Wednesday, December 4, 2013

သတ္တိခြင်းယှဉ်ရဲတယ်

November 22, 2013 at 11:33pm
           
                   

မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ပြည်သူများ သွေးနှင့်ချွေးနှင့် အသက်ပေါင်းမြောက်များစွာ စတေးခဲ့ရသည်မှာ အားလုံးအသိပင်။  ပေးဆပ်ခဲ့ကြသော အာဇာနည်များကိုလဲ အားလုံးဦးညွှတ်အလေးပြု ဦးပြုခဲ့ကြသည်မှာ ယနေ့ထိအောင်ပင်။ နောက်နောင်လဲ ဆက်လက်ဦးညွှတ်အလေးပြုကြဦးမှာ မုချမလွဲအေကန်ဖြစ်သည်။
ထိုသို့ အာဇာနည်ပုဂ္ဂိုလ်များ ထဲတွင် လူမသိသူမသိ ကျဆုံးသွားသော သူများမှာလဲ မနည်းမနော ရှိနေပေသည်။ လူမသိစေဦးတော့ သူတို့၏ အနစ်နာခံမှု ပေးဆပ်မှုသည်မှာ ကမ္ဘာတည် သရွေ့မှတ်ကျောက်တင်ခံရမည့်သူများ ဖြစ်ပေသည်။
ထိုသို့ အာဇာနည်သူရဲကောင်းဟုဆိုလိုက်လျှင်  ကျားကျားယားယားပုရိသများကိုပင် ဧကန်မလွဲ မြင်ကြပေ လိမ့်မည်။
 
တစ်ခါက မြန်မာနိုင်ငံတစ်နေရာ၌
 ဂျပန်တပ်များနှင့် မြန်မာ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ခိုက်နေကြချိန်...မြန်မာစစ်တပ်များ အရေးနိမ့်၍ ဆုတ်ခွာကြရသည်။ ဒဏ်ရာရသူကရ၊ ပန်းသူက ပန်းပေါ့၊ မြန်မာတပ် တိမ်းရှောင်ရင်း ယာခင်းအစပ် အိမ်တစ်အိမ်တွင် ခဏတာ ခိုအောင်းကြသည်။ အိမ်ရှင်အဖွားအိုသည် ရှိသမျှဖြင့် ဧည့်ခံကျွေးမွေးကာ ကူညီခဲ့သည်။ ထိုကာလ အချိန်တွင် မြန်မာပြည်သူတိုင်း ထိုအဖွာအိုကဲ့သို့ ကျွေးမွေးကူညီအားပေးမည်ဆိုသည်မှာ ရှင်းပြစရာမလိုအောင် အားလုံးလက်ခံထားပြီးဖြစ်သည်။

မြန်မာစစ်တပ်မှစစ်သည်များ  ခဏတာနားပြီး ဆက်လက်ဆုတ်ခွာရှောင်းတိမ်းကြသည်။ သိပ်မကြာခင်အချိန်တွင် ဂျပန်စစ်တပ်က လိုက်လာသည်။ အဖွားအို ယာတဲအိမ်သို့ ၀င်ပြီးအကျိုးအကြောင်းမေးမြန်း စူးစမ်းကြသည်။ အဖွားအိုသည် မြန်မာစစ်အခြေအနေကို လှည့်ဖျားပြောဆိုသော်လည်း ဂျပန်စစ်ဗိုလ်သည် ယုံကြည်ပုံမရ။  မြန်မာစစ်တပ် သွားရာလမ်းသို့ ဆက်လက်လိုက်ရန်တိုင်ပင်နေကြပုံကို အဖွားအို ရိပ်မိသည်။ ဂျပန်စစ်တပ်လိုက်မှီသွားလျှင် မြန်မာစစ်တပ်မှ ဒါဏ်ရာရသူများနှင့် ဆုတ်ခွာသူများ ဂျပန်စစ်တပ်အတွင်းသို့ ကျဆုံးတော့မည်ကို အဖွားအို တွေးတောရင်း စိတ်မကောင်းဖြစ်နေလေသည်။

ဂျပန်စစ်တပ်မှ တာဝန်ရှိသူများ မေးမြန်းတိုင်ပင်ပြီး ခရီးဆက်မည်ပြုတော့သည်။ ခရီးမထွက်ခင်တွင် နေ့လည်စာစားချိန်ဖြစ်၍ ဂျပန်စစ်ဗိုလ်သည် ၄င်းတပ်သားများအား နေ့လည်စာတည့်ခင်းပေးရန် အဖွားအိုအား ဆန်ပြုတ်ကျိုခိုင်းသည်။ မြန်မြန်ဆန်ဆန် ပြုလုပ်ပေးရန်လဲ ကြိမ်းမြောင်း ချိန်းခြောက်သည်။ အဖွားအို ဆန်ပြုတ်ကျိုချက်ပြင်ဆင်ပေးရသည်။ အဖွားအိုကို အယုံအကြည်မရှိသော ဂျပန်စစ်ဗိုလ်သည် ကျိုထားသော ဆန်ပြုတ်ကို သေချာကြည့်ကာ အဖွားအိုကျိုထားသော ဆန်ပြုတ်ကိုအဖွားအိုအား အရင်သောက်ခိုင်းသည်။ အဖွားအိုသည် မင်သေသေမျက်နှာဖြင့် တစ်ပန်းကန်လုံးအကုန်သောက်ပြလိုက်သည်။

ထိုနောက် စစ်ဗိုလ်ကြီးအမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ဂျပန်စစ်သားများအကုန် စားသောက်ကြသည်။ စားသောက်ပြီး တစ်ခဏအကြာ စစ်တပ်သည် ဆက်လက်ထွက်ခွာသွားကြရန် ပြင်ဆင်ချိန်တွင် အချို့သော ဂျပန်စစ်သားများသည် သွေးများအန်ထွက်ကာ လူးလိမ့်ကြကုန်သည်။ အချို့သောစစ်သားများမှာ ဗိုက်များစတင်နာကြင်လာပြီး ခန္ဓာကိုယ်ဖောက်ပြန်မှုကို စတင်ခံကြရသည်။ ဂျပန်စစ်ဗိုလ်သည်ပင်လျှင် ဗိုက်အတွင်းမှနာကျင်ပြီး အဆိပ်ခတ်ခံလိုက်ရပြီကို သိလိုက်သည်။ ထိုနောက် ဒေါသမီးအထွဋ်အထိပ်ဖြင့် ခါးကြားမှ သေနတ်ဆွဲထုတ်ကာ အဖွားအိုရှိရာ နောက်ဖေးသို့ ဒရိုးတရိုင်ပြေးဝင်သွားသည်။ အိမ်နောက်ဖေးတွင် ဂျပန်စစ်ဗိုလ် သေနတ်ဖြင့် ပစ်စရာမလိုတော့လောက်အောင် အဖွားအို၏ နှခေါင်း၊ ပါးစပ်များတွင် သွေးများယိုစီးကာ နံရံကိုမှီရဲ့သား အသက်ငင်နေသည်ကိုတွေ့ရှိခဲ့ရပြီး စစ်ဗိုလ်သည်လည်း နေရာတွင်ပင်ကျဆုံးခဲ့လေသည်။ အဖွားအို ဆန်ပြုတ်ထဲတွင် ထည့်ပြုတ်လိုက်သော အဆိပ်ကြောင့် အဖွားအိုအပါအ၀င် ဂျပန်စစ်တပ်တစ်တပ်လုံး ကျဆုံးကာ မြန်မာကာကွယ်ရေးတပ်မှ စစ်သားများ မြန်မာပြည်လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲ ၀င်နိုင်ခဲ့ကြသည်။

ထိုသို့သောအကြောင်းအရာများစွာ ပေးဆပ်ခဲ့ပြီး မြန်မာပြည်လွတ်လပ်ရေးသည် မြန်မာပြည်သူများလက်ဝယ်ပိုက်ရရှိခဲ့ကြပေသည်။ သို့သော် မြန်မာပြည် လွတ်လပ်ရေးအတွက် အဆိပ်သောက်သေပေးသော အဖွားအိုတစ်ဦး၏ အောင်မြင်သော အပြုံးအား မည်သူမှ  သတိတရမရှိလိုက်ကြပါ။ အဖွားအိုကဲ့သို့ မေ့ထားခံရသောသူများ အနဲမနှောပင်။ အမှန်စင်စစ် တိုင်းသူပြည်သားအားလုံး လုံးလစိုက်ခဲ့ကြလို့သာ လွတ်လပ်ရေးအသီးအပွင့်ကို နောင်လာနောက်သားများ စားသုံးကြပေသည်။  ပေးဆပ်အနစ်နာခံခဲ့ကြသော အဖွားအိုကဲ့သို့ အာဇာနည်များသည် မှတ်တမ်းတင် မခံခဲ့ကြရသော်လည်း သူရဲကောင်းအာဇာနည်သည် သူရဲကောင်း အာဇာနည်အဖြစ်သာ ဆက်ရှိနေမည်ဖြစ်ပါသည်။

*****************************************************************************
အာဇာနည် သူရဲခေါင်းဟု ဆိုလျှင် ဒုတ်၊ ဓား၊ လက်နက်များဆွဲကိုင် တော်လှန်သော သူများကိုသာ ပြေးမြင်ကြပါသည်။ "ဘာလက်နက်မှမကိုင်၊ ခွန်အားဗလမရှိသော်လည်း ငါ၏ သတ္တိကား ခွန်အားတုတ်ခိုင်သောသူများထက် မနိမ့်" ဆိုသော အဖွားအိုတို့ကို မေ့ထားကြသည်။ အခြားနည်းဖြင့် တိုင်းပြည်ရေးတွင် ပေးဆပ်ခဲ့ကြသော အာဇာနည်များကို အသိအမှတ်ပြုရန် များစွာလိုအပ်နေသေးသည်ဟု ထင်မြင်မိပါသည်။

အာဇာနည်အမျိုးသမီးများအား အလေးပြု ဦးညွှတ်လျှက်  ( အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အမှတ်တရ)

Wai Phyoe

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...