Friday, December 6, 2013

စေတနာ ထားတတ်ပုံ


လူတစ်ယောက်ဆီကို သေမင်းရောက်လာပီး ယခုလို စကားဆိုပါတယ်။
"မိတ်ဆွေ၊ ဒီနေ့ဟာ မင်းလူ့လောကကို စွန့်ခွာရမယ့်အချိန်ပဲ"
ဒါနဲ့ ယင်းလူသားဟာ "ဟင့်အင်း။ ကျနော် အဆင်သင့်မဖြစ်သေးဘူး" လို့ ပြန်ပြောပါတယ်။
ဒီတော့ သေမင်းက "မတတ်နိုင်ဘူး။ မိတ်ဆွေရဲ့ အမည်က ထိပ်ဆုံးမှာပဲလေ" လို့ဆိုပါတယ်။


ဒါကြောင့် လူသားက သေမင်းကို ယခုလို မျက်နှာချိုသွေးပြီး ဧည့်ခံစကား ဆိုပါတယ်။

"ဟုတ်ပြီလေ။ ဒါနဲ့ ခဏစောင့်ပါအုံး။ ထိုင်ခုံမှာ အေးဆေးထိုင်ပါအုံးဗျာ။ လူကြီးမင်းကို ကျနော်ပြုစုချင်သေးလို့ပါ"

ဒါနဲ့ သေမင်းကလည်း ထိုင်ခုံမှာထိုင်ပြီး လူသား ကျွေးသမျှ မုန့်၊အစားအစာ များကို စားသုံးပါတယ်။ အချိုရည်ထဲမှာ အိပ်ဆေးတစ်လုံး ထည့်ထားလိုက်ပါတယ်။ ဒါကြောင့် အိပ်ဆေးမိတဲ့ သေမင်းဟာ အိပ်ပျော်သွားပါတယ်။

ဒါနဲ့ လူသားက သေမင်းရဲ့  စာအုပ်ကို ယူပြီး သူ့နာမည်ကို ဖျက်လိုက်ပါတယ်။ ပြီးတော့ အောက်ဆုံးမှာ ပြန်ထည့်ရေးလိုက် ပါတယ်။

နောက်တော့ သေမင်းက အိပ်ယာက နိုးလာပြီး ယခုလို စကားဆိုပါတယ်။

"မိတ်ဆွေဟာ ကျနော့အပေါ် အင်မတန်ကောင်းမွန်တဲ့ လူသားပဲ။ ဒါကြောင့် စာရင်းကို အောက်ကနေပဲ စကောက်ပါတော့မယ်"
.
Ref:everyjoke

အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/book/152-natter/39080-good-will-kill

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...