Thursday, December 5, 2013

ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူများစာရင်းတွင် မြန်မာ နိုင်ငံသား ထပ်မံ ရွေးချယ်ခံရ




အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်းပါ ၂၀၁၃ ခုနှစ် ကမ္ဘာ့ ထိပ်တန်း တွေးခေါ် သူများ စာရင်းတွင် ရန်ကုန်မြို့ ပြအမွေ အနှစ် ထိန်းသိမ်း ရေး ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦး ရွေးချယ်ခြင်း ခံခဲ့ ရကြောင်း ယင်း အဖွဲ့၏ ကြေညာ ချက်တွင် ဖော်ပြ ထားသည်။


ဒေါက်တာ သန့်မြင့်ဦး သည် ရန်ကုန်မြို့ ပြစီမံ ကိန်းရေး ဆွဲခြင်းနှင့် မြို့ပြ အမွေ အနှစ်များ ထိန်းသိမ်း စောင့်ေ ရှာက်ခြင်း နှင့်ပတ်သက်ပြီး အများ ပြည်သူ အာရုံ စိုက်မှု ရရန် ကြိုးပမ်း ခဲ့မှုကြောင့် ယင်းသို့ ရွေးချယ် ခံခဲ့ရခြင်း ဖြစ်သည်။

“ဒီလို ထည့်သွင်း ခံရ တာဟာ ပြီးခဲ့ တဲ့နှစ် အတွင်း ရန်ကုန်မြို့ ပြအမွေ အနှစ် ထိန်းသိမ်းရေး အဖွဲ့ မှာရှိတဲ့
တစ်ဦး တစ်ယောက် တိုင်းရဲ့ ကြိုးစား အားထုတ် မှုကို အသိ အမှတ် ပြုခံ ရတာဖြစ် သလို ရန်ကုန်မြို့ ပြစီမံခန့် ခွဲမှုရဲ့ အရေး ပါမှုကို လည်း ထုတ်ဖော်ပြ လိုက်တာပဲ ဖြစ်ပါတယ်”ဟု ဒေါက်တာ သန့်မြင့်ဦး က ဆိုသည်။

ဒေါက်တာ သန့်မြင့်ဦး သည် စာရေး ဆရာ တစ်ဦး လည်းဖြစ်ပြီး The River of Lost Footsteps နှင့် Where China Meets India: Burma and the New Crossroads of Asia စသည့် စာအုပ် များကို ရေးသား ခဲ့သူ ဖြစ်သည်။ထို့အပြင် နယူးယောက် တိုင်းသတင်းစာ၊ ၀ါရှင်တန်ပို့စ် သတင်း၊ Internation Herald Tribune နှင့် Los Angeles Times သတင်း စားများ တွင်လည်း ဆောင်းပါး များရေး သားနေ သည်။

Foreign Policy မဂ္ဂဇင်းမှာ ကမ္ဘာ့ ထိပ်တန်း တွေးခေါ်သူများ စာရင်းကို ၂၀၀၅ ခုနှစ်မှ စတင် ပြုစု ထုတ်ပြန် ပေးခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကလည်း သမ္မတ ဦးသိန်းစိန် နှင့် အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ ပူးတွဲ ရရှိခဲ့ သေးသည်။

ယခု နှစ်တွင် ရွေးချယ်ခြင်း ခံခဲ့ရသည့် ကမ္ဘာ့ ထိပ်တန်း တွေးခေါ် သူများ စာရင်းတွင် မြန်မာ နိုင်ငံသား ဒေါက်တာ သန့်မြင့်ဦး အပြင် ရုရှ သမ္မတ ဗလာဒီမာပူတင်၊ ပုပ်ရဟန် မင်းကြီး ဖရန်စစ်၊ ဂျပန် ၀န်ကြီး ချုပ် ရှင်ဇိုအာဘေး နှင့် Amazzon.com တည်ထောင်သူ ဂျက်ဖ် ဘီဇော့စ် တို့လည်း ပါဝင် သည်။

Mizzima

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...