆန့်ကျင်တဲ့ လှုပ်ရှား မှုကြောင့် အိမ်ပြန်ပို့ ခံခဲ့ ရပါတယ်။

Young Nelson Mandela

ကျောင်းက အထုတ်ခံ ရပြီးနောက်မှာ ညစောင့် အဖြစ် အလုပ်လုပ် ခဲ့သလို Bachelor တက်နေတုန်း မှာလည်း Law Clerk အဖြစ် အလုပ်လုပ် ခဲ့ပါတယ်။ ဥပဒေ ပညာကို University of Witwatersrand မှာသင်ကြား ခဲ့ပြီး အဲ့ကျောင်းမှာပဲ လူမျိုးရေး ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု တွေမှာ ပါဝင် လာခဲ့ပါတယ်။ ၁၉၄၄ ခုမှာတော့ African National Congress (ANC) မှာပါဝင်ခဲ့ပြီး သူနဲ့ အတူတူ ကျောင်းထုတ် ခံခဲ့ရတဲ့ သူ ငယ်ချင်း  Oliver Tambo နဲ့အတူ လူငယ် လှုပ်ရှားမှု အဖွဲ့တစ်ခု ANCYL ကိုတည်ထောင် ခဲ့ပါတယ်။ အဲ့နှစ်မှာပဲ Evelyn Ntoko Maseနဲ့ပထ မဆုံး အကြိမ် အိမ်ထောင် ပြုခဲ့ပြီး သားသမီး လေးယောက် ထွန်းကား ခဲ့ပေမယ့် ၁၉၅၇မှာ ကွာရှင်းခဲ့ ပါတယ်။ လူဖြူ တွေသာ မဲပေးပိုင်ခွင့် ရှိ တဲ့ ၁၉၄၈ ရွေးကောက်ပွဲ မှာတော့ လူဖြူ Afrikaner တွေကြီးစိုးတဲ့ National Party ကအာဏာရ သွားခဲ့ပြီး လူမျိုးရေး ခွဲခြားမှု တွေကို ပေါ် တင် လုပ်ဆောင် ခဲ့ပါတယ်။ Mandela ကြောင့် ANC ကပိုမို တောင့်တင်း လာစေခဲ့ပြီး အဲ့နှစ်တွေမှာ တောင်အာဖရိက သားတွေကို နိုင်ငံ သား အခွင့်အရေး အပြည့်အ၀ ပေးဖို့ ဆန္ဓထုတ် ဖော်ပွဲတွေ၊ လူထု လှုပ်ရှားမှု စတဲ့ အကြမ်းမဖက် နည်းတွေနဲ့ တောင်းဆို ခဲ့ပါတယ်။

Young Nelson Mandela

ANC ကသူ့ကို ၁၉၆၂မှာ Pan Africanist Congress အတွက် လျို့ဝှက် တာဝန် ပေးခဲ့ပါတယ်။ သူကိုယ်တိုင် ကလည်း ANC ရဲ့နောက်အခွဲ တစ်ခု Umkhonto we Sizwe ပါတီကို တည်ထောင်ရာမှာ ပါဝင်ခဲ့ သလို နိုင်ငံ တော်တော်များများကို သွားရောက်ပြီး ရန်ပုံငွေ ရှာခဲ့တဲ့ အပြင် လန်ဒန် အထိပါ သွားပြီး လူမျိုးရေး ခွဲခြားမှု လှုပ်ရှား ဆောင်ရွက်သူ တွေနဲ့ပါ တွေ့ဆုံခဲ့ ပါတယ်။ သူက တောင်အာဖရိကကို အကြမ်းမဖက် နည်းနဲ့ လွတ်မြောက် စေခဲ့ချင် ပေမယ့် အစိုးရက အကြမ်းဖက်တဲ့ နည်းနဲ့ ဆန္ဓပြ သူတွေကို နှိမ်နင်း ခဲ့ပါတယ်။ Sharpeville မှာပြုလုပ်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုမှာ အစိုးရက သေနတ်နဲ့ပစ် နှိမ်နင်းခဲ့ တာကြောင့် လူပေါင်း ၆၉ယောက် သေဆုံးခဲ့ တာကြောင့် နိုင်ငံအ၀ှမ်းမှာ လူထု အုံ ကြွမှုတွေ ဖြစ်ခဲ့ပြီး အစိုးရက PAC ကော၊ ANC ကိုပါ ပိတ်ပင်ခဲ့ ပါတယ်။ သူနဲ့ အတူ လူပေါင်း ၁၅၅ယောက် အဖမ်းခံ ခဲ့ရပြီး ဆန္ဓပြမှု တွေကို ဦးဆောင်မှု၊ နိုင်ငံပြင်ပကို အခွင့်မရှိဘဲ သွားရောက်မှု တွေကြောင့် Marshall Square prison ကိုပို့ခံခဲ့ ရပါတယ်။ ဒီပြစ်မှု တွေနဲ့ ရုံးတင် စစ် ဆေး ခဲ့ပြီး သူ့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ် ခဲ့ပါတယ်။ သူ့ရဲ့ အမှုကို Rivonia Trial လို့သိခဲ့ကြပြီး နိုင်ငံတကာကနေ အာရုံ စိုက်မှုကို ရခဲ့ပါတယ်။ သူ့ကို Robben Island ကိုပို့ခဲ့ပြီး ၁၉၈၈မှာတော့ Victor Verster Prison ကိုပြောင်းရွေ့ ခဲ့ပါတယ်။ စုစုပေါင်း ထောင် ထဲမှာ ၂၆နှစ် နေခဲ့ရင်း University of London ကပေးအပ်တဲ့ Bachelor of Laws (LLB) ဘွဲ့ကို ရရှိခဲ့ ပါတယ်။ ၁၉၉၀မှာ သမ္မတ Frederik Willem de Klerk တက်လာခဲ့ပြီး ANC ကိုပိတ်ပင် ထားတာကို ပယ်ဖျက် ပေးပြီးနောက်မှာ သူ့ကိုပါ လွှတ်ပေးဖို့ အမိန့်ထုတ် ခဲ့ပါတယ်။ ၁၉၉၃ မှာတော့ သမ္မတ Klerk နဲ့အတူ Noble Peace Prize ကိုရခဲ့ ပါတယ်။

Nelson Mandela

၁၉၉၄ ခုနှစ် ရွေးကောက်ပွဲ မှာတော့ Mandela အနိုင်ရ ခဲ့ပါတယ်။ ပထမဆုံး လူမည်း သမ္မတ ဖြစ်လာတဲ့ Mandela ကိုတင်မြောက်တဲ့ အ ခမ်းအနားမှာ ကမ္ဘာ့ ခေါင်းဆောင် တွေအပြင် ဧည့်သည်တော်ပေါင်း ၄၀၀၀ လောက်တက်ရောက် ခဲ့ပါတယ်။ အရင်က ထားခဲ့တဲ့ သဘော တူ ညီချက် အတိုင်း Klerk ကပထမ Deputy President နဲ့ Thabo Mbeki ကဒုတိယ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ သမ္မတရုံး ကိုလည်း Cape Town ကိုပြောင်းရွေ့ ခဲ့ပါတယ်။ အဲ့အချိန်မှာ သူ့အသက် ၇၆နှစ် ရှိနေပြီး ကျန်းမာရေး ကလည်း စတင်ချို့တဲ့ လာပါတယ်။ ကမ္ဘာကျော် Michael Jackson, SpiceGirls အပြင် သန်းကြွယ် တွေဖြစ်တဲ့ Harry Oppenheimer စသူတွေနဲ့ ရင်းနှီးတာဟာ ANC ကလူတွေ အတွက် သူ့ကို အမြင်စောင်း စေပေမယ့်လည်း သူက သူ့ရဲ့ ဥစ္စာဓန တွေကို Nelson Mandela Children's Fund ကိုလှုဒါန်းပြီး ရိုးရိုး သာမန်သာ နေ ထိုင် ခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ရေးစာအုပ် Long Walk to Freedom ကို၁၉၉၅ခုနှစ်မှာ ထုတ်ဝေခဲ့ ပါတယ်။ အရှိန်အ၀ါ ကြီးမား ပေမယ့်လည်း သ မ္မတ သက်တမ်းကို နှစ်ကြိမ် ထမ်းဆောင်ဖို့ ဘယ်တော့မှ စိတ်မကူး ခဲ့ဘဲ ၁၉၉၉ ခုမှာတော့ အနားယူ ခဲ့ပြီး Thabo Mbeki ကသမ္မတ အဖြစ် ဆက်ခံ ခဲ့ပါတယ်။ ၂၀၀၄မှာတော့ လူထုရှေ့ ထွက်ဖို့ပါ ငြင်းဆိုခဲ့ပြီး သူ့ကို ဖုန်းမခေါ် ပါနဲ့၊ သူခေါ်လိုက် ပါမယ်လို့ ဆိုခဲ့ပါ တယ်။ သူ့ရဲ့ Public Event ကိစ္စတွေ၊ အင်တာဗျူး စတာတွေ အတွက် ကမ်းလှမ်းချက် အားလုံးကို ငြင်းဆန် ခဲ့ပါတယ်။ တောင်အာဖရိကမှာ ကျင်းပတဲ့ ၂၀၁၀ ကမ္ဘာ့ ဖလား အပိတ်ပွဲ မှာတော့ လူထုရှေ့ ထွက်ပြီး နှုတ်ဆက်ခဲ့ ပါတယ်။

Nelson Mandela

၂၀၁၃ မတ်လမှာတော့ ကျန်းမာရေး အခြေအနေ ဆိုးဝါးတာကြောင့် ဆေးရုံတင် ခဲ့ရပြီး ၂၈ရက်နေ့မှာ အခြေအနေ ပြန်ကောင်းလာ ခဲ့ပါတယ်။ ဇွန်လ ၂၃ရက် မှာတော့ ဆေးရုံ ပြန်တက် ခဲ့ရပြီး စက်တင်ဘာလမှာ ဆေးရုံက ပြန်ဆင်း ခဲ့ပါတယ်။ ဒီဇင်ဘာလ ၅ရက်နေ့ မှာတော့ Johan nesburg ကနေအိမ်မှာ မိသားစုတွေ ခြံရံပြီး အေးချမ်းစွာ ကွယ်လွန် သွားခဲ့ပါတယ်။ သူ့ရဲ့ နာရေး သတင်းကို လက်ရှိ သမ္မတ Jacob Zuma ကကြေညာခဲ့ပြီး နိုင်ငံ့ ဈာပန အဖြစ် ကျင်းပဖို့ အမိန့်ထုတ် ခဲ့ပါတယ်။ Mandela ရဲ့မိသားစု အကြောင်း ပြောရရင် ပထမ ဇနီး Evelyn Ntoko Mase နဲ့သား ၂ယောက်၊ သမီး ၂ယောက် ထွန်းကား ခဲ့ပါတယ်။ ဒုတိယ ဇနီး Winnie Madikizela-Mandela နဲ့သမီး ၂ဦး အပြင် ၁၉၉၈၊ အသက်၈၀ အရွယ်မှာ Graça Machel နဲ့တတိယ အကြိမ် လက်ထပ် ခဲ့ပါတယ်။ ၃ကြိမ် လက်ထပ် ခဲ့ပြီး ကလေး ၆ယောက်နဲ့ မြေး ၁၇ ယောက် ရှိပါတယ်။ ဒါပေမယ့် အခု လက်ရှိတော့ အသက် ရှင်ကျန်သူ သားသမီး ၃ဦးသာ ရှိပါတော့တယ်။ ရုပ်ရှင်တွေ Goodbye Bafana (2007) နဲ့ Invictus (2009) မှာသူ့ရဲ့ အကြောင်း ရိုက်ကူး ထားတာကို မြင်ရမှာပါ။

Nelson Mandela

Images from twimg, rollingout, wallpaperdisplay, thesun. Source: simple.wikipedia.org, en.wikipedia.org, history.com

Author

Arr Luu

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...